Chapter-16 Manures and Fertilizers
(ခ) ဓာတ်မြေသြဇာများ (Chemical Fertilizers )
ဓာတ်မြေဩဇာတွေဆိုတာဘာတွေလဲ။ ကျွေးနည်းစနစ်တွေကကော ဘယ်လိုရှိကြလဲ
မြန်မာနိုင်ငံနှင့် တခြားနိုင်ငံများအလိုက် မြေဩဇာအသုံးပြုမှုနှုန်းထားများ ဘယ်လောက်ကွာဟလဲ။
ဓာတ်မြေသြဇာဆိုသည်မှာ သဘာဝမြေသြဇာမဟုတ်သည့် ဓာတုဗေဒနည်းဖြင့် စီမံပြုပြင်ရသော မြေသြဇာကို ဆိုလိုသည်။ အကျိုးသက်ရောက်မှု၊ တုံ့ပြန်မှု အလွန်လျင်မြန်သည်။ အလေးချိန် အနည်းငယ်ဖြင့် ထိရောက်သည်။ သိုလှောင်ရာတွင်လည်းကောင်း၊ သယ်ယူပို့ဆောင်ရာတွင်လည်းကောင်း စရိတ်ကျဉ်းသည်။
သို့သော် အချို့ဓာတ်မြေသြဇာများ (ဥပမာ - ယူရီးယား Urea Nitrogen fertilizer) ကို လိုအပ်သည်ထက်ပိုမိုသုံးမိပါက ရေနှင့်အတူ စီးဆင်းစိမ့်ဝင်သွားနိုင်သောကြောင့် အာဟာရဓာတ်တန်ဖိုး ဆုံးရှုံးသွားနိုင်ပါသည်။ အာဟာရဓာတ်လိုအပ်သည်ထက်ပိုမိုထည့်မိပါကလည်း အချို့ဓာတ်မြေသြဇာများမှာ အပင်ကို အန္တရာယ်ပြုနိုင်ပါသည်။ ထိုဓာတ်မြေသြဇာများ၏ မြေကြီးအတွင်း ကျွမ်းကျင်အာနိသင် (Residual Effect) ရှိနေပါက တစ်ချို့ကြွင်းကျန် အာနိသင်ရှိ ပိုးသတ်ဆေး (Insecticide)၊ ပေါင်းသတ်ဆေး (Herbicide) များကဲ့သို့ နောင်စိုက်မည့် အပင်များအတွက် မကောင်းပါ။
ယခုနောက်ပိုင်း ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး လုံးဝမသုံးသော အော်ဂဲနစ်စိုက်ပျိုးရေး (Organic Agriculture)၊ အနည်းဆုံးသုံးရမည့်ပမာဏအတွင်းသာသုံးစွဲရေး (စနစ်ကျကောင်းမွန်သော စိုက်ပျိုးနည်းစနစ် Good Agricultural Practices - GAP) တို့ ရေပန်းစား (Popular)၊ ခေတ်စားလာပါသည်။
ဓာတ်မြေသြဇာအမျိုးအစားများ (The Different Types of Fertilizers)
အင်အော်ဂဲနစ်မြေသြဇာများ (Inorganic Fertilizers)၊ အခဲ (Solids)၊ အရည် (Liquids or Foliar)၊ အမှုန့် (Dust) စသည်ဖြင့် ပုံသဏ္ဏာန်အမျိုးမျိုး ထုတ်လုပ်ကြပါသည်။
(က) နိုက်တြိုဂျင်ပါသောမြေသြဇာများ (Nitrogenous Fertilizers)
ဥပမာ (က-၁) ယူရီးယားခေါ် ပုလဲမြေသြဇာ (Urea N 46% )
(က-၂) အမိုနီယမ် နိုက်တြိတ်မြေသြဇာ (Ammonium Nitrate NH4NO3 N 33.5 – 34%)
(ခ) ဖော့စဖော့ရပ် ပါသောမြေသြဇာများ (Phosphorus Fertilizers)
ဥပမာ (ခ-၁) တီဆူပါမြေသြဇာ (Triple-Super Phosphate Triple Super Phosphate P2O5 46%)
(ခ-၂) ဖော့စဖိတ်ကျောက်မှုန့် (Rock Phosphate P2O5 30%)
(ဂ) ပိုတက်ဆီယမ် ပါသောမြေသြဇာများ (Potassium Fertilizers)
ဥပမာ (ဂ-၁) မြူရီရိတ်အော့ပိုတက်၊ မြေသြဇာ (Muriate of Potash KCl K2O 60%)
(ဃ) အာဟာရဓာတ် နှစ်မျိုးအထက်ပါဝင်သောမြေသြဇာများ (Compound Fertilizers)
(ဃ-၁) အမိုနီယမ် ဆာလဖိတ် မြေသြဇာ (Ammonium Sulphate NH4SO4 N 33.5 – 34%, S 23.5%)
(ဃ-၂) ဆာလဖိတ်အော့ပိုတက် (Sulphate of Potash K2SO4 50%, S 17%)
(ဃ-၃) ပိုတက်ဆီယမ်နိုက်တြိတ် (Potassium Nitrate KNO3 K2O 46%, N 14%)
(ဃ-၄) ကွန်ပေါင်းမြေသြဇာ (၂၀-၂၀-၂၀) (N 20%, P 20%, K 20%)
(င) အနည်းလိုအာဟာရ ဓာတ်မြေသြဇာများ (Minor or Micro-Nutrient fertilizers)
(င-၁) ဂျစ်ပဆင် (Gypsum CaSO4.2H2O Ca 23-29%, S 18-23%)
(င-၂) ဇီဖါ (ZePhyr Zinc Sulphate ZnSO4 Zn – 23-26%)
ဇယား ၁ - မြန်မာနိုင်ငံမြေသြဇာ အသုံးပြုမှု (မက်ထရစ်တန်)
မြန်မာနိုင်ငံ၏မြေသြဇာ အသုံးမှာ ၂၀၁၆ - ခုနှစ်စာရင်းဇယားအရ တဟက်တာ - ၁၇.၉ ကီလိုဂရမ်သာ သုံးပါသည်။
ဇယား ၂ - နိုင်ငံအလိုက်မြေသြဇာ အသုံးပြုမှု (ကီလိုဂရမ်/ဟက်တာ) ၂၀၁၈
ဇယား - ၂ အရ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့်ယှဉ်ကြည့်လျှင် မြေသြဇာ အသုံးနည်းနေပါသေးသည်။ အာဖရိကတချို့နိုင်ငံများထက်တော့ အသုံးပိုပါသေးသည်။
အပင်များအား မြေဩဇာကျွေးမှု/ပေးမှုနည်းအမျိုးမျိုး (Methods of Fertilizer Application)
(က) ကြဲပက်နည်းစနစ် (Broadcasting)
မြေဩဇာများကို တောင်း၊ ဖလား၊ ပုံး စသည်တို့အထဲတွင်ထည့်၍ လက်ဖြင့် ကြဲပက်ခြင်း နည်းစနစ်ဖြစ်သည်။ လွယ်ကူပြီး ကုန်ကျစရိတ်နည်းသော်လည်း လေလွင့်ဆုံးရှုံးမှု၊ အပင်က တိုက်ရိုက်ရရှိနိုင်မှု နည်းနိုင်ပါသည်။ ပေါင်းပင်များ မနှိမ်ထားပါက ပေါင်းပင်ကြီးထွားမှု များနိုင် ပါသည်။
မစိုက်ပျိုးမီ မြေကြီးထဲ မြေဩဇာကြဲပက်ခြင်း (Baral Application) နှင့် (N,P,K မြေဩဇာ ၃-မျိုးစလုံး ပြုလုပ်နိုင်) အပင်များစိုက်ပြီး ၁-လ၊ ၂-လပြီးမှ အထူးသဖြင့် စပါးအပင်များ အပေါ်မှ ကြဲပက်ခြင်း (Top dressing) နှင့် နိုက်ထရိုဂျင် ၂-မျိုးခွဲနိုင်ပါသည်။
(ခ) လိုအပ်သောနေရာကို ကြဲပက်ခြင်း (Placement)
အတန်းလိုက်စိုက်မျိုးစေ့များ ထယ်ကြောင်း၊ ထွန်းကြောင်းထဲတွင် မစိုက်ပျိုးမီထည့်သွင်းခြင်း (Banding/Drilling) ၊ တချို့ အခြောက်စိုက်သီးနှံ ကြံ၊ မြေပဲ၊ ပြောင်းဖူး စသည်တို့တွင် စက်ဖြင့် စိုက်ပါက စိုက်ကြောင်းဘေးမှ မြေဩဇာထည့်ပေးသည့် ပိုက်၊ ကန် များပါ ထည့်ပေးခြင်းဖြင့် လည်းကောင်း၊ ထွန်ကြောင်းထဲ မျိုးစေ့မထည့်မီ ထည့်ပေး၍လည်းကောင်း နည်း ၂-မျိုး ရှိပါသည်။ (က) ထယ်ကြောင်းနေရာအထိထားသည့်စနစ် (Plough Sole Placement)
ထယ်ကြောင်းတစ်လျှောက် မြေဩဇာများ ရောနှော၍ (N,P,K) ထည့်ကာ မြေကြီးဖြင့်ဖုံး ထည့်ပြီးမှ မျိုးစေ့ချသည်။
(ဂ) မြေဩဇာများ နက်နက်ချပေးခြင်း (Deep Placement)
အထူးသဖြင့် နိုက်ထရိုဂျင်ပါ မြေဩဇာများကို မြေဆီလွှာနက်နက်ထည့်ပေးခြင်းဖြင့် အပင်မှ တဖြည်းဖြည်းချင်း ရရှိနိုင်ပါသည်။ အပင်မှအပ အကျိုးကျေးဇူးက အမြစ်မှ ဖြည်းဖြည်းခြင်း စုပ်ယူနိုင်ပြီး တခြားနေရာသို့ စီးဆင်းဆုံးရှုံးမှု (Run-off) နည်းပါးပါသည်။
(ဃ) မျိုးစေ့နေရာ အတိအကျကျွေးခြင်း (Localized placement)
မျိုးစေ့နား နီးကပ်စွာထည့်သွင်းပေးခြင်း Drilling (အတန်းလိုက်) ကျွေးခြင်း ဖြစ်သည်။ သတိထားရမည်မှာ မြေဩဇာနှင့် မျိုးစေ့ တိုက်ရိုက်ထိတွေ့သွားပါက အပင်ပေါက်မှာ ကြီးထွား ဖွံ့ဖြိုးမှု ထိခိုက်နိုင်ပါသည်။
(င) ဘေးမှထည့်ပေးခြင်း (Side dressing)
တစ်နှစ်ခံ (Annual Crops) သီးနှံပင်များဘေးမှ ထည့်ပေးရန်နှင့် နှစ်ရှည်သီးနှံ (Perennial Crops) သီးပင်များဘေးမှ မြေဩဇာများ လိုက်ထည့်ပေးခြင်း ပြုလုပ်နိုင်ပါသည်။ ကြဲပက်ခြင်းထက်အားသာချက်က အပင်မှများစွာ ရရှိနိုင်ပြီး ဆုံးရှုံးမှု ကြဲပက်ခြင်းလောက် မများတော့ပါ။
(စ) မြေဩဇာ အရည်များအသုံးပြုခြင်း (Foliar Application)
တချို့ ရေမှော်မွှာ မြေဩဇာများ ရေသွင်းခြင်းနှင့် ပူးပေါင်းပြုလုပ်ခြင်း (Fertigation)၊ အပင်အရွက်များအပေါ်သို့ အချိုးအဆ နည်းနည်းဖြင့် ပက်ဖျန်းပေးခြင်းဖြင့် မြေဩဇာနှုန်းထား လျှော့ချနိုင်ကာ ကုန်ကျစရိတ်နည်းပါးခြင်း အကျိုးကျေးဇူးများ ရနိုင်ပါသည်။ ထို့အပြင် အနည်းလို အာဟာရဓါတ် ဥပမာ- Iron, Copper Boron, Zinc နှင့် မဂ္ဂနီစ်း (Manganese) အသုံးတည့် ပါသည်။ တချို့ပိုးသတ်ဆေး၊ မှိုသတ်ဆေး (Fungicides) များပါ ရောဖျန်းတတ်ကြပါသည်။ သို့သော် နည်းပညာ၊ ပစ္စည်းကိရိယာများ စရိတ်ထပ်မံကုန်ကျနိုင်ပါသည်။
တချို့ မြေကြီးထဲ မြေဩဇာဆေးရည်များ ထိုးထည့်ပြီး တချို့တောင်ပေါ်ဒေသ စိုက်ခင်းများတွင် လူမပါဘဲ Drone လေယာဉ်ငယ်ဖြင့် မြေဩဇာများ ပိုးသတ်ဆေးများ ပက်ဖျန်းနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။