ပန်းမန်သိပ္ပံနှင့် ပန်းပန်များ စိုက်ပျိုးထုတ်လုပ်ခြင်း (အပိုင်း-၁)

16/09/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (140)  Flower Science/Floriculture (Part-1) 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၄၀) ပန်းမန်သိပ္ပံနှင့် ပန်းပန်များ စိုက်ပျိုးထုတ်လုပ်ခြင်း (အပိုင်း-၁)

ပန်းမန်အကြောင်းကို ဥယျာဉ်ခြံစိုက်ပျိုးခြင်း ပညာဆောင်းပါး (အမှတ်စဉ် - ၁၊ ၂၊ ၃) များကို အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ (၂၅) (၉၅) (၉၆) တွင် အနည်းငယ် ရေးသားခဲ့ဖူးပါသည်။ ကျွန်တော်သည် ဥယျာဉ်ခြံသီးနှံ ပညာရှင် (Horticulturist) မဟုတ်ပါ။ သို့သော် အစိမ်းရောင်လမ်း ပရိသတ်နှင့် တောင်သူကြီးများ (Greenway Audience and Farmers) အတွက် စိုက်ပျိုးရေးဘွဲ့ရစာရေးသူတစ်ယောက်အနေနှင့် ကျွန်တော်သိသလောက် ဆွေးနွေးတင်ပြပေးပါမည်။ စိုက်ပျိုးရေးဘွဲ့ရနှင့် အခြားပညာရှင်များအတွက် ရည်ရွယ်ထားသော ဆောင်းပါးများမဟုတ်ပါ။

အိန္ဒိယနိုင်ငံတွင် ဥယျာဉ်ခြံသိပ္ပံပညာမှ နိုင်ငံအတွက် ပြည်တွင်းစုစုပေါင်းထုတ်ကုန် (GDP - Gross Domestic Product) နှင့် နိုင်ငံခြားဝင်ငွေ (FE – Foreign Exchange) များစွာ ရှာဖွေပေးနိုင်သဖြင့် အောက်ဖော်ပြပါ ဘာသာရပ်ကြီးများအဖြစ် သီးသန့်ခွဲထုတ်ကာ တက္ကသိုလ်၊ ကောလိပ်၊ သုတေသနဌာနများ၊ ပုဂ္ဂလိကတောင်သူများက ဦးစားပေး လုပ်ဆောင်လျက်ရှိနေပါသည်။

(၁) ဟင်းသီးဟင်းရွက်သိပ္ပံပညာ (Vegetable Science)

(၂) သစ်သီးဝလံသိပ္ပံပညာ (Fruit Science)

(၃) ပန်းမန်သိပ္ပံပညာ (Flower Science) စသည်တို့ဖြစ်ပါသည်။

ထိုအထဲမှ ပန်းမန်ပညာမှာ (Floriculture) ကိုအဓိပ္ပာယ်ပြန်လည်ဖော်ထုတ်ရလျှင်  အောက်ပါ စကားလုံးနှစ်လုံးမှ ဆင်းသက်လာပါသည်။ 

(က) Florus-Flower) ပန်းမာန်နှင့် 

(ခ) (Cultra-Cultivation) စိုက်ပျိုးခြင်းတို့ ဖြစ်ပါသည်။

ပန်းပင်များကို စိုက်ပျိုးဖြစ်ထွန်းမှုနေရာဒေသအလိုက်ခွဲခြားရာတွင် ဥပမာ-

(က) အပူပိုင်းဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသော ပန်းမာန်များ - 

(က-၁) စံပယ်ပန်း (Jasmine) (အပူလျော့၊ သမပိုင်းမှာလဲ စိုက်နိုင်သောမျိုးများရှိ)

(က-၂) ပိန်းပန်း (Anthurium or Flamingo Lily)

(က-၃) သစ်ခွပန်း (Orchid) (အပူလျော၊ သမပိုင်းမှာလဲ စိုက်နိုင်သောမျိုးများရှိ)

(က-၄) ကန့်ကော်ပန်း (Cobra’s Saffron) 

(က-၅) ပိတောက်ပန်း (Padauk or Burmese Rosewood)

(က-၆) ပန်းထိမ်ငိုပန်း (Globba White Dragon)

(က-၇) ဂဏန်းလက်မ (Bird of Flower)

(က-၈) ငွေပန်း (White Ginger Lily)

(က-၉) ရွှေပန်း (Yellow Ginger Lily)

(က-၁၀) ကြာပန်း (Lotus) 

(က-၁၁) ရွက်လှပန်း (Croton)

(က-၁၂) ငုပန်း (Golden Shower)

(က-၁၃) ထပ်တရာပန်း/ဒေါင်းဖန်ဝါပန်း (Zinnia)

(က-၁၄) ပင့်ကူနီပန်း (Spider Flower)

(က-၁၅) ရွေတဆုပ် (Colendula)

(က-၁၆) မညိုးလုံးခရမ်း (Globe amaranth) 

(က-၁၇) ဆောင်တော်ကူးပန်း (Porana) စသည်ဖြင့် ပန်းမျိုးပေါင်းများစွာရှိပါသည်။ နောက်ဆောင်းပါးများတွင်မှ အသေးစိတ်ရေးသားပါဦးမည်။

(ခ) သမပိုင်းဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသော ပန်းမာန်များ - 

(ခ-၁) နှင်းဆီပန်း (Rose) (အပူပိုင်းမှာ စိုက်ပျိုးနိုင်သောမျိုးများလည်းရှိပါသည်)

(ခ-၂) ဂန္ဓာမာပန်း (Chrrysanthemum) (အပူပိုင်းမှာ စိုက်ပျိုးနိုင်သော မျိုးများလည်း ရှိပါ သည်)

(ခ-၃) လီလီပန်း (Lily)

(ခ-၄) ကျူလစ်ပန်း (Tulip) 

(ခ-၅) ဒေလီယာပန်း (Dahlia) (အပူပိုင်းမှာ စိုက်ပျိုးနိုင်သောမျိုးများလည်းရှိပါသည်)

(ဂ) အပူလျော့ပိုင်းဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသော ပန်းမာန်များ -

(ဂ-၁) သစ္စာပန်း (Gladiolus)

(ဂ-၂) မေမြို့ပန်း (Aster) စသည်တို့ဖြင့် များစွာရှိပါသည်။

မြန်မာနိုင်ငံတွင်တော့ ဘုရားပန်းထိုးတာက အများဆုံးဖြစ်မည်ထင်ပါသည်။ မွေးနေ့၊ မင်္ဂလာဆောင် ပန်းစည်းပေးသည့်ဓလေ့၊ ကွယ်လွန်သူအား ပန်းခွေချသည့်၊ အဖေနေ့၊ အမေနေ့ (Father’s day, Mother’s day)၊ ချစ်သူများနေ့ (Valentine’s day) အမှတ်တရ ပန်းပို့ပေးသည့် ဓလေ့က နည်းပါးပါသေးသည်။

ပန်းမန်သိပ္ပံနှင့် စိုက်ပျိုးပြုစု၊ ထုတ်လုပ်ခြင်း (Floriculture - Flower Science; Flower Farming and Production)

ပန်းမန်ပင်များစိုက်ပျိုး ထုတ်လုပ်၊ ရောင်းခြခြင်းတွင် 

(၁) အိုးစိုက်အပင်များ (Pot Plants)

(၂) ဖြတ်ပြီးရောင်းချရသော ပန်းပင်များ (Cut Flowers) (မြန်မာနိုင်ငံတွင် ၅-၇ ရက်လောက်ပဲကြာရှည်ခံ၊ အများစုဘုရားပန်းတင်ရန် ဝယ်ယူကြပါသည်)

 (၃) ပန်းခြောက်များ (Dried Flowers)

(၄) မြေပြင်မှာ အလှစိုက်ထားရသော ပန်းပင်နှင့်အခြားအပင်များ (Bedding Plants) နှင့်

(၅) ချိတ်ဆွဲရသောအပင်များ (Hanging Plants) ပါဝင်သည် 

ပန်းပွင့်သော အပင်များသာမက အလှစိုက်အပင်များ (Ornamental Plants) ဥပမာ - ရွက်လှ၊ သပြေပါဝင်ပါသည်။

ပုံ - ၁ ပန်းမန် စိုက်ပျိုး၊ ထုတ်လုပ်ရောင်းချနည်းအမျိုးမျိုး 

ပန်းမန်အား အဓိပ္ပာယ်ဖွဲ့ဆိုရာတွင် ပန်းမှာ မြေပြင်ပေါ် စိုက် အပင်ကြီးများ ဥပမာ -နှင်းဆီ၊ စံပယ်တို့ဖြစ်ပြီး မန်ပင်ကတော့ နွယ်ပင်ကပွင့်သော ပန်းများ ဥပမာ - ထားဝယ်မှိုင်း၊ သစ်ခွ၊ သဇင် စသည်တို့ ဖြစ်ပါသည် (ဒေါက်တာညီညီ ကျေးဇူးဖြင့် - Courtesy - Dr Nyi Nyi, CERDTC)

တစ်ချို့ကလည်း -

(က) စီးပွားဖြစ်ပန်းစိုက်ပျိုးခြင်း (Commercial Flower Production)

ပုံ - ၂ ကွင်းပြင်ပန်းမာန် စီးပွားဖြစ် စိုက်ပျိုးခြင်း

(ခ) အလှဆင်သစ်ပင်ကြီးများစိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်း (Arboriculture)

 

ပုံ - ၃ သစ်ပင်ကြီးစိုက်ပျိုး၊ ပြုစုခြင်း

(ဂ) မြေယာအလှပြုပြင်ခြင်း/မြေယာဗိသုကာပညာ (Landscape Architecture) 

 

ပုံ - ၄ မြေယာ အလှဆင်ခြင်း

(ဃ) ဥယျာဉ်ခြံ ပြုလုပ်၊ ထိန်းသိမ်းခြင်း (Ornamental Gardening) နှင့်

 

ပုံ - ၅ ဥယျာဉ်ခြံအလှဆင်ခြင်း

(င) ပန်းအလှဆင်ခြင်း နည်းပညာ (Flower Arrangement)

 

ပုံ - ၆ အလှဆင်ထားသောပန်းအိုးတစ်လုံးတို့သည် (Floriculture) အောက်တွင် ပါဝင်သည်ဟု အဓိပ္ပာယ် ဖွင့်ဆိုပါသည်။

 

အပြည်ပြည်ဆိုင်ရာပန်းရောင်းဝယ်ရေးဈေးကွက် (International Floriculture Market)

၂၀၂၂-ခုနှစ်တွင် ကမ္ဘာ့ပန်းဈေးကွက် က ၅၃.၆ ဘီလီယမ်ဒေါ်လာရှိပြီး ၂၀၃၂-ခုနှစ်တွင် ၁၀၁.၉ ဘီလီယမ် (၂-ဆခန်.) တိုးတက်လာလိမ့်မည်ဟု ခန့်မှန်းကြပါသည်၊ 

ဇယား - ၁ နိုင်ငံအလိုက် ဖြတ်ပန်းရောင်းချမှုဈေးကွက်ရာခိုင်နှုန်း (၂၀၂၂)

Table – 1 World Cut-flower export Market (%)

၂၀၂၃-ခုနှစ်တွင် နယ်သာလန်နိုင်ငံသည် ပန်းရောင်းရငွေ (မိမိနိုင်ငံတွင်စိုက်၊ တစ်ခြား နိုင်ငံမှ ဝယ်ပြီးပြန်ရောင်း) အမေရိကန်ဒေါ်လာ ၄.၇၆ ဘီလီယမ် (B$4.76) ဖြင့် ထိပ်ဆုံးက ပြေးနေပါသည်၊ 

ပန်းတင်သွင်းသောနိုင်ငံများ (Flower Importing Countries)

(က) အမေရိကန်နိုင်ငံ (USA) ဤနိုင်ငံက ကမ္ဘာ့ပန်းတင်သွင်းမှု အများဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးကရပ်တည်နေပါသည်။ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယမ် ပတ်ဝန်းကျင် တင်သွင်းပါသည်။ အီကွေဒေါ၊ ကိုလန်ဘီယာနှင့် နယ်သာလန်နိုင်ငံတို့မှ တင်သွင်းပြီး အမှတ်တရပေါင်းစုံ ပန်းစည်းပေးဘို့ အတွက် အသုံးပြုနေပါသည်၊

(ခ) ဂျာမနီနိုင်ငံ (Germany) ဤနိုင်ငံက ဥရောပတွင် ပန်းတင်သွင်းမှုအများဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာ့ ဒုတိယအများဆုံး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယမ် ပတ်ဝန်းကျင် အသုံးပြုပါသည်။ နယ်သာလန်မှ အများဆုံး ဝယ်ယူပါသည်၊ 

(ဂ) ယူကေနိုင်ငံ (UK) ဤနိုင်ငံက ကမ္ဘာ့ တတိယ အများဆုံး ပန်းဝယ်ယူပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၀.၉ ဘီလီယမ် ခန့် အသုံးပြုပါသည်။ နယ်သာလန်မှ အများဆုံး ဝယ်ယူပြီး မင်္ဂလာဆောင် (Wedding)၊ နေ့စဉ်သုံး (Daily Uses) များစွာသုံးပါသည်။

(ဃ) နယ်သာလန်နိုင်ငံ (The Netherlands) ဤနိုင်ငံက ကမ္ဘာ့စတုတ္ထ အများဆုံး ပန်းဝယ်ယူပြီး အခြားနိုင်ငံများသို့ပြန်လည်ပို့ (Re-export) ပါသည်။ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၀.၈၅ ဘီလီယမ် ပတ်ဝန်းကျင် အသုံးပြုပါသည်။

(င) ပြင်သစ်နိုင်ငံ (France) ဤနိုင်ငံက နယ်သာလန်၊ ကင်ညာ၊ ကိုလန်ဘီယာစသည့် နိုင်ငံများမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၀.၇ ဘီလီယမ်ခန့် ပန်းဝယ်ယူပါသည်။

ဆက်ပါဦးမည်..

 (မှီငြမ်းစာအုပ်များ/စာတမ်းများ) References

Bhattacharjee, S.K. and De, L.C. (2010) Advanced Commercial Floriculture. 2nd Ed. Volume 1 and 2. Avishkar Publishers. 330p.

Larson, R.A. (1992) Introduction to Floriculture. 2nd Ed. AP. 636p.

Pooja (2012) Handbook of Floriculture. DPH New Delhi. 159p.

RVO (2017) Myanmar Flower Sector Quick Scan. Netherlands Enterprise Agency and Netherland Embassy, Yangon. 39p.

ကိုရဲ-စိုက်ပျိုးရေး (၂၀၀၉) ပန်းမန်အခြေခံစိုက်ပျိုးနည်း၊ စာပေလောက၊ ၁၃၀-မျက်နှာ

(ကျေးဇူးတင်လွှာ - ဤဆောင်းပါးအတွက် သိလိုသမျှဖြေကြားပေးပါသော စိုက်ပျိုးရေးတက္ကသိုလ်၊ ဥယျာဉ်သီးနှံပညာ၊ ပါမောက္ခဌာနမှူး ဒေါက်တာခင်သီတာမြင့်၊ ကထိက ဒေါ်အိဟေမာန်၊ ရေဆင်း ဗဟိုစိုက်ပျိုးရေးပညာလေ့ကျင့်ရေး သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါက်တာညီညီ၊ ဒေါ်နှင်းနှင်းနွယ် (ဌာနစိတ်တာဝန်ခံ၊ ပန်းမာန်ဌာနစိတ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့အား ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင် အပ်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်