ပန်းမန်သိပ္ပံ နှင့် ပန်းပင်များ စိုက်ပျိုးထုတ်လုပ်ခြင်း (အပိုင်း-၂)

23/09/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (141)  Flower Science/Floriculture (Part-2) 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၄၁) ပန်းမန်သိပ္ပံ နှင့် ပန်းပင်များ စိုက်ပျိုးထုတ်လုပ်ခြင်း (အပိုင်း-၂)

ဘာသာရပ်ဆိုင်ရာဝေါဟာရများ (Terminology)

(က) ပန်းရောင်းဝယ်မှုပြုခြင်း (Floristry)

ဤဝေါဟာရသည် စီးပွားဖြစ်ပန်းရောင်းဝယ်မှု ပြုလုပ်ခြင်းဖြစ်သည်။ ဤအဓိပ္ပာယ်အောက်တွင် ပန်းမန်ပင်များ ပြုစုစောင့်ရှောက်မှု (Flower Care and Handling)၊ ပန်းအလှဆင်ခြင်းနှင့် ပန်းဒီဇိုင်းပညာ (Floral Designs and Flower Arranging)၊ ပန်းအရောင်းအဝယ်နှင့် ကြော်ငြာလုပ်ငန်း (Flower Merchandising)၊ ပန်းပြသထားမှု (Flower Display)၊ ပန်းများ အိမ်အရောက်ပို့ဆောင်ပေးခြင်းဝန်ဆောင်မှု (Flower Delivery) စသည်တို့ အကျုံးဝင် ပါဝင်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ဤဓလေ့နည်းပါးပါသေးသည်။

နိုင်ငံခြားတိုင်းပြည်များတွင် တစ်ချို့က (Floral Industry) ဟူ၍လည်း ခေါ်ဝေါ်ပြီး ပန်းစိုက်ပျိုးခြင်း (Cultivation) မှ ရောင်းချသည် (Selling) အထိပါဝင်ပြီး ပန်းအရောင်းဆိုင်များ (Florist Shops)၊ အွန်လိုင်းမှရောင်းချခြင်းများ (Online Stores)၊ ကုန်ပဒေသာတိုက်ကြီး များ (Supermarkets)၊ ပန်းဥယျာဉ်နှင့်တွဲဖက်ထားသော စတိုများ (Garden-Supply Stores) နောက်ဆုံး စက်သုံးဆီရောင်းချသောဆိုင်များ (Filling Stations) တွင်ရောင်းချပေးသည့် အလေ့အထအထိ ပန်းဈေးကွက် (Flower market) ရှိပါသည်။ 

(ခ) ပန်းပွင့်နှင့်ဆိုင်သောအနုပညာ (Floral Designs and Floral Arts)

ပန်းပွင့်များဖြင့် အလှပြုပြင်ခြင်း (Flower Arrangement) ကို ပန်းအိုးများ (Vases, Bowls)၊ ပန်းခြင်း (Baskets)၊ အခြားထည့်စရာ (Other Containers) များပေါ်တွင် ဖြတ်ပန်း (Cut Flowers)၊ ပန်းရိုး အရွက်များ (Foliages, Herbs)၊ အလှဆင်မြက်များ (Ornamental Grasses)၊ အခြားရုက္ခ ပစ္စည်းများ (Botanical materials) ဖြင့် ပန်းစည်း (Bouquets) များ ပြုလုပ်ကာ ရောင်းချသော အနုပညာဖြစ်ပါသည်။  

(ဂ) အလှဆင်ပန်းပင်များ၊ ဥယျာဉ်ခြံပန်းပင်များ (Ornamental Plants or Garden Plants)

ပန်းခင်းများ၊ ပန်းခြံများ၊ မိမိအိမ်အတွင်းတွင် အလှစိုက်၍ ပန်းမခူးဘဲ ပန်းပွဲတော် (Flower Festivals) များပြုလုပ်သော အလေ့အထဖြစ်ပါသည်၊ တစ်ချို့ ဂျပန်လို အပင်ပုဘွန်ဆိုင်း (Bonsai)၊ သစ်ပင်ချုံပုတ်များကို ငှက်၊ တိရစ္ဆာန်အရုပ်များ (Topiary) အဖြစ် အလှဆင်ခြင်း ပညာတို့ ပါရှိပါသည်၊

(ဃ) ပန်းဥယျာဉ် (Flower Garden)

စနစ်တကျစီစဉ်ထားသော နေရာတစ်ခုဖြစ်ပြီး များသောအားဖြင့် ကွင်းပြင် (Outdoors) မှာပဲရှိပါသည်။ ပန်းပင်နမူနာ (Flower Live-specimen) များ စိုက်ပျိုး (Cultivate) ပြသ(Display) ထားပြီး ပြည်သူလူထု အပန်းဖြေရန်နှင့် ပျော်ရွင်စေရန် (Recreation and Enjoyments Purposes) ရည်ရွယ်ချက်များဖြင့် ပြုလုပ်ထားပါသည်။ 

မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသော ပန်းမန်များ အကြောင်း

ကောက်ယူထားသော စာရင်းဇယားများ အရ မြန်မာနိုင်ငံတွင် သပြေပန်းသည် စိုက်ဧရိယာ အများဆုံးဖြစ်ပြီး ဂန္ဓမာပန်းသည် ဒုတိယ၊ နှင်းဆီပန်းသည် တတိယ စိုက်ဧရိယာ အများဆုံး ဖြစ် ပါသည်။

(၁) မြန်မာအမည် - အောင်သပြေ/ ပန်းသပြေ/ အာဆီယံသပြေ/ ဇမ္ဗူ့သပြေပင်

အင်္ဂလိပ်အမည် - Red Lip Plant/ Black Plum/ Eugena Australia

ရုက္ခဗေဒအမည် - Syzygium kurzii N.P. Balkr. , Syzgium myrtifolium Walp.; Syzgium austral; Syzygium jambos

Eugenia jambolana Linn.; Eugena uniflora – (Surian Cherry); Eugenia myrtifolia (Brush Cherry)

ပုံ - ၁ အောင်သပြေပန်းနှင့် အာစီယံသပြေ

ရှေးရောမခေတ်အခါက သံလွင်ပင်မှ သံလွင်ခက်ကို အောင်အတိတ်၊ အောင်နိမိတ်ဆောင်သည့် အဆောင်အယောင်အဖြစ် အသိအမှတ်ပြုသကဲ့သို့ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ တွင်လည်းရှေးအခါမှစ၍ ယနေ့ထက် တိုင်သပြေပင်မှအညွှန့်အခက်တို့ကို အောင်အတိတ်၊ အောင်နိမိတ်၏ အဆောင်အယောင်အဖြစ်အသိအမှတ် ပြုလုပ် လျက်ရှိ ကြသည်။ ထို့ ကြောင့်ပင် 'အောင်ပါစေ၊ သပြေပန်းနှင့် ရေချမ်းကို လောင်း'ဟူ၍လည်း ကောင်း၊ 'ပန်းသပြေ ညောင်ရေလောင်း၍ ဆုတောင်းမေတ္တာ ပို့သပါသည်' ဟူ၍လည်း ကောင်း ကောင်း ချီး ဆုမွန် ပြုလေ့ရှိကြသည်ကို ကြားဖူးကြပေလိမ့်မည် (Wiki)

၂၀၂၁-၂၂ ခုနှစ်စာရင်းဇယား အရ မြန်မာတစ်နိုင်ငံလုံး သပြေပန်းပင် စိုက်ဧရိယာ ၁၁၀၀၀-ဧက ကျော်ရှိပါသည်၊ တကယ်တော့ သပြေငုတ်နှင့် သပြေရွက်ကို အောင်သပြေ ပန်း အဖြစ် ဗုဒ္ဓဘာသာ အိမ်တိုင်းနီးပါး တနှစ်ပတ်လုံး တင်လေ့ရှိပါသည်၊  ပန်းဈေးတွင် လည်း တနှစ်ပတ်လုံးရပါသည်။

သပြေ၏မူရင်းဒေသမှာ အရှေ့တောင်အာရှနိုင်ငံများ ဖြစ်သော မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံ ဟူ၍တွေ့ရှိ ရပါသည်၊ အမြဲစိမ်း သစ်ပင်ကြီးမျိုး ဖြစ် ပါသည်၊ အမြင့်ပေ ၆၀-အထိမြင့်နိုင်ပါသည်၊ သပြေရွက်က ရွက်ဆိုင်ထွက်ပြီး၊ ရွက်ထိပ် ချွန်သည်၊ ရွက်ကြောထင်ရှားပြီး အရွက်နုစဉ်တွင် အနီရောင်ရှိသည်၊ 

 

သပြေဟူ၍သာမန်အားဖြင့်ပေါင်းရုံးခေါ်ကြသော်လည်း သပြေမျိုးပေါင်း ၁၁၀၀-လောက် အထိ များစွာရှိသည်။ မြန်မာနိုင်ငံတွင်တော့ သပြေဖြူ၊ သပြေကြီး၊ သပြေရွက် ကြီး၊ တောင်သပြေ၊ ရေသပြေ၊ သပြေချဉ်၊ သပြေနီ၊ သပြုသပြေ၊ သပြေညို၊ သပြေ ကျွဲခေါင်း၊ နှင်းသပြေ၊သပြေဆတ်ချေး၊ သပြေ ပေါက်ပေါက်၊ ဇမ္ဗူသပြေစသည်တို့ဖြစ်သည်။

  

ပုံ - ၂ အောင်သပြေပန်း ဈေးအရောင်းပုံစံ

ဇမ္ဗူ့သပြေပင် (Syzygium jambos) သည် ဇမ္ဗူဒိပ်ကျွန်းဦးတွင် ပေါက်သောကမ္ဘာဦး သစ်ပင်ကြီးဖြစ်သည်။ တစ်ကမ္ဘာပတ်လုံး တည်နေနိုင်သည့် သစ်ပင်ကြီး ခုနစ်ပင်တွင် ပါဝင်သော သစ်ပင်ကြီးဖြစ်သည်ဟု အင်္ဂုတ္တိုရ် အဋ္ဌကထာ၊ သာရတ္ထသင်္ဂဟအဋ္ဌကထာ တို့တွင် လာသည်။ ထိုကျမ်းဂန်လာစကားအရ ဇမ္ဗူ့သပြေပင်၏ အမြင့် အစောက်မှာ ယူဇနာ ၁ဝဝ၊ ပင်စည်လုံးပတ် ယူဇနာ ၃ဝ ရှိ သည်ဟူ၏။ ခက်မငါးဖြာရှိ၍၊ အကိုင်းအခက် ငယ်ပေါင်းမှာ ရှစ်သောင်းရှိသည်။ အလွန်ထူထပ်သောအရွက်၊ စိပ်သောအရွက် ရှိသည် ဖြစ်၍၊ မိုးပေါက် ဆီးနှင်းပေါက်တို့သည်အတွင်းမဖောက် နိုင်ချေ ဟူ၍လည်း ဆိုသည်။

ဇမ္ဗူ့သပြေပင်၏အသီးတို့သည် လူတို့တီးသော မရိုးစည်မျှ လောက်ရှိကုန်၏။ ပတ္တမြား ညိုအဆင်းရှိ၍ ပျားလပို့အရသာ ကဲ့သို့ လွန်စွာချိုမြိန် ကောင်းမြတ်သော အရသာ ရှိကုန် သည်။ ထိုအသီးတို့ကို ဆင်ပမာဏရှိသော ငှက်ကြီးတို့သည် ဆွတ်ယူ သုံးဆောင်ကုန်၏။ တန်ခိုးကြီးသော ရသေ့ရဟန်းတို့သည်လည်းကောင်း၊ ဇော်ဂျီတပသီ တို့သည်လည်း ကောင်း ဆွတ်ယူသုံးဆောင်ကုန်၏။

အရှေ့မျက်နှာ၊ အနောက်မျက်နှာ၊ တောင်မျက်နှာတို့သို့ ထွက်သော အကိုင်းအခက် တို့မှ သီးသော အသီးတို့သည် ဇမ္ဗူဒိပ် ကျွန်းအပြင်သို့ကျကုန်၏။ မြောက်မျက်နှာသို့ ထွက်သော အကိုင်း အခက်မှအသီးတို့သည်ကား သီတာသမုဒ္ဒရာသို့ ကျလေကုန် သည်။ သမုဒ္ဒရာ သို့ကျသော အသီးတို့ကား ဇမ္ဗူရာဇ်ရွှေစင်အတိ ချည်း ဖြစ်ကြကုန်၏။

ရွှေမဖြစ်သေးသော အခါ အရသာမျိုးလွန်သည်ဖြစ်၍ ငါးတို့သည်လည်းကောင်း၊ နဂါးတို့ သည်လည်းကောင်း စားကြကုန်၏ဟူ၍ အာဒိကဏကမ္ဘာဦးကျမ်းနှင့် ဇမ္ဗူဒီပစာတမ်း တို့တွင် ဆိုထားပါသည်။

မဟာဝါပါဠိတော်တွင် မြတ်စွာဘုရားသခင်သည် ဥရုဝေဠ ကဿပတို့အား တရားဟော ရွတ်ချွတ်တော်မူရန်အလို့ငှာ ဇမ္ဗူ့ သပြေပင်မှ သပြေသီးကို ယူဆောင်ခဲ့ပြီး သော် သုံး ဆောင်စေသည် ။ ၎င်း သုတ္တန်ပါဠိတော်၌ ရာဇဂြိုဟ်ပြည်သား ရဟန်းနှစ်ပါးနှင့် ရှင်မောဂ္ဂ လာန်ထေရ်တို့သည် ဇမ္ဗူ့သပြေပင်မှ သပြေသီးကို ယူဆောင်သုံး ဆောင် ကြောင်း ကို လည်းကောင်း ဖော်ပြထား၏။

ဇမ္ဗူသပြေပင်မှအသီးတို့သည် ရေသို့ကြွေကျသောအခါ သာယာသော အသံကိုမြည်၏။ ထိုအသံကိုစွဲပြု၍ ပြုတ်ပြုတ် ဗြုန်းဟူသော ဗျောသံတူရိယာတီးလုံးသွားကို ဖန်တီးခဲ့ကြ သည် ဟု အဆိုရှိသည်။ ဤကိုရည်၍ ရွှေဘုံနိဒါန်းတွင်၊ 'ဝေဠုအညို၊ စိမ်းလဲ့စိုသား၊ မြင့် မိုထုတ်သန်း၊ မြခါးပန်းမှ၊ မယွန်းပေါ်ထူး၊ မြောက်စူးစူးဝယ်၊ ကျွန်းဦးသပြေ၊ ညှာမှ ကြွေ သား၊ ကျပေ တုံလှာ၊ ရေမျက်နှာထက်၊ သံဝါကျူးလွန်၊ နစ်လေဟန်တူ၊ ပြုတ်ပြုတ်ဟူ၍၊ ပေါ်မူထူးလည်၊ ပြုန်းပြုန်းမြည်ရှင့်၊ နတ်စည် အစ၊ မပေး၍ရသား'ဟူ၍ စပ်ဆိုထားသည် ကို တွေ့ရသည် (Source- Wikipedia)

ပုံ - ၃ ဇမ္ဗူသပြေပင်

(၂) မြန်မာအမည် - ဂန္ဓာမာပန်း၊ အင်္ဂလိပ်အမည် - Chrrysanthemum

ရုက္ခဗေဒအမည် - Chrysanthemum spp. သမပိုင်း၊ အပူပိုင်းမှာ စိုက်ပျိုးနိုင်သော မျိုးများလည်း ရှိပါသည်၊  နောက်ဆောင်းပါးမှာ အသေးစိတ်ရေးပါမည်။

(၃) မြန်မာအမည် - နှင်းဆီပန်း၊ အင်္ဂလိပ်အမည် -  Rose 

ရုက္ခဗေဒအမည် - Rosa spp. သမပိုင်း၊ အပူပိုင်းမှာ စိုက်ပျိုးနိုင်သောမျိုးများစွာရှိပါသည်၊ နောက်ဆောင်းပါးမှာ အသေးစိတ်ရေးပါမည်၊ 

(၄) မြန်မာအမည် - သစ္စာပန်း၊ အင်္ဂလိပ်အမည် - Gladiolus

ရုက္ခဗေဒအမည် - Gladiolus gandavensis / Gladiolus primulinus

သမပိုင်း၊ အပူပိုင်းမှာ စိုက်ပျိုးနိုင်သော မျိုးများလည်း ရှိပါ သည်။ နောက်ဆောင်းပါးမှာ အသေးစိတ်ရေးပါမည်။

(၅) မြန်မာအမည် - မေမြို့ပန်း၊ အင်္ဂလိပ်အမည် - Aster/ China Aster/ Pompon

ရုက္ခဗေဒအမည် - Callistephus chinensis Nees. နောက်ဆောင်းပါးမှာ အသေးစိတ်ရေးပါမည်၊ 

(၆) မြန်မာအမည် - ကံ့ကော်ပန်း

အင်္ဂလိပ်အမည် - Cobra’s Saffron/Iron Wood

ရုက္ခဗေဒအမည် -  (ကံ့ကော်အဖြူ) Mesura ferrea Linn,   (ကံ့ကော်အနီ) Alexandrian laurel

ကံ့ကော်ပန်းသည် နောင်ပွင့်မည့် အရိမေတ္တိယ မြတ်စွာဘုရား၏ ဗောဓိပင်ဖြစ်ကြောင်း ပထမဆုံး ရေးသားလိုပါသည်။ ကျွန်တော်၏ လက်ရှိနေပြည်တော်အိမ်တွင် ကျွန်တော်၏ ဇနီး ဝယ်ယူရလာသော ကန့်ကော်ပင် ၂ ပင်သည် တစ်နှစ်ကို ၂-၃ ကြိမ် မကြာခဏပန်းပွင့်ပြီး ဘုရား ပန်းလှူ၊ မိတ်ဆွေများကို လက်ဆောင်ပေးရတာ အလွန်ကြည်နူးဖို့ ကောင်းပါသည်။ 

အမြဲစိမ်းပင် (Evergreen) ဖြစ်ပြီး အမြင့်ပေ ၅၀၀၀-အထိပေါက်ရောက်နိုင်ပါသည်။ လုံးပတ် ၁၀-ပေအထိရှိနိုင်ပြီး အရိပ်အဝါသကောင်းပါသည်။ သီရိလင်္ကာနိုင်ငံ၏ နိုင်ငံတော် အထိမ်းအမှတ်အပင်လည်းဖြစ်ပါသည်။ ကံ့ကော်ပွင့်မှာ ဖြူဖွေးသောပွင့်ဖတ် ၄-ခုဝန်းရံ ထားသောအဝါရောင်ဝတ်ဆံထုတ်ဖြစ်ပါသည်။

ပုံ - ၄ ကံ့ကော်ပန်း

(၆) မြန်မာအမည် -  စပယ်ပန်း

အင်္ဂလိပ်အမည် - Jasmine (၁၃-မျိုးခန့်ခွဲချားနိုင်ပါသည်၊

ရုက္ခဗေဒအမည် -   ၁. Jasminum arborescens

၂. Jasminum officinale

၃. Jasminum sambae (Arabian Jasmine)

၄. Jasminum floredum (China, Japan)

၅. Jasminum graeillimum (Star Jasmine)

၆. Jasminum grandiflorum (Poets Jasmine)

၇. Jasminum humilereuolutum (Italian Jasmine)

၈. Jasminum mesnyi (Premrose Jasmine)

၉. Jasminum multiflorum (Hair Jasmine)

      ၁၀. Jasminum nitidum (South Pacific)

မြန်မာတို့က အောက်ပါအတိုင်းလည်း ခွဲထားပါသည် (Source - ကိုရဲ-စိုက်ပျိုးရေး)၊

(က) ရွှေစံပယ် - အပွင့်ကြီးပြီး ပွင့်ချပ်အထပ်များသည်၊ ပွင့်သောအခါ အလယ်တွင် အဖူးငယ်ကလေး ကျန်ရစ်သည်၊ အထပ်စိတ်၍ အလွန်မွေးကာ အစိုက်များပြီး လူကြိုက်လည်းများပါသည်၊

(ခ) ကြက်ရုံးကြီး - အပွင့်ကြီးသော်လည်း အထပ်မများပါ၊ ပွင့်ဖတ်များ အနည်းငယ် အဖျားချွန်ပါသည်၊

(ဂ) ကြက်ရုံးကလေး - ကြက်ရုံးကြီး အတိုင်းဖြစ်ပြီး အပွင့် အရွယ်ငယ်သည်။

(ဃ) ဘိတ်ကြီး - ဤပွင့်ကြီး အထပ်ကြဲသော်လည်း သိပ်မမွေးပါ။

(င) ဘိတ်ကလေး - ဘိတ်ကြီးလိုဖြစ်ပြီး အပွင့် အရွယ်ငယ်ပါသည်။

(စ) စံပယ်လည်ဆံ - ပန်းချပ်များ သေးသွယ် ရှည်လျှား၍ အချို့တွံ့လိန်နေပြီး အမွေးနံ့ပေါပါသည်။

(ဆ) ဆယ့်နှစ်ရာသီးစံပယ် - တစ်နှစ်ပတ်လုံးပွင့်ပြီး ပွင့်ဖတ်များသေးငယ်သည်။ အပွင့်ကျဲပြီး ငယ်ကာ အမွေးနံ့လည်းနည်းပါသည်။ ဒေသအလိုက် အိမ်စံပယ်၊ တောစံပယ်၊ စံပယ်အိ၊ စံပယ်နွဲ့ ဟူ၍လည်း ခွဲခြားကြပါသေးသည်၊

သိပ္ပံနည်းကျ စနစ်တကျ ခွဲခြားရန်တော့လိုပြီး မျိုးစိတ်အလိုက် ခွဲခြားသုတေသန ပြုရန်လည်း လိုပါသေးသည်။ 

အပူပိုင်းစိုက်ပန်းပင်မျိုးဖြစ်သော်လည်း အပူလျော့၊ သမပိုင်းမှာလည်း စိုက်နိုင်သော မျိုးများရှိပါသည်။ မျိုးစိတ်ပေါင်း ၂၀၀-ခန့်တွေ့ရပါသည်။

 

ပုံ - ၅ စံပယ်ပန်း

ဆက်ပါဦးမည်

(မှီငြမ်းစာအုပ်များ/စာတမ်းများ) References

Larson, R.A. (1992) Introduction to Floriculture. 2nd Ed. AP. 636p.

Pooja (2012) Handbook of Floriculture. DPH New Delhi. 159p.

RVO (2017) Myanmar Flower Sector Quick Scan. Netherlands Enterprise Agency and Netherland Embassy, Yangon. 39p.

Kyaw Soe, Dr. and Tin Myo Ngwe, Daw (2004) Medicinal Plants of Myanmar. FREDA 254p. 

https://my.wikipedia.org/wiki

စိုက်ပျိုးရေးဦးစီးဌာန (၁၉၉၃) မြန်မာ့ဆေးဝါးပင်များ၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ၆၅၉-မျက်နှာ

ဉာဏ်ထွန်း, ဒေါက်တာ (၂၀၀၉) မြန်မာ့ဆေးဖက်ဝင်အပင်များ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေးနှင့်ရေလုပ်ငန်းပညာရှင်အဖွဲ့ ၁၁၉-စာမျက်နှာ

ဝင်းတင်ဝင်း (၂၀၁၉) သုတအဘိဓါန် မြန်မာအပင်များ၊ နေဝန်းနီစာပေ၊ ၅၅၆-မျက်နှာ

ကိုရဲ-စိုက်ပျိုးရေး (၂၀၀၉) ပန်းမန်အခြေခံစိုက်ပျိုးနည်း၊ စာပေလောက၊ ၁၃၀-မျက်နှာ

(ကျေးဇူးတင်လွှာ - ဤဆောင်းပါးအတွက် သိလိုသမျှဖြေကြားပေးပါသော စိုက်ပျိုးရေး တက္ကသိုလ်၊ ဥယျာဉ်သီးနှံပညာ၊ ပါမောက္ခဌာနမှူး ဒေါက်တာခင်သီတာမြင့်၊ ကထိက ဒေါ်အိဟေမာန်၊ ဒေါ်နှင်းနှင်းနွယ် (ဌာနစိတ်တာဝန်ခံ၊ ပန်းမန်ဌာနစိတ်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့အား ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်