ပန်းမန်သိပ္ပံ နှင့် ပန်းပင်များ စိုက်ပျိုးထုတ်လုပ်ခြင်း (အပိုင်း-၄)

07/10/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (143)  Flower Science/Floriculture (Part-4) 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၄၃) ပန်းမန်သိပ္ပံ နှင့် ပန်းပန်များ စိုက်ပျိုးထုတ်လုပ်ခြင်း (အပိုင်း-၄)

(၃) မြန်မာအမည် - ဂန္ဓမာပန်း၊ 

အင်္ဂလိပ်အမည် - Chrysanthemum, Glory of East, Queen of East, Autumn Queen,

မျိုးရင်း (Family) - Asteraceae (Daisy Family)

ရုက္ခဗေဒအမည် - Chrysanthemum spp. ; Dendranthema grandiflora

သမပိုင်း၊ အပူပိုင်းမှာ စိုက်ပျိုးနိုင်သော မျိုးများစွာ ရှိပါသည်၊  ဥပမာ - ဂျပန်နိုင်ငံ (Japan) တွင် စိုက်ပျိုးနေသော မျိုးပေါင်း ၅၀,၀၀၀ ကျော်နှင့် ယူကေ (UK) နိုင်ငံတွင် မျိုးပေါင်း ၆၀,၀၀၀ ကျော် အထိအောင် စိုက်ပျိုးလျက်ရှိပါသည်။ ဤပန်းက ပုံသဏ္ဌာန်၊ အရောင်အသွေး ကောင်းမွန်မှု၊ အကြမ်းခံ၊ ကြာရှည်ခံသော သဘာဝရှိမှုကြောင့် သုံးစွဲသူနှင့် လက်လီရောင်း ဈေးသည်များ အလွန်နှစ်သက်သော ပန်းမျိုး ဖြစ်သည်။ ၂၀၂၂ ခုနှစ် စာရင်းဇယားအရ ကမ္ဘာ့ထိပ်တန်း ဂန္ဓမာပန်းတင်ပို့သော နိုင်ငံများ (Exporting Countries) မှာ နယ်သာလန် (၄၁၁ ဒေါ်လာသန်း)၊ ကိုလန်ဘီယာ (၁၈၀ ဒေါ်လာသန်း)၊ ကျွန်တော်တို့ အာဆီယမ်နိုင်ငံထဲက မလေးရှား (၈၃.၆ ဒေါ်လာသန်း)၊ ဗီယက်နန် (၅၃.၉ ဒေါ်လာသန်း) နှင့် တရုတ်နိုင်ငံက (၃၉.၅ ဒေါ်လာသန်း) တန်ဖိုးကို အခြား နိုင်ငံများသို့ ဂန္ဓမာပန်းများ စိုက်ပျိုး တင်ပို့ရောင်းချနေပါသည်။ ကျွန်တော်တို့ ၂၀၁၈ ခုနှစ်က နယ်သာလန်နိုင်ငံသို့ရောက်ရှိစဉ်က မနက်စောစော ပန်းလေလံပွဲကို ရောက်ရှိစဉ်က ကျွန်တော်တို့ မြန်မာနိုင်ငံမှ ဂန္ဓမာပန်းများ ကို ကြိုက်နှစ်သက်ပြီး အမြောက်အများ ဝယ်ယူလိုပါသည် ဟူ၍ ပြောဆိုပါသည်။ မြန်မာနိုင်ငံ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (Mandalay International Airport) နှင့် နယ်သာလန် အန်မ်စတာဒဏ် ရှီဖော်နိုင်ငံတကာလေဆိပ် (Netherlands Amsterdam Schiphol International Airport) တို့ နေ့စဉ် တိုက်ရိုက်လေယာဉ် ခရီးစဉ်မရှိသည်က အခြားနိုင်ငံများထက် တစ်ပန်းရှုံးနေပါသည်။ ၂၀၂၂-ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ဂန္ဓာမာပန်း အများဆုံးတင်ပို့ပြီး (အမေရိကန်ဒေါ်လာ ၂၅၀ သန်းဖိုး) အထိတင်သွင်းဝယ်ယူပြီး နောက်မှ ဂျာမဏီက ၁၈၀ သန်း၊ ယူကေက ၁၅၀ သန်းဖိုး တင်ပို့ပါသည်၊ အာရှတွင် ဤပန်းက ဂျပန်နိုင်ငံ၏ အမျိုးသားပန်း (Chrysanthemum – National Flower of Japan) ဖြစ်ပြီး ၂၀၂၂ -တွင် ၆၉.၂ ဘီလီယမ်ယန်းအထိ အခြားတိုင်းပြည်များမှ ဝယ်ယူပါသည်။ 

ပုံ - ၁ ဂန္ဓာမာပန်း

Chrysanthemum ၏အဓိပ္ပာယ်မှာ ဂရိစာလုံး ‘Chrys’  က ရွေရောင် (Golden) ဖြစ်ပြီး ‘anthemon‘ က ပန်းဖြစ်ပါသည်။ ပင်ရိုးတစ်ချောင်း တစ်ပွင့်စီ ပွင့်တတ်သော သဘောရှိသည်။ ရွေရောင် တစ်ပွင့်ပန်းဟူ၍ ဆိုနိုင်ပါသည်။ နေ့တာတိုပင် (Short-day Plant) ဖြစ်၍ တောက် လျှောက် အမှောင် ၁၂-နာရီကျော် ရမှ ပန်းပွင့်ပါလိမ့်မည်။ တစ်နည်းအားဖြင့် ကျွန်တော် တို့နိုင်ငံအပါအဝင် ကမ္ဘာ့ မြောက်ဘက်ချမ်းတွင် ဆောင်းတွင်းမှာမှ ပန်းပွင့်ပါသည်။ သို့ သော် နောက်ပိုင်းထုပ်လုပ်သောမျိုးတွေက စပ်မျိုး (Hybrid) အပါအဝင် ရာသီမရွေးစိုက်၍ ရနိုင်ပါသည်၊ မြန်မာနိုင်ငံ စိုက်သော ဂန္နမာပန်း မျိုးအများစုမှာ စိုက်ပြီး ၂လခွဲ၊ ၃-လဆိုလျှင် ပန်းပွင့်ပြီး ဆွတ်ခူးချိန် အထိ ၄လခွဲခန့်ဘဲကြာပါသည်။

ဈေးကွက်ပေါ်မူတည်ပြီး ဂန္ဓမာ ဖြတ်ပန်း (Chrysanthemum Cut Flower) ဈေးကွက်က ၂ မျိုးခွဲပါသည်၊

(က) အဖူးဖြတ်ထားသော ပန်းများ (Disbudded Inflorescences) ပန်းခိုင်မှာ ထိပ်ဖျား အဖူးတစ်ခုကလွဲပြီး အဖူးများခြွေကာ ပန်းပွင့် အချင်း အရွယ် ၄-၆ လက်မလောက်အထိ ထားကာရောင်းချခြင်း

(ခ) ပန်းခိုင်ရှိ အဖူးအားလုံး ပွင့်စေသော ပန်းများ (Spray Inflorescences) အလယ်ဖူးကို ခေါင်နှိမ်ထားကာ ပန်းခိုင်ရှိ ပန်းပွင့် အားလုံး တပြိုင်နက်ပွင့်စေကာ ရောင်းချခြင်း စသည် တို့ဖြစ်ပါသည်။

(၄) မြန်မာအမည် - သစ္စာပန်း

အင်္ဂလိပ်အမည် - Gladiolus

မျိုးရင်း  Family – Iridaceae 

ရုက္ခဗေဒအမည် - Gladiolus gandavensis / Gladiolus primulinus

မျိုးစု (Genera) ပေါင်း ၁၀၆ ခုရှိပါသည်။ နောက်ပိုင်း စပ်မျိုး (Hybrids) များစွာ ထုတ်လုပ်ပြီး သမပိုင်း၊ အပူပိုင်းမှာ စိုက်ပျိုးနိုင်သော မျိုးများလည်း ရှိပါသည်၊  သစ္စာပန်း ၏ အဓိပ္ပာယ်မှာ လက်တင်စကားလုံး (Gladius) မှလာပြီး ဓားရှည် (Sword) ဟူ၍ အဓိပ္ပာယ်ရကာ အရွက်များက ဓားပုံသဏ္ဌာန်ဖြစ်နေပါသည်။ အရွက်များမှာ ၇-၈ လက်မအထိ အရှည်ရှိပါသည်။

ပုံ - ၂ သစ္စာပန်း

အရွက်ရှည်ရှည် ချွန်ချွန်များအလယ်မှ သေးသွယ်ရှည်လျား၍ များသောအားဖြင့် မားမားမတ်သော ပွင့်တံများထွက်လာပြီးလျှင် ပွင်တံအဖျားတွင် ထိပ်ချွန်သော ပန်းခိုင်မျိုး ပွင့်သည်။ ပန်းပွင့်များသည် ပွင့်တံ၏ တစ်ဖက်သပ်သပ်၌ အပွင့်ချင်း လွှဲထွက်ကာ ဆင့်ရရင့် လှပစွာ ဖူးပွင့်ကြ သည်။ အောက်ဘက်မှ အပွင့်များသည် ဦးစွာ ပွင့်၍ အပေါ်ပိုင်းမှ အဖူး ချွန်ချွန်များသည် တစ်ခုပြီးတစ်ခု ပွင့်လိုက်လာကြသည်။ အောက်ဘက်မှ အဖူးများ ပွင့် အာ စပြုလျှင်ပင် ပန်းခိုင်များကို ခူးဖြတ်လိုက်သည့် တိုင်အောင် အပွင့်များသည် အဖူးများ ကုန်လုနီးသည့် တိုင်အောင် တစ်ပွင့်ပြီး တစ်ပွင့် ပွင့်ကြသည်။ အပွင့်၏ပုံသဏ္ဌာန်သည် အော်လံ ပုံသဏ္ဌာန်ကဲ့သို့ အဝကား၍ ပွင့်ဖတ်တို့သည် အနားညီ မဟုတ်ချေ။ ပွင့်ဖတ်ကလေးများသည် ပိုးသားကဲ့သို့ ချောမွတ်ကာ တောင့်တောင့်ကလေးဖြစ်သည်။ သစ္စာပန်းသည် သင်းပျံ့မွှေး ကြိုင်သော ယနံ့မရှိပေ။ သစ္စာပန်းမျိုးတို့၏ မူလပေါက် ရောက်ရာ ဒေသသည် တောင်အာဖရိကတိုက် ဖြစ်သည်။ ယင်းမှ တစ်ဆင့် အာဖရိက တိုက် အလယ်ပိုင်း၊ ဥရောပတိုက်တောင်ပိုင်း၊ အလယ်ပိုင်း၊မြောက်ပိုင်း၊အမေရိကတိုက်နှင့် အာရှတိုက်သို့ တိုင်အောင် မျိုးပျံ့နှံ့ခဲ့သည်။ အချို့က တူရကီနီုင်ငံမှ သစ္စာပန်းမျိုး အချို့ သည် ၁၅၉၆ ခုနှစ်တွင် ဥရောပသို့ ရောက်ရှိခဲ့သည်ဟု ဆိုကြသည်။

မူလက သစ္စာပန်းမျိုးတို့သည် မျိုးစိတ်အားဖြင့် မများလှချေ။ ဥရောပ ပန်းပါရဂူများ အထူး သဖြင့် ဒပ်ချ်လူမျိုး ပန်းပါရဂူများသည် အမျိုးမျိုးအဖုံဖုံ မျိုးစပ်ခဲ့ကြသဖြင့် ယခုအခါ သစ္စာ ပန်း မျိုးစိတ်ပေါင်း ၂ဝဝ ကျော်ခန့် ရှိလေပြီ။ မျိုးစပ် သစ္စာပန်းမျိုးတို့သည် မူလ သစ္စာပန်း မျိုးတို့ထက်ပင် အဆင်အသွေး ပိုမိုထူးကဲလှပသဖြင့် မူလ သစ္စာပန်းမျိုးတို့မှာ ရုက္ခဗေဒ ဥယျာဉ်များမှလွဲလျှင် အတွေ့ရ အလွန်နည်းနေပေသည် (Source – Wikipedia)။

(၅) မြန်မာအမည် - မေမြို့ပန်း

အင်္ဂလိပ်အမည် - Aster/ China Aster/ Pompon

မျိုးရင်း Family – Asteraceae and Compositae

ရုက္ခဗေဒအမည် - Callistephus chinensis Nees., Aster callistephus; A. amellus L.Syn.

ဤမျိုးသည် မျိုးစုနှင့်မျိုးစိတ်ပေါင်း အများဆုံးတွေ့နိုင်သော ပန်းပွင့်ဆောင်ပင်၊ အစေ့ ဝှက်ပင် (Angiosperm) အုပ်စုဖြစ်သည်၊ မျိုးစု (Genera) ၁၆၂၀-အထက်နှင့် မျိုးစိတ် ပေါင်း (Species) ၂၃၆၀၀-ကျော် ရှိပါသည်၊ မေမြို့ ပန်း (Aster)၊ ဒေစီပန်း (Daisy)၊ နေကြာ (Sunflower) မျိုးပေါင်းများစွာပါဝင်သည်။ တရုတ်နိုင်ငံ၏ မူရင်းဒေသဖြစ်ပြီး China Aster  က မေမြို့ပန်း အုပ်စုထဲတွင် အရေး အကြီးဆုံး ပန်းဖြစ်သည်။ 

Callistephus မှာလှပသော သရဖူဟူ၍အဓိပ္ပါယ်ရသည်၊  ပန်းပွင့်ပုံ ကသရဖူနှင့် တူပါ သည်၊ Aster  ဆိုသည့် အရပ်အခေါ်က Astrum  ဆိုသည့် လက်တင်စကားမှ လာသည်၊ ကြယ်ပွင့်ဟူသော ပြဆိုသည်။ မူလပင်စည်မှ အခက်အလက် အများအပြား ထွက်ပြီး ထိပ်တွင်တစ်ခက်တစ်ပွင့် ပွင့်သည်၊ ကြာရှည်ခံရုံမက ပွင့်ချိန်လည်းကြာတတ်ပါသည်။ 

ပုံ - ၃ မေမြို့ပန်း

(၆) မြန်မာအမည် -  သစ်ခွပန်း

အင်္ဂလိပ်အမည် - Orchid မျိုးရင်း Family - Orchidaceae

ရုက္ခဗေဒအမည် - မျိုးစု၊ မျိုးကွဲပေါင်း များစွာရှိသည်။ ဆရာကြီး ဒေါက်တာစိန်လှဗိုလ်၏ စာအုပ်ရှိ ရည်ညွန်းချက်များအရ ကမ္ဘာပေါ်တွင် သစ်ခွ မျိုးစု၊ မျိုးစိတ်ပေါင်း ၂၅၀၀၀-ကျော် ရှိပြီး နှစ်စဉ် စပ်မျိုး အသစ်များ ထပ်မံတွေ့ရှိနေကြပါသည်။ သစ်ခွမျိုးစိပ်များစွာတို့သည် အီကွေတာမှသည် အာတိတ်စက်ဝိုင်းအထိ ကမ္ဘာ့နေရာအနှံ့ နေရာအမျိုးမျိုး၊ ၊ ရာသီဥတု အမျိုးမျိုး တွင် စိုက်ပျိုးနိုင်ပါသည်၊

အမျိုးအစား အမျိုးမျိုးခွဲခြားရာတွင် -

(၁) မြေပေါ်တွင်ပေါက်သည့် မြေပေါက်သစ်ခွများ (Terrestrial Orchids)

(၂) သစ်ပင်သစ်ကိုင်းများတွင်ပေါက်သည့် တွယ်ကပ်သစ်ခွများ (Epiphytic Orchids)

(၃) ကျောက်တုံးကျောက်ဆောင်များတွင်ပေါက်သည့် ကျောက်ကပ်သစ်ခွများ (Lithophytic Orchids) နှင့်

(၄) မြေအောက်တွင်ပေါက်သည့် သစ်ခွများ (Subterranean Orchids) စသည်တို့ ရှိပါသည်။

(၆-က) ကိန္နရာခွသစ်ခွ (Long-horned dendrobium) Dendrobium spp.

ပုံ - ၈ Dendrobium antennatum

(၆-ခ) ကျားသစ်ခွ (Tiger Orchid/Queen of Orchids/Giant Orchid/ Sugarcane Orchid) Grammatophyllum speciosum

ပုံ - ၈ Grammatophyllum spp

(၆-ဂ) ကျောက်သစ်ခွ/ဆင်စွယ်သစ်ခွ (Orchid Thu) Thunia alba Rchb. F.

ပုံ - ၉ Thunia alba Rchb. F.

(၆-ဃ) ခမောက်ကြိုးသစ်ခွ/ဖယောင်းသစ်ခွ (Leafless Dendrobium) Dendrobium aphyllum Fisher

ပုံ - ၉ Thunia alba Rchb. F.

(၆-င) ခွာညိုသစ်ခွ (Fytch’s Dendrobium) Dendrobium fytchianum Bateman

ပုံ - ၁၀ ခွါညိုသစ်ခွ Dendrobium fytchianum Bateman

(၆-စ) ငွေတူကြီး/ငွေပန်းသစ်ခွ/မိုးကန်တော့ (Giant-flowered Orchid) Dendrobium formosum Roxb) ငွေတူကလေး (Swamp Orchid) Phaius takeoi(Hayafa) H.J.Su

ပုံ - ၁၁ ငွေတူကြီးနှင့်ငွေတူကလေးသစ်ခွ

(၆-ဆ) ဆင်မမျက်ကွင်း (Charming/Yellow Dendrobium) Dendrobium pulchellum Roxb.

ပုံ - ၁၂ ဆင်မမျက်ကွင်းသစ်ခွ

(၆-ဇ) တစ်ခိုင်လုံးရွေသစ်ခွ (Densely flowered Dendrobium) Dendrobium densiflorum Lindl.

 

 

ပုံ - ၁၃ တစ်ခိုင်လုံးရွေသစ်ခွ

(၆-ဈ) ပင့်ကူသစ်ခွ/ (Spider Orchid) Arachnis labrosa Rchb.

ပုံ - ၁၄ ပင့်ကူသစ်ခွ

(၆-ည) ပတ္တမြားသစ်ခွ (In school’s renanthera/Red Vanda) Renanthera inchooldiana

ပုံ - ၁၅ ပတ္တမြားသစ်ခွ

(၆-ဋ) ပန်းသက်ရှည် (Iris-Like Cymbidium) Cymbidium iridioides D.Don

ပုံ - ၁၆ ပန်းသက်ရှည် သစ်ခွ

(၆-ဍ) မိုးလုံးမှိုင်း (Blue Orchid/Blue Vanda) Vanda coerulea Lindl.

ပုံ - ၁၇ မိုးလုံးမှိုင်း သစ်ခွ

သစ်ခွနှင့်ပတ်သက်၍ ဆရာကြီးဒေါက်တာစိန်လှဗိုလ် ရေးသားသော သစ်ခွစိုက်ပျိုးနည်း စာအုပ် ရှိပါသည်၊ ကျွန်တော်တို့ ၂၀၁၈-ခုနှစ်က ထိုင်းနိုင်ငံ မေဂျိုတက္ကသိုလ် (Maejo University) သို့ သုတေသန အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေး ခရီး သွားရောက်ခဲ့ရာ တက္ကသိုလ်ပိုင်သုတေသနမှန်ခြံ ၁၀-ဧကခန့် ကို ပုဂ္ဂလိက သစ်ခွကုမ္ပဏီ တစ်ခုကို ငှားရန်း ၍ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားများနှင့် သစ်ခွစပ်မျိုးထုတ်လုပ်ရေး (Hybrid orchid Production) ကိုလုပ်ဆောင် နေသည်ကိုတွေ့ခဲ့ရပါသည်။ ဤစနစ်က တက္ကသိုလ်လည်း ရံပုံငွေရ၊ ကျောင်းသား/သူများ လေ့ကျင့်ရေးဆင်းပြီးသားဖြစ် (Internship)၊ ကုမ္ပဏီ ဘက် က လည်း နိုင်ငံခြားသို့ ပို့ကုန်အဖြစ် (Export) တင်ပို့ရ၍ အမြတ်ရ၊ တိုင်းပြည် နိုင်ငံခြား ဝင်ငွေလည်းရ အားလုံးအဆင်ပြေ၊ သားရွေအိုးထမ်းကိန်းဆိုက်ပါသည်၊ ကျွန်တော်တို့ နိုင်ငံ အတွက် အတုယူဘို့ ကောင်းလှပါသည်။

သဇင်ပန်း အကြောင်းနောက်ဆောင်းပါးတွင်ဆက်ရေးပါမည်..။

(မှီငြမ်းစာအုပ်များ/စာတမ်းများ) References

Larson, R.A. (1992) Introduction to Floriculture. 2nd Ed. AP. 

RVO (2017) Myanmar Flower Sector Quick Scan. Netherlands Enterprise Agency and Netherland Embassy, Yangon. 39p.

စိန်လှဗိုလ်, ဒေါက်တာ (၂၀၁၈) သစ်ခွစိုက်ပျိုးနည်း၊ ပန်းဝေဝေစာပေ၊ ၁၇၄-မျက်နှာ

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (၂၀၀၀) ဂန္ဓမာ၊ ၈-မျက်နှာ

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (၂၀၀၀) သစ္စာပန်း၊ ၁၄-မျက်နှာ

ကိုရဲ-စိုက်ပျိုးရေး (၂၀၀၉) ပန်းမန်အခြေခံစိုက်ပျိုးနည်း၊ စာပေလောက၊ ၁၃၀-မျက်နှာ

 (ကျေးဇူးတင်လွှာ - ဤဆောင်းပါးအတွက် သိလိုသမျှဖြေကြားပေးပါသော စိုက်ပျိုးရေး တက္ကသိုလ်၊ ဥယျာဉ်သီးနှံပညာ၊ ပါမောက္ခဌာနမှူး ဒေါက်တာခင်သီတာမြင့်၊ ကထိက ဒေါ်အိဟေမာန်၊ အပင်မျိုးမွေးမြူရေးဌာန၊ ကထိက၊ ဒေါ် တင်လဲ့လဲ့ထွေး တို့နှင့် ဒေါ်နှင်းနှင်းနွယ်၊  ဌာနစိတ်တာဝန်ခံ၊ ပန်းမာန် ဌာနစိတ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန တို့အား ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင် အပ်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်