ထောပတ်ပင်၏ ကိုင်းနူနာရောဂါ

22/01/2021 12:45 PM တွင် ဘုန်းဟိန်းနိုင် ဘုန်းဟိန်းနိုင် မှ ရေးသား

    ထောပတ်ပင်စိုက်ပျိုးထားသော ‌တောင်သူဦးကြီးများအနေဖြင့် မိမိအခင်းတွင် ကိုင်းများ နူနာရောဂါကျရောက်ပါက ထောပတ်သီးအရည်အသွေးမပြည့်မီကာ ဈေးကွက်မဝင်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ထောပတ်ပင်၏ကိုင်းများတွင် ကျရောက်တတ်သော နူနာရောဂါအကြောင်း တင်ပြလိုက်ရပါသည်။

ရောဂါဖြစ်ပေါ်ပုံလက္ခဏာ

    ရောဂါဖြစ်ပေါ်စေသောသက်ရှိများသည် Bolryosphaeriaceae မျိုးအုပ်စုတွင်ပါဝင်ကြပြီး များသောအားဖြင့် သစ်မာပင်များ၏ အခေါက်၊ ပင်စည်နှင့် ကိုင်းများအားတိုက်ခိုက်ဖျက်ဆီးကြပါသည်။ ဝင်ရောက်တိုက်ခိုက်မှုအားပေးသော အခြေအနေနှင့် အပြုအမူများမှာ ထောပတ်ပင် ကိုင်းကူး၊ ကိုင်းဆက်မျိုးကူးခြင်းတွင် ဖြစ်ပေါ်လာသောဒဏ်ရာများ၊ နှင်းကျမှုများပြားကာ အပင်၏အခေါက်များပျော့၍ ဒဏ်ရာဖြစ်ပေါ်ခြင်းနှင့် စိုက်ပျိုးခင်းသုံးပစ္စည်းများကြောင့်ထိခိုက်မှု စသဖြင့် အမျိုးမျိုးဖြစ်ပေါ်စေနိုင်သည်။ ထောပတ်ပင်တွင် ရောဂါကျရောက်ခဲ့ပါက နောက်ဆုံးတွင် ပင်စည်ပုပ်ခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ ရောဂါလက္ခဏာမှာ - 

  • ထောပတ်ပင်မှထုတ်သော သစ်စေးများ ခြောက်သွေ့ကာ အညိုရောင်နှင့် အဖြူရောင်အမှုန့်များအဖြစ် ပြောင်းလဲသွားခြင်း၊ 
  • အပင်အခေါက်များကွဲအက်ခြင်း၊ သိသိသာသာ အရောင်ပြောင်းလဲခြင်း (သို့) နေလောင်ကွက်အနည်းငယ်ဖြစ်ပေါ်ခြင်း၊ 
  • ကိုင်းများတွင် နူနာရောဂါကျရောက်မှုအချိန်ကြာပါက နူနာကျရောက်နေသော ကိုင်း၏နေရာအား အလွယ်တကူဖယ်ရှားနိုင်ခြင်း၊(အဘယ်ကြောင့်ဆိုသော် ရောဂါကျရောက်မှု ကြာမြင့်ပါက ကိုင်း၏အခေါက်များသည် မာတင်းမှုလျော့နည်းကာ ကောင်းစွာ အလုပ်မလုပ်နိုင်သောကြောင့်ဖြစ်သည်)။

    ရောဂါလက္ခဏာအား ကောင်းစွာသိရှိစေသောအချက်မှာ ထောပတ်ပင်၏ကိုင်းကို ဖြတ်ကြည့်ပါက သပ်ပုံသဏ္ဍာန်နူနာများသည် ထောပတ်ကိုင်း၏ ရေလမ်းကြောင်းထဲသို့ ထိုးဝင်နေသကဲ့သို့ သိသာစွာမြင်နိုင်ပါသည်။ ထောပတ်ပင်၏ရေလမ်းကြောင်းအား နူနာရောဂါတိုက်ခိုက်မှု များပြားပါက ထောပတ်ပင်၏ ကိုင်းဖြာထွက်မှုအားနည်းခြင်း၊အရွက်များ အညိုရောင်ပြောင်းခြင်းနှင့် အရွက်များမီးလောင်သကဲ့သို့ အငွေ့ထွက်ခြင်းများဖြစ်ပေါ်စေကာ အသီးသီးချိန်တွင် ကိုင်းမှတစ်ဆင့် အသီး၏အညှာအတွင်းပိုင်းသို့ ရောဂါဝင်ရောက်လာစေနိုင်ပါသည်။

ရောဂါဖြစ်စေသောသက်ရှိ၏ပျံ့နှံ့ပုံ

    Bolryosphaeriaceae မျိုးအုပ်စုတွင်ပါဝင်သော မှိုမျိုးများ၏ မှိုစပိုးများသည် ထောပတ်ပင် ကိုင်းကူးကိုင်းဆက်ရာတွင် ဖြစ်ပေါ်သောဒဏ်ရာများမှ အဓိကဝင်ရောက်တိုက်ခိုက်ပါသည်။ မိုးရွာသွန်းမှုများပြားခြင်းသည် မှိုစပိုးထုတ်လုပ်မှု များပြားစေကာ ထိုမှိုစပိုးများသည် လေ၊ မိုး၊ ရေသွင်းရေထုတ်ပြုလုပ်မှုများမှတစ်ဆင့် ပျံ့နှံ့နိုင်ပါသည်။ထောပတ်ပင်စိုက်ပျိုးမှု ပင်ကြားတန်းကြားမမှန်ကန်ခြင်း၊ အပင်သိပ်သည်းခြင်းနှင့် တောအုပ်ကဲ့သို့ လေဝင်လေထွက်မကောင်းခြင်း၊ ရေသွင်းရေထုတ်မှု အားနည်းခြင်း၊အပင်အာဟာရမမျှတခြင်းနှင့် ရေငတ်မှုဖြစ်ပေါ်ခြင်း စသည်တို့သည် ရောဂါပျံ့နှံ့မှု  အားကောင်းစေကာ အထွက်နှုန်းကျဆင်းစေပါသည်။

ကာကွယ်နှိမ်နင်းနည်းလမ်းများ

  • ထောပတ်ပင်အား ပင်ကြားတန်းကြားမှန်ကန်စေကာ လေဝင်လေထွက်ကောင်းစေ၍ သန့်ရှင်းစေခြင်း
  • ရောဂါကျရောက်ခဲ့ပါက ရောဂါကျနေသော ကိုင်း၊ အခက်အလက်များအား ဖယ်ရှားခြင်း
  • အစေ့ဖြင့်စိုက်ပျိုးပါက ရောဂါဒဏ်ခံနိုင်သော မျိုးရွေးချယ်ခြင်း၊ ရောဂါကင်းလွတ်သောမျိုးစေ့များ အသုံးပြုခြင်းနှင့် ကိုင်းကူးကိုင်းဆက်စိုက်ပျိုးပါက ဒဏ်ရာဖြစ်ပေါ်မှုမရှိစေရန် ဂရုတစိုက်ပြုလုပ်ခြင်း
  • အပင်၏ ခြောက်သွေ့သောကိုင်း‌ခြောက်များနှင့် အသီးပုပ်များအား ဖယ်ရှားခြင်း၊ အသီးခူးဆွတ်ခြင်းနှင့် ကိုင်းခြောက်များဖယ်ရှားခြင်ကို ခြောက်သွေ့သောအခြေအနေတွင်သာပြုလုပ်ခြင်း
  • စိုက်ခင်း၏ပတ်ဝန်းကျင်အား စစ်ဆေးခြင်း (ဥပမာ-အင်းဆက်ပိုးမွှားများ စိုက်ခင်းအတွင်းသို့ ဝင်ရောက်မှုရှိမရှိ)
  • အပင်များအား ညီညွတ်မျှတသော အာဟာရကျွေးခြင်း၊ လေဝင်လေထွက်မကောင်းသောအခြေအနေမှ ကာကွယ်ခြင်း (အုံ့မှိုင်းသော အခြေအနေ) နှင့် ရေသွင်းရာတွင် ဆားဓာတ်များသော ရေငံများ အသုံးပြုခြင်းမှ ရှောင်ကြဉ်ခြင်း
  • အပင်မျိုး ကိုင်းကူး၊ကိုင်းဆက်ပြုလုပ်ရာတွင် လက်ခံမျိုးအစိတ်အပိုင်းနှင့် ကူးပြောင်းမည့်မျိုးအစိတ်အပိုင်းအား မှိုသတ်ဆေးအသုံးပြုခြင်း။ 
  • ပျိုးထောင်ထားသောနေရာအား သန့်ရှင်းစွာထားခြင်းနှင့် မျိုးကူးသောပစ္စည်းများပိုးသန့်ခြင်း
  • ရေအများအပြားသွင်ခြင်းကိုမလုပ်ရန် (ရေဖြန်းကိရိယာ စပင်ကလာသည် ထောပတ်ပင်၏ ပင်စည်နှင့် အခေါက်အားစိုစွတ်မှု များပြားစေသောကြောင့် ရှောင်ကြဉ်ခြင်း)
  • ရောဂါကျရောက်နေသောနေရာမှ ရေနှင့် မြေကြီးများ အခြားနေရာသို့ ပျံ့နှံ့မှုကို တားဆီးခြင်း

ဓာတုဗေဒနည်းဖြင့်နှိမ်နင်းခြင်း

  • ပင်လုံးပြန့်မှိုသတ်ဆေး
  • ဖိုးစတိုင်း-အေအယ်လ် (သို့) ပိုတက်စီယမ်
  • ဖော့စဖိုနိတ်များအား မြေကြီးပြုပြင်ရာတွင် ထည့်၍အသုံးပြုခြင်း၊ အရွက်များအား ဖျန်းခြင်း၊ ပင်စည်သုတ်လိမ်းခြင်းနှင့် ပင်စည်ထဲသို့ ထိုးထည့်ခြင်းတွင် ဘာဖာစလူးရှင်း အသုံးပြုခြင်း (သို့) ရေသွင်းရာတွင် အသုံးပြုသောရေထဲသို့ ထည့်သွင်းအသုံးပြုခြင်း။မတ်တာဇီးအား အထက်ဖော်ပြပါပုံစံ အတိုင်းအသုံးပြုနိုင်သည်။

Reference

https://www.californainaavocadogrowers.com/cultural-management-library/avocado-branch-canker-disease-symptoms

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်