ပန်းမန်သိပ္ပံနှင့် ပန်းပင်များ စိုက်ပျိုးထုတ်လုပ်ခြင်း (အပိုင်း-၆)

22/10/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (145)  Flower Science/Floriculture (Part-6) 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၄၅) ပန်းမန်သိပ္ပံ နှင့် ပန်းပင်များ စိုက်ပျိုးထုတ်လုပ်ခြင်း (အပိုင်း-၆)

ပန်းမန်များအလှဆင်ခြင်း (Flower Arrangement)

အဓိပ္ပာယ်မှာ ပန်းပွင့်များ (Flowers)၊ ပန်းပွင့်အရွက်များ (Foliages)၊ ပန်းအိုးများ  (Flower Vases)၊ မြေပြင်ပေါက်သော အပင်များ (Plants) ဖြင့် ပုံစံမျိုးစုံ၊ အရောင် ပေါင်းစုံ ပေါင်းစပ်ပေးခြင်း (Texture and Colour Combination)၊ လိုက်ဖက်ညီသော အချိန် ကိုက် တပြိုင်နက်ဖြစ်စေရန် (Harmoneus Appearance)  အနုပညာဖန်တီးမှုတစ်ခု (an Art) ဖြစ်ပါသည်။

(က) စုစည်း၍ အလှဆင်ခြင်း (Mass Arrangement) ဂျပန်ပုံစံ (Ikebana) အတန်းလိုက် အလှဆင်ပုံဖော်ခြင်းဖြစ်ပါသည်။

(ခ) အတန်းလိုက်နှင့်စုစည်းအလှဆင်ခြင်း (Combination of Line and Mass Arrangement) ရေပန်းစား၊ ခေတ်စားသောပုံစံများမှာ အဝိုင်း (Circle)၊ တစ်ဝက်အဝိုင်း (Semi-circle)၊ ဘဲဥပုံ (Oval)၊ အက်စ်ပုံ (S-shaped) စသည်တို့ဖြစ်ပါသည်။

(ဂ) အရွက်များနှင့်ပန်းအလှဆင်ခြင်း (Foliage Arrangement) လှပ၍ဆွဲဆောင်မှုရှိသော အရွက်များ (Attractive Foliages)၊ လှပသောသစ်ကိုင်းများ (Beautuful Branges)  ဖြင့်အလှဆင်သောပုံစံဖြစ်ပါသည်။

(ဃ) အသေးစားပုံစံပန်းအလှဆင်ခြင်း (Miniature Arrangement) ဆေးလိပ်ပြာခွက် (Ash Trays)၊ နုနယ်သိမ်မွေ့သော ပုလင်းငယ်ကလေးများ (Dainty Bottles) ပေါ်တွင် ပန်းပွင့် အသေးကလေးများဖြင့် အလှဆင်ခြင်း ဖြစ်သည်၊ အမြင့်သည် ငါးလက်မထက် မပိုစေရပါ။

(င) ပန်းခြောက်များဖြင့်အလှဆင်ခြင်း (Dry Arrangement) ယာယီအလှဆင်ခြင်းထက် သစ်သားများ (Dry woods)၊ မျိုးစေ့များ (Seeds)၊ သစ်ရွက်ခြောက်များ၊ ပန်းခြောက်များ ဖြင့် အမြဲတန်း (Permanent) အလှဆင်ထားပေးခြင်း ဖြစ်ပါသည်။

(စ) နေရာအရှင်ပုံစံဖြင့်ပန်းအလှဆင်ခြင်း (Floating Arrangement) ပန်းပွင့်ပင်စည်များ ကို တိုတိုဖြတ်၍ ရေကန်ငယ်ပုံစံ ပြုလုပ် ပန်းအလှဆင်ခြင်း ဖြစ်ပါသည်။ 

မြန်မာနိုင်ငံရှိပန်းမန်များ (အဆက်)

(၁၆) မြန်မာအမည် - စိန်ခြယ်ပန်း အင်္ဂလိပ်အမည် - Golden corcopsis

ရုက္ခဗေဒအမည် - Coreopsis tinctorial Nutt; Coreopsis eglliopsis

အမျိုးအစား ၂-မျိုးရှိပါသည်၊

(၁၆-က) C.tinctoria (Eglliopsis) ၂-၃ ပေ အထိမြင့်သော ပင်မြင့်မျိုးဖြစ်ပါသည်၊ ဘောင်နှုတ်ခမ်းသတ် (Boundary) အနေဖြင့် စိုက်ပျိုးရန်သုံးလေ့ရှိပါသည်၊

(၁၆-ခ) C.stillmont (Stellman Coreopsis) ၁-၂ ပေ အထိမြင့်သော အပင်ပုမျိုး (Dwarf Varieties) ဖြစ်သည်။ ထောင့် (Corner) တွင်သုံးရန်၎င်း၊ အကွက်လိုက်ဖြတ်ပန်း အနေဖြင့် ရောင်းချရန် စိုက်ပျိုးလေ့ရှိပါသည်။ 

ပုံ - ၉ စိန်ခြယ်ပန်း 

(၁၇) မြန်မာအမည် - သရက်ထည်ပန်း၊ အင်္ဂလိပ်အမည် - Phlox

ရုက္ခဗေဒအမည် - Phlox drummondii HK

အမျိုးအစား ၄-မျိုးရှိပါသည်။

(၁၇-က) Phlox diffusa (Inutah)  အပင်အမြင့် ၁၅-စင်တီမီတာ ရှိပါသည်၊ နှစ်ရှည်ခံပင် အနေနှင့် အပင်အမြင့် ၁၅-စင်တီမီတာခန့်အထိရှိပြီး ၂-စင်တီမီတာခန့် အပွင့်အဖြူ (သို့) ပန်းရောင်ပွင့်တတ်သည်။

(၁၇-ခ) Phlox drummonnidii (Texas)  တနှစ်ခံအပင်ပု (Annual Phlox) မျိုးဖြစ် ပါသည်။ အပွင့်အရွယ် ၂.၅ စင်တီမီတာခန့်ရှိပြီး အရောင်မျိုးစုံရှိပါသည်၊ ပန်းအိုး၊ ကြိမ်ခြင်း စိုက်ပင်အဖြစ် နာမည်ကြီးပါသည်။

(၁၇-ဂ) Phlox-drum (Sternenyauber) ပန်းပွင့်သည် ကြယ်ပွင့်နှင့်ဆင်တူပြီး အဖြူပန်း တွင်အလယ်အနီရောင် ရှိသည်။

(၁၇-ဃ) Paniculata (Summer Phlox)  နွေတွင်စိုက်ပျိုးရပြီး  နှစ်ရှည်ခံပင်ဖြစ်ပါသည်။

ပုံ - ၁၀ သရက်ထည်ပန်း 

(၁၈) မြန်မာအမည် - ကျိုင်းတုံပန်း; အင်္ဂလိပ်အမည် - Gerbera/Africa Daisy

ရုက္ခဗေဒအမည် - Aretotis spp./ Gerbera spp.

မြေအောင်းပင်စည် (Suckers) မှ ဆက်တိုက်အပင်ပေါက်နိုင်ပြီး အတက်ဖဲ့၍ တစ်ခါစိုက် ထားရုံ ဖြင့် ရှင်သန်ပါသည်၊ ချုံနွယ်၊ မြေကပ်ပင်ဖြစ်ပါသည်၊ ဤပန်း ပင်၏အမည်ကို ဂျာ မာန်ရုက္ခဗေဒပညာရှင် (German Botanist) ၏ Traugott Gerber  အမည်ကို ဂုဏ်ပြု၍ အမည်ပေးပါသည်။ လက်ရှိကမ္ဘာပေါ်တွင်စိုက်ပျိုးနေသော မျိုးမှာ (Gerbera jamesonii) နှင့် တောင်အာဖရိကမျိုး (Gerbera viridifolia) တစ်ခု မျိုးစပ်ထွက်ပေါ် လာသော (Gerbera x Hybrida) မျိုးဖြစ်ပါသည်။

(က) Gerbera imbigua

(ခ) Gerbera aurantiaca

(ဂ) Gerbera elegans (or) Zennia elegans

(ဃ) Gerbera ovata

ပုံ - ၁၁ ကျိုင်းတုံပန်းအမျိုးမျိုး 

(၁၉) ပင့်ကူနီပန်း (Spider Flower – Cleome hassleriana)

မူရင်းဒေသက တောင်အမေရိကတိုက် အာဂျင်တီးနား၊ ပါရာဂွေးနိုင်ငံများဖြစ်သည်။ တနှစ် ခံပင်ဖြစ်ပြီး အပင် ၂-ပေခန့်အထိ ရောက်ရှိနိုင်သည်၊ အရွက်တွေကလှည့်ပတ်ထွက်သည်။

ပုံ - ၁၂ ပင့်ကူနီပန်းအမျိုးမျိုး 

(၂၀) ရွှေတဆုပ်ပန်းပင် (Calendula/  Calendula spp./ Calendula officinalis)

မျိုးစိပ်ပေါင်း ၁၀-၁၅ ခုခန့်ရှိသည်။ ဒေစီမျိုးရင်း (Daisy Family) အောက်တွင်ရှိပြီး တနှစ်ခံနှစ်ရှည်ခံပင်များပါဝင်သည်။

ပုံ - ၁၃ ရွှေတဆုပ်ပန်း 

(၂၁) မညိုးလုံးခရမ်း (Globe amaranth – Gomphrena globose L.)

Gomphrena ဆိုသည်မှာ စို့ကလေး (သို့) ငုတ်ကလေးကိုခေါ်သော ရှေးဂရိစကား Gomphos မှဖြစ်ပေါ်လာသည်။

ပုံ - ၁၄ မညိုးလုံးပန်း 

(၂၂) ဆောင်တော်ကူးပန်း/ဒီဇင်ဘာပန်း/ပြင်သစ်ပန်း (Bridal bouquet/ Bluebird Vine/ Snow Creeper – Porana volubilis Burm.)

Porana  ဆိုသည်ကဟင်ဒူစကားဖြစ်သည်၊ volubilis ဆိုသည်က အနီးအနားရှိ အပင်တို့ကို လိန်ပတ် နေ သော သဘောဖြစ်ပါသည်။

(၂၃) ဂဏန်းလက်မ (Bird of Paradize Flower - Strelitzia reginae)

ခြုံပုတ်သဏ္ဌာန်အပင် (Shrub-size Plant) ဖြစ်ပြီး ၆-ပေလောက်အထိ အမြင့်နဲ့အတူ ခြုံပုတ် သဏ္ဌာန် အကျယ်အဝန်းလည်းရှိနိုင်ပါသည်။ 

 

(၂၄) နွယ်သာကီပန်း/တရုတ်နှင်းဆီ (Oleander/Rose Bay/Asia Minor/Roses of Sharan – Nerium oleandor L.)

 Nerium ဆိုသည်မှာ နွယ်သာကီပန်းကို ခေါ်သော ဂရိစကား ဖြစ်သည်၊ အမျိုးအစားများမှာ

(၂၄-က) N.oleander (Mediteraream)  အပင်အမြင့် ၆-၁၂ ပေခန့်မြင့်ပြီး အရွက်သေးကာ အပွင့်အရောင်နီသည်။

(၂၄-ခ) N.oleander (Album) အဖြူရောင်အပွင့်ကြီးကာ အပူလျှော့ပိုင်း (အပူသမ) တွင် ပိုမို ဖြစ်ထွန်းသည်။

(၂၄-ဂ) N.oleander (Carneum florepleno)   အပူသမပိုင်းတွင်ဖြစ်ထွန်းပြီး ပန်းရောင် ဖြင့် အပွင့်ကြီးသည်၊

(၂၄-ဃ) N.oleander (Roseum) ပန်းရောင်ဘဲဖြစ်ပြီး တစ်ပွင့်ခြင်းသာပွင့်သည်။

(၂၄-င) N.oleander (Variegatum)  အရွက်သေးပြီး ရွက်ပြားကျဉ်းကာ ညိုစိမ်းရောင် အရွက်နှင့် အပင်က အဖြူညစ်ရောင်ရှိသည်။

(၂၅) ပုန်းညက်ပန်း (Alexandrian Laurel – Calophyllum inophyllum L. )

Calophyllum ဆိုသည်မှာ ပြောင်လက်လှပသည်ဟူ၍ဆိုလိုသော ဂရိစကား Kalos  နှင့် အရွက်ဟူ၍ ဆိုလိုသော Phyllon  တို့၏ပေါင်းစပ်စကားဖြစ်သည်၊ အဓိပ္ပါယ်မှာ ရွက်ကြောမျှင်များဖြင့် လှပသည့် အရွက်ရှိအပင်ဟူ၍ ဆိုလိုပါသည်။ 

(၂၆) ပုဏ္ဏရိတ်ပန်း (Ixora/Corch Wood/Hedge Plant – Ixora collinear/I.arborca)

Ixora ဆိုသောစကားမှာ အိန္ဒိယ အနောက်တောင်ပိုင်း မာလဘာကမ်းခြေဒေသမှ အရှင် သခင် ကိုဆိုလိုသည်၊ ကိုင်းမာ၊ ခြုံပုတ်ဆန်ပင်ဖြစ်သည်၊ ကိုင်းဖြတ်ပေးသည့်အခါ ပင်ရိုးများ ကြပ်ပြွတ်လျှက် သိတ်သည်းစွာပေါက်ရောက်တတ် သဖြင့် ခြံစည်းရိုး အကာအရံ အနေနှင့် စိုက်လေ့ရှိပါသည်။

(ခ) သမပိုင်းဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသော ပန်းမန်များ - 

(ခ-၁) လီလီပန်း (Lily Flower – Lilium candidum)

လီလီပန်းပင်မျိုးသည် အပင်မျိုးရင်းအကြီး ဆုံးတွင် တစ်ခုအပါအဝင်ဖြစ်သည့်ပြင် ခြံ ဥယျာဉ်များတွင် အလှစိုက်ပျိုးရာ၌လူကြိုက်များသော အပင်မျိုးတစ်ခုဖြစ်သည်။ လီလီ ပန်း များသည် မကြီးလွန်း၊ မငယ်လွန်း အနေတော်အရွယ်ရှိ၍ အလွန်လှပသည့်ပြင် အနံ့ လည်းမွှေးကြိုင်သောကြောင့် အလွန် တန်ဖိုးထားကြသည်။ လီလီပန်းပင်မျိုး၏ မူလ ပေါက် ရာဒေသမှာ မြောက်သမပိုင်းဒေသများဖြစ်သည်။ လီလီပန်းပင်သည်လီလီအေစီအီး မျိုးရင်းတွင် လီလီယမ်မျိုးစု၌ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ ပန်းမျိုးစုကိုလိုက်၍ အမျိုးမျိုးခေါ်ကြသည်။ လီလီပန်းမျိုးရင်းတွင်မျိုးစုပေါင်း ၂ဝဝကျော်မျှ ရှိပြီးလျှင် မျိုးစိတ် ပေါင်း ၂ဝဝဝ ခန့်ရှိလေသည်။ တရုတ်နိုင်ငံတွင် မူလဖြစ်ထွန်းသော ကျားလီလီပန်း၏ ရုက္ခဗေဒ အမည်မှာ လီလီယမ် တိက်ဂရီနမ်ဖြစ်၍ ဥရောပတိုက်က တောင်ပိုင်းနှင့် ဗြိတိသျှကျွန်းတွင် အလေ့ကျ ပေါက်သော မဒေါနား လီလီပန်း၏ ရုက္ခဗေဒအမည်မှာ (Lilium camdidum) လီလီယမ် ကန်ဒီဒမ်စသည် ဖြစ်သည်။ ထို့ပြင် တရုတ် လီလီ ပန်း၊ဂျပန်လီလီပန်းများလည်းရှိကြသည်။ လီလီပန်းပင်မျိုးတွင် ကညွှတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ထန်းကြက်သွန်ပင်မျိုးများ ပါဝင်ကြသည်။ လီလီပန်းပင်များသည် အမြင့် နှစ်ပေမှ ငါးပေအထိရှိကြသည်။ လီလီပန် အမျိုးစုတွင် ပါဝင်သော လီလီပန်းပင် အစစ် များ သည် ပင်စည်မတ်၍ အရွက်များမှာ သေးသွယ်ရှည်လျားပြီးလျှင် အညှာမရှိဘဲ ပင်စည် တွင်ကပ်၍ ရွက်လွှဲဖြစ်စေ၊ ပင်စည်တစ်ဝိုက်ပတ်၍ဖြစ်စေ ထွက်ကြသည်။

ပင်စည်၏ ထိပ်တွင်မှထင်ရှားပေါ်လွင်သော ခေါင်းလောင်းပုံသဏ္ဌာန် အပွင့်များ ပွင့်ကြသည်။ အပွင့်တစ်ပွင့်တွင် ပွင့်ဖတ်ခြောက်ခု ကွဲ၍နေသည့်ပြင် ထိုပွင့်ဖတ်များသည် ဝတ်ဆံဖို ခြောက်ခုနှင့် အသီးခွံတစ်ခုကို ဝိုင်းလျက်ရှိနေလေသည်။ ပန်းပွင့်တစ်ပွင့်တွင် ပွင့်ချပ်နှစ်ခုသာ ရှိသော်လည်း ပွင့်ချပ် တစ်ခုလျှင် ပွင့်ဖတ်သုံးခု တွဲနေသဖြင့် ရုတ်တရက်ကြည့်လျှင် ပွင့်ချပ် ခြောက်ခုရှိသကဲ့သို့ထင်ရသည် (Wikipedia)။

(ခ-၂) ကျူလစ်ပန်း (Tulip – Tulipa spp.)

ကျူးလစ်များသည် နွေဦးရာသီတွင် နှစ်ရှည် ပင် ပွင့်နေသော အပင် မျိုးဥများဖြစ် သော Tulipa မျိုးစု ရှိ ဘူမိဖိုက်များ ဖြစ်သည် ။ ၎င်းတို့၏ ပန်းများသည် အများအားဖြင့် ကြီးမားပြီး တောက်ပသောအရောင်ရှိပြီး ယေဘုယျအားဖြင့် အနီရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်၊ အဝါရောင် သို့မဟုတ် အဖြူရောင်ဖြစ်သည်။ ၎င်းတို့သည် tepals ၏အောက်ခြေတွင် ၊ အတွင်းပိုင်း ၌ကွဲ ပြား သောအရောင်အစက် များရှိသည်။ လူဦးရေအတွင်း အတိုင်းအတာတစ်ခုအထိ ကွဲပြားမှု နှင့် စိုက်ပျိုးမှု သမိုင်း ကြောင်း ရှည်လျားမှုကြောင့် အမျိုးအစားခွဲခြားခြင်းမှာ ရှုပ်ထွေးပြီး အငြင်းပွား ဖွယ်ရာ ဖြစ်သည်။ ကျူးလစ်သည် လီလီ နွယ် ဝင် ၊ Liliaceae,  နှင့် အခြားမျိုးစိတ် ၁၄ မျိုးနှင့် အတူ Lilieae အနွယ်ရှိ Amana ၊ Erythronium နှင့် Gagea တို့နှင့် အနီးစပ်ဆုံး ဆက်စပ်နေသည် ။

 

(ခ-၃) ဒေလီယာပန်း (Dahlia – Dahlia pinnata)

သမပိုင်းစိုက်ပျိုးသော အပင်ဆိုသော်လည်း အပူပိုင်းမှာ စိုက်ပျိုးနိုင်သော မျိုးများလည်း ရှိပါသည်၊ ဤပန်းသည် မက္ကဆီကို နှင့် အမေရိကတိုက် အလယ်ပိုင်းဒေသများ၌ ပေါက် ရောက်သည့် နှစ်ရှည်ပင်များဖြစ်သော Asteraceae ဟုခေါ်သည့် ချုံနွယ်ပိတ် ပေါင်းအပင် မျိုးနွယ်ဝင်ဖြစ်ပြီး ၎င်း၏အခြားမျိုးနွယ်ဝင်များမှာ နေကြာ၊ ဒေစီ၊ ဂန္ဓာမာနှင့် ဇင်းနီးယား တို့ပါဝင်သည်။ ဒေလီယာ မျိုးစိတ်ပေါင်း (၄၂)မျိုးရှိပြီး ဥယျာဉ်အပင်များအဖြစ် စိုက်ပျိုး လေ့ရှိသည်။ ပန်းပွင့်ပုံစံများသည် ကွဲပြားပြီး ပင်စည်တစ်ခုလျှင် ဦးခေါင်းတစ်ခုပါဝင်ပြီး အရွယ်အစားမှာ ၂ လက်မ (၅ စင်တီမီတာ)လောက်အထိ သေးငယ်နိုင်သည်။ ၎င်းတို့တွင် homologous ခရိုမိုဆုမ်း ရှစ်စုံရှိသော်လည်း အပင်အများစုတွင် နှစ်ခုသာရှိသည်။

ပင်စည်များတွင် အမြင့် ၁၂ လက်မ (၃၀ စင်တီမီတာ)မှ ၆–၈ ပေ (၁.၈–၂.၄ မီတာ)ထိ အရွက်များရှိလေ့ရှိသည်။ မျိုးစိတ်အများစုမှာ ရနံ့ရှိသော ပန်းပွင့်များကို ထုတ်လုပ် နိုင်စွမ်းမရှိကြပေ။ ဝတ်မှုန်ကူးသော အင်းဆက်ပိုးမွှားများကို ရနံ့မှတဆင့် မဆွဲဆောင် နိုင်သော အပင်အများစုကဲ့သို့ပင် ပန်းပွင့်များတွင် အပြာရောင်မှလွဲ၍ အရောင်အများစုကို တောက်ပသောအရောင်ဖြင့် ဖွဲ့စည်းခြယ်သထားသည်။

၁၉၆၃ ခုနှစ်တွင် ဒေလီယာကို မက္ကဆီကိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် သင်္ကေတပန်း အဖြစ် သတ်မှတ်ခဲ့သည်။

ပန်းပင်များသိပ္ပံပညာ (Flower Science) ကိုနောင်အခွင့်သာမှဆက်ရေးပါဦးမည်။

တစ်ခြားဘာသာရပ်များအကြောင်းဆက်ရေးပါဦးမည်...

 

(မှီငြမ်းစာအုပ်များ/စာတမ်းများ) References

Larson, R.A. (1992) Introduction to Floriculture. 2nd Ed. AP. 

RVO (2017) Myanmar Flower Sector Quick Scan. Netherlands Enterprise Agency and Netherland Embassy, Yangon. 39p.

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (၂၀၀၀) ပန်းများကို စနစ်တကျခူးဆွတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ နှင့် ပန်းများ အချိန်ကိုက်ပွင့်ရန် စိုက်ပျိုးနည်း စနစ်များ၊ ၂၀-မျက်နှာ

ကိုရဲ-စိုက်ပျိုးရေး (၂၀၀၉) ပန်းမန်အခြေခံစိုက်ပျိုးနည်း၊ စာပေလောက၊ ၁၃၀-မျက်နှာ

(ကျေးဇူးတင်လွှာ - ဤဆောင်းပါးအတွက် သိလိုသမျှဖြေကြားပေးပါသော စိုက်ပျိုးရေး တက္ကသိုလ်၊ ဥယျာဉ်သီးနှံပညာ၊ ပါမောက္ခဌာနမှူး ဒေါက်တာခင်သီတာမြင့်၊ ကထိက ဒေါ်အိဟေမာန်၊ ဒေါ်နှင်းနှင်းနွယ် (ဌာနစိတ်တာဝန်ခံ၊ ပန်းမာန် ဌာနစိတ်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန တို့အား ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင် အပ်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်