အပင်နဲ့ပတ်သတ်သော ရောင်ခြယ်ဆဲလ်များနဲ့ ဟော်မုန်းများ

22/01/2018 14:13 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

Chlorophyll

အပင်တခုအတွက် အရေးပါပြီး အစာချက်လုပ်မှု အစိတ်ပိုင်းဖြစ်ပြီး ၂ပိုင်းခွဲ အလုပ်လုပ်ပါတယ်။ Chlorophyll A နဲ့B ပေါ့ဗျာ။

Chlorophyll A

အစိမ်းရောင်ကနေ အပြာစိမ်းရောင် အထိ အစာချက်လုပ်မှု pigment cellက ဆောင်ရွက်ပါတယ်။ အဓိကအားဖြင့် အလင်းရောင် စွမ်းအင်ကို အပင်စားသောက်မယ့် ဓာတ်ပေါင်းစွမ်းအင်အဖြစ်ပြောင်းလဲကာ အပင်စာချက်စေပါတယ်။

chlorophyll B

အဝါရောင်-အစိမ်းရောင်-သံလွင်စိမ်းရောင်ပြောင်းလဲစေပြီး အလင်းရောင်ကို စုပ်ယူပြီး အဆင့်ဆင့် အပင်စွမ်းအင် ထုတ်ပေးပါတယ်။

Carotenes

လိမ္မော်ရောင် ရောင်ချယ်ဆဲလ်ဖြသ်ပြီး ခါကျက်ဥ ရွှေဖရုံသီး စသည့်တို့မှာ တွေ့ရပါတယ်။

Xanthophylls

အဝါရောင် ရောင်ခြယ်ဆဲလ်တွေအဖြစ် လိမ္မော် ရှောက် ငှက်ပျော စတဲ့အပင်တွေမှာ တွေ့ရပါတယ်။

Anthocyanin

အနီရောင် အပြာရောင် တုံ့ပြန်တတ်တဲ့ Anthocyanin များကိုတော့ စပျစ် ပန်းသီး နှင်းဆီ ပင် စသည်တို့မှာ တွေ့ရလေ့ရှိပါတယ်။

Tannin

Tannin ကိုတော့ အညိုရောင်အရွက်တွေရှိတဲ့ အပင်များမှာ တွေ့ရှိရပြီး အခြားအရောင်များ ပျောက်ကွယ်တတ်ပါတယ်။

Hormone

ဟော်မုန်းကတော့ အပင် တခုရဲ့ အစိတ်အပိုင်းတခုချင်းစီအလိုက် ကြီးထွားမှုကို အားဆေးတဲ့ အရာဖြစ်ပါတယ်။ ဟော်မုန်းကို Auxin, Cytokinins, Ethylene, Gibberellins ဆိုပြီး အုပ်စု ၄ခုခွဲ လေ့လာနိုင်ပါတယ်။

Auxin

အကိုင်းအခက် အသစ်ဖြစ်ပေါ်မှု ပင်စည် အကိုင်း ရှည်ထွက်ရန်လှုံ့ဆော်မှု အသီးကြီးထွားမှု ပုံမှန်မဟုတ်ချိန် အဖူးအခက်ထွက်မှု တွေကို အလုပ်လုပ်ပေးတာ Auxin hormone ပါ။

Cytokinins

အမြစ်အသစ်ဖြစ်ပေါ်မှု ဆဲလ်တွေ ကွဲပြားမှု အဖူးအပွင့်တွေ ကြီးထွားဖို့ကတော့ Cytokinins က အလုပ်လုပ်ပါတယ်။

Ethylene

အသီးတွေ အမှည့်မြန်ဆန်ဖို့က Ethylene က အလုပ်လုပ်ပါတယ်။ အပင်ခန္ဓာကြီးထွားမှုကနေ အသီးဖွံ့ဖြိုးမှု အပြောင်းအလဲအတွက် အသီးတွေရင့်မှည့်ဖို့အတွက် အရွက် အပွင့် အသီးများ ခြွေချဖို့အတွက် စီးပွားရေးသုံးအနေနဲ့ အသီးမှည့်ဖို့ အသုံးများပါတယ်။ Ethylene အကြာင်းတော့ နဲနဲထပ်ပြောချင်ပါတယ်။ သရက် ငှက်ပျောမှာ တို့ဆေးဆိုပြီး စျေးကွက်မှာ ခေတ်စားဖူးပါတယ်။ ethylene သုတ်ထားတဲ့ ethylene gas အုပ်ထားတဲ့ အသီးအနှံများဟာ ရင့်မှည့်ရမယ့်အချိန်ထက်စောမှည့်လို့ စျေးကွက်ကောင်းပေမယ့် လူတွေအတွက် eating quality မကောင်းသလို ကျန်းမာရေးအရ မကောင်းပါဘူး။

နောက်အသုံးပြုတဲ့ နေရာကတော့ ရာဘာစိုက်ခင်း အစေးခြစ်တဲ့နေရာနဲ့ အချို့လျော်ဖြူ အစေးထုတ်ရာမှာ သုံးလာတယ်လို့သိရပါတယ်။ ၁၀ နှစ်သက်တမ်းအထက်ရှိ ရာဘာပင်တွေမှာ အသုံးပြုပေမယ့် အလွန်အကျွံသုံးခဲ့ရင် အပင်အတွက် ဆိုးကျိုးများလှတယ်လို့ စီနီယာ အကိုကြီး စိုင်းစံပွင့်မှ ပြောခဲ့ပါတယ်။

ethylen အသုံးပြုပြီး အစေးခြစ်ခဲ့ရင် အစေးပမာဏ ပိုမိုထွက်ရှိပေမယ့် နောက်ပိုင်းမှာ အဲဒီဆေးဒဏ်ကြောင့် အရွက်တွေဝါကျ ကုန်တယ်။ အစေးခန်းခြောက်ပြီး လုံးဝ အစေးမထွက်တဲ့ အထိ ဖြစ်သွားတတ်ပါတယ်။ အစေးခန်းပင်များသည် ချက်ချင်း မသေတတ်ပါ။ အရွက်ကျန်နေသေးသည့်အတွက် အစာချက်လုပ်မှု ရှိနေမှာ ဖြစ်ပြီး အပင်က အသေတော့ တောင်သူများက အစေးပြန်ထွက်နုူန်းနဲ့ လိုအပ်သည့် အစာများထည့်သွင်း ပေးပေမဲ့ အစေးက ပြန်မထွက်နိုင်တော့ပါ။

အပင်အိုတွေမှာ နောက်ဆုံး အစေးခြစ် ယူမှု အတွက်သာ သုံးသင့်ပါတယ်လို့ ကျွန်တော့ကို သင်ကြားခဲ့ပါတယ်။ စလင်းနယ်က လျော်ဖြူစိုက်သူ တစ်ဦးကလည်း တစ်ခြားနယ်တခုမှာ လျော်ဖြူအစေးထုတ်တဲ့နေရာမှာ ဆေးသွင်းပြီး လျော်ဖြူ အစေးပိုမို ထွက်ရှိပေမယ့် အပင်ကတော့ ဝါကုန်တယ်လို့ ပြောလာတာရှိခဲ့ပါတယ်။ Ethylen လို ဟော်မုန်းကတော့ စနစ်တကျ သုံးသင့်တဲ့ အုပ်စုဖြစ်တဲ့အတွက် အထူးဂရုစိုက် အသုံးပြုစေ့ချင်ပါတယ်ဗျာ။ Gibberellins အကိုင်းတွေ မျိျုးစေ့တွေကြီးထွားစေတဲ့ ဟော်မုန်းပါ။ အသီးကြီးထွားဖို့အတွက်လည်း အသုံးပြုပါတယ်။ အထူးသဖြင့် အပင်အရပ်မြင့်ဖို့ အသီးခိုင်များ ရှည်လျှားဖို့အတွက် အသုံးပြုတဲ့ အပင်ဟော်မုန်းဖြစ်ပါတယ်။

Khant Zaw Htet
 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်