စားမှိုများမှ ထုတ်လုပ်နိုင်သော တန်ဖိုးမြင့်ထုတ်ကုန်များ

24/10/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာ မှို အပိုင်း (၇၄)

စားမှိုများမှ တန်ဖိုးမြင့်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နိုင်သည် (၁)

ရည်ရွယ်ချက် 

မှိုများသည် ဆေးဖက်ဆိုင်ရာအရည်အသွေးနှင့် အာဟာရဓာတ် တန်ဖိုးကြွယ်ဝသဖြင့် တစ်ပိုင်တစ်နိုင် တန်ဖိုးမြင့်စားသောက်ဖွယ်ရာများနှင့် စက်ရုံသုံးတန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်ရန် ဖြစ်သည်။ 

ထုတ်လုပ်နိုင်သည့် တန်ဖိုးမြင့်ပစ္စည်းအမျိုးမျိုး 

၂၁ ရာစုတွင် နိုင်ငံတကာသည် စားမှိုများ၏ဆေးဖက်ဆိုင်ရာအည်အသွေးနှင့် အာဟာရတန်ဖိုးကို သိရှိလာသဖြင့်  စားမှိုများကို စိတ်ဝင်စားလာကြသည်။ သိုသော် မှိုစိုက်ပျိုးထုတ်လုပ်ချိန်တွင် ထွက်လာသောမှို၏ ၅ ပုံ ၁ ပုံသည် အလေအလွင့်များဖြစ်သွားလေ့ရှိသည်။ စိုက်ပျိုးရေးနှင့် စက်ရုံများမှ ဘေးထွက်ပစ္စည်းများစုပုံလာသည်နှင့်အမျှ ပတ်ဝန်းကျင်ညစ်ညမ်းမှုများရှိလာခဲ့သည်။ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မြေအောက်ရေညစ်ညမ်းပြီး သဘာဝအရင်းအဖြစ်များ ပျောက်လာနိုင်သည်။ ဘေးထွက်ပစ္စည်းများစုပုံခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမြင့်လာခြင်းကို ကာကွယ်ရန် အလေအလွင့် အကြွင်းအကျန်များ ပြန်လည်အသုံးချသော တပတ်လည်စီးပွားရေးကွင်းဆက် လိုလာသည်။ စုပုံလာသော အကြွင်းအကျန် အလေအလွင့်များတွင် စတီရော၊ ဗိုက်တာမင်ဒီ၊ အမိုင်နိုအက်ဆစ်နှင့် ပေါ်လီဆက်ခရိုက် ကြွယ်ဝသဖြင့် ဖြည့်စွက်အသုံးပြုနိုင်သည့် အရည်အသွေးရှိသည်။ ပြန်လည်အသုံးချနိုင်သော လမ်းကြောင်းများရှာဖွေလာကြသည်။ အထူးသဖြင့် ဘိုင်အိုအက်တစ်ကွန်ပေါင်းများကို ခွဲထုတ်အသုံးချရန် ဦးတည်လာသည်။ ယခုအချိန်တွင်  မှိုနှင့် အကြွင်းအကျန်များမှ တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်မှုကို နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်လာကြပြီဖြစ်သည်၊

မည်သို့ဆိုစေ မှိုများ၊ အကြွင်းအကျန်များမှ တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်မှုအတွက် စိန်ခေါ်မှုများရှိ နေဆဲဖြစ်ပါသည်။ သုတေသနများဆက်လက်လုပ်ဆောင်ရန်လည်း လိုအပ်နေသေးသည်။

တန်ဖိုးမြင့်ပစ္စည်းအဖြစ်ပြန်ထုတ်နိုင်သော မှိုသိမ်မှိုနုတ်များနှင့် စားမှိုစိုက်ပြီးကျန်နေသော ပွားစာဟောင်း ဘေးထွက်ပစ္စည်းများ

မှိုစိုက်ပျိုးရာမှ ရလာသော မှိုသိမ်မှိုနုတ်များ၊ မှိုရိုးတန်စသည့် မှိုမျိုးပွားအင်္ဂါများသည် ဘေးထွက်ပစ္စည်းများဖြစ်သည်။ မှိုထွက်နှုန်း၏ ၅-၂ဝ%ခန့် ထွက်လာလေ့ရှိသည်။ ၎င်းတို့ကို အာဟာရအတွက် ဖြည့်စွက်အစားအစာနှင့် ဆေးဝါးများတွင် အသုံများသည်။

ပွားစာဟောင်း (Spent Mushroom Substrate , SMS ) ဖြစ်သည့် ဘေးထွက်ပစ္စည်းများကလည်း မှို ၁ ကီလိုဂရမ် ထွက်တိုင်း ဘေးထွက်ပစ္စည်း အစိုချိန် ၅-၆ ကီလိုဂရမ် ထွက်လာတတ်သည်။ စားမှိုစိုက်ပြီးပွားစာဟောင်းများမှ ထုတ်နိုင်သော အင်ဇိုင်းများသည် တန်ဖိုးနည်းပစ္စည်းများအဖြစ် ပြန်ထုတ်နိုင်သည်။ ၎င်းအင်ဇိုင်းများတွင် ဖြည့်စွက်ပစ္စည်းများ ထည့်ပေးပါက တန်ဖိုးမြင့်ပစ္စည်းအဖြစ် ပြန်ထုတ်နိုင်သည်။

စားမှိုနှင့်  ဘေးထွက်ပစ္စည်းအကြွင်းအကျန်များကို စက်ရုံများတွင် ပြန်အသုံးချခြင်း

စားမှိုအခြေခံပြီး ထုတ်လုပ်နိုင်သော စက်ရုံထုတ်တန်ဖိုးမြင့်ထုတ်ကုန်များ

ကိုးကား

Antunes F. et al. Valorization of Mushroom By-Products as a Source of Value-Added Compounds  and Potential ApplicationsMolecules 2020, 25, 2672; doi:10.3390/molecules25112672.

Kumar, H.; Bhardwaj, K.; Sharma, R.; Nepovimova, E.; Cruz-Martins, N.; Dhanjal, D.S.; Singh, R.; Chopra, C.; Verma, R.; Abd-Elsalam, K.A.; et al. Potential Usage of Edible Mushrooms and Their Residues to Retrieve Valuable Supplies for Industrial Applications. J. Fungi 2021, 7, 427. https://doi.org/ 10.3390/jof7060427

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်