ယာစပါး (သို့မဟုတ်) တောင်ယာစပါး (အပိုင်း-၁)

07/08/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (84) Upland Rice - 1

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၈၄)  ယာစပါး (သို့မဟုတ်) တောင်ယာစပါး (အပိုင်း-၁)

ကျွန်တော်တို့အဖွဲ့သည် ကမ္ဘာ့သဘာဝရန်ပုံငွေအဖွဲ့ (World Wide Fund for Nature ယခင် World Wildlife Fund - WWF) ၏ စီမံကိန်းဖြင့် ထားဝယ်ဒေသရှိ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း (Agroforestry) လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ထိုမှရရှိသော အတွေ့အကြုံများကို မိတ်ဆွေများစိုက်ပျိုးနေသော တောင်ယာစပါး (Upland Rice) ကို  စနစ်တကျစိုက်ပျိုးဖြစ်ထွန်းစေရန် ကျွန်တော်သိသလောက် ဆွေးနွေးပါမည်။

ဒေသတောင်သူအများစုမှာ သမားရိုးကျဒေသနည်း၊ အထွက်နည်းသောဒေသမျိုးတွေသာ အသုံးပြုနေသည်ကို တွေ့ရပါသည်။

  • (၁) ရွှေ့ပြောင်းတောင်ယာစနစ်၊ ဓားနှင့်ခုတ်ပြီး မီးရှို့သည့်စနစ် (Slash & Burn Method) ကို သုံးနေဆဲပဲဖြစ်ပါသည်။
  • (၂) မီးရှို့ခြင်းဖြင့် မြေကြီးမှာ ပြောင်သလင်းခါသွားပြီး တောင်စောင်းများ မြေ၊ ရေတိုက်စားမှု (Soil and Water Erosion)  ပိုမိုဖြစ်စေခဲ့ပါသည်။
  • (၃) အများစုသည် ဓာတ်မြေဩဇာ မသုံးကြပါ။ သဘာဝမြေဩဇာ နွားချေး (Farm Yard Manure) စသည်တို့လည်း ဈေးကြီးရှားပါးနေပါပြီ။

ဤသည်တို့ကြောင့် ခေတ်မီတောင်ယာစပါး စိုက်ပျိုးရေးနည်းစနစ်များကို နည်းပညာ အသစ်များနှင့်အတူတူ မြန်မာဘာသာဖြင့် ထုတ်ဝေသော စာအုပ်များစွာဖြင့်  ကျေးလက် ပြည်သူများထံ အရောက် ပေးပို့ရန်လိုအပ်နေပါပြီ။

 

ပုံ - ၁ စပါးပင်အမျိုးအစား ၄-မျိုး

ရုက္ခဗေဒလက္ခဏာများ (Botanical Characters of Rice)

စပါးကို ဂေဟစနစ် (Rice Ecosystems) အရ အမျိုးအစား (၄) မျိုးခွဲခြားနိုင်ပါသည်။

(က) ယာစပါး/ တောင်ယာစပါး (Upland Rice – Dry Cultivation System) အခြောက်စိုက်ပျိုးခြင်း - များသောအားဖြင့် တောင်တန်းဒေသများတွင် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်း (Direct Seeding) ဖြစ်စေ၊ စူးထိုး၍ဖြစ်စေ၊ ထယ်ထိုး၍ဖြစ်စေ စိုက်ပျိုးသောစနစ်ဖြစ်ပါသည်။

ပုံ - ၂ ချင်းပြည်နယ်တွင်တောင်ယာစပါးစိုက်ပျိုးခြင်း

(ခ) လယ်စပါး - မိုးကောင်းသောက် (Rainfed Lowland Rice – Wet Cultivation System) အစိုစိုက်ပျိုးခြင်း

မြန်မာနိုင်ငံ လယ်သီးနှံစိုက်ပျိုးသော လယ်သမားအများစု လက်တွေ့ကျင့်သုံးနေသော စနစ်တစ်ခုဖြစ်ပြီး ကြဲပက် (Broadcasting Method) စိုက်ပျိုးခြင်းစနစ်၊ ပျိုးထောင်စိုက်ပျိုးခြင်း (Transplanting Method) စနစ် စသည်တို့ကို မိုးရေရရှိမှု အပေါ်မူတည်၍သာစိုက်ပျိုးသော စနစ်ဖြစ်ပါသည်။ 

ပုံ - ၃ မိုးကောင်းသောက်စပါး၊ ရေသွင်းစပါး စိုက်ပျိုးခြင်း

(ဂ) လယ်စပါးကို ရေသွင်းစိုက်ပျိုးခြင်း (Irrigated Rice) 

မိုးရေရရှိမှုနည်းပါးသော နေရာဒေသများတွင် ဆည်ရေသောက်စနစ်ဖြင့် ရေသွင်းစိုက်ပျိုးသောစနစ် (Flood Irrigation System) ဖြစ်ပါသည်။ (ရေအနက် အများဆုံး ၃၀-စင်တီမီတာ (တစ်ပေခန့်) ဖြစ်ရပါမည်)

(ဃ) ရေနက်ကွင်းစိုက်စပါး (Flood Prone Rice – Deep Water Rice/Floating Rice) 

ရေ (မိုးရေ၊ ဆည်ရေ၊ မြေအောက်ရေ) စသည်တို့နှင့် စိုက်ပျိုးသောစနစ်ဖြစ်သည်။ ရေတစ်ဝက်ထားပြီး ဒေသမျိုးများစိုက်ပျိုးခြင်း (ရေအနက် တစ်ပေ မှ သုံးပေ အတွင်း) (Semi-deep Water) နှင့် ရေ ၃ ပေမှ ၁၀ ပေခန့်အထိထားပြီး စိုက်ပျိုးခြင်း (Deep water or Floating Rice) တစ်ချို့စပါးမျိုးများ စိုက်ပျိုးပြီး ရေတက်လာသည်နှင့်အမျှ ရေမြင့်သလို စပါးပင်ကလည်း မြင့်တက် လာခြင်းဖြစ်ပါသည်။ ရိတ်သိမ်းသောအခါ လှေ၊ သမ္မာန်များနှင့် စပါးနှံကို ရိတ်သိမ်းရပါသည်။

ပုံ - ၄ ရေနက်ကွင်းစပါးခင်း

တောင်ယာ စပါးပင်လက္ခဏာများ

  • ဒေသတောင်ယာစပါးမျိုးက အပင်အမြင့် ၃ ပေမှ ၆ ပေခန့်အထိရှိနိုင်ပါသည်။
  • အနှံပါပင်ပွားများ (Productive Tillers) ၂-၄ ရုံခန့်သာ ပါဝင်နိုင်ပါသည်။
  • တစ်နှံလျှင် အောင်စေ့ ၁၅၀ မှ ၃၀၀ ခန့်အထိရှိပါသည်။
  • ပတ်ဝန်းကျင်ဆိုးဝါးမှုဒဏ် (Poor Environment) ကို ကြံ့ကြံ့ခံနိုင်ပါသည်။
  • အဓိကပြဿနာမှာ သွင်းအားစုများ စနစ်တကျထည့်ပေးပါက  ယိုင်လဲလွယ်ပါသည် ။ (Lodging)၊ အထွက်နှုန်း (Rice Grain Yield) လည်းနည်းပါသည်။

ပုံ - ၅ ဒေသ တောင်ယာ စပါးပင်ပုံ

စပါးပင်၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု 

(Growth and Development of Rice Plant)

စပါးပင်၏ သက်တမ်း (Life Period) သည် အညှောင့်ပေါက် (Germination) သည်မှ ရင့်မှည့်ချိန် (Maturity) အထိ ၃ လ မှ ၆ လ အထိ မျိုး နှင့် ရာသီဥတုအပေါ်တွင် မူတည်၍ရှိပါသည်။

စပါးပင်ကြီးထွားမှုအဆင့် (Growth Stages of Rice) ၃ ဆင့် ရှိပါသည်။

(က) ပင်ပိုင်းဆိုင်ရာကြီးထွားမှု (Vegetative Phase) သက်တမ်းအပေါ်မူတည်၍ ရက်ကွာပါသည်။

ဥပမာ - ၁၃၅ ရက်သက်တမ်း ရှိ စပါးဆိုလျှင် ပင်ပိုင်းကြီးထွားချိန်  ၇၀-ရက်ခန့်ကြာပါမည်၊

(ခ) မျိုးပွားပိုင်းဆိုင်ရာ ကြီးထွားမှု (Reproductive Phase) ၃၅-ရက်ခန့်

(ဂ) ရင့်မှည့်ပိုင်းဆိုင်ရာကြီးထွားမှု (Ripening Phase) ၃၀-ရက်ခန့် ရှိပါသည်။

စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်ဝန်းကျင် (Rice Production and Environments)

စပါးပင်၏ အကောင်းဆုံးအထွက်ရရှိရန် စပါးစိုက်တောင်သူသည် စပါးပင် ကြိုက်နှစ်သက် သော (တစ်နည်းအားဖြင့်) စပါးပင်နှင့် သင့်တော်သော ပတ်ဝန်းကျင်ကို သိရှိရပါမည်။ ဤပတ်ဝန်းကျင်အတွက် (၂) မျိုးရှိပါသည်၊

(က) သဘာဝ (Nature) ၎င်းတွင် စပါးကြိုက် ရာသီဥတု (Favorable Weather)၊ စပါးကြိုက် မြေဆီလွှာ (Rice Suitable Soils) နှင့် ကောင်းသောဇီဝဝန်းကျင် (Good Biotic Surroundings) တို့ နှင့်

(ခ) စပါးတောင်သူကိုယ်တိုင် အသုံးပြု သော စိုက်ပျိုးထွန်ယက်နည်း စနစ်များ (Cultural Practices)၊ မြေဩဇာ၊ ဓာတုဆေး၊ လယ်ယာသုံး ကရီယာများ စသည့် သွင်းအားစုများ (Agricultural Inputs) ပင်ဖြစ်ပါသည်။

ပုံ - ၇ စပါးပင်နှင့် ပြင်ပလက္ခဏာများ

(အပိုင်း - ၂ ဆက်ပါဦး မည်)

(မှီငြမ်းစာအုပ်များ)

References

Arraudeau, M.A. and Vergara, B.S. (1988) A Farmer Primer on Growing Upland Rice. IRRI and IRAT. 292p.

De Datta, S.K. (1981) Principles and Practices of Rice Production. John Wiley & Sons. 640p.

FAO (1977) Upland Rice. Food and Agriculture Organization. 30p.

Pande, H.K. (1994) Improved Upland Rice Farming Systems. FAO. 117p.

Yoshida, S. (1981) Fundamentals of Rice Crop Science. IRRI. 279p.

(ဒေါက်တာမျိုးကြွယ်) 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်