ဧကရှစ်ထောင်ကျော်အတွက် စိုက်ပျိုးရေး ပညာပေးဝန်ထမ်း တဦးသာ ခန့်ထားနိုင်

22/01/2018 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြန်မာတပြည်လုံးမှာ စိုက်ပျိုးဧကပေါင်း ၂၉သန်းကျော်ရှိတဲ့ အနက် စိုက်ပျိုးမြေဧက ၈ထောင်ကျော်မှာ စိုက်ပျိုးရေး ပညာပေးဝန်ထမ်း တစ်ဦးနှုန်းနဲ့သာ ခန့်အပ်ထားနိုင်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန၊ မူဝါဒနှင့် ဝန်ထမ်းရေးရာဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်က ဒီဗွီဘီကိုပြောပါတယ်။

“ဝန်ထမ်း အင်အား နည်းတော့ စိုက်ပျိုးရေး ပညာပေး လုပ်ငန်းတွေမှာ နည်းနည်းနဲ့ ကျဲကျဲဝိုင်းနေရပါတယ်။ သီးခြား ဖွဲ့စည်းပုံ တိုးဖို့ မရှိပါဘူး။ အခုလောလောဆယ် ဖွဲ့စည်းပုံ အတွင်း ခွင့်ပြုတဲ့ထဲက ခန့်အပ်ထားတာ ဖြစ်ပါတယ် ”

ဌာနဖွဲ့စည်းပုံအရ အစိုးရက စိုက်ပျိုးမြေဧက ၄ ထောင်ကျော်မှာ စိုက်ပျိုးရေး ပညာပေးဝန်ထမ်း ၁ဦး ကို ခန့်ထားရမယ့် ပမာဏဖြစ်တဲ့ ဝန်ထမ်း ၈ ထောင်လောက်ကို ခန့်အပ်ဖို့ လျာထားပေမယ့် ၃၂၀၀ဦး သာ ခန့်ထားနိုင်ပြီး နေ့စား ဝန်ထမ်း အဖြစ် ဦးရေ ၂၀၀ ကျော် ခန့်အပ်ထားတယ်လို့လည်း ပြောပါတယ်။

မြန်မာတောင်သူ အများစုဟာ မြေ၊ မျိုး၊ ပိုး၊ ရောဂါ၊ ရာသီဥတု၊ စတဲ့ စိုက်ခင်း စီမံ ခန့်ခွဲနိုင်မှုအပိုင်း အားနည်းနေပြီး ခေတ်မီ နည်းပညာ အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။
တောင်ကြီးမြို့မှာ ထောပတ် စိုက်ပျိုးရေး လုပ်နေတဲ့ ကိုကျော်စိုးမင်းက

ရရင်တော့ ပိုကောင်းတာပေါ့၊ ခုမှစတဲ့သူတွေအတွက် လိုအပ်ပါတယ်။ အဓိကက မျိုး ပြဿနာပါ၊ အဲဒါကို လုပ်ပေးနိုင်ရင် တော်တော်လေး ကျေနပ်မိမှာပါ။ မျိုးသန့်ပြီး ဒေသမျိုးကို သေချာ ခွဲခြား စိတ်ဖြာပေး စေချင်တာ ဒေသမျိုးလည်း ကောင်းတာတွေရှိတယ်”လို့ ပြောပါတယ်။

တောင်သူလယ်သမားတွေက နည်းပညာတွေရရှိပြီး အခက်အခဲတွေကို ဖြေရှင်းပေးနိုင်အောင် အစိုးရဝန်ကြီးဌာနအနေနဲ့ စိုက်ပျိုးရေးပညာပေးဝန်ထမ်းတွေကို ကျေးရွာတိုင်းမှာခန့်ထားဖို့ လိုတယ်လို့ စိုက်ပျိုးရေး ပညာရှင် ဦးစိုင်းဘဉာဏ်က ဒီဗွီဘီကိုပြောပါတယ်။

“တောင်သူတွေ မှာ နီးစပ်ရာကြားဖူးနားဝတွေနဲ့ လုပ်ရင်းနဲ့ စိုက်ပျိုးရေးက သဘာဝနည်းတွေ မသုံးတော့ဘဲနဲ့ ဓာတ်မြေသြဇာတွေ အဓိကသုံးလာတယ်။ ပြောရရင်တော့ သူတို့ကို ပညာပေးဖို့လို အပ်တာပေါ့နော်၊ သူတို့က အလွယ်လိုက်တဲ့ အခါကျတော့ အခု ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေက သိတဲ့ အတိုင်းပဲ ကြော်ငြာတွေမှာလည်းပဲ ဘယ်ရောဂါ ဖြစ်လိုက်ရင် ဒါဖျန်းလိုက်ရင် ဘယ်လို ဖြစ်သွားမယ်ဆိုတာတွေကို တောင်သူတွေက ကြားလိုက်တဲ့အခါကျတော့ ဒါတွေကို အလွယ်လိုက်လုပ်နေတယ်။ နယ်တွေမှာလည်း လိုက်ဆင်းမေးဖူးတယ်။ ခင်ဗျားတို့ ဒါတွေ ဘာလို့သုံးလဲဆိုတော့ မသိဘူး။ ကောင်းတယ်ဆိုလို့ သုံးတယ်။ ဒီလိုပဲပြော ကြတယ်။ ဆိုတော့ သူတို့မှာ သိပ်ပြီး သေချာ ဂဃနဏ ရှင်းပြမယ့်သူ မရှိဘူး။”

စိုက်ပျိုးရေး ပညာပေး ဝန်ထမ်း နည်းပါးမှုက စိုက်ပျိုးရေး ထွက်ကုန်တွေရဲ့ အထွက်နှုန်းနဲ့ အရည်အသွေး ထိခိုက်နိုင်ပြီး လယ်ယာဘေးထွက် ပစ္စည်းတွေကို သဘာဝမြေဆီနဲ့ စိုက်ပျိုးရေး သုံးဆေးတွေအဖြစ် အသုံးမပြုတတ်ပဲ စိုက်ပျိုးရေး သွင်းအားစုတွေ ဝယ်ယူ သုံးစွဲရလို့ တစ်ဧက ကုန်ကျစရိတ် မြင့်တက်လာနိုင်တဲ့ အကျိုးဆက် ဖြစ်နိုင်တဲ့အကြောင်း စိုက်ပျိုးရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ် 

Source- DVB (သတင်း- ရူပါအောင်ဝင်း) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်