အသက်ရှည် ကျန်းမာရေးအတွက် စွမ်းလှပါတဲ့ ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်သည် နှင်းပန်းမျိုးရင်း (Liliaceae) ဖြစ်ပြီး ရုက္ခဗေဒ အမည်မှာ Aloe vera Linn ဖြစ်သည်။ အခေါ်အဝေါ်များမှာ မြန်မာ အမည်- ရှားစောင်း လက်ပပ်၊ အင်္ဂလိပ် အမည်- Barbodos Aloes၊ မွန်အမည်- Men-Khareek-leck-Chuck တို့ ဖြစ်သည်။
ပေါက်ရောက်သည့်ဒေသမှာ အပူပိုင်းဒေသများတွင်ပေါက်ရောက်သည်။ ပေါက်ရောက်ပုံမှာ သဘာဝအလျောက် အလေ့ကျပေါက်ရောက်သည်။ ဆေးဘက်ဝင် အပင်အဖြစ်လည်း ပန်းအိုးများဖြင့်သော် လည်းကောင်း၊မြေတွင်ချ၍သော် လည်းကောင်း ပြုစု စိုက်ပျိုးထားနိုင်သည်။
အသုံးပြုသည့်အစိတ်အပိုင်းမှာ အရွက် ဖြစ်သည်။
အာနိသင်မှာ မြန်မာဆေးကျမ်းများအလိုအရ ရှားစောင်းလပပ်သည်အေးခါးသော အရသာရှိပြီးလေကို နိုင်၏။ အားကိုဖြစ်စေသော အစွမ်းသတ္တိ ရှိသည်။
အသုံးပြုပုံမှာ အရွက်
၁။ ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန် ထင်ရှား၏။ ရှားစောင်းလက်ပပ် အတွင်းသားကိုပေါက်ပင် ပဥ္စငါးပါး မီးရှို့၍ ရသော ပြာကို ချက်သည့် ဆားအနည်းငယ်ဖြူးစားသော် မီးယပ်သွေးစင်ကြယ်စွာ ဆင်း၏။
၂။ ရှားစောင်းလက်ပပ်သည် အနာစိမ်း ဖျဉ်းစွဲရောဂါ၊ အသည်းရောဂါ၊ အရေပြားရောဂါ၊ အဖျားရောဂါ၊ ပန်းနာ နူနာကိုယ်ရေဝါရောဂါ၊ ဆီး၌ကျောက်တည်သောရောဂါများကို အလွန် နိုင်နင်းသောဆေးပင် ဖြစ်သည်။
၃။ ၎င်းသည် လိမ်းဆေးအဖြစ်နှင့်လည်း အလွန် စွမ်းရည်ရှိသောဆေးပင်ဖြစ်၍ ၎င်း၏ အတွင်းသားကို ဝမ်းဗိုက်၌ ကပ်၍ အုံပေးပါက သွေးလုံးလေလုံးများကို ပြင်ပသို့ ထုတ်ဆောင်နိုင်၏။
၄။ ၎င်း၏ အတွင်းသားဖြင့် မျက်စိကို အုံပေးပါက မျက်စိနာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်းပျောက်၏။
၅။ ရှားစောင်းလက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေးပြု၍ နားတွင်းသို့ ခပ်ပေးက နားကိုက် နားနာ လျင်စွာပျောက်ကင်း၏။
၆။ ခြေလက်တို့တွင်ပေါက်သော အကျိတ်နာ၊ သွေးစုနာများပေါ်တွင် ရှားစောင်းလက်ပပ်ကို စည်းပေးထားပါက အကြိတ်ကြေ၍ ပြည်ပေါက် မြန်ပြီး ငန်းမန်း ကျစေသည်။
၇။ ကိုယ်ရေဝါ(Jaundice) ရောဂါရှိသူများ အရွက်အတွင်းသားကို စားပါက ဆီး ဝမ်းသက်ပြီးရောဂါလည်းပျောက်၏။
၈။ အရွက်အတွင်းသားကို အပေါ်မှ နနွင်းမှုန့်ဖြူး၍ မျက်စိတွင် အုံပေးလျှင် မျက်စိနာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်းများ ပျောက်ကင်း၏။
၉။ အတွင်းသားကို လက်ချား မီးဖောက် အမှုန့်အနည်းငယ်ဖြူး၍ စားလျှင်ရေဖျဉ်းရောဂါပျောက်ကင်း၏။
၁၀။ ရှားစောင်းလက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီးလျှင် သကြား ထည့်သောက်ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုးခြင်းပျောက်ကင်းသည်။
ကိုးကား- မြန်မာ့ ဆေးဝါးပင်များ
ဆက်စပ်မေးခွန်းများ
ဘာဆေးသုံးရမလဲဆရာတို့လမ်းညွန်ကြပါအုံး
Aung Nay Linn • ဖြေကြားချက် 0 ခု
ပူတာအိုဒေသမှာ ဘယ်လိုငှက်ပျောသီးစိုက်ပျိုးရင်ဖြစ်ထွန်းမလည်း။ စိုက်ပျိုးနည်း လည်းအသေးစိတ်လမ်းညွန်ပေးပါ။ ငှက်ပြောစျေးကွတ်ရော ထည့်ပြောပေးပါ
Mp ခင်ဆားရ် • ဖြေကြားချက် 2 ခု
ပျိုးပင် အရွက်ဝါပြီး ရွှက်ဖျားခြောက်နေခြင်းကို ဘာဓာတ်လိုအပ်တာလဲ? ဘယ်လိုကာကွယ်ရမလဲ?
than way • ဖြေကြားချက် 2 ခု
စပါးခင်းမှာဖြစ်နေတာလေးတွေတွေ့လို့ပါ ဘာဖြစ်တာလဲဆိုတာပြောပြပေးပါဦး
တောသားလေး • ဖြေကြားချက် 3 ခု
ဘာရောဂါလဲ ဘာဆေးဖျန်းရမလဲ ရှေ့တစ်ပတ်က hexaconazole mancozeb carberdazin ဖျန်းထားတယ်ဗျ
nay • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....