စိုက်ပျိုးသုတဇွန်လ

10/06/2025 15:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

မိုးဦးမကျမီကတည်းက မိုးရွာသွန်းမှုတွေရှိခဲ့သည်။ ယခင်နှစ်များနှင့်နှိုင်းယှဥ်လျှင် မုတ်သုံစော၍ ဝင်လာသည်။ သို့ဖြစ်၍ မိုးဦးယာသီးနှံများကို စောစောစိုက်နိုင်သော ဒေသများရှိကြောင်း သိရှိရပါသည်။ 

သို့ဖြစ်၍ ယခုဇွန်လတွင် မိုးစပါးပျိုးထောင်ရေး(သို့မဟုတ်)မျိုးစေ့မြေကျရေးနှင့် မိုးဦးယာသီးနှံများအောင်မြင်ရေးဆိုင်ရာများကို  အသိပေးလိုပါသည်။

၁။ စပါးသီးနှံ

ပျိုးထောင်(သို့မဟုတ်)မျိုးစေ့မြေကျသင့်သည့်အချိန်

မိုးစပါးကို နိုင်ငံအဝှမ်းတွင် ဒေသရေမြေအခြေအနေ သုံးမျိုးတွင် စိုက်ပျိုးနေကြတာ ဖြစ်သည်။

 (၁) ဆည်ရေသောက်ဒေသလယ်မြေ၊ 

 (၂) မိုးနည်းပါးဒေသမိုးရေသောက်လယ်မြေနှင့်

 (၃) မိုးများဒေသမိုးရေသောက်လယ်မြေဟူ၍ ခွဲခြားနိုင်သည်။

ဆည်ရေသောက်ဒေသလယ်မြေများအတွက် 

၁။ ဇွန်လလယ်တွင် ပျိုးထောင်ပါ။

၂။ ရေမြေဒေသကိုက်ညီဖြစ်ထွန်း စျေးကွက်ရှိသည့် အထွက်ကောင်းစပါးမျိုး(High Yieding Variety)ကို အသုံးပြုစိုက်ပျိုးပါ။

မိုးနည်းပါးဒေသ မိုးရေသောက်လယ်မြေများအတွက်

၁။ လယ်စပါးကို ဇွန်လအတွင်း မိုးရွာသွန်းမှုအခြေအနေကိုကြည့်ပြီး ပျိုးထောင်ပါ။ တစ်လအတွင်း  မိုးရေချိန် ၈ လက်မ ပြည့်မီအောင် မိုးရွာသွန်းမှုရှိသင့်သည်။ ယခင်နှစ် အတွေ့အကြုံများအရ လေ့လာဆုံးဖြတ်ရန် ဖြစ်ပါသည်။ သို့မဟုတ်ပါက ပျိုးထောင်ကောက်စိုက်စနစ်အစား တိုက်ရိုက်စိုက်နည်းစနစ်ကို အသုံးပြု ရန် ဖြစ်ပါသည်။ 

၂။ ရေမြေဒေသကိုက်ညီဖြစ်ထွန်း စျေးကွက်ရှိသည့် ယာစပါး၊ ရေငတ်ခံစပါး၊ ရေအနည်းလိုစပါး၊ တောင်ပေါ်ဒေသတွင်ကုန်းမြင့်စပါးတို့ကို အသုံးပြုစိုက်ပျိုးပါ။

မိုးများဒေသ မိုးရေသောက်လယ်မြေများအတွက်

၁။ ဇွန်လလယ်ထက်နောက်မကျစေဘဲ ပျိုးထောင်ပါ။ 

၂။ ရေမြေဒေသကိုက်ညီဖြစ်ထွန်းစျေးကွက်ရှိသည့် အထွက်ကောင်းမျိုး(HYV) ဒါမှမဟုတ် ဒေသစပါးမျိုး(Local Variety)တို့ကို အသုံးပြုစိုက်ပျိုးပါ။

 စိုက်ပျိုးသင့်သည့်စပါးမျိုး  

လယ်တစ်ကွက်ချင်းအတွက် သင့်တော်သည့်မျိုးကို ရွေးချယ် စိုက်ပျိုးပါ။ တောင်သူလယ်သမားတစ်ဦးချင်း ပိုင်ဆိုင်သည့် လယ်တစ်ကွက်နှင့် တစ်ကွက် ရေမြေအခြေ အနေ မတူနိုင်ပါ။ လယ်ကွက်တိုင်းကို တူညီသောမျိုးတစ်မျိုးတည်း စိုက်ပျိုးရန် သင့်တော်ချင်မှ သင့်တော်ပါမည်။ သို့ဖြစ်၍ လယ်ကွက်အလိုက် သင့်တော်သည့်မျိုးဖြစ်သင့်ပါသည်။

ပျိုးထောင်နည်းစနစ်မှန်

စပါးပျိုးထောင်ခြင်းနှင့် ပတ်သက်၍ အရေးကြီးသည့်အချက်နှစ်ချက်ကို ဖော်ပြလိုသည်။ ၄င်းမှာ- 

၁။ မျိုးစေ့ကောင်း(Good Seed)ကိုအသုံးပြုပါ။

 ၂။ မျိုးစေ့နှုန်း (Seed Rate in the Nursery) မှန်ကန်ပါစေ။ 

အထွက်ကောင်းစပါး၊ ဒေသစပါးမျိုးနှင့် စပ်မျိုးစပါးမတူနိုင်ပါ။ သူ့စနစ် သူ့မျိုးတို့နှင့် ကိုက်ညီသည့် ပျိုးခင်းမျိုးစေ့နှုန်းတွေဖြစ်ဖို့ လိုပါသည်။

၂။ ယာသီးနှံများအတွက်

ယာသီးနှံများသည် ကန်သင်းမရှိသော ယာမြေ(သို့မဟုတ်) ကုန်းမြေလို မြေမျိုးမှာ စိုက်ပျိုးသည့်သီးနှံများကို ဆိုလိုခြင်းဖြစ်သည်။ နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ၊ ၀ါ၊ ငရုတ်-စသည့်သီးနှံများ၏အမည်ကို ခြုံငုံ၍ ယာသီးနှံများ ဟု သုံးနှုန်းခေါ်ဝေါ်ခြင်းဖြစ်ပါသည်။

ယခုဇွန်လသည် မိုးဦးယာသီးနှံများကို အပြီးစိုက်ပျိုးသင့်သည့်လ ဖြစ်သည်။ သီးနှံစိုက်စွမ်းအားမြင့်မားပြီး အကျိုးအမြတ်ဝင်ငွေကောင်းအောင်  နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးရာတွင် ဇွန်လတွင်စိုက်ပျိုးမည့်သီးနှံများသည် ပထမသီးနှံဖြစ်သည်။ ပထမသီးနှံ စိုက်ချိန်နောက်ကျလျင် ဒုတိယသီးနှံ၊ တတိယသီးနှံများလည်း ဆက်လက်နောက်ကျမည်ဖြစ်ပြီး ထိုဒုတိယသီးနှံ၊ တတိယသီးနှံတို့၏အထွက်ကိုလည်း ထိခိုက်စေနိုင်ပါသည်။ 

သို့ဖြစ်၍

၁။ ဇွန်လဆန်းတွင် အပြီးစိုက်ပျိုးပါ။

၂။ အသက်လျင်သည့်မျိုးကို အသုံးပြုပါ။

၃။ စိုက်ပျိုးပြီး ပျက်စီးခြင်း၊ အထွက်နည်းခြင်း မဖြစ်စေရေးအတွက်  မိုးခေါင်ဒဏ်ခံနိုင်သည့်မျိုးကို ရွေးချယ်စိုက်ပျိုးပါ။ 

၄။ မြေပဲနှင့် ပဲမျိုးစုံသီးနှံများတွင် သက်ဆိုင်ရာပဲမြစ်ဖုမြေသြဇာကို မျိုးစေ့နှင့် လူးနယ်စိုက်ပျိုးပါ။

၅။ အပင်ခြေရေမဝပ်ရေးအတွက် ဘောင်စနစ်ဖြင့်စိုက်ပျိုးပါ(သို့မဟုတ်) ရေထုတ်မြောင်းများထားရှိပါ။ 

၆။ ပေါင်းမြက်ကင်းစင်ရေး၊ သားခွဲရေးဆောင်ရွက်ပါ။

လယ်ယာစိုက်ပျိုးလုပ်ငန်းဆိုတာ အချိန်ရာသီနှင့်တပြေးညီ ဆောင်ရွက်နေရတာ ဖြစ်သည်။ မိုးဦး၊ မိုးလယ်၊ မိုးနှောင်း ရွာသွန်းသည့်မိုး အနည်းအများနှင့် ဒေသအခြေအနေအပေါ် မူတည်၍ စိုက်ချိန်မှန်ခြင်း၊ ပေါင်းမြက်ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ ပြုစုဂရုစိုက်ခြင်း စသည့်လုပ်ငန်းအဆင့်ဆင့်ကို နည်းစနစ်မှန်စွာဆောင်ရွက်ခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားပြီး ဝင်ငွေတိုးစေလိုပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်