Basic Agricultural Science (123) Chinese Agriculture and Rural Development: Lesson Learned (Part-1)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၁၂၃) တရုတ်နိုင်ငံ၏စိုက်ပျိုးမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုများ - မြန်မာနိုင်ငံအတွက် အတုယူဖွယ်များ (အပိုင်း-၁)
မိတ်ဆက် (Introduction)
ကျွန်တော်၏ တပည့်ဟောင်းတစ်ဦးဖြစ်သူ မန္တလေးသား ဦးခင်မောင်စိုး (၁၉၉၄ စိုက်တက္ကသိုလ်ဘွဲ့ရ) မှ ယခုနှစ်ဆန်းပိုင်း တရုတ်ပြည်မှ အပြန် ကျွန်တော်အတွက် စာအုပ်လက်ဆောင်အဖြစ် ‘တံခါးဖွင့်ပြီး နောက်ပိုင်းခေတ် တရုတ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက် ဖွံ့ဖြိုး တိုးတက်မှုအကြောင်း’ (China’s Agriculture and Rural Development in the Post-Reform Era) ပေးခဲ့ရာ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် သင်ခန်းစာ ယူစရာ/ အတုယူစရာ (Lesson Learned) အနေနှင့် အခြားစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ စာအုပ်များနှင့် အတူ မိတ်ဆက်ပေးချင်ပါသည်။
ပြုပြင်ပြောင်းလဲရခြင်း နောက်ခံသမိုင်းကြောင်း (Background of Reform)
တရုတ်ပြည်သည် ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC – People’s Republic of China) စတင်တည်ထောင်ခဲ့သော်လည်း အားနည်းသော စီးပွားရေးအခြေခံ (Weak economic foundations) ရှိခဲ့ပါသည်။ ၁၉၄၉ မှ ၁၉၇၈ ခုနှစ်အတွင်း ယခင် ဆိုဗီယက်ယူနီယမ် (Soviet Union) ၏ ဗဟိုဦးစီးချုပ်ကိုင်သော စီးပွားရေးလမ်းစဉ် (Centralized Planned Economic System) ကို အတုယူခဲ့သော်လည်း တရုတ်နိုင်ငံ စီးပွားရေး လိုအပ်ချက် (Needs of Rapid Development of China Economy) များကို မပြည့်မီခဲ့ပါ။ ထို့ကြောင့် တရုတ်ပြည် ကျေးလက်ဒေသအဖွဲ့အစည်းများ (China’s Rural Institutions) ကိုလည်း ပြောင်းလဲရန် လိုအပ်နေသေးသည်ဟု မူဝါဒရေးဆွဲသူများက သတိပြုမိခဲ့ပါသည်။
အနှစ် ၃၀ ခန့် အတွင်း တရုတ်ပြည် ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲမှု (China’s rural reform) ဖြစ်စဉ်များတွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ မူဝါဒများကို ဖြေးဖြေးမှန်မှန် ဗဟိုချုပ်ကိုင်မှုကို လျှော့ချခြင်း (The gradual decentralization of agricultural policies) စသည်တို့ဖြင့် အဆင့် ၃ဆင့်ပြုလုပ်ခဲ့ပါသည်။
ပထမဆုံး အစအဆင့် (Initial Phase) က ၁၉၇၀ ခုနှစ် လောက်မှာ စတင်ခဲ့သော အိမ်ထောင်စုအလိုက် ကန်ထရိုက်စနစ်ဖြင့် တာဝန်ယူမှု အဆင့် (Household Contract Responsibility System) ကစတင်ခဲ့ပါသည်။
ဒုတိယပိုင်း (Second Phase) မှာ ၁၉၈၀ ခုနှစ်ပိုင်းက ဖြည်းဖြည်းခြင်း ဈေးကွက် စီးပွားရေးစနစ် (Market Economy System) ကို ပြောင်းယူသည်။ ဤစနစ်တွင် စိုက်ပျိုး ထုတ်ကုန်များ ရောင်းချသည့်စနစ် ဈေးနှုန်းအသေသတ်မှတ်ထားသည့် စနစ်၊ လယ်ယာမြေပိုင်ဆိုင်မှုစနစ် (The Reform of the Circulation System of Agricultural Products and Ownership Reform) များကိုပါ ပယ်ဖျက်ပေးခဲ့သည်။ မြို့နယ်အဆင့် စီးပွားရေးလုပ်ငန်း (Township Enterprises) အဖွဲ့အစည်းများက ပိုင်ဆိုင်သောစနစ် (Owned by people Communes) အစား ပုဂ္ဂလိကပိုင်ဆိုင်မှု (Private Ownerships) ကို ပြောင်းလဲပေးမှုသည် စီးပွားကဏ္ဍ အမျိုးမျိုး (The Development of Diversifies Economic Sectors) ကို တိုးတက်ဖွံ့ဖြိုးလာစေပါသည်။
တတိယအဆင့် (Third Phase) မှာတော့ ၂၁-ရာစုအစောပိုင်း တွင် ကျေးလက် နှင့်မြို့ပြ စီးပွားရေးနှင့်လူမှုရေး ပူးပေါင်းဆောင်ရွက်မှု (Integration of Economic and Social Development in Urban and Rural Areas) မဟာဗျူဟာ (Fundamental Strategies) များ ဖော်ထုတ်ဖန်တီး လာခဲ့ပါသည်။
ပုံ - ၁ မော်စီတုံး၏ တရုတ်ပြည် ကျေးလက်ဒေသပြုပြင်ပြောင်းလဲမှု
၂၀၀၀ ခုနှစ်က စတင်၍ ကျေးလက်အခွန်ကောက်စနစ်ပြောင်းလဲမှု (Step by step change in Rural Taxation System) ကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်လာနိုင်ခဲ့ပါသည်။ ဗဟိုအစိုးရက ဗဟိုမှကောက်ခံသော အခွန်ကို ပထမလျှော့ချလိုက်ပါသည်။ နောက်ပိုင်းတွင် စိုက်ပျိုးရေးအခွန် (Agricultural Tax)၊ သားသတ်အခွန် (Livestock Slaughter Tax)၊ မွေးမြူရေးအခွန် (Animal Husbandry tax) နှင့် စိုက်ပျိုးရေးနှင့် သစ်တောထွက်ပစ္စည်း ထုတ်လုပ်မှုအခွန် (Tax on Agricultural and Forestry Specialty Products) တို့ကို ဖျက်သိမ်း (Abolished) ပေးခဲ့ပါသည်။ နောက်ဆုံး နိုင်ငံပိုင်စိုက်ကွင်း (State-owned Farms) များ အထိပါ ထည့်သွင်းခဲ့ပါသည်။ ထို့ကြောင့် ကျေးလက်နေ ပြည်သူများ တရုတ်ငွေ ယွမ် ၁၃၃.၅ ဘီလီယမ် (RMB – Renminbi 133.5 Billion) အထိသက်သာသွားပါသည်။ ဗဟိုအစိုးရမှနေ၍ တိုက်ရိုက်ထောက်ပံ့ကြေး (Direct Subsidies) များကို ကောက်နှံထုတ်လုပ်သူ (Grain Producers)၊ စိုက်ပျိုးရေး စက်က ရိယာရောင်းချသူများ (Agricultural Machinery and Tools Suppliers)၊ စိုက်ပျိုးရေးသွင်းအားစု ရောင်းချသူများ (Agricultural Inputs Suppliers e.g. Fertilizers, Agrochemicals) စသည်တို့အပါအဝင် ဝန်ဆောင်မှုများပေးခဲ့ပါသည်။ ၂၀၁၁ ခုနှစ်အထိ ထောက်ပံ့ကြေးစုစုပေါင်း ယွမ် ၁၄၀.၆ ဘီလီယမ် အထိရှိခဲ့ပါသည်၊
၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO – World Trade Organization) သို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ (International Investors) ကို ဖိတ်ခေါ်ခဲ့ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံမှ စိုက်ပျိုး၊ မွေးမြူရေး ထုတ်ကုန်များ (China’s Agricultural Prducts) ကမ္ဘာ့ဈေးကွက်တွင် စတင်ရောက်ရှိလာပါသည်။ ဗဟိုအစိုးရအနေဖြင့် အထွေထွေပြုပြင်ပြောင်းလဲမှု (General Reforms) တွင် မြို့နယ်အဆင့် အဖွဲ့အစည်းများ (Township Institutions)၊ ကျေးလက်ဒေသ မသင်မနေရပညာရေး (Compulsory Education in Rural Areas)၊ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု (Fiscal Management Systems) ပြောင်းလဲမှု တွေပါဝင်ပါသည်။
ဇယား - ၁ တရုတ်နိုင်ငံပြုပြင်ပြောင်းလဲမှုဆိုင်ရာ တိုင်းထွာမှုများ(China’s Rural Reform Policy Measures)
ကျေးလက်ဒေသမြေယာစနစ် (Rural Land System)
တရုတ်နိုင်ငံကျေးလက်မြေယာဥပဒေ အပိုဒ်-၂၊ ပိုဒ်ခွဲ-၁ (Article 2, Clause 1 of the Land management Law) အရ မြေယာပိုင်ဆိုင်မှုကို ပြည်သူကပိုင်ဆိုင်မှု (Land owned by the State on behalf of the whole people) နှင့် တောင်သူလယ်သမားကြီးများ ကပိုင်ဆိုင်မှု (Land Collectively owned by Farmers) ဆိုပြီး အုပ်စု ၂ ခုရှိပါသည်။
ကျေးလက်ဒေသမြေယာပိုင်ဆိုင်မှုသည် အလွန်အရေးပါပြီး ကျေးလက်ဒေသတည်ငြိမ်မှုနှင့် လူမှု၊ တရားဥပဒေ စိုးမိုးမှု (Rural Stability and Social Justice) များအတွက် အလွန်အရေးပါပါသည်။ ၁၉၇၀ နောက်ပိုင်းမှ တစ်ဖြေးဖြေးချင်းနှင့် စနစ်တကျ ပြုပြင် ပြောင်းလဲလာမှုများမှာ
(၁) စိုက်ပျိုးနိုင်သောမြေကို ကာကွယ်ပေးသောစနစ်ထူထောင်ပြီး ၎င်းမြေမှ စီးပွား ဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်း (Establish systems to protect arable land and economical land use)
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေနှင့် အချိုးချပါက စိုက်ပျိုးမြေယာ အလွန်နည်းပါးသော နိုင်ငံထဲမှာ ပါဝင်ပါသည်။ စိုက်ပျိုးမြေမှလွဲ၍ အခြားမြေသို့ ကူးပြောင်းခြင်းကို မလုပ်ရန် တင်းကြပ်စွာ ကိုင်တွယ်ခဲ့ပါသည်။
အခြေခံလယ်ယာမြေဆိုသည်မှာ ‘၎င်းမြေကို စိုက်ပျိုး၊ မွေးမြူရေး အတွက်သာ အသုံးပြုရမည်’ ဖြစ်ပါသည်။
ဗဟို (သို့မဟုတ်) ဒေသအာဏာပိုင်အစိုးရအဖွဲ့မှ သီးနှံစိုက်ပျိုးရန်အတွက် သတ်မှတ်ထားသောမြေများ (Arable Land used for Grain, Cotton and Oil-bearing Crop Productions based approved by the Land Administration Department of the State Council or the Local People’s Government)၊ ရေရရှိမှုလွယ်ကူပြီး၊ ရေထိန်းသိမ်းနိုင်သည့် မြေများ (Arable Land with Good Water Conservancy, Water and Soil Conservation facilities)၊ မြို့ကြီးများအနီး ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်သောမြေများ (Vegetable Production bases for Large and medium-sized Cities)၊ သုတေသနနှင့်သင်ကြားရေးအတွက် မြေနေရာများ (Experimental Plots for Research and Teaching) စသည်တို့ဖြစ်ပါသည်။
(၂) တောင်သူများရပိုင်ခွင့်ကို ကာကွယ်ပေးခြင်းနှင့် ကန်ထရိုက်လယ်ယာမြေများ ၏ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာစေခြင်း (Protects Farmers’ Rights to the Contracted Use of Land, and Improve the Market for Transfer of Contractual Operating Rights)
တောင်သူများသည် ကိုင်ထရိုက်စနစ်ကို နှစ်ဦးနှစ်ဖက်အကျိုးရှိစွာ အသုံးပြုနိုင်စေရန် လေ့ကျင့်ပေးပါသည်။
(၃) မြေယာ ပြုပြင်ပြောင်းလဲမှု ပုံစံသစ်ပြုလုပ်ပေးခြင်း (Promote Land RequisitionSystem Reform)
လယ်ယာမြေများကို အဆောက်အဦး ဆောက်လုပ်ခြင်း၊ စိုက်ပျိုးမွေးမြူရေးမှအပ အခြားမြေ အသုံးချမှုကိုကန့်သတ်ခြင်း၊ စိုက်ပျိုးမည့် သူများသို့ မြေငှားချထားပေးခြင်း စသည်တို့ကို ပြောင်းလဲပြုလုပ်ပေးခဲ့ပါသည်။
(၄) ကျေးလက်ဒေသများတွင် လူနေထိုင်ရာ နေရာများ သတ်မှတ်ပုံ စနစ်များ (The System of Residential Building Sites in Rural Areas)
ဒေသဆိုင်ရာ အစိုးရအဖွဲ့က ကျေးလက်လူထုနေထိုင်ရန် စနစ်တကျစီစဉ်ပေးခဲ့သည်။
(၅) စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို တနေရာထဲ ကြိတ်ခွဲထုတ်လုပ်နိုင်ရန် စီစဉ်ပေးခြင်းစနစ် (The System of Rural Collective Construction Land)
ကျေးရွာ တစ်ရွာ (သို့မဟုတ်) အုပ်စု တစ်ခုတွင် စုပေါင်းကြိတ်ခွဲ ရောင်းချသည် အထိ ဖြစ်ပေါ်လာ အောင် စီစည်ပေးခြင်း နည်း စနစ် တစ်ခုဖြစ်သည်။
ကျေးရွာ၊ မြို့နယ် ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေခြင်း (Development of Township and Village Enterprises - TVEs)
၁၉၅၀-ခုနှစ်နောက်ပိုင်းမှ စတင်၍ အကြီးစားစက်မှုလုပ်ငန်း (Heavy Industries) များအပြင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SME – Small and medium Enterprises) ကို မြို့နယ်၊ ကျေးရွာအဆင့် တစ်ဆင့်ခြင်း ဖွံ့ဖြိုး တိုးတက်လာ စေရန် စနစ်တကျ စီစဉ် ပေးနိုင်ခဲ့သည်။
မြို့နယ်နှင့်ကျေးရွာများစီမံအုပ်ချုပ်မှုပြောင်းလဲလာစေခြင်း (The Governance Structure of Towns and Villages)
၁၉၇၈-ခုနှစ် တံခါးဖွင့်ဝါဒ ပြုပြင်ပြောင်းလဲပြီးသည်မှ စုပေါင်းလုပ်ဆောင်နေသော ဘုံဝါဒကို ဖျက်သိမ်းပစ်ပြီး တောင်သူတစ်ဦးခြင်း၏ လုပ်ပိုင်ခွင့် မိမိစိတ်ကြိုက် စိုက်ပျိုး လုပ်ကိုင်၊ ရောင်းချမှု ပြန်လည်ရရှိလာပါသည်။
၂၀၁၃-ခုနှစ်မှာ ကျေးရွာအုပ်စု စုစုပေါင်း ၅၈၉,၀၀၀ ၏ ၉၈-ရာခိုင်နှုန်း ကျော်ကျော်က တိုက်ရိုက် ရွေးချယ်၍ ကျေးရွာကော်မတီ (Village Committee) ဖွဲ့၍ လုပ်ဆောင်ခဲ့ပါသည်။
တရုတ်နိုင်ငံ စိုက်ပျိုး၊ မွေးမြူရေး ခေတ်မှီ အောင်လုပ်ဆောင်လာခဲ့ပုံကို အောက်ပါဇယားနှင့် နှိုင်းယှဉ်နိုင်ပါသည်။
ဇယား - ၂ ကမ္ဘာ့စုစုပေါင်း ထုတ်လုပ်မှု နှင့် တရုတ်နိုင်ငံ ထုတ်လုပ်မှု နှိုင်းယှဉ်ပုံ
စပါးမျိုးစေ့သေးသေးကလေးမှ ကမ္ဘာကြီးကို ပြောင်းလဲပေးခြင်း (A Tiny Rice Seed Changes the World)
၁၉၇၃-ခုနှစ်မှာ စပါးစပ်မျိုးပညာရှင် (Hybrid Rice Breeder) ယွမ်လုံပင်း (Yuan Longping) ကတီထွင်ခဲ့သော စပါးရိုင်း (WA – Wild-Abortive Type) နှင့် မျိုးစပ်ခဲ့သော ၃-ဆင့် (Three-Line System) မျိုးစပ်ခဲ့သော စနစ်ကြောင့် ၁၉၇၆-ခုနှစ်တွင် ထိုစပ်မျိုး စပါးကို တစ်နိုင်ငံလုံးနီးပါး (၁၃၈,၆၆၆၇-ဟက်တာ) စိုက်ပျိုးခဲ့ရာ စပါးထုတ်လုပ်မှု ၂၀-ရာခိုင်နှုန်း အထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပါသည်။ ၁၉၈၁-ခုနှစ်တွင် သူသည် တရုတ်နိုင်ငံ၏ အဆင့်မြင့် တီထွင်မှုဆုကို ပထမ (China’s First National Top-Grade Invention Award) ရရှိခဲ့ပါသည်၊ ဖိလစ်ပိုင်နိုင်ငံ ရှိ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန (IRRI – International Rice Research Institute, The Philippines) ကလည်း ၁၉၈၂-ခုနှစ်တွင် စပ်မျိုးစပါး၏ ဖခင်ကြီး (World Father of Hybrid Rice) ဟူ၍ အမည်ပေးဂုဏ်ပြုခဲ့ပါသည်။ စပ်မျိုး စပါး၏ အထွက်မှာ ၂၀၀၀-ခုနှစ်မှာ တဟက်တာ ၁၀.၅ တန် (တစ်ဧက - ၂၁၀ တင်းခန့်) ထွက်ခဲ့ပြီး နောက်ပိုင်း ၂၀၀၅-ခုနှစ်မှာ ၁၃.၅ တန် (တစ်ဧ က ၂၇၀-တင်းခန့်) အထိ ထွက်ရှိ စံချိန် ချိုးခဲ့ပါတော့သည်။
ပုံ - ၂ ကမ္ဘာ့စပ်မျိုးစပါး ဖခင်ကြီး ယွမ်လုံပင်း
စပ်မျိုးစပါးဖခင်ကြီး သည် ၂၀၂၁-ခုနှစ် မေလ ၂၂-ရက် (အသက် ၉၁-နှစ်အရွယ်) မှာ ကွယ်လွန်သွားခဲ့ပါတော့သည်။
တရုတ်နိုင်ငံ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း ပြုပြင်ပြောင်းလဲမှုမှ ကျွန်တော်တို့ နိုင်ငံ၏ ဒေသ၊ ယဉ်ကျေးမှု၊ လုပ်ငန်း များ နှင့် ကိုက်ညီသော လုပ်ငန်းများ အတွက် အတုယူစရာ တွေ အများကြီးမှ တစ်ပုံစံတည်း ပုံတူကူးရန် မဟုတ်ဘဲ ဖြေးဖြေးချင်း အတုယူ၊ တီထွင် ဖန်တီးပြုလုပ်နိုင်ပါကြောင်း ရေးသား ဖော်ပြလိုက်ပါသည်။
(ဒေါက်တာမျိုးကြွယ်)
မှီငြမ်းစာအုပ်များ (Reference Books)
Christiansen, Luc (2012) The Role of Agriculture in a Modernizing Society: Food, Farms and Fields in China 2030. The World Bank. 90p.
FAO (1981) China: Agriculture in Transition. FAO Economic and Social Development Paper 18. 45p.
Jun, Feng; Wang Youming, Hu Yunchao and Yu Ji (2016) China’s Agriculture and Rural Development in the Post-Reform Era. ACA Publishing Limited. 114p.
မှီငြမ်းစာတမ်းများ (Reference Papers and e-Documents)
Chunlai Chen and Ron Duncan (2008) Agriculture and Food Security in China. Australian National University Press. 440p.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်