၁၉၈၆ ခုနှစ်ဝန်းကျင်က ကျွန်တော် မဟာစိုက်ပျိုးရေးပညာ သင်ကြားခဲ့သော ဩစတေလျနိုင်ငံကိုခေတ္တရောက်ရှိစဉ် စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် အထွေထွေအတွေးတစ်စကို ဆက်လက်ဆွေးနွေးပါရစေ။
ဩစတေလျက စိုက်ပျိုး၊ မွေးမြူရေးမှာ ထိပ်တန်းရောက်နေပြီး စိုက်ပျိုးမွေးမြူရေး ထွက်ကုန် များစွာ နိုင်ငံတကာတင်ပို့လျက်ရှိနေပါသည်။
ဩစတေလျနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးပို့ကုန်များ ထိပ်တန်းရောက်နေရခြင်းအကြောင်းအချက်များ (Why Australia Excels in Agricultural Exports)
(က) စက်မှုလယ်ယာစနစ်ကိုကွင်းကျယ်စနစ်တွင်အသုံးပြုနိုင်ခြင်း (Large Scale, Mechanized Farming) စိုက်ပျိုးမွေးမြူရေးအတွက်မြေဧရိယာကျယ်ပြန့်လွန်း၍ စက်မှုလယ်ယာစနစ်ကို စနစ်ကျစွာဆောင်ရွက်နိုင်ပါသည်။ ခေတ်မီလယ်ယာသုံး စက်ပစ္စည်းများ (Advanced Farm Machinery) နှင့် တိကျသောစိုက်ပျိုးမွေးမြူရေး (Precision Agriculture) ကို အသုံးပြု၍ လယ်ယာ ထုတ်လုပ်မှု တိုးတက်ကာ နိုင်ငံတကာသို့ ပိုမိုပို့ဆောင်နိုင်ပါသည်။
(ခ) အားကောင်းသောဇီဝလုံခြုံမှုနှင့်အရည်အသွေးထိမ်းချုပ်မှုရှိခြင်း (Strong Biosecurity and Quality Control) စည်းကမ်း တင်းကျပ်သော စည်းမျဉ်းများ (Strict Regulations) က လုံခြုံစိတ်ချ (Safe)၊ သန့်ရှင်း (Clean)၊ အရည်အသွေး မြင့်မားသောထုတ်ကုန်များ (Quality Produce) ရရှိစေပါသည်၊
(ဂ) နိုင်ငံ၏ကွဲပြားသောရာသီဥတုများစွာရှိခြင်း (Climate Diversity) ဩစတေလျနိုင်ငံ၊ ပြည်နယ် အားလုံးရှိ ကွဲပြားခြားနားသောရာသီဥတုကြောင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန် (A wide range of Agricultural Products) များစွာ ထုတ်လုပ်နိုင်ပါသည်။ ဥပမာ - ဩစတေလျတစ်နိုင်ငံလုံး လွင်ပြင်ရာသီတွင်စိုက်ပျိုးသောဂျုံများမှစ၍ သမပိုင်းတွင်စိုက်ပျိုးနိုင်သော စပျစ်သီးများအထိရှိပါသည်၊
(ဃ) ကောင်းမွန်ဆန်းသစ်သောစိုက်ပျိုးမွေးမြူရေးဆိုင်ရာသုတေသနနှင့်တီထွင်မှု များစွာဆောင်ရွက်ပေးနိုင်ခြင်း (Excellent Agricultural Research and Innovation) နိုင်ငံတော်ဖက်ဒရယ်သုတေသနဌာန - စီအက်အိုင်အာအို (CSIRO – Commnwealth Scientific and Industrial Research Organization) နှင့် ကမ္ဘာကျော် စိုက်ပျိုးမွေးမြူရေးဆိုင်ရာသုတေသနတက္ကသိုလ်များ (World-class Research Universities offering Agriculture) ရှိပေးနေခြင်းက စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ ကမ္ဘာ့ထိပ်တန်းရောက်နေခြင်း အချက်တစ်ခုဖြစ်ပါသည်၊
(င) ထုတ်ကုန်များနိုင်ငံတကာပို့နိုင်သော အခြေခံအဆောက်အဦများစွာရှိခြင်း (Export-Oriented Infrastructure) ခေတ်မီပင်လယ်ဆိပ်ကမ်းများ (Modern Ports) ခေတ်မှီသယ်ယူပို့ဆောင်ရေးစနစ်များ (Rapid Transport Systems)၊ အာရှပစိဖိတ် နိုင်ငံများနှင့် ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက် (Trade Agreement with Asia-Pacific Countries) များစွာရှိနေခြင်းကလည်း အားသာချက်တစ်ခုဖြစ်နေ ပါသည်၊
(စ) အစိုးရပံ့ပိုးမှုများစွာရရှိခြင်း (Huge Government Support) အစိုးရကုန်သွယ်ရေး ဌာန (AusTrade)၊ ဩစတေလျှ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဦးစီးဌာန (DAFF – Department of Agriculture, Forestry and Fisheries) ကဲ့သို့သော အစိုးရ လုပ်ငန်းများမှ တောင်သူများ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ဈေးကောင်းရစေ ရန် မူဝါဒ (Policy)၊ ထောက်ပံငွေ (Subsidies)၊ ကုန်သွယ်ရေးဆိုင်ကြော်ငြာများ (Trade Promotion) အားကောင်းခြင်း စသည့် သက်သာချောင်ချိမှု များစွာ ဆောင်ရွက်ပေးခြင်းကလည်း ကမ္ဘာ့စိုက်ပျိုးမွေးမြူရေးထိပ်တန်းနိုင်ငံတစ်ခုဖြစ်နေသည်ကို တွေ့ရှိရပါသည်။
ဩစတေလျနိုင်ငံ စိုက်ပျိုး၊ မွေးမြူရေးပို့ကုန်အနည်းအများအလိုက် ဆွေးနွေးရလျှင်
(၁) ဂျုံ (Wheat)
ဩစတေလျနိုင်ငံ၏ သီးနှံထွက်ကုန် အများဆုံးပို့နေရသော ထိပ်တန်းပို့ကုန် တစ်ခု ဖြစ်ပါသည်၊ ၂၀၂၄-ခုနှစ်စာရင်းဇယားများ အရ ကမ္ဘာ့ဂျုံနှင့်ဂျုံထွက် ပစ္စည်းများ တင်ပို့မှုမှာ -
ဇယား - ၁ ကမ္ဘာ့ဂျုံတင်ပို့မှုထိပ်တန်းနိုင်ငံ ၅ နိုင်ငံ
ဩစတေလျက ဂျုံတင်ပို့နိုင်ရခြင်း အကြောင်းရင်းများက -
(၁-က) ဂျုံထုတ်လုပ်မှုအလွန်ပိုနေခြင်း (Surplus Wheat Production) မိမိလက်ရှိ လူဦးရေ ၂၇.၈-သန်း (၂၀၂၅) သုံးစွဲနိုင်မှုထက်ပိုမိုထုတ်လုပ်နိုင်ပါသည်၊ နှစ်စဉ်ဂျုံမှုန့် တန်ချိန် သန်းပေါင်း ၂၅-၃၅ သန်းတန် ထုတ်လုပ်ရာ စုစုပေါင်းထုတ်လုပ်မှု၏ ၆၀-၇၀ ရာခိုင်နှုန်း ကို နိုင်ငံတကာ သို့တင်ပို့ပါသည်။
(၁-ခ) ဩစတေလျနိုင်ငံ၏ အနေအထားက ပထဝီသဘောအရ မဟာဗျုဟာမြောက် နေရာတွင်ရှိနေခြင်း (Strategic Trade Location) တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှားစသည့် ဂျုံစားသုံး/တင်ပို့မှုများ သောနိုင်ငံများမှာ ဩစတေလျနိုင်ငံအနီးတွင်ရှိသဖြင့် သင်္ဘောတင် (Shipping)၊ ထောက်ပံ့ ပို့ဆောင်ရေး (Logistics) အစစအရာရာ အဆင်ပြေနေပါသည်။
(၁-ဂ) ကမ္ဘာ့ ဂျုံလိုအပ်ချက် အလွန်ကြီးမားနေခြင်း (Strong Global Demand) ကမ္ဘာ့လူဦးရေ သန်းပေါင်း များစွာ စားသုံးနေသော ပေါင်မုန့် (Bread)၊ စပါဂီတီ (Sphaghetti)၊ ပတ်စတာ (Pasta)၊ ခေါက်ဆွဲ (Noodle)၊ နံပြား (Naan)၊ ဂျပါတီ (Chapati)၊ အစရှိသည်တို့ ပြုလုပ်ရန်အတွက် အရသာရှိ (Good Taste)၊ အရည် အသွေးကောင်း (Good Quality)၊ ပရိုတင်းပါဝင်မှုများ (High Protein) လှသော ဂျုံသည် ကမ္ဘာ့ အရေးပါမှုအများဆုံး သီးနှံ၊ ထုတ်ကုန် ဖြစ်နေပါသည်။
(၁-ဃ) စီးပွားရေးအရ အရေးပါမှုရှိနေခြင်း (Economic Importance) ဂျုံသည် ဩစတေလျတိုက်၏ အရေးအပါဆုံးနှံစားသီးနှံ (Largest Cereal Export Crop) ဖြစ်နေ၍ ပြည်တွင်းသုံးနှင့်နိုင်ငံခြားငွေ ဘီလီယံပေါင်းများစွာ ရှာဖွေပေးနိုင်သော သီးနှံဖြစ်နေပါသည်။
၂၀၂၃-စာရင်းဇယားအရ ဩစတေလျနိုင်ငံ တစ်ခုလုံး စုစုပေါင်းမြေဧရိယာ၏ ၅၁-ရာခိုင်နှုန်း (၄၂၆,၀၀၀,၀၀၀ ဟက်တာ) စိုက်ပျိုးနေရာ ဟက်တာသန်းပေါင်း ၃၇၀ (စိုက်ဧရိယာ စုစုပေါင်း၏ ၈၇%) ကို ကျွဲနွားမွေးမြူရေးအတွက် လွှတ်ကျောင်းမြေ (Grazing Land) အသုံးပြု နေပါသည်။ ကျန်သီးနှံစိုက်ဧရိယာ ၁၃% တွင် ဂျုံစိုက် ပျိုးမှုက ၂၀၂၄-၂၅ စိုက်ပျိုးရာသီတွင် ဟက်တာသန်းပေါင်း ၁၃.၆ (၁၃,၀၆၀,၀၀၀ ဟက်တာ - ဇယား-၁) ရှိပါသည်။
ပုံ - ၁ ဩစတေလျ ဂျုံစိုက်ပျိုးနေသောပြည်နယ်များ
ထိုစိုက်ဧရိယာများမှ ဂျုံမှုန့်သန်းပေါင်း ၃၄.၀၆ တန် (၃၄,၀၆၀,၀၀၀ တန်) ထုတ် လုပ်နိုင်ရန်ခန့်မှန်းထားပါသည်၊
နှစ်စဉ်ဂျုံစိုက်ဧရိယာတိုးတက်လာရခြင်း အကြောင်းရင်းများ
(၁-င) ဂျုံအတွက်သင့်တော်သောရာသီဥတုရှိနေခြင်း (Favourable Seasonal Condition) ဂျုံလိုအပ်သောမိုးရေချိန်ထက်ပိုမိုရရှိခြင်း (Above-average rainfall)၊ စိုက်ချိန်တွင်ကောင်းမွန်သော မြေတွင်းအစိုဓာတ် (High Soil Moisture Levels)၊ ရှိနေခြင်းကြောင့် နိုင်ငံ၏ရှေ့ပိုင်းလွင်ပြင်များ စိုက်ပျိုးမြေတိုးတက်လာခြင်း
(၁-စ) ဈေးကွက်လိုအပ်ချက်မြင့်မားနေခြင်း (Market Demand) တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အင်ဒိုနီးရှားစသည့် အိမ်နီးခြင်းနိုင်ငံများ၏ ဂျုံမှုန့် လိုအပ်ချက်က ဩစတေလျ တောင်သူများကို ဂျုံများပိုမိုစိုက်ပျိုးစေရန် တွန်းအားပေး နေပါသည်။
(၁-ဆ) စိုက်ပျိုးနည်းပညာ အဆင့်မြင့်မားမှု (Agricultural Technological Advancement) တိကျသောစိုက်ပျိုးရေးနည်းပညာ (Precision Agriculture) နှင့် နှစ်စဉ်မျိုးမွေးမြူမှုမှရရှိသော ဂျုံမျိုးသစ်မျိုးကောင်းများ (Improved Wheat Varieites) က ဂျုံစိုက်တောင်သူများ အတွက်ခွန်အားသဖွယ်ဖြစ်နေစေပါသည်။
ဇယား - ၁ ၂၀၂၄-၂၅ ခုနှစ် ဩစတေလျနိုင်ငံ သီးနှံအမျိုးမျိုးစိုက်ဧရိယာ
ဂျုံစိုက်ပျိုးထုတ်လုပ်ရေး သင်ကြား၊ သုတေသနပြုလုပ်နေသောတက္ကသိုလ်များ
(က) ဆစ်ဒနီတက္ကသိုလ် (University of Sydney) အဓိကသင်ကြားသုတေသန ဧရိယာများမှာ ဂျုံဇီဝကမ္မဗေဒ (Wheat Physiology)၊ ဂျုံအထွက်အများဆုံး ရရှိနိုင်သော စွမ်းရည်များ (Yield Potentials)၊ ရာသီဥတု နှင့် အခြားအချက်များဖျက်ဆီးမှု (Stress Resilience) ကိုကြံ့ကြံ့ခံနိုင်ခြင်း ကို အဓိကထား ဆောင်ရွက်နေပါသည်။ ဩစတေလျအပင်ဖီနုန်းဆိုင်ရာသုတေသနဌာန (Australian Plant Phenomics Facility) နှင့် နှံစားသီးနှံသုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်း (GRDC – Grain Research and Development Corporation) တို့နှင့်ပူးတွဲလုပ်ဆောင်နေပါသည်။
(ခ) ကွင်းစလန်တက္ကသိုလ် (UQ – University of Queensland) အဓိကသင်ကြား သုတေသန ဧရိယာများမှာ ဂျုံမော်လီကျူလာနည်းဖြင့်မွေးမြူခြင်း (Wheat Molecular Breeding)၊ ဂျုံပင်မှ နိုက်ထရိုဂျင်အသုံးပြုနိုင်စွမ်းရည် (Nitrogen Use Efficiency)၊ ဂျုံသံချေးရောဂါခံနိုင်ရည်ရှိသောဂျုံမျိုးများမွေးမြူခြင်း (Wheat Rust Resistance and Disease Genetics) စသည်တို့ကို အဓိကထား ဆောင်ရွက်နေ ပါသည်။ ကွင်းစလန်စိုက်ပျိုးမွေးမြူရေးနှင့်အစားအစာတီထွင်မှုမဟာမိတ်ဌာန (UQ QAAFI – Queensland Alliance for Agriculture and Food Innovation)၊ ဂတ်တန် သုတေသနဌာန (Gatton Research Station) တို့နှင့် ပူးတွဲဆောင်ရွက်နေပါသည်။
(ဂ) ဝိတ်နယ်မြေ၊ အဲဒီလိတ်တက္ကသိုလ် (Waite Campus – University of Adelaide) အဓိကသင်ကြား သုတေသန ဧရိယာများမှာ ဂျုံစိုက်ပျိုးရာတွင်မိုးခေါင်ဒဏ် ခံနိုင်မှုနှင့် အပူဒဏ်ခံနိုင်မှု (Drought and Heat Resistance on Wheat)၊ မြေ နှင့်အပင်ဆက်စပ်မှုနှင့်အနဲလိုအဟာရဓာတ်များ (Soil-Plant Interaction and Micronutrient Use)၊ ဂျုံကြိတ်ခွဲရာနှင့်မုန့်ဖုတ်ခြင်း အရည်အသွေးများ (Wheat Quality Traits e.g. Baking and Milling) ဖြစ်ပြီး ဩစတေလျအပင်ဂျီနှုန်းဆိုင်ရာ သုတေသနဌာန (Australian Centre for Plant Functional Genomics)၊ GRDC, CSIRO တို့နှင့် ပူးတွဲဆောင်ရွက်နေပါသည်။
(ဃ) မာဒေါ့တက္ကသိုလ် (Murdoch University) အဓိကသင်ကြား သုတေသန ဧရိယာများမှာ မိုးကောင်းသောက်ကွင်းများမှာ ရေရှည်တည်တံ့ခိုင်မြဲသော ဂျုံစိုက်ပျိုးထုတ် လုပ်ခြင်း (Sustainable Wheat Production in Dryland Farming)၊ ဂျုံပေါင်းနှင့် ပိုးမွားရောဂါ ခံနိုင်ရည်ရှိမှု (Weed and Pest Resistance Management) ဂျုံရောင်း ဝယ်ရေးကွင်းဆက်များနှင့်စိုက်ပျိုးစီးပွားရေး (Agribusiness and Supply Chain for Wheat) တို့ဖြစ်ပါသည်။
(င) ချားစတူးဝတ်တက္ကသိုလ် (Charles Stuart University) အဓိကသင်ကြား သုတေသနဧရိယာများမှာ နယူးဆောက်ဝေးလ်ပြည်နယ်မှာ မိုးကောင်းအခြောက်စိုက် ဂျုံသီးနှံစိုက်ပျိုးရေး (Dryland Wheat Agronomy in Reginal NSW)၊ မြေဆီလွှာ ထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲမှု (Soil Management and Conservation Practices)၊ ဂျုံသီးနှံတိကျသော စိုက်ပျိုးနည်းစနစ်များ (Precision Agriculture for Wheat Systems) စသည်တို့ကိုဆောင်ရွက်နေပါသည်။
(စ) လာထရုတက္ကသိုလ် (La Trobe University) အဓိကသင်ကြား သုတေသန ဧရိယာများမှာ ဂျုံပင်နှင့် အနုဇီဝဆက်စပ်မှုများ (Plant Microbe Interactions in Wheat)၊ ဖျူစေရီယမ်မှိုရောဂါဒဏ်ခံနိုင်ရှိသော ဂျုံမျိုးများ မွေးမြူရေး (Breeding for Wheat Fusarium Disease Resistance) စသည်တို့ကို အပြည်ပြည်ဆိုင်ရာ စိုက်ပျိုး ရေးနှင့်ဇီဝသိပ္ပံသုတေသနဌာန (CABI – Centre for Agriculture and Bioscience International) နှင့်ပူးတွဲ သုတေသနပြုဆောင်ရွက်ပါသည်။
သုတေသနမှတ်တမ်းများ အရ ဩစတေလျနိုင်ငံတစ်ခုလုံးတွင် သုတေသနနှင့် နည်း ပညာရှင် ပေါင်း ၂၃၅,၀၀၀-ကျော် ရှိသည်ဟုတွေ့ရှိရပါသည်၊ (https://scienceandtechnologyaustralia.org.au)
ဇယား - ၂ ၂၀၂၄-၂၅ ခုနှစ် ဩစတေလျနိုင်ငံ သီးနှံအမျိုးမျိုးစိုက်ဧရိယာ
*GDP–Gross Domestic Product% (ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု၏ရာခိုင်နှုန်း)
ကျွန်တော်၏အတွေးစကတော့
ဂျုံသည်ဩစတေလျနိုင်ငံသူ၊ နိုင်ငံသားများ အသက်သွေးကြောမို့ ဩစ တေလျနိုင်ငံတွင် စိုက်ပျိုးရေးပညာသင်ကြား/သုတေသနပြုနေသော တက္ကသိုလ်များ စွာ ရှိသည့်အထဲကတက္ကသိုလ် ၆-ကျောင်းနှင့်သုတေသနဌာနအချို့ ကတာဝန်ယူပြီး မိမိတာဝန်ကျရာ ခေါင်းစဉ်အလိုက် သုတေသနပြုပြီး ဂျုံသီးနှံဖွံ့ဖြိုး တိုးတက်ရေး အားစိုက်ခွန်စိုက် နှစ်စဉ်ပြုလုပ်နေသည်ကို အားကျမိပါသည်။
ကျွန်တော်တို့ နိုင်ငံအတွက်ကတော့ ဆန်စပါး (Rice/Paddy) သည် နိုင်ငံသူ၊ နိုင်ငံ သားများ အသက် သွေးကြော ဖြစ်သည်ကို အားလုံးသိပြီးဖြစ်ပါသည်၊ သို့သော် အခြား နိုင်ငံများနှင့်ယှဉ်လျှင် သုတေသနပြုလုပ်စရာ တက္ကသိုလ်မှာ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် တစ်ကျောင်းတည်းဖြစ်၍ သူများနိုင်ငံတိုးတက်မှုကို အတုယူပြီး ထပ်မံဖွင့်လှစ်မည်ဖြစ်သော စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်/မဟာဌာနများနှင့်အတူ အစိုးရ (စိုက်ပျိုးရေး သုတေသနဦးစီးဌာန - DAR၊ စိုက်ပျိုးရေးဦးစီးဌာန - DoA) တို့ပါ ပါဝင် ကာ ပုဂ္ဂလိက၊ နိုင်ငံတကာသုတေသနဌာနများနှင့် ပူးပေါင်းပြီး ယခုထက်ပိုသင်ကြား၊ သုတေသန ပြုလုပ်သင့်ပါသည်၊ စပါးသိပ္ပံပညာရှင်များ (Rice Scientists) အပြင် အ ခြားသီးနှံပညာရှင် များစွာလည်းလိုအပ်ပါသေးကြောင်း ထင်မြင်မိပါသည်။
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
DAFF (2024) Snapshot of Australian Agriculture 2025. Government of Australia. 15p.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
