ငါး/ပုစွန်များ ဗိုင်းရပ်စ်ရောဂါပိုးများ မဝင်ရောက်ရန် ကာကွယ်ရမည့်နည်းလမ်းများ

27/09/2024 13:00 PM တွင် သက်နိုင်(ငါးဦးစီး - ငြိမ်း) သက်နိုင်(ငါးဦးစီး - ငြိမ်း) မှ ရေးသား

ပုစွန်ကျားမွေးမြူထုတ်လုပ်သည့် လုပ်ငန်းများတွင် White Spot Syndrome Virus (WSSV)  ဝင်ရောက်ကူးစက်ပျံ့နှံ့မှုတို့ကြောင့် ထုတ်လုပ်မှုလုပ်ငန်းတွင် ကြီးမားသည့် အဟန့်အတားဖြစ်ခဲ့သည့် သာဓကများ ရှိခဲ့သည်။ ထို့အပြင် ယခုအခါ ပုစွန်ဖြူမွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ မွေးမြူ လျက်ရှိပါသည်။ ဒေသတွင်း အခြားနိုင်ငံများတွင် ပုစွန်ဖြူ မွေးမြူရေးလုပ်ငန်းသည် -

  • White Spot Syndrome Virus (WSSV)
  • Taura Syndrome Virus (TSV)
  • Yellow Head Virus (YHV)
  • Gill Associated Virus (GAV)
  • Infectious Myonecrosis Virus (IMNV)
  • Infectious Hypodermal and Hematopoietic Necrosis Virus (IHHNV) တို့၏ အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း အထက်ပါ ဖော်ပြပါ virus များအနက် WSSV, TSV ဗိုင်းရပ်စ်ပိုးတို့ ကူးစက်မှု ဖြစ်ပွားခဲ့သည့် သာဓကများ ရှိခဲ့ပါသည်။ ဖြစ်ပေါ်လာပါက ထိရောက်သည့် ကုသနည်း မတွေ့ရှိသေးသဖြင့် မဖြစ်ပွားအောင် ကာကွယ်သည့် နည်းက အကောင်းဆုံးဖြစ်ပါသည်။

ဗိုင်းရပ်စ်ရောပိုးတွေ ဝင်ရောက်ကူးစက်မှု မဖြစ်အောင် ဘယ်လိုဆောင်ရွက်မလဲ?

မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်တွင်းသို့ ပုစွန်ဖြူတင်သွင်းခွင့် ကန့်သတ်ထားမှုကို 2006 ခုနှစ်မှ စတင်ရုပ်သိမ်း၍ ရောဂါကင်းစင်သည့် SPF မျိုး ပုစွန်ကြီးများ Specific Pathogen Free သားပေါက်များ တင်သွင်းမွေးမြူခွင့် ပြုထားခဲ့ပြီး ဖြစ်ပါသည်။

SPF မျိုး ပုစွန် (သို့) ပုစွန်သားပေါက်များမှာ ပြည်တွင်းသို့ တင်သွင်းပြီးနောက် ယင်းတို့ကို နောက်ထပ်သားဖောက်ခြင်း ပြုလုပ်ပါက ၎င်းတို့၏ SPF အရည်အသွေး ပျောက်ပျက်သွားမည် ဖြစ် သည်။ အထူးသတိပြုရန်အချက်မှာ ပုစွန်ကျားဖြစ်စေ၊ ပုစွန်ဖြူဖြစ်စေ “Penaeid” အုပ်စုဝင် ပုစွန် အမျိုးအစားဖြစ်သဖြင့် ပုစွန်တစ်မျိုးကို ရောဂါဖြစ်ပွားစေသော ဗိုင်းရပ်စ်များသည် အခြား “Penaeid” အုပ်စုနှင့် ပုစွန်များကိုလည်း ကူးစက်ပျံ့ပွားနိုင်စေပါသည်။

ပြည်တွင်းသို့ Import တင်သွင်းလာသည့်အပေါ် ရောဂါထိန်းချုပ် ဟန့်တားမှုစနစ် (Quarantine System)

Live Animals (ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဘဲနှင့် ရေနေသတ္တဝါများ) နှင့် Plants (အပင်များ) စသည်တို့အား တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သယ်ယူပို့ဆောင်ကုန်သွယ်ခြင်း ပြုလုပ်ရာတွင် မိမိနိုင်ငံတွင်း သို့ အန္တရာယ်ရှိသော ရောဂါ သို့မဟုတ် ပိုးမွှားများ ဝင်ရောက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးရန် စီမံဆောင် ရွက်ထားသော အထူးသဖြင့် လေဆိပ် (Air Port)၊ နယ်စပ်ဝင်ပေါက် (Border Inspection Port) များတွင် သက်ဆိုင်ရာ တာဝန်ရှိဌာနများမှ ကျွမ်းကျင်သူများ စောင့်ကြည့်စစ်ဆေးသည့်စနစ်ဖြစ် ပြီး ယင်းသို့ ဆောင်ရွက်သည့်နေရာကို Quarantine Station ဟု ခေါ်သည်။

သက်ဆိုင်ရာ Quarantine စစ်ဆေးရေးစခန်းတွင် ပြည်ပမှ တင်သွင်းလာသည့် သားပေါက်/ မျိုးငါးပုစွန်များအား ပြည်တွင်းသို့ တင်သွင်းခွင့်မပြုမီ ရောဂါ/ပိုးမွှားဆိုင်ရာ လိုအပ်သည့် စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်ရသည်။ ထိုသို့ စောင့်ကြည့်စစ်ဆေးရန် ထားရှိရသည့် Quarantine Period ကြာချိန်သည် အတိအကျ သတ်မှတ်ထား၍ မရပါ။ တိရစ္ဆာန်အမျိုးအစားပေါ် မူတည်၍ ကွာခြားမှု ရှိသည်။ စောင့်ကြည့်လေ့လာခြင်းနှင့် ဓာတ်ခွဲခန်းစစ်ဆေးမှု၏ ရလဒ်များအပေါ် မူတည်ပါသည်။ ယေဘုယျအားဖြင့် Quarantine Period အား ပျမ်းမျှ (၁၀) ရက်မှ (၁၄) ရက်အတွင်း ထားရှိပြီး ဦးစွာ မျင်မြင် (Visual) အားဖြင့် စောင့်ကြည့်စစ်ဆေးပြီး မသင်္ကာစရာတွေ ရှိရသည့် သားပေါက်/မျိုးငါးပုစွန် ကို ရောဂါစစ်ဆေးသည့် ဓါတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးအတည်ပြုခြင်း (Confirmation Test) ဆောင်ရွက်ပါသည်။ ထွက်ရှိလာသည့် ဓါတ်ခွဲခန်းအဖြေပေါ် မူတည်၍ ရောဂါပိုးမတွေ့ရှိပါက ပြည်တွင်းသို့ တင်သွင်းခွင့်ပြု၍ ရောဂါတွေ့ရှိပါက ပြည်တွင်းသို့ တင်သွင်းခွင့် မပြုဘဲ ဖျက်ဆီးပြစ်ခြင်း ပြုလုပ်ပါသည်။

တာဝန်ရှိဌာနများ၏ Quarantine Station မှ Passed ဖြစ်သည့် Live Aquatic Animals များကို Quarantine Certificate ထုတ်ပေးပါသည်။ ယင်းသည် ဇီဝလုံခြုံရေး (Biosecurity) ကို ရည်ညွှန်းသည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် Border Inspection Port များတွင် Quarantine System အား ပြီပြင်စွာ ဆောင်ရွက်နိုင်မှု Facilities အားနည်းသေးသော်လည်း တင်သွင်း လာမည့် Live Aquatic Animals များအတွက် “Import Recommendation (IR) for Live Aquatic Animals Procedure” ထုတ်ပြန်ထားရှိ၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ Myanmar National Trade Portal တွင်လည်း ဖော်ပြထားပါသည်။

ဗိုင်းရပ်စ်ရောဂါပိုးများ မဝင်ရောက်နိုင်စေရန် ကာကွယ်နည်းဖြင့် ဆောင်ရွက်ရန်များ

  • ကောင်းမွန်သော ရေနေသတ္တဝါမွေးမြူနည်းကျင့်စဉ် (GAqP) နှင့် ကောင်းမွန်သော စီမံခန့်ခွဲမှု ကျင့်စဉ် (GMP) စနစ်ကို အပြည့်အဝ လိုက်နာကျင့်သုံးပါ။
  • ဇီဝလုံခြုံမှုစနစ် ထားရှိခြင်းဖြင့် အကာအကွယ်ပြုလုပ်ထားပါ။ 
  • ရောဂါစစ်ဆေးသည့် လုပ်ငန်းကို virus စစ်ဆေးနိုင်သည့် PCR ဓါတ်ခွဲခန်းတွင် တစ်လတစ် ကြိမ် (သို့) လိုအပ်သလို စစ်ဆေးပေးပါ။

မွေးမြူရေးလုပ်ငန်း စတင်သည်မှ မွေးမြူရေးကာလတစ်လျှောက် GAqP/GMP ကျင့်စဉ်ပါ အောက်ပါအခြေခံလုပ်ငန်းစဉ်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရန် လိုသည်။

(က) စုစုပေါင်းမွေးမြူရေး ကန်ဧရိယာအတွက် လုံလောက်သော ပမာဏရှိသည့် ရေလှောင်ကန် (Semi-intensive မွေးမြူစနစ်တွင် စုစုပေါင်းမွေးကန်ရေဧရိယာ၏ 50% ခန့်) ထားရှိရမည်။

(ခ) မွေးကန်အတွင်း ရေသွင်းရာတွင် ရေစစ်သွင်းခြင်း ဆောင်ရွက်ရမည်။ ရေစစ်ဇကာ အစကို လှောင်ကန်ချုပ်၍ ရေစစ်သွင်းခြင်း ဆောင်ရွက်နိုင်ပါသည်။

(ဂ) ရောဂါကင်းပြီး ကျန်းမာသန်စွမ်းသည့် သားပေါက်များ (SPF သားပေါက်) ကိုသာ ထည့်သွင်း မွေးမြူသင့်သည်။

(ဃ) အရည်အသွေးကောင်းမွန်သည့် အစာတောင့်ကို ကျွေးရမည်။

(င) ကန်ရေ အရည်အသွေးကို ပုံမှန်စစ်ဆေးပြီး မှတ်တမ်းထားရှိရမည်။

(စ) ပုစွန်များ ကျန်းမာမှုနှင့် ရောဂါကင်းရှင်းမှုကို ပုံမှန်စစ်ဆေးရမည်။ ဗိုင်းရပ်စ်ရောဂါ ကင်းရှင်းကြောင်း PCR စစ်ဆေးခြင်းဖြင့်သာ သိရှိနိုင်ပါသည်။

(ဆ) စွန့်ပစ်ရေကို အနည်ချကန် (ဥပမာ စုစုပေါင်း ကန်ရေဧရိယာ၏ (၃၀%) ထား၍ Treatment စနစ်ထားရှိရပါမည်။ Treatment စနစ်တွင် Physical/Biological Treatment ဖြင့် ဆောင်ရွက်နိုင်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်