စားမှိုများမှ ထုတ်လုပ်နိုင်သော တန်ဖိုးမြင့်ထုတ်ကုန်များ

24/10/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာ မှို အပိုင်း (၇၄)

စားမှိုများမှ တန်ဖိုးမြင့်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နိုင်သည် (၁)

ရည်ရွယ်ချက် 

မှိုများသည် ဆေးဖက်ဆိုင်ရာအရည်အသွေးနှင့် အာဟာရဓာတ် တန်ဖိုးကြွယ်ဝသဖြင့် တစ်ပိုင်တစ်နိုင် တန်ဖိုးမြင့်စားသောက်ဖွယ်ရာများနှင့် စက်ရုံသုံးတန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်ရန် ဖြစ်သည်။ 

ထုတ်လုပ်နိုင်သည့် တန်ဖိုးမြင့်ပစ္စည်းအမျိုးမျိုး 

၂၁ ရာစုတွင် နိုင်ငံတကာသည် စားမှိုများ၏ဆေးဖက်ဆိုင်ရာအည်အသွေးနှင့် အာဟာရတန်ဖိုးကို သိရှိလာသဖြင့်  စားမှိုများကို စိတ်ဝင်စားလာကြသည်။ သိုသော် မှိုစိုက်ပျိုးထုတ်လုပ်ချိန်တွင် ထွက်လာသောမှို၏ ၅ ပုံ ၁ ပုံသည် အလေအလွင့်များဖြစ်သွားလေ့ရှိသည်။ စိုက်ပျိုးရေးနှင့် စက်ရုံများမှ ဘေးထွက်ပစ္စည်းများစုပုံလာသည်နှင့်အမျှ ပတ်ဝန်းကျင်ညစ်ညမ်းမှုများရှိလာခဲ့သည်။ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မြေအောက်ရေညစ်ညမ်းပြီး သဘာဝအရင်းအဖြစ်များ ပျောက်လာနိုင်သည်။ ဘေးထွက်ပစ္စည်းများစုပုံခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမြင့်လာခြင်းကို ကာကွယ်ရန် အလေအလွင့် အကြွင်းအကျန်များ ပြန်လည်အသုံးချသော တပတ်လည်စီးပွားရေးကွင်းဆက် လိုလာသည်။ စုပုံလာသော အကြွင်းအကျန် အလေအလွင့်များတွင် စတီရော၊ ဗိုက်တာမင်ဒီ၊ အမိုင်နိုအက်ဆစ်နှင့် ပေါ်လီဆက်ခရိုက် ကြွယ်ဝသဖြင့် ဖြည့်စွက်အသုံးပြုနိုင်သည့် အရည်အသွေးရှိသည်။ ပြန်လည်အသုံးချနိုင်သော လမ်းကြောင်းများရှာဖွေလာကြသည်။ အထူးသဖြင့် ဘိုင်အိုအက်တစ်ကွန်ပေါင်းများကို ခွဲထုတ်အသုံးချရန် ဦးတည်လာသည်။ ယခုအချိန်တွင်  မှိုနှင့် အကြွင်းအကျန်များမှ တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်မှုကို နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်လာကြပြီဖြစ်သည်၊

မည်သို့ဆိုစေ မှိုများ၊ အကြွင်းအကျန်များမှ တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်မှုအတွက် စိန်ခေါ်မှုများရှိ နေဆဲဖြစ်ပါသည်။ သုတေသနများဆက်လက်လုပ်ဆောင်ရန်လည်း လိုအပ်နေသေးသည်။

တန်ဖိုးမြင့်ပစ္စည်းအဖြစ်ပြန်ထုတ်နိုင်သော မှိုသိမ်မှိုနုတ်များနှင့် စားမှိုစိုက်ပြီးကျန်နေသော ပွားစာဟောင်း ဘေးထွက်ပစ္စည်းများ

မှိုစိုက်ပျိုးရာမှ ရလာသော မှိုသိမ်မှိုနုတ်များ၊ မှိုရိုးတန်စသည့် မှိုမျိုးပွားအင်္ဂါများသည် ဘေးထွက်ပစ္စည်းများဖြစ်သည်။ မှိုထွက်နှုန်း၏ ၅-၂ဝ%ခန့် ထွက်လာလေ့ရှိသည်။ ၎င်းတို့ကို အာဟာရအတွက် ဖြည့်စွက်အစားအစာနှင့် ဆေးဝါးများတွင် အသုံများသည်။

ပွားစာဟောင်း (Spent Mushroom Substrate , SMS ) ဖြစ်သည့် ဘေးထွက်ပစ္စည်းများကလည်း မှို ၁ ကီလိုဂရမ် ထွက်တိုင်း ဘေးထွက်ပစ္စည်း အစိုချိန် ၅-၆ ကီလိုဂရမ် ထွက်လာတတ်သည်။ စားမှိုစိုက်ပြီးပွားစာဟောင်းများမှ ထုတ်နိုင်သော အင်ဇိုင်းများသည် တန်ဖိုးနည်းပစ္စည်းများအဖြစ် ပြန်ထုတ်နိုင်သည်။ ၎င်းအင်ဇိုင်းများတွင် ဖြည့်စွက်ပစ္စည်းများ ထည့်ပေးပါက တန်ဖိုးမြင့်ပစ္စည်းအဖြစ် ပြန်ထုတ်နိုင်သည်။

စားမှိုနှင့်  ဘေးထွက်ပစ္စည်းအကြွင်းအကျန်များကို စက်ရုံများတွင် ပြန်အသုံးချခြင်း

စားမှိုအခြေခံပြီး ထုတ်လုပ်နိုင်သော စက်ရုံထုတ်တန်ဖိုးမြင့်ထုတ်ကုန်များ

ကိုးကား

Antunes F. et al. Valorization of Mushroom By-Products as a Source of Value-Added Compounds  and Potential ApplicationsMolecules 2020, 25, 2672; doi:10.3390/molecules25112672.

Kumar, H.; Bhardwaj, K.; Sharma, R.; Nepovimova, E.; Cruz-Martins, N.; Dhanjal, D.S.; Singh, R.; Chopra, C.; Verma, R.; Abd-Elsalam, K.A.; et al. Potential Usage of Edible Mushrooms and Their Residues to Retrieve Valuable Supplies for Industrial Applications. J. Fungi 2021, 7, 427. https://doi.org/ 10.3390/jof7060427

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်