စိုက်ပျိုးသုတဇူလိုင်လ

01/07/2022 13:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

 

 ဇူလိုင်လသည် စပါးသီးနှံအပါအဝင် မိုးယာသီးနှံများ စိုက်ပျိုးအောင်မြင်ရေး အတွက် အထူးအရေးကြီးသည့်လဟု ပြောလိုသည်။ ဇူလိုင်မိုးခေါင် (July Drought) နှင့် ဝါဆိုလမိုးခေါင်တတ်သည်ဆိုတာ ရှေးလူကြီးသူမများပြောစကား ကြားဖူးကြမှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ပုံမှန်ထက် လျော့နည်းမိုးရွာတတ် သဖြင့် စပါးသီးနှံနှင့် မိုးယာသီးနှံများအောင်မြင်ရေး သတိမူဆောင်ရွက်ရန် ဖြစ်ပါသည်။

၁။ မိုးစပါးသီးနှံ

ပျိုးထောင်ကောက်စိုက်စပါး

အထွက်ကောင်းစပါးမျိုးများကို မိုးရွာသွန်းမှုမမှန် ပျိုးထောင်ရေမရလို့ ပျိုးမထောင် ရသေးပါက ဇူလိုင်လကုန် နောက်ဆုံးထား၍ ပျိုးထောင်ပြီးစီးရေး ကြိုးစားစေလိုပါသည်။

ရာသီစပါးမျိုးများသည်အလင်းရောင်တုန့်ပြန်မှုရှိ(Photo-period Sensitive)သည်။  ပန်းပွင့်သည့်ရက် ပုံသေ(Date fixed)ဖြစ်သည်။ မျိုး၏သဘာဝအရ ပျိုးထောင်ချိန် စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ စပါးပန်းပွင့်သည့်ရက်မှာ ပုံသေဖြစ်သည်။ ပုံမှန်စပါးအထွက်ကိုရရှိရန် စိုက်ချိန်မှန်တွင် ပျိုးထောင်စိုက်ပျိုးစေလိုပါသည်။

အခြောက်တိုက်ရိုက်မျိုးစေ့ချစပါး

မိုးရေကိုသာအားကိုးပြီး ပျိုးထောင်စိုက်ပျိုးရသည့် ဒေသများအတွက် အကယ်၍ ပျိုးထောင်ရေ လုံးဝမရရှိပါက စပါးသီးနှံကိုအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ် ပြောင်းသင့်သည်။ အခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစနစ်(Dry Direct Seeded Rice Method)ဖြင့် ကြဲပက်(သို့မဟုတ်)အတန်းလိုက် စိုက်ပျိုးသင့်သည်။ ၄င်းမှာယာသီးနှံ (နှမ်း၊ ပြောင်း၊ ပဲမျိုးစုံ စသည်) စိုက်ပျိုးရန်ကဲ့သို့ ထွန်ရေးပြုပြင်ပြီး အခြောက်မျိုးစေ့ချစိုက်ရန် ဖြစ်ပါသည်။ သို့သော် ဤစနစ်ဖြင့်  စိုက်ပျိုးသော စပါးခင်းများတွင် စပါးပင်နှင့် ပေါင်းမြက်ပင် များသည် တစ်ပြိုင်တည်း ပေါက်ရောက်ကြီးထွားခွင့်ရရှိထားသဖြင့်- 

(၁) ပေါင်းမြက်ကင်းစင်စေရေး အထူးဂရုပြုရန် လိုသည်။ 

(၂) လယ်ကန်သင်းများကောင်းစေပြီး ကတွတ်ပိတ်ကာ ရွာကျလာသော မိုးရေကို စုဆောင်းသိုလှောင်ထားသင့်ပါသည်။

အစိုတမန်းပြင်တိုက်ရိုက်မျိုးစေ့ချစပါး

မိုးရေသေချာသောဒေသနှင့် ဆည်ရေသောက်ဒေသတို့တွင် အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ် (Wet Direct Seeded Rice Method)ဖြင့် ကြဲပက် (သို့မဟုတ်) အတန်းလိုက် စိုက်ပျိုးသင့်သည်။ စိုက်ခင်းတမန်းကောင်းအောင် ပြုပြင်ရန် လိုသည်။  တမန်းမျက်နှာပြင် ညီညာအောင် ကြမ်းရိုက် မြေညှိရန် လိုသည်။  ရေ ပြောင်စင်အောင် ထုတ်နိုင်ရန် စိမ့်မြောင်း၊ ပတ်မြောင်းများ ပြုလုပ်ထားရန် လိုပါသည်။ 

တမန်းပြင်ပေါ်သို့ မျိုးစေ့ချရာတွင် ၂၄ နာရီရေစိမ်၊ ၂၄ နာရီမျိုးအုပ်ရရှိသော စာပါးစပ်ပြူမျိုးစေ့များကို အသုံးပြုရန်ဖြစ်သည်။ ကြဲပက်စနစ်ဖြစ်ပါက ကြဲပက် စိုက်ပျိုးနိုင်သည်။ သို့မဟုတ် အစိုတမန်းပြင်တွင် ကြဲပက်စိုက်ပျိုးခြင်းမပြုဘဲ မျိုးစေ့ချ ကရိယာဖြင့်ဖြစ်စေ၊ ကြိုးတန်းဆွဲလက်ဖြူးချ၍ဖြစ်စေ၊ လက်စုချ၍ဖြစ်စေ အတန်းလိုက်လည်း စိုက်ပျိုးနိုင်ပါသည်။

မျိုးစေ့ထုတ်စပါး

မျိုးစေ့ထုတ်စိုက်ပျိုးရန် အသုံးပြုမည့်လယ်ကွက် ရွေးချယ်မှုမှန်ကန်စေလိုသည်။ လွယ်လွယ်ကူကူသွားလာလုပ်ကိုင် ဆောင်ရွက်နိုင်သောလယ်မြေ ဖြစ်ရမည်။ မြေဆီ သြဇာ ကောင်းမွန်ပြီး မိုးရေဖြင့် မလုံလောက်ပါက သွင်းရေ အလွယ်တကူ ဖြည့်ဆည်းပေးနိုင်သော လယ်မြေ ဖြစ်သင့်သည်။ လယ်ကွက်အတွင်းရှိ ရေကို ကောင်းစွာထိန်းသိမ်းနိုင်ရန် အမြင့်၊ အကျယ် ခိုင်ခံ့စွာ စနစ်တကျ ပြုလုပ်ထားသော ကန်သင်းများ ရှိရမည်။ လယ်ကွက်၏ မြေမျက်နှာပြင်သည် ညီညာနေရပါမည်။

စပါးကို မည်သည့်နည်းစနစ်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ စပါးစိုက်ပျိုးရာတွင် အသုံးပြုမည့်မျိုးစေ့သည် သန့်ရှင်းရမည်။ မျိုးစစ်မျိုးမှန် ဖြစ်ရမည်။ ပိုးမွှားရောဂါ အပြစ်အနာအဆာ ကင်းရမည်။ အဆင့်အတန်းရှိ ကြန်အင်လက္ခဏာနှင့် ပြည့်စုံသော မျိုးစေ့ကို အသုံးပြုပါလို့ တိုက်တွန်းလိုပါသည်။

စိုက်ပြီးပါက ပေါင်းမြက်ကင်းစင်စေရေး၊ မြေသြဇာအာဟာရမချို့ယွင်းစေရေး ပိုးမွှားရောဂါမကျရောက်စေရေး လိုအပ်သလို ပြုစုဂရုစိုက်ရန် ဖြစ်ပါသည်။

၂။ ယာသီးနှံများ 

ဇွန်လကုန်ထိ မစိုက်ပျိုးရသေးသော နှမ်း၊ မြေပဲ၊ ပြောင်း၊ ပဲမျိုးစုံစသည့် ယာသီးနှံများကို ဇူလိုင်လဆန်းတွင် အမြန်စိုက်ပျိုးပါ။ စိုက်ပျိုးနိုင်လျှင် ဆက်လက်ပြီး အပင်နှစ်ပတ်သားခန့်မှ စတင်၍ ယာသီးနှံအလိုက်သားခွဲခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ ပိုးမွှားရောဂါကာကွယ် နှိမ်နင်းခြင်းတို့ကို လိုအပ်သလို ဆောင်ရွက်ပါလို့ ပြောလိုပါသည်။

သေချာရေရာနိုင်လောက်သည့် မိုးရွာသွန်းမှုအခြေအနေ မရှိသေးပါက မိုးရာသီ ယာသီးနှံများ စိုက်ပျိုးခြင်းကို စောင့်ဆိုင်းသင့်ပါသည်။ ဇူလိုင်မိုးခေါင် (July Drought) အပြီး မိုးလှိုင်လှိုင်ပြန်လည်ရွာသွန်းမှသာ ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးသင့်ပါသည်။ မိုးဦးယာသီးနှံများကို မိုးလယ်ယာသီးနှံများအဖြစ် ပြောင်းလဲစိုက်ပျိုးခြင်းမျိုး ဖြစ်ပါသည်။

မိုးရွာသွန်းမှုသည် မည်သည့်ဒေသတွင်မဆို ပျံ့နှံ့မှု၊ ညီညာမှုမရှိဘဲ သွန်ချချင်သလိုသွန်ချရွာသွန်းသည့်သဘာဝမှာ ယနေ့ကာလ မုတ်သုန်မိုး၏ အလေ့အထလို့ပင် ဆိုရပါမည်။ ထို့ကြောင့် မိုးကြီးခြင်း၊ မိုးအလွန်အကျွံရွာခြင်းများလည်း ရှိနိုင်သည်။ ထို့ကြောင့် မိုးများ၍ အပင်ခြေရေဝပ်ခြင်း၊ မြေဆီလွှာရေတိုက်စားခြင်းတို့ကို ကြိုတင်ကာကွယ်ထားရန်လည်း လိုပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်