ပတ်ဝန်းကျင်ထိန်းသိမ်းရေး

02/05/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science  (70)  Environmental Conservation 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ  (၇၀) ပတ်ဝန်းကျင်ထိန်းသိမ်းရေး   

ကျွန်တော်တို့ ရွှေရောင်လွင်ပြင်အဖွဲ့က အွန်လိုင်း၊ အဝေးမှ လက်မှတ်ရ သင်တန်းလေးများ (Online Certificate Courses ) ကိုအုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ သင်ကြားပို့ချလျက်ရှိရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သင်တန်း (Environmental Conservation) တွင် အခြေခံစိုက်ပျိုး၊ မွေးမြူရေး သိပ္ပံပညာနှင့် ဆက်စပ်သည်များကို တင်ပြဆွေးနွေးလိုပါသည်။

တကယ်တော့ စိုက်ပျိုးမွေးမြူရေး (Agriculture – Crop and Animal )၊ သစ်တော (Forestry)၊ ပတ်ဝန်းကျင်သိပ္ပံ (Environmental Science) ပညာများမှာ ဘာသာရပ် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက် ရှိနေပါသည်။

ပထမဦးစွာ ပတ်ဝန်းကျင် (Environment) ဆိုသည်မှာ လူ (Person)၊ တိရစ္ဆာန် (Animal)၊ အပင် (Plant) တို့ ထိတွေ့ဝန်းရံနေခြင်း (The surroundings or conditions in which a person, animal, or plant lives or operates) ကို ဆိုလိုခြင်းသည် အခြေခံဖြစ်ပါသည်။ 

 

ပုံ ၁ - ပတ်ဝန်းကျင်သိပ္ပံပညာ

အခြားအဓိပ္ပာယ်ကလည်း ပတ်ဝန်းကျင်ဆိုသည်မှာ  ပြင်သစ်စာလုံး (French word - Environia) ကဆင်းသက်လာပြီး ဝန်းရံထားခြင်း (Surround) အဓိပ္ပာယ်ပဲဖြစ်ပါသည်။ (All surrounding conditions that have direct impact on all human beings, plants and animals)

ပတ်ဝန်းကျင်၏ အစိတ်အပိုင်း (Components) ၃ - ခုမှာ 

  • (က) သဘာဝ (Physical/Natural)၊ မြေထု (Lithosphere)၊ ရေထု (Hydrosphere)၊ လေထု (Atmosphere)၊
  • (ခ) လူသားများပြုလုပ် (Man-made) မှုကြောင့် စီးပွားရေး (Economic)၊ လူမှုရေး (Social)၊ ယဉ်ကျေးမှု (Cultural) ဆိုင်ရာ ဆက်စပ်လုပ်ငန်းများနှင့်
  • (ဂ) ဇီဝ (Biological)ဒေသရင်း အပင် (Flora) နှင့် တိရစ္ဆာန် (Fauna) တို့စုပေါင်းပါဝင်ပါသည်။ 

ပတ်ဝန်းကျင်ထိန်းသိမ်းရေး (Environmental Conservation) ၏ အဓိပ္ပာယ်မှာ - လူသားတို့လုပ်ကိုင် ဆောင်ရွက်မှုကြောင့် ပျက်စီး၊ ယိုယွင်းလာသော သဘာဝကမ္ဘာကြီး ကို ကာကွယ်စောင့်ရှောက်ခြင်းစနစ်များ (The practice of preserving the natural world to prevent it from collapsing as a result of human activities) ဖြစ်ပါသည်။ 

 

ပုံ ၂ - ပတ်ဝန်းကျင်ထိန်းသိမ်းရေး

ပတ်ဝန်းကျင်နှင့်ပတ်သက်သော တက္ကသိုလ် ဘွဲ့တွေသည်လည်း အမျိုးမျိုးရှိပါသည်။ ဥပမာ - 

  • ဇီဝမျိုးကွဲပညာ BSc/MSc (Biodiversity)
  • ဇီဝဗေဒ BSc/MSc  (Biology) 
  • ပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း BSc/MSc (Ecotourism) 
  • စွမ်းအင်လေ့လာမှုပညာ BSc/MSc (Energy Studies) 
  • ပတ်ဝန်းကျင်ဆိုင်ရာ ရှေးဟောင်းသုတေသနပညာ BSc/MSc (Environmental Archaeology)
  • ပတ်ဝန်းကျင်ဆိုင်ရာဓာတုဗေဒ BSc/MSc (Environmental Chemistry)
  • ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာ BSc/MSc (Environmental Conservation)
  • ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာပညာ BSc/MSc (Environmental Engineering)
  • ပတ်ဝန်းကျင်ဆိုင်ရာ ပထဝီပညာ BSc/MSc (Environmental Geography)
  • ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးသိပ္ပံ BSc/MSC (Environmental Health Science) စသည်တို့ဖြစ်ပါသည်။ 

ကမ္ဘာ့အပူချိန်သည် ဆယ်စုနှစ်တစ်ခု (၁၀ နှစ်) လျှင် (၀.၀၈ ဒီဂရီစင်တီဂရိတ်) တိုးတက်လာပါသည်။ (၁၈၅၀-၂၀၂၀ ပျှမ်းမျှအပူချိန် ၁.၀၉ ဒီဂရီစင်တီဂရိတ်တက်လာ)၊ မြန်မာနိုင်ငံတွင် ၁၀ စုနှစ် တစ်ခုလျှင် ၀.၂၅ ဒီဂရီစင်တီဂရိတ် တက်လာပါသည်။  ၁၉၀၁-၂၀၁၈ ပင်လယ်ရေမျက်နှာပြင် ၀.၂၀ မီတာ မြင့်တက်လာသည်ကို တွေ့မြင်ရပါသည်။ 

သင်ကစ၍ အောက်ပါတို့ကိုပြုလုပ်ပါဆိုသည့် တစ်ကမ္ဘာလုံးနှိုးဆော်သည့် အောက်ပါ နှိုးဆော် စာလည်း အလွန်ကောင်းမွန်ပါသည်။

 

ပုံ - ၃ သင်ကစ၍ ပြုလုပ်ပါ။

(က) ကား၊ မော်တော်ဆိုင်ကယ် မစီးဘဲ ဓာတ်ဆီ ချွေတာ၍ လမ်းလျှောက်ပါ။ စက်ဘီးစီးပါ။ ကျန်းမာရေးနှင့်လည်း ညီညွတ်ပါသည်။ (Bike more, Drive less)

(ခ) ပလတ်စတစ်၊ ကျွတ်ကျွတ်အိပ် လျှော့သုံးပါ။ အဟောင်းများကို ပြန်လည်သုံးပါ။   (Reduce, Reuse, Recycle) တစ်ချို့ဈေးဝယ်စင်တာ (Shopping Mall/Plaza) များတွင် တစ်ပတ်လျှင် တစ်ရက် ကျွတ်ကျွတ်အိပ်မပေးဘဲ၊ အဝတ်အိပ် (Recycle Bags) များပေး၍ ဈေးဝယ်ရာ တွင်ပြန်လည် အသုံးပြုစေပါသည်။ ကျွန်တော့်စိတ်ကူးကတော့ နိုင်ငံတကာတွင် အရက်၊ ဆေးလိပ်ရောင်းချသူများကို အခွန် (Tax) ပိုကောက်သလို ကျန်းမာရေးနှင့်မညီညွတ်သော ကွမ်းယာများရောင်းချခြင်း၊ ပလတ်စတစ်အိပ်များများ ထုတ်လုပ်ရောင်းချခြင်းသူများကို အခွန်ပိုကောက်ခြင်းဖြင့် လျော့ပါးစေရန် နည်းလမ်းပေါင်းစုံဖြင့် လျှော့ချနိုင်ပါသည်။ ၂၀၂၃ ဧပြီလပထမပတ်ထဲတွင် ဂျာမန်စာ သင်တန်းကျောင်း (Goethe-Institute, Yangon) ထဲ၌ အဖွဲ့ အစည်းတစ်ခုက အသစ်မဝယ်၊ လဲဝတ်မယ် (Swap, Not shop Event) အစီအစည်ဖြင့် မိမိအင်္ကျီအဟောင်းများနှင့် အင်္ကျီလဲဝတ်သည့် အစီအစဉ်တစ်ခုပြုလုပ်ရာ မလိုအပ်ဘဲ အင်္ကျီ ၊ ပုဆိုး၊ လုံချည်များ အိမ်မှာစုပုံနေသည့်ကိစ္စကို ဖြေရှင်းနည်း တစ်ခုဖြစ်ပါသည်။ 

(ဂ) သစ်ပင်စိုက်ပါ (Plant a Tree) လူတိုင်းလုပ်နိုင်သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကျွန်တော်၏ အဖေသည် သစ်ပင်စိုက်ပျိုးရာတွင်အလွန်ဝါသနာပါပါသည်။ လက်ဆိပ်ပါသည်ဟု ပြော၍ရမလား မသိပါ။ ကျွန်တော်ငယ်စဉ် မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့၊ ဇောင်ချမ်းတောင်ကျေးရွာ မူလတန်း ကျောင်းဆရာ၊ ကျောင်းအုပ်လုပ်စဉ်ကတည်းက  ကျောင်းဥယျာဉ် (School Garden) ပြုလုပ်ပြီး ဌက်ပျော၊ သရက် သစ်ပင်ပေါင်းစုံစိုက်ပါသည်။ တစ်ဖန် ဆင်ပေါင်ဝဲမြို့သို့ ပြောင်းရွှေ့ နေထိုင်ရာတွင် အိမ်ထဲတွင်မက လမ်းပေါ၊ လမ်းဘေးမြေတွေပါ ခရေ၊ တမာ စသည်ဖြင့် အရိပ်ရအပင်တွေ လိုက်စိုက်ပါသည်။ ကျွန်တော် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခချုပ်ဖြစ်တော့ အဖေရော အမေကိုပါ ရေဆင်းခေါ် ထားပြီး သမီးရရှိသော အဆောင်၏ရှေ့ ကျောက်ကုန်းပေါ်မှာ လိုက်စိုက်ရာ ယခုအခန်း ပတ်လည်တွင် သစ်ပင်များစိမ်းစိုနေပါပြီ။ အဲ့ဒီ ကျေးဇူးကြောင့် ထင်ပါသည် အခုအသက် ၉၉-နှစ် အထိ အသက်ရှည်ကာ ယခုအချိန်တွင် ကျွန်တော်နဲ့အတူနေပြီး ပေါင်းမြက်ရှင်းချင်တုန်း၊ အပင်စိုက်ချင်နေတုန်း ဖြစ်နေပါသည်။ အမေသည်လည်း အသက် ၁၀၀ ပြည့် အထိနေသွားရပြီး ၂၀၂၁-ခုနှစ်တွင် ဆင်ပေါင်ဝဲမြို့၌ ကွယ်လွန်သွားပါပြီ။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ သည် မြေကမ္ဘာနေ့ (Earth Day) ဖြစ်ပြီး ၂၀၂၃-ခုနှစ် ဆောင်ပုဒ်မှာ - မြေကမ္ဘာမှာရင်းနှီးမြှုပ်နှံပါ (Invest in our Planet) လို့ဆိုပါသည်။ သတင်းဌာနတစ်ခုက တင်ပြထားတာမှာ သစ်ပင်တွေစိုက်ပြီး မြေကမ္ဘာမှာ ရင်းနှီးမြှုပ်နှံနေတဲ့အဖွဲ့ အစည်းတစ်ခုသည် မိုးခေါင်ရေရှားရပ်ဝန်း တစ်နေရာမှာ ရှိနေပါသည်။ လက်ရှိနေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ကျော်နေသည့် မကွေးတိုင်း၊ ရေနံချောင်းမြို့တွင်မူ ရေနံသာဒင်္ဂါးညီနောင်များသည် သစ်ပင်စိုက်၊ ရေကန်ဖော်၊ ဇရပ်ဆောက်၊ ရေချမ်းစင်တည်ဆောက်သည့် အဖွဲ့ဖြစ်ပါသည် ။ အလွန် သာဓုခေါ်ဖို့ ကောင်းပါသည်။ 

(ဃ) ပညာပေးပါ (Educate) ပုံမှန် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အခြေခံပညာကျောင်းများတွင် သင်ကြားပေးနေသည့်အပြင် အွန်လိုင်းမှ ပညာပေးခြင်း (Online Education) များစွာဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး (Environmental Conservation) ကို ပညာပေးခြင်းများပါ တပြိုင်နက်တည်း လုပ်ဆောင်ရပါမည်။ ဦးစည်သူလွင်မှ ကလေးများကို ပညာပေးနေသော ပတ်ဝန်းကျင် ဆိုင်ရာပညာရေး (Environmental Education) သင်တန်းများသည်လည်း အလွန်အဖိုးတန်လှပါသည်။ ဤဘာသာရပ်ကြီးတွင်ရှိသည့် အစိတ်အပိုင်းများ (Components)  မှာ - ပတ်ဝန်းကျင်နှင့်ပတ်ဝန်းကျင်စိန်ခေါ်မှုများ (Environment and Environmental Challenges) ကို

  • (ဃ-၁) နိုးကြားအသိရှိမှုနှင့် မြန်မြန်တုံ့ပြန်နိုင်မှု (Awareness and Sensitivity) ရှိရပါမည်။
  • (ဃ-၂) ဗဟုသုတရှိနေရပြီး၊ နားလည်နိုင်စွမ်း (Knowledge and Understanding) ရှိရပါမည်။
  • (ဃ-၃) မိမိသဘောထား (Attitude) သည် ပြောင်းလဲလိုမှု စိတ်ဓာတ်အပြည့်ရှိရပါမည်။
  • (ဃ-၄) ဤဘာသာရပ်နှင့်ပတ်သက်၍ ကျွမ်းကျင်မှု (Skill) ရှိနေရပါမည်။ ထို့အတွက် ပတ်ဝန်းဆိုင်ရာကိစ္စများကို စဉ်ဆက်မပြတ်သင်ယူနေရပါမည်။
  • (ဃ-၅) စုပေါင်းပါဝင်ဆောင်ရွက်မှု (Participation) ပြုလုပ်ရပါမည်။ အသင်းအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်တတ်မှု (Team-work Skill) ကိုလည်း လေ့ကျင့်ပျိုးထောင်ပေးရပါမည်။ 

(င) စေတနာ့ဝန်ထမ်းလုပ်ပါ (Volunteer) ကလေးများ၊ အသင်းအဖွဲ့များစွာ ပေါ်ပေါက်လာအောင်လည်း လေ့ကျင့်ပျိုးထောင်ပေးရပါမည်။ ယခု မြို့နယ်တိုင်း၊ ကျေးရွာတိုင်းနီးပါး နာရေးကူညီမှုအသင်း၊ အရန်မီးသတ်တပ်ဖွဲ့ စသည်ဖြင့် စေတနာ့ဝန်ထမ်း အသင်းများစွာ ပေါ်ပေါက်လာပါသည်။ 

(စ) ရေကိုချွေတာ (Conserve water) တတ်အောင် အလေ့အကျင့်များစွာဖြင့် သင်တန်းပေးရပါမည်။ ကျွန်တော် ဂျာမဏီနိုင်ငံတွင် ပညာသင်ကြားစဉ်က မီးဖိုချောင်၌ ပန်းကန်ဆေးရာတွင် ပန်းကန်တိုင်း ရေဆေးချနေသဖြင့် ဂျာမန်ကျောင်းသားတစ်ယောက်က ရေဇလုံ (Basin) အောက်က အပေါက်ပိတ်ပြီး ပန်းကန်အားလုံးကို ဆပ်ပြာရည်နှင့်ဆေးခြင်းဖြင့် ရေကိုချွေတာနိုင်သည်ဟု သင်ကြားပေးပါသည်။ 

(ဆ) ရေရှည်တည်တံ့ခိုင်မြဲမည့် ပင်လယ်စာများ (Choose Sustainable Seafood) ကိုသာ ရွေးချယ်စားသုံးပါ။ ကျွန်တော် သိပ်နားမလည်ပါ။ ရေရှည်တည်တံ့ခိုင်မြဲစေသော ငါးမျှားခြင်းမှ (Sustainable Fishing) ရရှိသည့် ငါး၊ ပုဇွန်များ (တစ်နည်းအားဖြင့်) ငါးမျိုးသယံဇာတ မဖြုန်းတီးစေသောနည်းစနစ်များဖြင့် ဖမ်းယူရရှိသော ပင်လယ်စာများကိုသာ စားသုံးပါဟု ဆိုလိုခြင်းဖြစ်မည် ထင်ပါသည်။ 

(ဇ) အမျှော်အမြင်ကြီးစွာဖြင့် ဈေးဝယ်ပါ (Shop Wisely) ပလတ်စတစ်အိပ်၊ ကျွတ်ကျွတ်အိတ် များမသုံးဘဲ အဝတ်အိတ်၊ ကြိမ်ခြင်းစသည့် ရေရှည်အသုံးပြုနိုင်သော ပစ္စည်းများဖြင့်ဈေးဝယ်ပါ။

(ဈ) ရေရှည်အသုံးပြုနိုင်သော မီးလုံးများကို အသုံးပြုပါ (Long-lasting light bulbs are a bright idea)၊ အရည်အသွေးမကောင်းသောမီးလုံးများ၊ ဓာတ်ခဲများ၊ ဘက်တ္တရီအိုးခြောက်များကို အသုံးပြုခြင်းဖြင့် အမှိုက်များစွာဖြစ်စေပါသည်။

(ည) ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသည့် အကြွင်းအကျန်များကို မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် စွန့်ပစ်ခြင်းမပြုပါနှင့် (Don’t send Chemicals into our waterways) စသည်တို့ဖြစ်ပါသည်။

ကမ္ဘာ့လူဦးရေသည် သက္ကရာဇ် ၂၀၅၀ မှာ သန်း ၉၀၀၀ ဖြစ်ပါလိမ့်မည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) ၏ ခန့်မှန်းချက်အရ ယခုထက် ၆၀%  အစားအစာပိုထုတ်ရပါမည်။ ကမ္ဘာ့ အပူချိန်သည် ဆယ်စုနှစ်တစ်ခု (၁၀-နှစ်) လျှင် (၀.၀၈ ဒီဂရီစင်တီဂရိတ်) တိုးတက်လာပါသည်၊ (၁၈၅၀-၂၀၂၀ ပျှမ်းမျှအပူချိန် ၁.၀၉ ဒီဂရီစင်တီဂရိတ်တက်လာ)၊ မြန်မာနိုင်ငံတွင် ၁၀ စုနှစ် တစ်ခုလျှင် ၀.၂၅ ဒီဂရီစင်တီဂရိတ် တက်နေ ပါသည်။ ၁၉၀၁-၂၀၁၈ အတွင်းလည်း  ပင်လယ်ရေမျက်နှာပြင် ၀.၂၀ မီတာ မြင့်တက်လာပါသည်။ 

ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှု (Environmental Challenges) တွေမှာ 

  • ရာသီဥတုပြောင်းလဲမှု (Climate Change)
  • ဇီဝမျိုးစုံ၊ မျိုးကွဲများပျောက်ဆုံးလာနေမှု (Loss of Biodiversity)
  • မြေဆီလွာအရည်အသွေးနိမ့်ကြလာမှု (Soil Degradation) 
  • ရေရှားပါးလာမှု (Water Scarcity) စသည်တို့ဖြစ်လာပါသည်။ 

ရာသီဥတုပြောင်းလဲမှု (Climate Change) ကြောင့် မြန်မာနိုင်ငံထိခိုက်မှုများမှာ အပူပိုင်းဒေသများ (စစ်ကိုင်း၊ မန္တလေး၊ မကွေး) စသည့် ဒေသများတွင် အပူချိန်ပိုမြင့်လာပြီး မိုးခေါင်မှုများပိုများလာပါသည်။ ကန်းရိုးတန်းဒေသများ - မုန်တိုင်း၊ လေပွေလှိုင်း၊ လေပြင်း၊ ရေကြီးရေလျှံမှု ပိုဖြစ်လာပြီး ပင်လယ်ရေမျက်နှာပြင်ပိုမြင့်လာပါသည်။ (၁၉၇၈ မတိုင်မီက ပျမ်းမျှ မိုးရွာရက် ၁၄၇ ရက်ရှိသော်လည်း ယခု ၁၂၀ ရက် အောက်သာရှိပါတော့သည်) 

ရာသီဥတုနှင့် သဟဇာတဖြစ်သောစိုက်ပျိုးရေး (Climate Smart Agriculture - CSA) ဆိုသည်မှာ

  • စိုက်ပျိုးထုတ်လုပ်မှုနှင့် ဝင်ငွေများရေရှည်တိုးတက်ရရှိရေး
  • ရာသီဥတုပြောင်းလဲမှုကိုခံနိုင်ရည်ရှိအောင်ဆောင်ရွက်ရေး
  • ဖန်လုံဓာတ်ငွေ့ထုတ်လုပ်မှုကို မျှော်လင့်နှုန်းထားထက် လျှော့ချနိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင်ရေး စသည်တို့ကိုလုပ်ဆောင်ရပါမည်။

အလေ့အထကောင်းများမှာ - 

(က) မြေဆီလွှာစီမံခန်ခွဲမှု (Soil Management) အပင်ရှင်သန်ရေးအတွက် အထောက်အပံ့ပေး အရင်းအမြစ် ဖြစ်ပါသည်။ မြေဆီလွှာတွင် သဲ၊ နှုန်း၊ ရွှံ့စေးနှင့် မြေဆွေး၊ သက်ရှိသတ္တဝါတွေလည်းရှိပါသည်။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွင် အဓိကအခန်းမှ ပါဝင်သည်။ အပင်အတွက် လိုအပ်သော အဟာရဓာတ် များစွာပါဝင်ပြီး ဓာတုဆေးများ သုံးမှုကြောင့် မြေဆီလွှာ မပျက်စီးအောင် ကာကွယ်ရမည်။

(ခ) သဘာဝမပျက်စိုက်ပျိုးရေး (Conservation Agriculture) သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကာ ကုန်ထုတ်လုပ်မှု ရေရှည်မြင့်မားကာ လက်ခံနိုင်လောက်သော အမြတ်ရအောင်ပြုလုပ်ပေးခြင်းဖြစ်ပါသည်၊ 

မြေဆီလွာကို အနည်းဆုံးထွန်ယက်ခြင်း (Zero tillage/Minimum Tillage)၊ သီးနှံအကြွင်းအကျန်များ (သို့) မြေဖုံးသီးနှံထား (Mulching) ပေးခြင်း၊ အပင်များတွင် ပေါင်း၊ ပိုး၊ ရောဂါလျော့နည်းစေရန် သီးလှည့်စိုက်ပျိုးခြင်း (Crop Rotation) တို့ပါဝင်ပါသည်။ သီးလှည့်စိုက်ရာတွင်  ပဲမျိုးနွယ်ပင် (Legumes) ထည့်ပါ။

 (ဂ) ဇီဝပစ္စည်း ပြန်လည်ထည့်သွင်းခြင်းနှင့် မြေဆီလွှာ ကျန်းမာရေး (Biomass Recycling and Soil Health) အော်ဂဲနစ်စွန့်ပစ်ပစ္စည်း ပြန်လည်ထည့်သွင်းပါ (Recycle organic wastes)၊ မြေဆွေး (Humus)၊ သစ်ရွက်ဆွေး  (Compost) ပြုလုပ်ပြီး ပြန်လည်ထည့်သွင်းနိုင်ပါသည်။ အကျိုးပြုအဏုဇီဝအကောင် (Beneficial Microbes) များကိုလည်း ထည့်သွင်းပေးနိုင်ပါသည်။

(ဃ) ပေါင်းစည်းလယ်ယာစနစ်နှင့် ထိရောက်သော မြေဩဇာသုံးစွဲမှု (Integrated Farming and Efficient Use of Fertilizers) သီးနှံစိုက်ပျိုးခြင်းနှင့်တိရစ္ဆာန်မွေးမြူခြင်း ပူးပေါင်းလုပ်ဝင်ငွေပိုမိုရရှိနိုင်ပါသည်။ မြေဆီလွာ စစ်ဆေး (Soil Analysis) ပြီးမှ လိုအပ်သော မြေဩဇာ ထည့်သွင်းခြင်းက ပိုကောင်းပါသည်။ 

တစ်ချို့ အော်ဂဲနစ်စိုက်ပျိုးရေး (Organic Agriculture) ကို အားပေး၍ ပြုလုပ်သင့်ပါသည်။

(င) ရေရှည်တည်တံ့သော သီးနှံစိုက်ပျိုးထုတ်လုပ်မှု (Sustainable Crop Production) ဥပမာ - စပါးစွမ်းအားမြင့်စိုက်ပျိုးခြင်း (SRI)၊ သီးနှံအမယ်စုံစိုက်ပျိုးခြင်း (Multiple Cropping)၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း (Agroforestry)၊ တောင်စောင်းစိုက်ပျိုးနည်းစနစ် (Sloping Land Agriculture Technology - SALT)၊ အိမ်တွင်းဥယျာဉ် ပြုလုပ်စိုက်ပျိုးခြင်း (Home Garden)၊ ခံနိုင်ရည်ရှိသော မျိုးများမွေးမြူ၍ စိုက်ပျိုးခြင်း (Breeding Tolerant Varieties) (ရေငတ်ဒဏ်၊ ရေဝတ်ဒဏ်၊ ဆားငန်ခံ၊  အအေးခံ၊ ပိုးမွားရောဂါဒဏ်ခံ)  စသည်တို့ဖြစ်ပါသည်။ 

ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေး (Sustainable Agriculture) ကို စတင်ကျင့်သုံးရင်း စုပေါင်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းကြပါစို့။ 

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်