ပန်းမန်သိပ္ပံ နှင့် ပန်းပင်များ စိုက်ပျိုးထုတ်လုပ်ခြင်း (အပိုင်း-၅)

14/10/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (144)  Flower Science/Floriculture (Part-5) 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၄၄) ပန်းမန်သိပ္ပံ နှင့် ပန်းပင်များ စိုက်ပျိုးထုတ်လုပ်ခြင်း (အပိုင်း-၅)

နယ်သာလန်နိုင်ငံသည် ကမ္ဘာ့ပန်းထုတ်လုပ်ရောင်းချမှုတွင် ထိပ်ဆုံးမှ ဦးဆောင်နေသော နိုင်ငံဖြစ်ပါသည်။ သူတို့၏သုတေသနမှတ်တမ်းအရ ကျွန်တော်တို့မြန်မာနိုင်ငံသည် ကမ္ဘာ့ပန်းစိုက်ပျိုးထုတ်လုပ်မှုဈေးကွက် (Market Opportunity for World Flower Demand) အတွက်အလားအလာရှိသော နိုင်ငံဖြစ်ပြီး လိုအပ်သောနည်းပညာ၊ သွင်းအား စု၊ မျိုးစေ့ အစရှိသည်တို့ကို နယ်သာလန် အစိုးရမှကူညီနိုင်ပါသည်။ ပြည်တွင်းဈေးကွက်ဖြစ်သော ဗုဒ္ဓဘာသာဝင်တို့၏နေ့စဉ် ဘုရားတင်လေ့ရှိသော ဓလေ့ထုံးစံကလည်း ဈေးကွက်ကြီးပါသည်။ 

ပန်းစိုက်ပျိုးသူများက လုပ်ကွက်ငယ် တောင်သူများသာဖြစ်ပြီး ၁-၂ ဧကလောက်နှင့် မြို့ကြီးများ အနီးတွင် စိုက်ပျိုးလေ့ရှိပြီး ရှမ်းပြည်၊ ပြင်ဦးလွင် စသည့်နေရာများတွင်လည်း စိုက်ပျိုးကာ မြန်မာပြည်နေရာအနှံ့ဖြန့်ဖြူးပါသည်။ ငွေကြေးရင်းနှီးမြုတ်နှံမှုလည်း နည်းပါးလေ့ရှိပြီး ခေတ်မီနည်းပညာများသုံးစွဲမှုလည်း နည်းပါးပါသည်။ စိုက်ပျိုးမှုအများစုက ကွင်းပြင် (Open Field) တွင်စိုက်လေ့ရှိပြီး ရိတ်သိမ်းပြီး နည်းပညာ (Post-Harvest Technology) မှာလည်း ခူးပြီးပန်းများကို ရေစိမ်ထားတာကလွဲလို့ ကျန်နည်းပညာများ အသုံးမပြုသလောက် ရှိပါသည်။

ရန်ကုန်မြို့တွင် သီရိမင်္ဂလာကုန်စိမ်းဈေးသည် ပန်းမန်အများဆုံး အရောင်း၊ အဝယ်ပြုလုပ်သောဈေးဖြစ်ပြီး ပန်းမန်များ အအေးခန်းသိုလှောင်မှု (Cold Storage) မရှိ သလောက် ရှားပါသည်။ သူတို့၏ လေ့လာချက်အရ မျိုးစေ့၊ သွင်းအားစု၊ လယ်ယာသုံး စက်ကိရိယာများ အသုံးပြုမှု နည်းပါးပြီး မျိုးဥအဟောင်းများ ပြန်လည် အသုံးပြုနေရမှုကြောင့် ပန်းပွင့်အရွယ်အစား မညီညာ၊ အရောင်မညီညာ၊ ခူးချိန်မညီညာမှု အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟူ၍ မှတ်တမ်းတင်ထားပါသည်။ 

မြန်မာနိုင်ငံ၏ ၈၀-၉၀ ရာခိုင်နှုန်းပန်းအသုံးပြုမှာ ဘာသာရေးကိစ္စများတွင် အသုံးပြုနေကြပြီး ဗုဒ္ဓဘာသာဝင် အိမ်တိုင်းလောက်နီးနီး ပန်းအိုး ၂-၃ လုံးမှ ၁၀-လုံးလောက်အထိ ပန်းအသုံးပြုကြသည့်အပြင် တစ်ပတ်တစ်ကြိမ်၊ နှစ်ကြိမ် ပန်းအသစ်လဲလှည်မှု ပြုလုပ်ကြပါသည်။ အစိုးရနှင့်ပုဂ္ဂလိကဘဏ်များကလည်း ပန်းမန်ကဏ္ဍ(Flower Sector) အတွက် ချေးငွေပေးမှုကလည်း မရှိသလောက် နည်းပါးလှပါသည်။ တရုတ်နိုင်ငံမှ တရားမဝင်ပန်းများဝင်လာမှု (Illegal Flower Trade) ကလည်း ဈေးကွက်အနှောက်အယှက်ဖြစ်စေခဲ့ပါသည်။ 

(၇) သဇင်ပန်း Orchid

သစ်ခွပင်များအုပ်စုတွင်ပါဝင်သော သဇင်ပန်းများတွင် Bulbophyllum ဆိုသောစကားမှာ ဘု၊ အဖုအသီးကိုပြဆိုသော ဂရိစကား (Bulbos-)  နှင့်  အရွက်ကိုပြဆိုသော (-Phyllon)   ဆိုသော ဂရိစကား နှစ်လုံးပေါင်း အဓိပ္ပာယ်ဖြစ်သည်။ ပင်စည်ဖြစ်သောဘုမှ အရွက် ထွက် တတ်သော အပင်ဟူ၍ အဓိပ္ပာယ်ရသည်။ Hirlum ၏ အဓိပ္ပာယ်က အမွေးရှိသည်ဟု ဆိုလိုသည်။

မြန်မာလူမျိုးတို့ အမြတ်တနိုး အဖိုးတတန်ထား၍ တော်ဝင်နတ်ပန်းဟု အသိအမှတ်ပြုကြသော သဇင်ပန်းကို သန့်ပြန့်စင်ကြယ်သော နေရာ၌သာ အပင်ပေါက်တတ် ပွင့်တတ်သောကြောင့် သန့်စင်ပန်းဟူ၍လည်းကောင်း၊ ဒဏ္ဍာရီပုံပြင်များအရ မင်းသမီးကလေးသည် သူ၏နှလုံးသားကိုထုတ်၍ သစ်ပင်ပေါ် တင်လိုက်ရာမှ နှလုံးသားသည်သဇင်ဥဖြစ်၍ ပွင့်လာသောအပွင့်ကို နှလုံးသားမှ သွေးစင်သည်ဟု အယူရှိကာ သွေးစင်ပန်းဟူ၍လည်းကောင်း ခေါ်ကြကြောင်းဖြင့် အဆိုအမျိုမျိုးရှိသည်။

သဇင်ပင်သည် သစ်ခွပင်များနှင့်အတူ ဩခစ်ဒေစီအီးမျိုးရင်း (Family – Orchidaceae) ၌ ပါဝင်သည်။ ရုက္ခဗေဒအမည်အားဖြင့် ဗာလဗိုဖိုင်လမ်ဩရိကိုမမ် (Balphophyllum auricumum) ဟုခေါ်သည်။ ယင်းသည် ဂမုန်းမျိုး (အမျိုးပေါင်း ၇၄-၁၀၉ မျိုးအထိ ရှိနိုင် ပါသည်၊ စိုက်သင့်သောဂမုန်း၊ မစိုက်သင့်သော ဂမုန်း များစွာရှိပါသည်) တွင်အပါအဝင် ဟူ၍လည်း စာဟောင်း ပေဟောင်းများ၌ အဆိုရှိသည် (Wiki)။

သဇင်ပန်းအမျိုးမျိုးတွင် - 

(၇-က) တနိုင်းသဇင် (Bristly Bulbophyllum) Bulbophyllum hirtum Lindl

(၇-ခ) ရခိုင်သဇင် (Royal Bulbophyllum) Bulbophyllum auricomum Lindl

(၇-ဂ) ရှမ်းသဇင် (Mild Bulbophyllum) Bulbophyllum suavissimum Rofe

(၇-ဃ) ဂေါ်သဇင် (Madeira vine) Anredera cordifolia steenis

(၈) မြန်မာအမည်  - (၈-က) ငုပန်း၊ ငုဝါ၊ ငုရွေ

အင်္ဂလိပ်အမည် - Golden Shower Tree/ Indian Laburnumး ရုက္ခဗေဒအမည် - Cassia Fistula L. 

မျိုးကွဲများ - 

(၈-ခ) ငုစပ် (Horse Cassia – Cassia grandis)

(၈-ဂ) ငုသိမ် (Pink Cassia – Cassia javanica L.)

(၈-ဃ) သီဟိုလ် (False siglepod – Senna multijuga)

(၁၃-င) သင်္ဘောငုစပ် (Mexican Lilac – Gliricidia sepium Walsp.)

Cassia ဆိုသောစကား မှာ Kasia ဆိုသောရှေးဂရိစကားမှလာသည်။ Fistula, Fistulus ဆိုလျှင် အလယ်အူတိုင်က အခေါင်းပေါက်ဖြစ်သည်။

ပုံ - ၁ ငုပန်းပင်

(၉) မြန်မာအမည် - ကြက်မောက်ပန်း

အင်္ဂလိပ်အမည် - Silver Cock’s comb/ Wild Cock’s comb

ရုက္ခဗေဒအမည် - Celosia argentea (ကြက်မောက်ဖွား); C.argentea var. cristata (ကြက်မောက်လုံး); Celosia argentea var. spicata (ကြက်မောက်ပြား)

ချုံပုတ်သဏ္ဌာန်ရှိကာ ၂-ပေခန့်မြင့်သည်၊ အရွက်အရောင်မှာ ကြေးနီ/ကြေးဝါ ရောင်ဖြစ်ပြီး အနားမှာ အနီရောင်ကွပ်ထားသည်၊ အပွင့်မှာ သေးငယ်ပြီး ပွင့်ကိုင်းပေါ်တွင် ကြက်မောက် သဏ္ဌာန်ပွင့်ပါသည်၊။

ပုံ - ၂ ကြက်မောက်ပန်း

(၁၀) မြန်မာအမည် - ထပ်တရာပန်း/ ချစ်တီးပန်း/ ကတ္တီပါပန်း/ ဇီနီယာ/ ဒေါင်းဖန်ဝါပန်း

အင်္ဂလိပ်အမည် - French Marigold/ Blood Marigold/ Africa Marigold/Zinnia

ရုက္ခဗေဒအမည် - Tagetes patula/ Tagetes erecta linn

အန္နိယ၊ ပါကစ္စတန် လူမျိုးများ အမြတ်တနိုးတန်ဖိုးထား၍ စိုက်ပျိုးကြကာ အများအားဖြင့် အနံ့မရှိပါ။ Tagetes ဆိုသည်မှာ ဂရိဒဏ္ဏာရီလာ Etrurua နိုင်ငံသားတို့ လယ်ယာ ထွန်ယက်စဉ် မြေတွင်းမှ ရုတ်တရက် ထွက်လာတတ်သည်ဆိုသော Etrusian God ခေါ် နတ်ဘုရားတစ်ပါး အမည်ဖြစ်သည်။

ဒေါင်းဖန်ဝါ/ဇီနီယာ (Zinnia) ပန်းပင်မှာ (၁၈) ရာစု ဂျာမာန်ရုက္ခဗေဒသမား Johann Gottfried Zinn ကို ဂုဏ်ပြုထားသော အမည်ဖြစ်သည်။

ပုံ - ၃ ထပ်တရာပန်း 

(၁၁) မြန်မာအမည် - ငွေပန်း; အင်္ဂလိပ်အမည် - White Ginger Lily

ရုက္ခဗေဒအမည် - Hedychium coronarium Koenig

ငွေပန်းသည် ဗုဒ္ဓသရဏံအပင်မျိုး ကဲ့သို့ စေ့ရွက်ထီး ပင် အမျိုးအစားဖြစ်သည်၊ အရွက်ပြား၍ အမြစ်ဥတက်မှ မျိုးပွါး စိုက်ပျိုးလေ့ရှိသည်။ 

(က) ငွေပန်း (Herdi-Chium Eoronarium)

(ခ) ရွေပန်း (Herdi-Chium Spicatum) ဟူ၍ ခွဲခြားထားပါသည်။ 

ငွေပန်းမှာ အမြင့် ၃-၄ ပေခန့်ရှိ၍ အမြစ်ဥတက်မှ ပင်စည်များပွားထွက်ကာ သားတက်များ ပွားထွက်လေ့ရှိပါသည်၊ အပွင့်အရောင်ဖြူ၍ ရိုးတံထိပ်တွင် တစ်ပင်လျှင် တစ်ပွင့်မှ ဆယ် ပွင့် အထိပွင့်လေ့ရှိပါသည်။

ပုံ - ၄ ငွေပန်း 

(၁၂) မြန်မာအမည် - ရွှေပန်း; အင်္ဂလိပ်အမည် - Yellow Ginger Lily

ရုက္ခဗေဒအမည် - Hedychium flavum Roxb.

 ဆိုသည်မှာ နှစ်လိုဖွယ်ကောင်းသည်ဟူ၍ဆိုလိုသည့်နှင့် နှင်း ဟူ၍ ဆိုလိုသည့် ဆိုသည့် ဂရိစကားလုံး နှစ်ခုပေါင်း ဖြစ်သည်။ နုရွသော နှင်းမုံတို့တွင်ပွင့်သော ပန်းဟူ၍ ဆိုလိုသည်။ ဆိုလျှင် အဝါရောင်ကို ဆိုလိုသည်။ ဟိမဝန္တာဒေသ ဇာတိဖြစ်ပြီး မွေးသည်။ အလှအပနှင့် ယုံကြည်မှုတို့အတွက် ကား၊ အိမ်၊ ဆိုင် စသည်တို့တွင် ချိတ်ဆွဲရန် ဝယ်ယူကြသဖြင့် ဈေးတွင်ရောင်းချရန် အများအပြား စိုက်သောပန်းပင်မျိုး ဖြစ်ပါသည်။ 

ပုံ - ၅ ရွှေပန်း 

(၁၃) မြန်မာအမည် - ဇော်မွှားပန်း; အင်္ဂလိပ်အမည် - Sweet William/Carnation

ရုက္ခဗေဒအမည် - Dianthus barbadus L.

ကမ္ဘာ့ပန်းဈေးကွက်တွင် နှင်းဆီနှင့်ဂန္ဓမာပန်းမှလွဲလျှင် ဇော်မွှားပန်းသည် ထိပ်ဆုံး ၃ နေရာတွင် အရောင်းရဆုံးသောပန်းတစ်မျိုးဖြစ်ပါသည်၊ ဤပန်း၏ ဆွဲဆောင်နိုင်သည့် အရောင်၊ ပုံသဏ္ဌာန်နှင့် အရွယ်အစားကြောင့် ကမ္ဘာတစ်ဝှမ်း ပန်းချစ်သူများ နှစ်သက်လျက်ရှိပါသည်။ 

ဤပန်းအား အဓိက အုပ်စု (၃) ခုခွဲထားပါသည်၊

(က) ပုံမှန်မျိုး (Standard Type/Large) ရိုးတန်တစ်ချောင်းထည်းရှိပြီး ထိပ်တွင် ကြီးမားသော ပန်းတပွင့်မျိုးဖြစ်သည်၊

(ခ) ပဒေသာမျိုး (Spray Type) အနည်းငယ်တိုသော ပန်းခိုင်များတွင် သေးငယ်သော ပန်းများရှိသော အမျိုးအစားဖြစ်ပါသည်။

(ဂ) ပဒေသာမျိုးကွဲ (Dsanthini Type/Dwarf) ပဒေသာမျိုးနှင့်ဆင်သော်လည်း ရှည်လျားသောပင်စည်တွင် သေးငယ်သောအပင်များ များစွာရှိသောမျိုးဖြစ်ပါသည်။ အထွက်နှုန်းကောင်းပါသည်။

ပုံ - ၆ ဇော်မွှားပန်းအမျိုးမျိုး 

(၁၄) မြန်မာအမည် - ဒန်းပန်း; အင်္ဂလိပ်အမည် - Balsam/Common Garden balsam; ရုက္ခဗေဒအမည် - Impatiens balsamina Linn

အမျိုးအစား ၂-မျိုးရှိသည်။

(၁၄-က) Impatiens sultani - ရာသီမျိုး

(၁၄-ခ) Impatiens holsti - နှစ်ရှည်မျိုး ဟူ၍ ဖြစ်ပါသည်။ 

 Impatiens ဆိုသော အဓိပ္ပါယ်က အစေ့အိမ်ကွဲထွက်တတ်သည့် သဘောကိုဆို လိုပါ သည်။ စိတ်ရှည် သီးခံတတ်ခြင်းမရှိသော၊ လက်ဖြင့်ထိကိုင်လိုက်လျှင်ပင် ဒန်းသီးစေ့များ ဖေါက်ကနဲ ကွဲ ထွက်တတ်သည် ဟူ၍ဆိုလိုပါသည်။ ပန်းပွင့်မှာ အရောင်စိုပြီး အလွန်လှ သော်လည်း  ခူး ပြီးသည်နှင့် နွမ်းတတ်သော သဘော သာဖြစ်တတ်သဖြင့် အလှစိုက်/ အိုးစိုက် ပန်းပင်ငယ် (Potted Plant) အဖြစ်သာ အသုံးပြုပါသည်။

ပုံ - ၇ ဒန်းပန်း 

(၁၅) မြန်မာအမည် - မော်လမြိုင်ပန်း/ ရွေဒင်္ဂါးပန်း; အင်္ဂလိပ်အမည် - Cosmos or Mexican Aster;ရုက္ခဗေဒအမည် - Cosmos bipinuatus Cav.; Cosmos sulphureus Cav.

Cosmos  ဆိုသည်မှာ Kosmicos  ဟူသောဂရိစကားမှလာပြီး အာကာသ၊ စကြာဝဠာဟူသော အဓိပ္ပာယ်ရသည်။ 

ပုံ - ၈ မော်လမြိုင်ပန်း/ ရွေဒင်္ဂါးပန်း 

အမျိုးအစား (၃) မျိုးရှိပါသည်။

(က) အရိုင်းမျိုး (Wild Type) ရွေဒင်္ဂါးပန်းမျိုး နှင့်တူပြီး အပွင့်ကားသည်၊ အများအားဖြင့် ခရမ်းရောင်အဖျော့ အပွင့်များ သည်။

(ခ) ရွေဒင်္ဂါးပန်း (Sulphureus) ကိုင်းများမှာ အခြားမျိုးများ ထက်ပိုရှည်ပြီး အဝါရောင် အပွင့်များပါသည်။ 

(ဂ) မော်လမြိုင်ပန်း (Bipinuatus) အပင်ပု အဖြူရောင်အပွင့်များပြီး ဆောင်းရာသီ စိုက်ပျိုးလေ့ရှိပါသည်။ 

ဆက်ပါဦးမည်..

 

(မှီငြမ်းစာအုပ်များ/စာတမ်းများ) References

Larson, R.A. (1992) Introduction to Floriculture. 2nd Ed. AP. 

RVO (2017) Myanmar Flower Sector Quick Scan. Netherlands Enterprise Agency and Netherland Embassy, Yangon. 39p.

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (၂၀၀၀) ဂန္ဓမာ၊ ၈-မျက်နှာ

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (၂၀၀၀) သစ္စာပန်း၊ ၁၄-မျက်နှာ

ကိုရဲ-စိုက်ပျိုးရေး (၂၀၀၉) ပန်းမန်အခြေခံစိုက်ပျိုးနည်း၊ စာပေလောက၊ ၁၃၀-မျက်နှာ

 (ကျေးဇူးတင်လွှာ - ဤဆောင်းပါးအတွက် သိလိုသမျှဖြေကြားပေးပါသော စိုက်ပျိုးရေး တက္ကသိုလ်၊ ဥယျာဉ်သီးနှံပညာ၊ ပါမောက္ခဌာနမှူး ဒေါက်တာခင်သီတာမြင့်၊ ကထိက ဒေါ်အိဟေမာန်၊ ဒေါ်နှင်းနှင်းနွယ် (ဌာနစိတ်တာဝန်ခံ၊ ပန်းမာန် ဌာနစိတ်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန တို့အား ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်)

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်