DoF-SCF စီမံကိန်းတွင် ပါဝင်သော ကျေးရွာများအတွက် လိုအပ်သော သွင်းအားစုများ ထောက်ပံ့ရန် ဘတ်ဂျက်တောင်းခံထား

21/06/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ ဇွန် ၂၀ ရက်။ 

ဒိန်းမတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေရှည်တည်တံ့သော ကမ်းရိုးတန်းငါးလုပ်ငန်း စီမံကိန်း (DoF-SCF)တွင် ပါဝင်သော ကျေးရွာ ၈ ရွာအတွက် လိုအပ်သောသွင်းအားစုများ ထောက်ပံ့နိုင်ရန် ဘတ်ဂျက်တင်ပြတောင်းခံထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 

အဆိုပါစီမံကိန်းအတွက် ဒိန်းမတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၀ သန်းဝန်းကျင် (ဒိန်းမတ်ငွေ ၆၆ သန်း) ကူညီပံ့ပိုးခြင်းဖြစ်ပြီး စီမံကိန်းမှာ ၂၀၁၆ -၂၀၂၀ အထိ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ Lotte Hotel တွင် ဇွန်လ ၂၀ ရက်က ကျင်းပပြုလုပ်သည့် ငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှု အတွေ့အကြုံများဆိုင်ရာ နှီးနှောဖလှယ်ပွဲမှ သိရသည်။

"ငွေကြေးကို ဒိန်းမတ်က ထောက်ပံ့ပေးတယ်ဆိုပေမယ့်လို့ ဒီငွေကို နိုင်ငံတော်ငွေကဲ့သို့ နိုင်ငံရဲ့ အရသုံးစာရင်းထဲမှာ ထည့်ပေးရတယ်။ နိုင်ငံငွေဖြစ်တဲ့အတွက် ဒီဟာကိုလည်း နိုင်ငံ့ငွေသုံးတဲ့အခါကြတော့ သူရဲ့ တင်ဒါ pr ocess နဲ့ ချမှတ်ပေးထားတဲ့ ၁/၂၀၁၇ ဆိုတဲ့ process နဲ့ ပဲ သွားရတာ။ ဒါကြောင့် ဒီ process နဲ့အညီ ငွေသုံးစွဲရ တာတွေ လုပ်ရတယ်။ ဒါကြောင့် ဒီနှစ်ဘတ်ဂျက်မကုန်ခင် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ဖို့ ဝယ်မှာဖြစ်တယ်။" ဟု ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူ း ဦးထွန်းဝင်းမြင့်က ပြောသည်။ 

ငါးလုပ်ငန်းဦးစီးဌာနသည် ဒိန်းမတ်နိုင်ငံ၏ ကူညီအထောက်အပံ့မှုဖြင့် ကမ်းရိုးတန်းငါးလုပ်ငန်း ပတ်သက်သူအားလုံး ပူးပေါင်းပါဝင်သည့် ငါးလုပ်ငန်းဆိုင်ရာ အုပ်ချုပ်ရေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ဖွံ့ဖြိုးတိုးတက်သော ငါးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု နည်းပညာများအား ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ 

စီမံကိန်း၏ ရည်ရွယ်ချက်မှာ မြန်မာ့ကမ်းနီးငါးလုပ်ငန်းများအား စီမံခန့်ခွဲရာတွင် ရေရှည်ဆောင် ရွက်နိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသခံအစုအဖွဲ့များအကြား ပူးပေါင်းစီမံခန့်ခွဲမှုအစီအစဉ်အား အစပျိုးဆောင်ရွက်ရန်၊ ငါးလုပ်ငန်းဥပဒေ များ စိုးမိုးလာစေရေးအတွက် ပင်လယ်ပြင်ကင်းလှည့်စစ် ဆေးရေး လုပ်ငန်းအစီအစဉ်များကို ကူညီပံ့ပိုးပေးရန်၊ ဖမ်းဆီးရမိသည့် ငါးများအလေအလွင့် မရှိစေရေးနှင့် တန် ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးခြင်းဖြင့် ကမ်းရိုးတန်းနေ ကျေးလက်လူထု၏ အသက်မွေးဝမ်ကြောင်းများ တိုးတက်လာအောင် ဆောင်ရွက်သွားရန်နှင့် ငါးမဖမ်းရရာသီများတွင် လုပ်ကိုင်လို့ရမည့် အခြားသော အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို ရှာဖွေသွားရန်တို့ဖြစ်ကြောင်း သိရသည်။ 

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် Danida နှင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်က MoU ရေးထိုးခဲ့ပြီးနောက် ရခိုင်ပြည် နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စမ်းသပ်ကျေးရွာ ၈ ရွာတွင် ရေရှည်တည်တံ့သော ကမ်းရိုးတန်းငါးလုပ်ငန်း (DoF-SCF) စီမံကိန်း အစပြုလာခြင်းဖြစ်သည်။

"SCF စီမံကိန်းကတော့ ကမ်းရိုးတန်း ရေသယံဇာတ စဉ်ဆက်မပြတ်ထိန်းသိမ်းတာပါ။ အဓိကလုပ်တာကတော့ ဒီ SCF စီမံကိန်းကို တနင်္သာရီတိုင်းက မြို့နယ်နှစ်ခုနဲ့ ရ့ခိုင်ပြည်နယ်က မြို့နယ်သုံးမြို့နယ်မှာ လုပ်တာဖြစ်ပါတယ် ။ အခုချိန်မှာတော့ ကမ်းရိုးတန်းသယံဇာတ ထိန်းသိမ်းတဲ့ လုပ်ငန်းတွေမှာ အဓိကတော့ ကမ်းရိုးတန်း ရေလုပ်သားတွေကို Communities တွေ ဖွဲ့ပေးတယ်။ ဒီအစုအဖွဲ့တွေကို ကမ်းနီးရေလုပ်ငန်းမှာ ရှောင်ရန်/စောင်ရန် ဘာရှိသလဲ။ သူတို့ကို ပေးပညာပေးတဲ့ လုပ်ငန်းတွေလုပ်ပြီးပြီ။ ဒါပြီးရင် ဘာဆက်လုပ်မလဲဆိုတော့ သူတို့ရဲ့ ဝင်ငွေတိုးတက်လာအောင် ဒီငါးတွေကို ဘယ်လိုထိန်းသိမ်းရလဲ။ ဘယ်လိုပြုပြင်ရလဲ။  ဘယ်လိုထုတ်လုပ်ရလဲဆိုတာ ကို စီမံကိန်းကနေ သင်ပေးတာပေါ့။ လိုအပ်တဲ့ သွင်းအားစုတွေ ထောက်ပံ့မှုတွေ လုပ်နေတယ်။" ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပြောသည်။ 

လက်ရှိတွင် ကျေးရွာအခြေပြုပူးပေါင်းစီမံခန့်ခွဲမှုကော်မတီများကို စီမံကိန်းကျေးရွာ ၈ ရွာတွင် ရွေးကောက်တင် မြှောက်နိုင်ခဲ့ပြီး ငါးလုပ်ငန်း စီမံခန့်ခွဲရေး စီမံချက်များရေးဆွဲခြင်းနှင့် စီမံခန့်ခွဲမှုပြုလုပ်သွားမည့် ဧရိယာများ သတ် မှတ်ခြင်းကို စီမံကိန်းကျေးရွာ ၄ ရွာတွင် လုပ်ဆောင်လျက် ရှိသလို စခန်းသစ်နှင့် ပန်းဇင်ကျေးရွာများ၌ ကင်းလှည့်စစ်ဆေးခြင်းအား လုပ်ဆောင်လျက်ရှိကာ စစ်ဆေးရေး ရေယာဉ်နှစ်စီးဝယ်ယူရန်လည်း စီစဉ်ထားကြောင်း သိရသည်။

ထို့အပြင် စီမံကိန်းကျေးရွာ ၈ ရွာတွင် အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေး သင်တန်းများပေးခြင်း၊ လေ့လာဆန်းစစ်မှုများအပေါ် အခြေခံ၍ ငါးပြုပြင် တိုးတက်စေရေးအတွက် ရေခဲများ သိုလှောင်ထားနိုင်မည့် ကွန်တိန်နာထားရှိနိုင်ရေးနှင့် ရေခဲများအား အလှည့်ကျ ကြိုတင်ရောင်းချပေးနိုင်မည့် လုပ်ငန်းစဉ်များကို ရခိုင်ပြည်နယ်ရှိ သဲချောင်းကျေးရွာတွင် ကော်မတီမှ ကူညီပေးခြင်း၊ ကျေးတောပိုက်ဆိပ်ကျေးရွာတွင်လည်း မိုးရွာသီငါးခြောက်လှန်းနိုင်မည့် ငါးခြောက်လှမ်းစံအိမ်များ စံပြတည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်