ကမ္ဘာ့သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းသုတေသနဌာန

02/09/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (138)  International Agricultural Research Centres (Part-4) 

ICRAF - International Council for Research in Agroforestry အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၃၈) 

အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသနဌာနများ (အပိုင်း-၄) ကမ္ဘာ့သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းသုတေသနဌာန

မိတ်ဆက် (Introduction)

ကမ္ဘာတဝှမ်း စိုက်ပျိုးမွေးမြူရေး ဆိုင်ရာသုတေသနဌာန အုပ်စုများ (CGIAR – The Consortium of Agricultural Research Centres) ကို ဆက်ပြီး ဆွေးနွေးရလျှင် -

(ဂ) အပြည်ပြည်ဆိုင်ရာ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းသုတေသနဌာန

(ICRAF – International Council for Research in Agroforestry)

ဤသုတေသနဌာန၏ရုံးချုပ်မှာ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့မှာ (Nairobi, Kenya) ရှိပါ သည်။ ၁၉၇၈-ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လူမှုဘဝဖူလုံရေး၊ လူသား တို့သက်သာ ချောင်ချိရေးနှင့် တိုးတက်ကောင်းမွန်သော ပတ်ဝန်းကျင်ဖြစ်စေရန် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း နည်းစနစ်များနှင့် ကျေးလက်နေပြည်သူ့ ပြဿနာများ ဖြေရှင်း ပေးရန် (To improve Human Welfare and the Environment by developing Agroforestry Solutions to problems faced by rural populations)  ရည်ရွယ်ပါသည်။

ပုံ - ၁ ကမ္ဘာ့ သီးနှံသစ်တောရောနှော စိုက်ပျိုးရေးနှင့် သစ်တောသုတေသနဌာနရုံးချုပ်များ

ဒေသရုံးခွဲများမှာ -

(က) ကင်မရွန်းနိုင်ငံ ရွန်ဒဲမြို့ (Yaounde, Cameroon) အာဖရိကတိုက်အရှေ့ပိုင်းနှင့် တောင်ပိုင်း နိုင်ငံများအတွက်လည်းကောင်း

(ခ) ပီရူးနိုင်ငံ၊ လီမာမြို့ (Lima, Peru) လက်တင်အမေရိကတိုက်ရှိ နိုင်ငံများအတွက်လည်းကောင်း

(ဂ) အင်ဒီးယားနိုင်ငံ၊ ဒေလီမြို့ (Delhi, India) တောင်အာရှ နိုင်ငံများအတွက်လည်းကောင်း

(ဃ) အင်ဒိုနီးရှားနိုင်ငံ၊ ဘိုဂေါမြို့ (Bogor, Indonesia)အရှေ့တောင်အာရှနိုင်ငံများ အတွက်လည်းကောင်း

(င) ကုတ်ဒီဗေါနိုင်ငံ၊ အဘီဂျမ်မြို့ (Abidjan, Cote d’Ivoire) အနောက်နှင့် အလယ်ပိုင်းအာဖရိကနိုင်ငံများ အတွက်၎င်း ဖွင့်လှစ်ထားရှိပါသည်။ 

ဤသုတေသနဌာနနှင့်အတူတွဲလျက် အပြည်ပြည်ဆိုင်ရာ သစ်တောသုတေသနဌာန (CIFOR – Center for International Forestry Research) သည်လည်း အင်ဒိုနီးရှား နိုင်ငံ၊ ဘိုဂါမြို့ (Bogor, Indonesia) ဘိုဂါစိုက်ပျိုး၊ မွေးမြူရေး၊ သစ်တောတက္ကသိုလ်ဝန်း (Bogor Agricultural University campus) အတွင်းတွင် တည်ရှိပါသည်၊ 

ဤသုတေသနဌာနများသည် အောက်ပါ အချက်၅-ချက်ကို ဦးစားပေးလုပ်ဆောင်ပါသည်။

(က) ဇီဝမျိုးကွဲများ (Biodiversity)

(ခ) ရာသီဥတု (Climate)

(ဂ) အစားအစာ (Food)

(ဃ) တန်ဖိုးမြင့်ကုန်များ (Value Changes)

(င) ကျားမသာတူညီမျှရှိမှု (Equity) တို့ဖြစ်ပါသည်။

(က) ဇီဝမျိုးကွဲများ (Biodiversity) တွင် အနာဂတ်ကာလများတွင် လူသားတို့ အသက်ရှင်နေထိုင်ရေးသည် စိုက်ပျိုးပင်များ၊ သစ်တောများနှင့် ဆက်စပ်မှုရှိပါသည်၊ သစ်တောများ ပြုံးတီးခြင်း (Deforestation) သစ်တော အရည်အသွေးကျဆုံးခြင်းများ (Forest Degradation) က သတိပေး ခေါင်းလောင်းသံများ (Alarming Rates) ဖြစ်ပါသည်။ အထူး သဖြင့်ဇီဝမျိုးကွဲစုံလင်လှပါသော အပူပိုင်းဒေသ (Biodiverse Tropical Areas) များတွင် ကူးစက်ရောဂါများ (Infectuous Diseases) များပြားလာ၍လည်း ဇီဝမျိုးကွဲများ ဆုံးရှုံးလျော့နည်းမှု၊ ရှားပါးအပင်တိရစ္ဆာန်မျိုးကွဲ (Endangered Species) များစွာ ဆုံးရှုံးမှု ဖြစ်ပေါ်လာပါသည်။

အပူပိုင်းသစ်တော ၅၀-ရာခိုင်နှုန်း ကျော်ကျော်သည် စည်းကမ်းမဲ့စွာပြုန်းတီးခဲ့ပြီး (Tropical Forest have been destroyed) ဇီဝမျိုးကွဲ (အပင်၊ တိရစ္ဆာန်) ၂၇-ရာခိုင်နှုန်း ကျော်ကျော်သည် ကွယ်ပျောက်မျိုးသုံး (Threatened with extinction) သွားကာ ကမ္ဘာ့စုစုပေါင်း ထုတ် ကုန် (Global GDP_Gross Demestic Product) ၅၅-ရာခိုင်နှုန်းကျော်က ကောင်းမွန်သော ဂေဟစနစ် (Healthy Ecosystems) အပေါ်တွင် မူတည်နေပါသည်။

ပုံ - ၂ ကမ္ဘာ့ ဇီဝမျိုးကွဲများ

(ခ) ရာသီဥတု (Climate) ဤသုတေသနဌာန၏ ဆောင်ရွက်ချက်များဖြစ်သော ရေရှည်တည်တံ့ ခိုင်မြဲသော သစ်တောများ (Sustainable Forest)၊ ရေတိမ်၊ ရေဝပ်မြေများ စီမံကွပ်ကဲခြင်း (Wetland Management)၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (Agroforestry)၊ သဘာဝမြေယာရှုခင်းများ ပြန်လည်တည်ထောင်ပေးခြင်း (Landscape Restoration) စသည့်လုပ်ငန်းများဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုကို အကာအကွယ်ပေးနိုင်ပါသည်။

ဒီရာစုနှစ်အကုန်တွင် အပူချိန်သည် ၃ ဒီဂရီဆဲလ်စီးယပ် တက်သွားမည် (Global Temperature rise of at least 3* C by the end of the century)။  ဖန်လုံအိမ်ဓာတ်ငွေ့ ၂၃-ရာခိုင်နှုန်း တိုးတက်လာမှုမှာ သစ်တောနှင့် စိုက်ပျိုးရေးလုပ်ငန်းများကြောင့် (23% of human-caused Green House Gas emission) ဖြစ်သည်။ သစ်ဆွေးမြေများသည် လက်ရှိ ကာဗွန်မတ်ထရစ်တန်ပေါင်း ၅၅၀-ဘီလီယန် (Carbon 550 Billion Metric Tons) သိမ်းဆီးသိုလှောင်ထားပါသည်။

ပုံ - ၃ ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှု 

(ဂ) အစားအစာ (Food) ကမ္ဘာ့စားနပ်ရိတ်က္ခာထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုမှာ အားနည်းချက်၊ ချို့ယွင်းချက်များ (Flawed) ရှိပါသည်။ ကမ္ဘာ့လူဦးရေ သန်းနှစ်ထောင် (၂-ဘီလီ ယမ်) ကျော်မှာ အဟာရဓာတ်ချို့တဲ့နေပါသည် (Two billion people experience some type of Malnutrition)။

ကမ္ဘာ့အစားအစာအားလုံး၏ ၃၀ ရာခိုင်နှုန်းမှာ အလဟဿ ပြုန်းတီးခြင်းဖြင့် ကုန်ဆုံးနေပါသည် (30% of Food is lost or wasted)၊ အစားအစာထုတ်လုပ်မှုကြောင့် ဖန်လုံအိမ်ဓါတ်ငွေ့ ၂၆ ရာခိုင်နှုန်း ထွက်ရှိနေပါသည်။ (26% of all green house gas smissions result from food production)၊ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းမှာ အဟာရဓာတ် ချို့တဲ့နေပါသည် (11% of people are undernoursished)။

ပုံ - ၄ အလဟဿဖြစ်သွားသော အစားအသောက်များ 

(ဃ) တန်ဖိုးမြင့်ကုန်များ (Value Changes) ပုဂ္ဂလိကကဏ္ဍမှသည် သစ်တောပြုံးတီးမှု မရှိအောင် (Zero Deforestration) ထုတ်ကုန်များ ပြောင်းလဲထုတ်လုပ်သည်။

တောင်အမေရိကတိုက်ရှိ အမေဇုန်ဒေသတွင် ၈၀ရာခိုင်နှုန်းသော သစ်တောပြုံးတီးမှု သည် နွားမွေးမြူရေး (Cattle ranching) ကြောင့်ဖြစ်ပါသည်။ ပဲပုပ်ထုတ်လုပ်မှု၏ ၇၀ရာခိုင်နှုန်းကို တိရစ္ဆာန် ထုတ်လုပ်မှုတွင် (Soybean Production is used as Feeds for Animal) သုံးပါသည်။ ဈေးဝယ်နေရာများ၏ ၅၀ရာခိုင်နှုန်းသည် စားအုန်းဆီ ထုတ်ကုန် များကို (Supermarket Products contain Palm Oil) သုံးပါသည်။ 

ပုံ - ၅ တန်ဖိုးပြောင်းလဲမှု

(င) ကျားမသာတူညီမျှရှိမှု (Equity) အမျိုးသမီးများ (Women)၊ ကျေးလက်နေလူထု (Rural Communities)၊ တိုင်းရင်းသားလူမျိုးများ (Indigenous People) ကို သာတူ ညီမျှရှိရန် ဦးစားပေး လုပ်ဆောင်ရပါမည်။ ဤသုတေသနဌာနက ဆင်းရဲမွဲတေမှု (Extreme Poverty) မြေယာအသုံးချမှု မှန်ကန်မှု (Land Rights) အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ (Livelihoods) နှင့် ကျားမသာတူညီမျှမှု (Gender)  အစရှိသည်တို့နှင့် လူမှု၊ ပတ်ဝန်းကျင်ပြဿနာများ (Social and Environmental Problems) ကို ဖြေရှင်းပေးပါသည်။ 

ဖွံ့ဖြိုးဆဲနိုင်ငံများ၏လူဦးရေ ၉၀-ရာခိုင်နှုန်း က သစ်တောများအပေါ် (The population of 90% in developing countries depend on Forest) မူတည်ပါသည်။ ကမ္ဘာ့လူဦး ရေ၏ ၁၀-ရာခိုင်နှုန်း က ဆင်းရဲတွင်းနက်နေ (Extreme Poverty) ပါသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ စိုက်ပျိုးလုပ်သားများ ၏ ၄၃-ရာခိုင်နှုန်းမှာ အမျိုး သမီးများ (43% of Agriculture workers are women) ဖြစ်ပါသည်။

ပုံ - ၆ သာတူညီမျှရှိမှု

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း ပညာဆောင်းပါး (အမှတ်စဉ် - ၁) နှင့် (အမှတ်စဉ် -၂) ကို အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ (၁၃) နှင့် (၆၄) တွင် ရေးခဲ့ပါသည်။ 

သီးနှံသစ်တောရောနှောစိုက်ပျိုးရေး၏ အဓိပ္ပာယ်မှာ - သီးနှံ၊ သစ်တော၊ မွေးမြူရေး လုပ် ငန်း များကို မြေတစ်နေရာထဲတွင် စနစ်ကျစွာ၊ တောင်သူအကျိုးရှိအောင်၊ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင်၊ ရေရှည်တည်တံ့ခိုင်မြဲသောပုံစံဖြစ်အောင် စီမံဆောင်ရွက်ခြင်း (The Management of Interaction between Crop, Forest and Livestock in each of the farm plots, aiming to reach the objectives set by the farmers or the farm family without environmental degradation and sustainable patterns) ဖြစ်ပါသည်၊ 

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း သုတေသနဌာန၏ မဟာဗျူဟာမြောက် ရည်မှန်းချက်နှင့်စိန်ခေါ်မှု (၅) ခုမှာ -

(က) သစ်တောများပျက်သုံးခြင်းနှင့်ဇီဝမျိုးကွဲများလျှော့ပါးဆုံးရှုံးမှု လျှော့နဲစေရန် (Deforestration and Biodiversity Loss)

(ခ)  ရာသီဥတုကြောင့်ပျက်စီး ဆုံးရှုံးမှု နဲစေရန် (A Climate in Crisis)

(ဂ) စားသောက်ကုန်များ အလဟဿဖြစ်မှု လျှော့နဲစေရန် (Dysfuntional Food Systems)

(ဃ) ရေရှည်တည်တံ့မှု မရှိသော တန်ဖိုးပြောင်းလည်းမှု လျှော့နဲစေရန် (Unsustainable Supply and Value Changes)

(င) လူတန်းစားကွာခြားမှု လျှော့နဲစေရန် (Extreme inequality) စသည်တို့ကို အဓိကထား ဆောင်ရွက်လျှက်ရှိပါသည်။

သစ်ပင်များနှင့်ဇီဝမျိုးကွဲများ (Trees and Biodiversity)

အာဖရိကတိုက်ကို ပြန်လည်စိမ်းလန်းစေရန် (Regreening Africa) ၅ နှစ်စီမံကိန်းဖြင့် ဆောင်ရွက်လျက် ရှိနေပါသည်။ ဤဌာနသည် ရာသီဥတုနှင့် လိုက်လျှောညီထွေ ဖြစ်စေမည့် သစ်ပင်မျိုးစိတ်များ မြေပုံ (Atlas of Tree Species) ထုတ်လုပ်ပြီး စိုက်ကွင်းတိုင်းတွင် သစ်ပင်များရှိစေရန် (Trees on farms) နှင့် သစ်ပင်များ၏ ဗီဇမျိုးကွဲများ (Tree Genetic Resources) စုဆောင်းပြီး အသုံးဝင်သော သစ်ပင်မျိုးစိတ်ပေါင်း ၁၄,၀၁၄ မျိုးကို ကမ္ဘာ့သဘာဝအသုံးဝင်အပင်များမှတ်တမ်း (Global UNT – Global Useful Native Trees Database) ပြုစုထားပါသည်၊

မြေယာနှင့်စိုက်ပျိုးမြေကောင်းမွန်ကြံ့ခိုင်ရေး (Soil and Land Health Research) သုတေသန တွင်လည်း မြေဆီလွှာ ရောင်စဉ်ကြည့်ကိရိယာ (Soil Spectroscopy Science) သိပ္ပံစနစ်သုံး၍ မြေဆီလွှာ စမ်းသပ်စစ်ဆေးမှုကို ပိုမိုလုပ်ဆောင်နိုင်ခဲ့ပါသည်။ 

ပုံ - ၇ မြေဆီလွှာ ရောင်စဉ်ကြည့်ကိရိယာဖြင့်သုတေသနပြုလုပ်ပုံ

သီးနှံသစ်တောရောနှောစိုက်ပျိုးနည်း စနစ်များ (Agroforestry Practices) ကို ဆက်လက်ရေးသားပါမည်။

ဆက်ပါဦးမည်..

(မှီငြမ်းစာအုပ်များ/စာတမ်းများ) References

Buck, L.E.; Lassoie, J.P. and Fernandes, E.C.M. (1999) Agroforestry in Sustainable Agricultural Systems. CRC Press. 416p.

Garity, D.; Okono, A.; Grayson, M and Parrot, S. (2006) World Agroforestry in the Future. World Agroforestry Center. 213p.

Parthiban, K.T.; Sushagar, R. J.; Fernandaz, C.C. and Suresh, K.K. (2018)  Agroforestry Strategies for Climate Change. Jaya Publishing House, New Delhi. 395p.

CIFOR-ICRAF (2022) Trees, People, Planet: Interconnected. Annual Report. 20p.

(ဒေါက်တာ ကြည်မိုး၊ တွဲဖက်ပါမောက္ခ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တို့အား ဘာသာရပ်ဆိုင်ရာဝေါဟာရများ ကူညီပေးမှုအား ကျေးဇူးတင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်