ခရီးသွားအတွေ့အကြုံများမှ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့်ဆက်စပ်ဘာသာရပ်များအတွက် အတွေးတစ်စ (အပိုင်း-၃)

20/05/2025 12:24 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

ဩစတေလျက စိုက်ပျိုး၊ မွေးမြူရေးမှာ ထိပ်တန်းရောက်နေပြီး စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များစွာ နိုင်ငံတကာတင်ပို့လျက်ရှိနေပါသည်။ ဒုတိယနိုင်ငံခြားဝင်ငွေရရှိသော စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်မှာ အသား (Meat) ဖြစ်ပါသည်၊

(၂) အသားထုတ်လုပ်ငန်း (Meat Industry)

ဩစတေလျအသားထုတ်လုပ်ငန်းအကြောင်းချုံငုံသုံးသပ်ချက် (Overview of Australian Meat Industry)

ထုတ်လုပ်သောအသားများ -

(၂-က) အမဲသား (Beef) ကမ္ဘာ့အမဲသားထုတ်ကုန်အများဆုံး ၃-နိုင်ငံထဲတွင်ပါဝင်ပါသည်။ 

(၂-ခ) သိုးသား (Lamb and Mutton) နိုင်ငံတကာတွင် အကောင်းဆုံးသိုးသား (Premium Quality) အနေနှင့် နာမည်ကြီးသည်။

(၂-ဂ) ဆိတ်သား (Goat Meat)

(၂-ဃ) ဝက်သား (Pork)

(၂-င) ကြက်သား၊ ဘဲသား (Poultry – Chicken, Duck, etc.) တို့ပါဝင်ပါသည်။

ဇယား - ၁ ကမ္ဘာ့အသားတင်ပို့မှု အများဆုံးနိုင်ငံများ

၂၀၂၄-ခုနှစ်မှာ ဩစတေလျနိုင်ငံက နိုင်ငံတကာက အသားတင်သွင်းသူ ၁၀၄-နိုင်ငံ (Meat Importing Countries) ကို အဓိက အသားစိမ်းအနီရောင်သန်း (Red Meat) နေသော အသား  တန်ချိန် ၂.၂၄ သန်း (2.24 Million Tons) အမေရိကန်ဒေါ်လာ (10.2$ Billion Dollar) ဘိုးအထိတင်ပို့နိုင်ခဲ့ပါသည်၊ 

ဩစတေလျအသားများကို နိုင်ငံတကာကစိတ်ဝင်စားရခြင်း အကြောင်းရင်းများ (Why Australia’s Meat is in Demand)

(၂.၁) သန့်ရှင်းပြီးရေရှည်တည်တံ့မှု (‘Clean and Green’ Image) တင်းကျပ်သော ဇီဝလုံခြုံမှု/အာမခံချက်နှင့်ပတ်ဝန်းကျင် ကောင်းမွန်အောင်စနစ်တကျ ထိမ်းသိမ်းပေးမှု (Strict Biosecurity and Environment Standard) ရှိခြင်း၊

(၂.၂) သီးနှံမျိုးစေ့နှင့်မြက်များကျွေးမွေးမှုစိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့် (Grain-fed and Grass-fed Options) ဈေးကွက်သဘောအရ တိရစ္ဆာန်များအရ ပြောင်းလဲကျွေးမွေး နိုင်သဖြင့် စိတ်ကျေနပ်မှု ရရှိနိုင်ခြင်း၊

(၂-၃) အစားအသောက်ဘေးကင်းမှုနှင့် ခြေရာခံလိုက်နိုင်မှု (Traceability and Food Safety System) နိုင်ငံတော်/အမျိုးသားအဆင့် မွေးမြူရေးတိရစ္ဆာန်များ သက်သေခံပြုလုပ်မှုစနစ် (NLIS – National Livestock Identification System) ရှိနေခြင်း၊

(၂-၄) အဆင့်မြင့်တိရစ္ဆာန်ပြုစုစောင့်ရှောက်ရေးစနစ် (High Animal Welfare Standard) ရှိခြင်း၊

(၂-၅) နိုင်ငံအချင်းချင်းလွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်ရှိခြင်း (Free Trade Agreements) ပထဝီအနေအထားအရ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အာဆီယမ်၊ ဥရောပ နိုင်ငံများနှင့် လွတ်လပ်၊ လွယ်ကူစွာကုန်သွယ်နိုင်မှု အရည်အသွေးများ ရှိနေခြင်းကြောင့် ဩစတေလျ နိုင်ငံထုတ်အသားများ နိုင်ငံတကာဈေးကွက်တွင်မျက်နှာပွင့်နေရခြင်း ဖြစ်ပါ သည်။

အနီရောင်အသားထုတ်လုပ်ရေးကို အားပေး၊ သုတေသနပြုနေသော ဩစတေလျတက္ကသိုလ်များ (Australian Universities Leading in Red Meat Reaserch)

(က) ကွင်းစလန်တက္ကသိုလ် (UQ – University of Queensland) 

အဓိကဦးစားပေးထားသောသုတေသနများ (Focus Areas) အသားနူးညံ့မှု၊ ကြာရှည်ခံမှု၊ အနံ့အရသာများ (Meat Science – Tenderness, Shelf life, Flavours)၊ အပူပိုင်းဒေသ အသားစားနွားမွေးမြူနည်းစနစ်များ (Tropical Beef Production Systems)၊ စားမြုံ့ပြန် တိရိစ္ဆာန်များဗီဇဗေဒနှင့်မျိုးသစ်များမွေးမြူရေးပညာ (Ruminant Animal Genetics and Breeding)၊ တိရစ္ဆာန်များ သက်သာစေရေးနှင့် စွန့်ပစ်အညစ်အကြေးများမှ မီသိန်း ထုတ် လုပ်မှု (Methane Emission) ခေါင်းစဉ်များကို ဦးစားပေးဆောင်ရွက်နေပါသည်၊ 

တက္ကသိုလ်နှင့်တွဲလျက်ရှိသော ကွင်းစလန်စိုက်ပျိုးမွေးမြူရေးနှင့် အစားအစာတီထွင်မှု မဟာမိတ်သုတေသနဌာန  - ကွာဖီ (UQ QAAFI – Queensland Alliance for Agriculture and Food Innovation) က ဦးဆောင်အဓိကဆောင်ရွက်ပါသည်။ ဤဌာနမှာ တက္ကသိုလ်၏ စီမံခန့်ခွဲမှုအောက်တွင်ရှိပြီး အပူပိုင်းနှင့်အပူလျှော့ပိုင်းဒေသများ (Tropical and Sub-Tropical Regions) စိုက်ပျိုးမွေးမြူရေး  သုတေသနများ အတွက် ၂၀၁၀-ခုနှစ် ကတဲက စုပေါင်းဆောင်ရွက် ထားသော ဘက်ပေါင်းစုံသုတေသနဌာန (Multidisplinary Research Institute) ဖြစ်ပါသည်။ ဤ ကွာဖီ (QAAFI) ဌာနစုကို ကွင်းစလန်တက္ကသိုလ် (UQ)၊ ကွင်းစလန်ပြည်နယ်အစိုးရ (Queensland State Government)၊ ဗဟိုလ်အစိုးရ (Federal Government)၊  လုပ်ငန်းပါတနာ (Industry Partners) တို့က ဘဏ္ဍာရေး အခြေအနေ စုစည်းတာဝန်ယူပါသည်။

(စာရေးသူအထင် နယ်သာလန် ဗာဂန်နီဂန်တက္ကသိုလ် ပုံစံ ဆင်ဆင် ဖြစ်ပါသည် e.g. WUR Model in Netherland)

သုတေသနအုပ်စု (၄) စုခွဲထားပါသည်၊ မွေးမြူရေးသိပ္ပံအုပ်စု (Centre for Animal Science)၊ သီးနှံသိပ္ပံအုပ်စု (Centre for Crop Science)၊ ဥယျာဉ်ခြံသိပ္ပံအုပ်စု (Centre for Horticultural Science)၊ အဟာရနှင့်အစားအသောက်သိပ္ပံအုပ်စု (Centre for Nutrition and Food Sciences) တို့ဖြစ်ပါသည်၊ 

(စာရေးသူတို့ မဟာစိုက်ပျိုးရေးသိပ္ပံ သင်ယူစဉ် ၁၉၈၇-၈၉ ခုနှစ်လောက်က အစားအစာ ဌာနမရှိသေးပါ၊ စိုက်ပျိုး မွေးမြူရေး မဟာဌာနဟူ၍ - Faculty of Agricultural Science ခေါ်ဆိုပြီး ယခုတော့ စိုက်ပျိုးမွေးမြူရေးနှင့်အစားအစာ ရေရှည်တည်တံ့ ခိုင်မြဲရေးအဆင့် မြင့်ကျောင်း - School of Agriculture and Food Sustainability ဟူ၍ပြောင်းလဲခေါ်ဆို နေပါသည်)

တက္ကသိုလ်နှင့် စိုက်ပျိုးမွေးမြူဆိုင်ရာလုပ်ငန်းများကခိုင်မာသည် (Strong Industrial Links)၊ ဥပမာ - ဩစတေလျှအသားနှင့်‌မွေးမြူရေးတိရစ္ဆာန်လုပ်ငန်း (Meat and Livestock Australia - MLA) နှင့်တွဲဖက် လုပ်ဆောင်နေပါသည်။ လုပ်ငန်းများမှာ မွေးမြူ ရေးကဏ္ဍ - မွေးမြူထုတ်လုပ်ခြင်း (Livestock Production)၊ မွေးမြူရေးဗီဇနှင့်ဂျီနူန်း (Animal Genetics & Genomics)၊ တိရစ္ဆာန်များ၏ကျန်းမာရေး (Animal Health)၊ ဇီဝလုံခြုံမှု (Biosecurity) နှင့်ဈေးကွက် (Market Compliance) တို့ပူးတွဲလုပ်ဆောင်နေပြီး၊ တိရစ္ဆာန်အစာစားကျက် သီးနှံ (Pasture and Feedbase) နှင့်ပတ်သက်၍ လွတ်ကျောင်းမြေများစီမံခန့်ခွဲမှု (Grazing land Management)၊ ပေါင်းနှိမ်နင်းခြင်း (Weed Control)၊ ပိုးမွားရောဂါ ကာကွယ်နှိမ်နှင်းခြင်း (Pest Management)၊ ဒီဂျစ်တယ် စိုက်ပျိုးမွေးမြူရေး (Digital Agriculture)၊ ရေရှည်တည်တံ့သောပတ်ဝန်းကျင် ဖြစ်မှု (Environmental Sustainability) နှင့် နေ့စဉ်ကျွေးမွေးမှုစီမံခန့်ခွဲခြင်း (Feedlot Management) သုတေသနများကို ပူးတွဲလုပ်ဆောင်ပါသည်၊ 

(ခ) ချားလ်စတူးဝပ်တက္ကသိုလ် (Charles Stuart University) 

တက္ကသိုလ်ကအဓိကအနီရောင်အသားများ (Red Meats) ထုတ်လုပ်ရာ နယူးဆောက်ဝေး ပြည်နယ်၊ ဝက်ဂါဝက်ဂါ (Wagga Wagga, New South Wales) အရပ်တွင်ရှိသည်၊ အဓိ ကဦးစားပေးထားသောသုတေသနများ (Focus Areas) သိုးနှင့်နွားမွေးမြူရေး (Sheep and Cattle Production Systems)၊ တိရစ္ဆာန် ကျန်းမာရေး၊ အဟာရဓါတ်နှင့်မျိုးပွားမှု (Animal Nutrition)၊ လွတ်ကျောင်းမြေများ စီမံခန့်ခွဲမှု (Grazing Land Management) နှင့် တိရစ္ဆာန်အသားများအရည်အသွေး (Carcass Quality) သုတေသနများ အဓိကထား ဆောင်ရွက်ပါသည်။ တက္ကသိုလ် ပတ်ဝန်းကျင်ရှိတောင်သူများ၊ အသားထုတ်လုပ်သူများ (Meat Processors) နှင့် ပူးတွဲသုတေသန ဆောင်ရွက်ပါသည်။

(ဂ) နယူးအင်ဂလန်တက္ကသိုလ် (UNE - University of New England) 

 အဓိကဦးစားပေးထားသောသုတေသနများ (Focus Areas) အသားစားနွားနှင့်သိုးဗီဇ ဗေဒ (Beef cattle and Sheep Genetics)၊ မွေးမြူတိရစ္ဆာန်များနေထိုင်ကျက်စားမှု (Livestock Behaviour)၊ မွေးမြူရေးနည်းပညာအသစ်များ တောင်သူများအား မျှဝေခြင်း (Livestock Technology Adoption) စသည်တို့ကို ဦးစားပေးသုတေသနပြုလုပ်ပါသည်။ 

တက္ကသိုလ်၏သုတေသနဌာနများမှာ မွေးတိရစ္ဆာန်များဆိုင်ရာ ဗီဇဗေဒနှင့်အကောင် အသစ်များမျိုးထုတ်ပေးရေးဌာန (AGBU – Animal Genetics and Breeding Unit) နှင့် မွေးမြူရေးဆိုင်ရာသင်ကြားရေးနှင့်သုတေသနဌာန (CART – Center for Animal Research and Teaching) တို့က သီးသန့်ဆောင်ရွက်ပါသည်။

AGBU သည်ဩစတေလျနိုင်ငံရှိ မွေးမြူထားသောတိရစ္ဆာန်များ၏ ဗီဇနှင့် တိရစ္ဆာန်မျိုး ကောင်းများထုတ်လုပ်ပေးသောဌာနဖြစ်ပြီး UNE  နှင့် နယူးဆောက်ဝေးပြည်နယ် စိုက်ပျိုးမွေးမြူရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာန (NSW Department of Primary Industries and Regional Development) တို့ပူးတွဲဆောင်ရွက်သည်။

CART ဌာနမှ နိုင်ငံအတွင်းရှိမွေးမြူထားသော တိရစ္ဆာန်အုပ်စုလိုက် ရောဂါပြင်းထန်စွာ ကြရောက်မှု (Focusing for Disease Outbreak) ကို ကြိုတင်ခန့်မှန်းပေးခြင်း၊ တိရစ္ဆာန် များသွေးနမူနာယူ၍ ရောဂါကျရောက် မှုကိုစစ်ဆေးဖော်ထုတ်ခြင်း (Blood Sample Test)၊ တောင်သူများအားသင်တန်းပေးခြင်း (Training for Farmers)၊ တောင်သူ များ လိုအပ်သည့် အကောင်ငယ်များ ဖြန့်ဖြူးပေးခြင်း (Delivery of Farmer Needs)၊ ဈေးကွက်ပို့ဆောင် လုပ်ငန်းများ (Delivery) ပါဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် တိရစ္ဆာန်သုံးဆေးဝါးများ (Supply of Veterinary Products) ဝန်ဆောင်မှုပေးခြင်းစသည့်လုပ်ငန်းများကို တက္ကသိုလ်မှ လုပ်ဆောင်ပေးပါသည်။ 

(ဃ) မားဒေါ့တက္ကသိုလ်၊ အနောက်ဩစတေလျ (Murdoch University, Western Australia) 

အဓိကဦးစားပေးထားသောသုတေသနများ (Focus Areas) - အသားများ စိတ်ချစွာ စားသုံးနိုင်မှု (Meat Safety & Traceability)၊ တိရစ္ဆာန်အရှင်တင်ပို့ရာတွင် သက်သာချောင်ချိ မှု (Animal Welfare in Live Export System)၊ အနီရောင်အသားများ ရောင်းချရာတွင် ကွင်းဆက်တန်ဖိုးရရှိမှု (Value Chain Improvement) တို့ကို ဦးစားပေး သုတေသနပြု ဆောင်ရွက်ပါသည်၊ ဤတက္ကသိုလ်တွင် ခေတ်မှီနောက်ဆုံးပေါ် မွေးမြူရေး တိရိစ္ဆာန် ဆေးရုံ (State-of-the-Art Veterinary Hospital) နှင့် သုတေသနဓာတ်ခွဲခန်းများ (Animal Research Laboratories) ရှိပါသည်။

(င) အဲဒီလိတ်တက္ကသိုလ်၊ ဝိတ်နှင့်ရို့ဝါသီနယ်မြေများ၊ တောင်ဩစတေလျှ (University of Adelaide, Waite and Roseworthy Campuses, South Australia) 

အဓိကဦးစားပေးထားသောသုတေသနများ (Focus Areas) - ခြောက်သွေ့သော ပတ်ဝန်း ကျင်တွင် သိုးနှင့်နွားလွတ်ကျောင်းစနစ်များ (Sheep and Beef Cattle Grazing Systems in Dry Environment)၊ အသားအရသာစစ်ဆေးမှုများ ဥပမာ - စားသုံးမှု အရေ အသွေး၊ အရောင်ကွဲပြားမှု (Meat Quality Assessment e.g. marbling, eating quality)၊ မျိုးပွားခြင်းနှင့်ဗီဇပညာ (Animal Reproduction and Genetics) စသည်တို့ကို တာဝန်ယူသုတေသနပြုနေပါသည်။ 

ဩစတေလျှတိုက်၏အနေအထားအရ လွတ်ကျောင်းမွေးမြူရေးစနစ် (Extensive Grazing Systems) ကိုအများဆုံး အသုံးပြုပါသည် (နောက်ဆောင်းပါးတွင်အသေးစိတ် ရေးပါဦးမည်)၊ တကယ်တော့ သီးနှံသိပ္ပံ (Crop Science) နှင့် မွေးမြူရေးသိပ္ပံ (Animal Science) က ခွဲခြားလို့မရဘဲ ပူးတွဲလေ့လာရမည့် ပညာရပ်များဖြစ်ပါသည်၊ စာရေးသူနှင့် မွေးမြူရေးတက္ကသိုလ်၊ အငြိမ်းစားပါချုပ်၊ ဆရာကြီးဒေါက်တာတင်ငွေက ရွေရောင် လွင်ပြင် အဖွဲ့တွင် တတ်နိုင်သလောက် သင်တန်း၊ ဟောပြောပွဲများကို ပူးတွဲအကောင် အထည် ဖေါ်နေပါသည် (ဘက်စုံသင်တက္ကသိုလ်များ - Comprehensive Universities ပုံစံဖြစ်ပါသည်)၊ 

တက္ကသိုလ်များတွင်စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံများတွဲဖက်သင်ကြား/သင်ယူရခြင်း အကြောင်းရင်းများ

(The key reasons why universities should (and do) teach Crop and Animal Science together)

(က) ကမ္ဘာကြီးရှိနိုင်ငံအားလုံး စုပေါင်းလယ်ယာစနစ်ကျင့်သုံးနေခြင်း (Integrated Farming System) မြန်မာနိုင်ငံ အပါအဝင် လယ်ယာလုပ်ကိုင်နေသော တောင်သူ လယ်သမား များ အားလုံးနီးပါး စိုက်ပျိုးမွေးမြူရေးကို တွဲဖက်လုပ်ဆောင်လျှက်ရှိပါသည်၊ ဥပမာ - နှံစားသီးနှံများ (Cereal Crops) ၏ကောက်ရိုးများက တိရိစ္ဆာန်အစာ (Animal Feeds)၊ တိရိစာန်အညစ်အကြေးများက စိုက်ခင်းမြေဩဇာ (FYM – Farm Yard Manure) စသည်ဖြင့်တွဲဖက် ဆောင်ရွက်ရပါသည်၊ စုပေါင်းသင်ကြား/သုတေသနပြုပေးခြင်းအား ဖြင့် လယ်ယာလုပ်ငန်းတစ်ခုလုံး (Whole-Farm Planning) စီမံကိန်းချဆောင်ရွက်ရာတွင် စိတ်ကူးကောင်းများထွက်ပေါ်စေပါသည်။

(ခ) လုပ်ငန်းခွင်အားလုံးရေရှည်တည်တံ့ခိုင်မြဲမှုနှင့် အရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်မှု (Sustainability and Resource Efficiency) တောင်သူနှင့်သိပ္ပံပညာ ရှင်များ ဤစနစ် ၂-ခုစလုံးကိုသိခြင်းအားဖြင့် သင့်တော်သောမြေအသုံးချရေး (Optimize Land Use) ဆောင်ရွက်နိုင်မှု၊ ရေနှင့်အဟာရဓာတ်စက်ဝန်းလည်ပတ်မှု (Improve Water and Nutrient Cycling) တိုးတက်လာခြင်း၊ အနဲဆုံးစွန့်ပစ်ပစ္စည်း (Minimize Waste) ဖြစ်ပေါ်စေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိစေပါသည်။ ၎င်းတို့ကြောင့် ရာသီဥတု ဆိုးဝါးဒဏ်ခံနိုင် (Climate Resilient) ပြီး ပတ်ဝန်းကျင်ဆိုင်ရာရေရှည်တည်တံ့ခိုင်မြဲမှု (Environmentally Sustainable) ဖြစ်ပေါ်စေပါသည်။

(ဂ) တိရစ္ဆာန်အစာနှင့်အဟာရဓာတ်ဆက်စပ်မှု (Feed and Nutrition Connection) အစာအဟာရအရည်အချင်း (Forage Quality)၊ အစာပြုလုပ်မည့် အနှံများအဟာရဓာတ် (Grain Nutrition)၊ အစာမှအဟာရဓာတ်အချိုးပြောင်းလဲမှု (Feed Conversion) တို့သည် အဓိကကျ (Critical Point) ပါသည်၊ အပင်ကြီးထွားမှု (Plant Growth)၊ ရိတ်သိမ်းချိန် (Harvest Timing)၊ အစာများသိုလှောင်မှု (Storage of Feed) ဗဟုသုတရရှိမှုသည် တိရစ္ဆာန်များကျန်းမာရေးနှင့်စွမ်းဆောင်နိုင်မှု (Animal Health and Performance) ကိုလွမ်းမိုးပါသည်။

(ဃ) သုတေသနစုပေါင်းညှိနှိုင်းဆောင်ရွက်မှုအကျိုးရလဒ်နှင့်စနစ်ကို တွေးခေါ်နိုင်မှု (Systems Thinking and Research Synergy) ခေတ်မှီသုတေသနလုပ်ငန်းများ (Emerging Research Areas) သည် သီးနှံနှင့်တိရစ္ဆာန်ဘာသာရပ်နှစ်ခုစလုံး တစိတ် တပိုင်းထပ် (Overlap both Disciplines) နေပါသည်၊ ဥပမာ - မြေဆီလွာ၊ အပင်၊ တိရစ္ဆာန်များ အပြန်အလှန်တုံ့ပြန်မှု (Soil-Plant-Animal Interaction) ရှိသော တိကျ သော စိုက်ပျိုးမွေးမြူရေး (Precision Agriculture)၊ ရာသီဥတုနှင့်လိုက်လျောညီထွေ ရှိသောစိုက်ပျိုးမွေးမြူရေး (Climate-Smart Agriculture)၊ ဗီဇနှင့်ဇီဝနည်းပညာ (Genetics and Biotechnology) စသည်တို့ဖြစ်ပါသည်၊

(င) ခေတ်မီစိုက်ပျိုးမွေးမြူရေးအလုပ်အကိုင်များအတွက် ကျောင်းသားများအားပြင်ဆင် ပေးနိုင်မှု (Preparing Students for Agricultural careers) စိုက်ပျိုးမွေးမြူရေး ကုမ္ပဏီ များ၊ တောင်သူများ၊ သုတေသနဌာနများက စနစ်နှစ်ခုစလုံး (Both Crop and Livestock System) နားလည်သော ဘွဲ့ရများ လိုအပ်ပါသည်၊ ထိုမှတစ်ဆင့် စိုက်ကွင်းမန်နေဂျာ (Farm Manager)၊ စိုက်ပျိုးမွေးမြူရေး အတိုင်ပင်ခံပုဂ္ဂိုလ် (Agricultural Consultants)၊ သုတေသနသိပ္ပံပညာရှင် (Research Scientist)၊ မူဝါဒဆန်းစစ်သူ (Policy Analyst) စ သည်တို့ဖြစ်ပေါ်လာနိုင်ပါသည်။

(စ) စီးပွားရေးနှင့်ဈေးကွက်လိုအပ်ချက်သဟဇာတဖြစ်မှု (Economic and Market Relevance) ပေါင်းစည်းလယ်ယာဒေသများ (Mixed Farming Regions) အရ ဈေးကွက်၊ သွင်းအားစု၊ ထွက်ကုန်များ ကို စနစ်တကျဆောင်ရွက်နိုင်၍ အမှန်ကန်ဆုံးဆုံးဖြတ်ချက် များ (Better Decision Making) ကို ချမှတ်ပေးနိုင်ပါသည်။

(ဆ) အကျိုးရှိသောပညာရေး (Educational Efficiency) သင်ကြားပေးမည့် အခြေခံ ဘာသာရပ်များ ဥပမာ - မြေဆီလွှာသိပ္ပံ (Soil Science)၊ ရေစီမံခန့်ခွဲမှု (Water Management)၊ အခြေခံအနုဇီဝဗေဒ (Fundamental Microbiology)၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်သိပ္ပံ (Climate and Environmental Science)၊ အခြေခံစာရင်းအင်းပညာ (Basic Statistics)၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာစီးပွားရေးပညာ (Agricultural Economics) စသည့်ဘာသာရပ်များမှာ ပညာရပ် နှစ်ခုစလုံးအတွက် အသုံးဝင်ပါသည်၊ 

ကျွန်တော်တို့နိုင်ငံလူဦးရေ၏တစ်ဝက်ကျော်ကျော် လူဦးရေ ၂၈ သန်းနီးပါးသာရှိသော ဩစတေလျနိုင်ငံက စိုက်ပျိုးမွေးမြူရေး ပညာသင်ကြားပေးနေသော တက္ကသိုလ်ပေါင်း ၃၄ ကျောင်းရှိနေပါသည်။

ထို့အတွက်ကြောင့် ကျွန်တော်ဘာဆက်ရေးရမှန်း မသိတော့ပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်