စိုက်ပျိုးသုတ ဇန်နဝါရီလ

02/01/2024 15:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ဆောင်းသီးနှံများအောင်မြင်ဖြစ်ထွန်းရေးနှင့် နွေစပါးစိုက်ပျိုုးရေးနှင့် ပတ်သက်၍ နှိုးဆော် အသိပေးလိုပါသည်။

၁။ ဆောင်းရာသီစိုက်ပျိုးသီးနှံများ

လယ်ယာစိုက်ခင်းများတွင် စိုက်ပျိုးထားသည့် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲပုပ်၊ မြေပဲ၊ နေကြာစသည့် ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် ယခုလအတွင်း လုပ်ဆောင်သည်များနှင့် ပတ်သက်၍ စနစ်ကျနမှန်ကန်ဖို့လိုပါသည်။ 

အပင်အာဟာရဖြည့်တင်းရေး

ရွက်ဖျန်းမြေသြဇာပက်ဖျန်းပြီး အပင်အာဟာရဖြည့်တင်းသည်များနှင့် ပတ်သက်၍ ပြောကြားလိုပါသည်။ ရွက်ဖျန်းမြေသြဇာ(Leaf Fertilizer) သုံးစွဲခြင်းသည် စိုက်ပျိုး သီးနှံပင်များအတွက် အာဟာရဓာတ်များ လျင်မြန်စွာ ရောက်ရှိစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ကုန်ကျစရိတ်လည်း သက်သာသည်။ သို့ဖြစ်၍ အကျိုးရှိအောင် ပက်ဖျန်းစေ လိုပါသည်။

အသိပေးလိုသည်မှာ

  • ပက်ဖျန်းသည့် အရွက်ဖျန်းမြေသြဇာရည်သည် စိုက်ပျိုးသီးနှံပင်အတွက် လိုအပ်သော အာဟာရကို ဖြည့်ဆည်းပေးနိုင်သည့် အာဟာရဓာတ်များပါဝင်သော မြေသြဇာရည် ဖြစ်ဖို့ လိုပါသည်။ 
  • ပဲမျိုးစုံသီးနှံများသည် ပွင့်သီးချိန်များတွင် နိုက်ထရိုဂျင်နှင့် ဘိုရွန်အာဟာရဓာတ်များ လိုသည်။ အဆိုပါဓာတ်များသည် ပဲမျိုးစုံအစေ့အဆန်ပြည့်ဝစေရန်နှင့် အပွင့်များမှ ရွက်ကြွေခြင်းများကို ကာကွယ်နိုင်ပါသည်။
  • ရှေးဦးစွာ သီးနှံပင်တွင် ဖော်ပြလျက်ရှိသော ချို့တဲ့သည့်လက္ခဏာကို ကြည့်ရှု အကဲခတ်ပါ။ လိုအပ်သည့် အာဟာရကို ခန့်မှန်းပါ။ 
  • ထို့နောက် လိုအပ်သည့် အာဟာရကို ဖြည့်စွမ်းပေးနိုင်သည့် အရွက်ဖျန်းမြေသြဇာ ရည်ကိုသာ ပက်ဖျန်းရန် ဖြစ်ပါသည်။

ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး

ဆောင်းသီးနှံများ အထူးသဖြင့်ပဲမျိုးစုံသီးနှံများတွင် ပိုးမွှားရောဂါများ ကျရောက် ဖျက်ဆီးလေ့ရှိသည်။ ပဲမျိုးစုံသီးနှံများတွင် အပင်ငယ်စဥ်၌ ပင်စည်ထိုးယင်၊ ပန်းပွင့်ချိန်၊ အသီးသီးချိန်နှင့် ပင်ပိုင်းကြီးထွားချိန်တစ်လျှောက်တွင် ငမြှောင်တောင်၊ ပဲတောင့်ထိုးပိုး စသည့် ပိုးများ ကျရောက်နိုင်ကြောင်း သိရှိရသည်။

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ကို အများအသိ ဖြစ်သည်။ လိုက်နာဆောင်ရွက်ဖို့ပဲ လိုပါသည်။

အထူးသတိထားရမှာက မတ်ပဲအဝါရောင်မိုစေ့ရောဂါဖြစ်သည်။ မတ်ပဲနာမည်တပ်လိုက်ရသော်လည်း ပဲတီစိမ်းမှာလည်း ကျရောက်လေ့ရှိသည်။ 

မတ်ပဲ၊ ပဲတီစိမ်းအရွက်အနုတွေပေါ်မှာ အဝါရောင်အစက်အပြောက်တွေကို မြင် တွေ့နိုင်သည်။ အရွက်တွေသည် အဝါရောင်နှင့်အစိမ်းရောင် ပုံမမှန်ကွက်ကြားတွေ ဖြစ်ပေါ်နေသည်။ အပင်တွေကြီးထွားမှုမရှိဘဲ အဝေးကကြည့်ရင် အစိမ်းရောင်စိုက်ခင်းမှာ အဝါရောင်ကွက်ကြားဖြစ်ပေါ်နေတာကို အထင်းသား မြင်တွေ့နိုင်ပါသည်။

ဤသည်မှာ အဝါရောင်မိုစေ့ရောဂါလက္ခဏာ ဖြစ်သည်။ ရောဂါဖြစ်စေသော သက်ရှိ ဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ရခြင်းဖြစ်သည်။ ထိုရောဂါသည် ယင်ဖြူ(White Fly)မှတစ်ဆင့် ရောဂါကူးစက်ခြင်းဖြစ်သည်လို့ သိထားပါသည်။ 

အကောင်းဆုံးကာကွယ်နှိမ်နင်းရန်မှာ ရောဂါကျရောက်နေသောအပင်တွေကို နှုတ်ယူမီးရှို့ခြင်းဖြစ်သည်။ စိုက်ခင်းကို ချက်ချင်းပိုးသတ်ဆေးဖျန်းရန် ဖြစ်သည်။ 

အခုနှစ်သာမက နောင်နှစ်တွေမှာပါ ရောဂါမကျရောက်အောင် စိုက်ခင်းအတွင်း အလေ့ကျပေါက်သောအပင်များကို နှုတ်ယူမီးရှို့ဖျက်ဆီးရန်ဖြစ်သည်။ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ရန်ဖြစ်ပါသည်။ 

အလားတူ စိုက်ပျိုးထားသည့်အခြားဆောင်းသီးနှံများကိုလည်း အမျိုးအစားအပေါ် မူတည်ပြီး ကျရောက်လေ့ရှိသည့်ပိုးမွှားရောဂါနှင့် ကျရောက်လေ့ရှိသည့်အချိန်တို့ကို ကြိုတင်လေ့လာသိရှိဖို့ လိုပါသည်။

ထို့နောက် သီးနှံအလိုက်အပင်ဖြစ်ထွန်းစဉ် သိရှိထားသည့်အဆိုပါ ပိုးမွှားရောဂါများ စတင်ကျရောက်ခြင်းရှိမရှိ ကင်းထောက်စစ်ဆေးရန် ဖြစ်ပါသည်။

ကျရောက်မှုသည် သီးနှံပျက်စီးထိခိုက်နိုင်လောက်သည့်အခြေအနေရှိပါက ချက်ခြင်း သင့်တော်မှန်ကန်သည့် ပိုးသတ်ဆေး၊ ရောဂါဆေးကို အသုံးပြုနှိမ်နင်းရန် ဖြစ်ပါသည်။ 

ပိုးမွှားရောဂါသာမက စိုက်ပျိုးသီးနှံပင်များတွင် ကြွက်ဖျက်ဆီးမှုအန္တရာယ်လည်း ရှိ နိုင်သေးသည်။ ကြွက်ဖျက်ဆီးသဖြင့် သီးနှံအထွက်ဆုံးရှုံးနိုင်သေးသည်။ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို လုပ်ကိုင်ရန်လည်း လိုပါသည်။

၂။နွေစပါးသီးနှံ

မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ အချို့က မိုးစပါးကို ရိတ်သိမ်းဆဲ ဖြစ်သည်။  မိုးစပါး-ဆောင်းသီးနှံ-နွေစပါးသီးနှံပုံစံကျင့်သုံးသည့်ဒေသများတွင် ဆောင်းသီးနှံများ စိုက်ထားဆဲ ဖြစ်သည်။ နွေစပါးအတွက် အလှည့်မပေးနိုင်သေးသလို ရာသီဥတုကလည်း အေးလွန်းနေသေးသည်။

ဆည်ရေကလည်း အကန့်အသတ်ဖြစ်သည်။ ဆည်ရေပေးသည့်အချိန်နှင့် နွေစပါး ထယ်ရေးပြင်ချိန် ကိုက်ညီဖို့လိုသည်။ ဆောင်းသီးနှံတွေရှိနေသေးသဖြင့် ဆည်ရေလည်း ပေးလို့မရသေးချေ။ ဆည်ရေမရသော်လည်း အခြားရေရရှိသည့် နည်းလမ်းအသွယ်သွယ် ရှိလျှင်တောင်မှ ယခုလအတွင်း နွေစပါးစတင်စိုက်ပျိုးခြင်း မပြုသင့်သေးကြောင်း အသိပေးလိုပါသည်။

မြန်မာနိုင်ငံအောက်ပိုင်းဒေသများအတွက်တော့ နွေစပါးစိုက်ပျိုးရန်ု အသင့်တော်ဆုံးအချိန်ဟု ပြောလိုပါသည်။ ဒီဇင်ဘာလအတွင်း စတင်စိုက်ပျိုးသူများ စိုက်သည်။ မစိုက်ရသေးသူများ အချိန်မနောက်ကျမီ အမြန် စိုက်သင့်ပါသည်။ 

အကြောင်းမှာ မုတ်သုန်မိုးစတင်လျှင် မြန်မာနိုင်ငံအောက်ပိုင်းကစတင်တာမို့ မုတ်သုန်မဝင်မီ ရိတ်သိမ်း ပြီးစီးဖို့လိုသည်။ ရိတ်ချိန်သိမ်းချိန် မိုးလေလွတ်မှသာ မျှော်မှန်း အထွက်ကို ရနိုင်မည် ဖြစ်ပါသည်။

နွေစပါးစိုက်ပျိုးရာတွင်မျိုးကောင်းမျိုးသန့်ကိုအသုံးပြုစေချင်သည်။ တစ်ဧက အထွက်ကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲရေးက အရေးပါသော အချက် ဖြစ်သည်။ မျိုးကောင်းမျိုးသန့်ကိုစိုက်ပျိုးလျင် စပါးအထွက် တစ်ဧကလျင် ၅ မှ ၂၀ ရာခိုင်နှုန်း တိုးနိုင်တာကို အသိပေးလိုပါသည်။

 သက်လျင်အထွက်ကောင်းမျိုးတစ်မျိုးမျိုးကို အသုံးပြုရန်ဖြစ်သည်။ မည်သည့်မျိုးကို စိုက်သည်ဖြစ်စေ မျိုးသန့်ကိုသာ စိုက်ပါလို့ ပြောလိုပါသည်။ စီးပွားဖြစ်မျိုးသန့် မျိုးစေ့ (Certified Seed)ကို စိုက်နိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။

စီးပွားဖြစ်မျိုးသန့်မျိုးစေ့မဟုတ်လျှင်လည်း မျိုးသန့်ဖို့တော့လိုသည်။ မျိုးသန့်မျိုးစေ့ ဆိုတာ တစ်ခြားစပါးမျိုးစေ့များပါဝင်စေခြင်းမရှိရပါ။ အစေ့အရွယ်အစား ညီညာရပါမည်။ ပေါင်းမြက်စေ့များ၊ အမှိုက်သရိုက်များကင်းစင်ရပါမည်။ ထို့ပြင် ပိုးမွှားရောဂါဖြစ်ကြောင်းများ ကပ်ညိပါလာခြင်း မရှိစေရပါ။ 

အခြားအသိပေးလိုသည်မှာ စိုက်ပျိုးရေကိုချွေတာရေး၊ စိုက်ပျိုးကုန်ကျစရိတ် သက်သာရေးနှင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးတို့ကို ထည့်သွင်းစဉ်းစား ဆောင်ရွက် ရန် ဖြစ်ပါသည်။ 

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်