အုန်းပင်ကနေ နဂါးထွက်မလာပါ

29/09/2022 15:00 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

လိုင်းလေးဖွင့်ပြီး ဖေ့စ်ဘွတ်သုံးတော့ စိုက်ပျိုးရေးရာဗဟုသုတဂရုထဲမှာ ထိုင်းနိုင်ငံသားတွေ ထင်ပါရဲ့။ အုန်းပင်ဘေးကထွက်နေတဲ့ နဂါးလိုလိုအတွန့်တွေကို ထိုင်ကန်တော့နေကြတဲ့ ပုံလေးတွေ့ လိုက်မိတယ်။ ထုံးစံအတိုင်း ကော့မန့်မှာ တစ်ယောက်တစ်ခွန်း ဆွေးနွေးနေကြတာပေါ့။

ဒါ့ကြောင့် ကျွန်မလည်း နဂါးတော့ မဖြစ်နိုင်ကောင်းပါဘူး။ အုန်းပင်မှာ တစ်ခုခုဖြစ်တာပဲ ဖြစ်နိုင်တယ်။ ရောဂါလား၊ ပိုးလား၊ အာဟာရကြောင့်လားဆိုပြီး လေ့လာဖတ်ရှုကြည့်မိတော့ အဖြေကို သွားတွေ့မိ ပါတယ်။

ဒီတော့ ကျွန်မလေ့လာမိသလောက်လေးကို တခြားသူတွေပါ ဗဟုသုတရအောင် အစိမ်းရောင်လမ်း ကနေ မျှဝေပေးလိုက်ပါတယ်။

ရှာဖွေကြည့်မိတဲ့ ဆောင်းပါးတွေကတော့ ဒီလိုဖြစ်ရတဲ့လက္ခဏာဟာ ဘိုရွန်ချို့တဲ့မှုကို ညွှန်ပြနေတာပါတဲ့ ဘာကြောင့်လဲဆိုရင်တော့ အောက်မှာပြောပြထားတဲ့ အချက် ၁၃ ချက်ကို ကြည့်ကြည့် လိုက်ပါရှင့်။

(၁) အလင်းဖောက်နိုင်တဲ့ ကန့်လန့်ဖြတ်အစင်းတွေနဲ့ အရွက်ပြားပေါ်မှာ တွန့်ခေါက်နေတဲ့ အဖောင်း အကြွတွေကို Dypsis lutescens နဲ့ Syagrus romanzoffiana မျိုးတွေမှာ ဘိုရွန်ချို့တဲ့ရင် မြင်တွေ့ ရမယ့် ပုံစံဖြစ်ပါတယ်။

(၂) Cocos nucifera မျိုးတွေမှာ ဘိုရွန်ချို့တဲ့မယ်ဆိုရင် အရွက်ထိပ်ဖျားတွေမှာ (ရွက်ချိတ်ပုံစံ) ရွက်ထိပ်ဖျားတွေမှာ Zigzag ပုံစံဖြစ်နေတာကို မြင်ရမှာပါ။ ဒီလိုဖြစ်နေတာက ခဏတာပဲဖြစ်လေ့ရှိပြီး ဖြစ်ရင်လည်း သိပ်ပြီးတော့မပြင်းထန်ပါဘူး။ အဲ့ရွက်ချိတ်တွေက လုံးဝတောင့်တင်းနေပြီး အရွက်ပြား တွေကို မဖြတ်လိုက်ဘဲ မဖြောင့်တန်းနိုင်တော့ပါဘူး။ တစ်ချို့မျိုးတွေမှာဆိုရင် ရွက်ချိတ်တွေက ကြွေကျတတ်ပါတယ်။

(၃) Syagrus romanzoffiana မျိုးမှာဆိုရင်လည်း အုန်းကိုင်းအရင်းကနေ အသစ်ထွက်တဲ့ ထိပ်ဖျားပိုင်းထိ အဖျားရှူးသွားတဲ့ ပုံစံမျိုးနဲ့ ဘိုရွန်ချို့တဲ့တာကို ပြသပါတယ်။ အဲ့အရွက်တွေက ကြွေကျ သွားပြီး ရွက်ထိပ်ပိုင်းမှာ ဘာမှမကျန်ခဲ့တော့တဲ့ ပုံစံမျိုးပါ ပြသပါတယ်။

(၄) Cocos nucifera မျိုးတွေမှာဆိုရင် ဘိုရွန်ဓာတ်ချို့တဲ့မှုက ရွက်ထိပ်ဖျားတွေမှာ ခဏပဲပြသပါတယ်။ အုန်းကိုင်းရဲ့အလယ် အရွက်တွေဖွံဖြိုးနေစဉ်မှာ ဆက်တိုက် မိုး ၁၀ ရက်လောက် အပြင်းအထန် ရွာသွန်းမယ်ဆိုရင်တော့ ပုံထဲကလိုမျိုး ဖြစ်သွားနိုင်ပါတယ်။

(၅) Phoenix sylvestris မျိုးတွေမှာ ချို့တဲ့မှုကြာရှည်နေပြီဆိုရင်တော့ အပင်ရဲ့ထိပ်ဆုံးမှာ ရှိတဲ့ စပီးယားလိဖ့် (အရွက်နု)တွေ ပုံမှန်အတိုင်း မပွင့်တာကို တွေ့ရပါလိမ့်မယ်။

(၆) Adonidia merrillii မျိုးတွေမှာ အုန်းပင်ရဲ့ ပင်စည်ကြီးက ခါးလယ်ကနေ ကွေးကျနေတာမျိုး ဆိုရင်လည်း အဲ့ဒါက ဘိုရွန်ချို့တဲ့နေတာကို ပြသနေတာပါ။

(၇) ဘိုရွန်ချို့တဲ့တာ ကြာရှည်မယ်ဆိုရင် Roystonea regia မျိုးတွေမှာ ကိုင်းက အပြင်ဘက်ကို ကော့ ထွက်လာပြီး အောက်ကိုကျနေတဲ့ လက္ခဏာတွေ ပြသနေပါတယ်။

(၈) အရွက်ညှာတွေက လိမ်ပြီး အရွက်တွေပါ လိမ်လာတဲ့အတွက် အရွက်သစ်တွေက ပင်စည် တစ်လျှောက် အောက်ကိုထိုးကျနေပြီဆိုရင် ဘိုရွန်ချို့တဲ့နေတာပါပဲ။ Adonidia merrillii  မျိုးတွေမှာ ဖြစ်တတ်ပါတယ်။

(၉) အပီနက်စတစ်လို့ခေါ်တဲ့ အရွက်တွေဝါလာခြင်း၊ အရွက်တွေကြွေကျလာခြင်း၊ အရွက်တွေ လိမ်လာခြင်း၊ အရွက်နုတွေကြွေကျခြင်း လက္ခဏာတွေဟာ indoleacetic acid ပြိုကွဲမှုဖြစ်စဉ်မှာ ဘိုရွန်ချို့တဲ့မှုကြောင့်ဖြစ်ရပြီး ဒါကြောင့်ပဲ အရွက်အတွင်း Auxin ဓာတ် ပါဝင်မှု များပြားလာရပါတယ်။ ဘိုရွန်ချို့တဲ့လာပြီဆိုရင် အကိုင်းတွေက ပုံမှန်အတိုင်းမဟုတ်ဘဲ ထူးဆန်းတဲ့ အနေအထားတွေနဲ့ ထွက်လာတာကို တွေ့ရနိုင်ပါတယ်။ ပုံမှာပြထားတာကတော့ Syagrus romanzoffiana မျိုးမှာ ဘိုရွန်ချို့တဲ့နေတာကို ပြထားပါတယ်။

(၁၀)  Queen Palm လို့ခေါ်တဲ့ အုန်းမျိုးမှာ ဘိုရွန်ချို့တဲ့ရင် အရွက်တွေမှာ အတွန့်အခေါက်တွေ ဖြစ်လာပါတယ်။

(၁၁) Heterospathe elata  မျိုးမှာ ဘိုရွန်ချို့တဲ့ရင် အရွက်တွေကြေမွနေသလိုမျိုး ထွက်လာပါတယ်။ အဲ့ကြေမွနေတဲ့ အရွက်တွေဟာ အကော်ဒီယံ တူရိယာနဲ့တောင်တူလို့ အကော်ဒီယံအရွက်လို့ တောင် ခေါ်ကြပါတယ်။

(၁၂) ဆီအုန်းပင်မှာကျ ဘိုရွန်ချို့တဲ့မှုများပြီး ချို့တဲ့ချိန်ကြာမယ်ဆိုရင် အရွက်နုတွေမှာ အကော်ဒီယံ အရွက်တွေဖြစ်လာနိုင်ပါတယ်။ ထပ်ထွက်လာတဲ့ အရွက်နုသစ်က ပုံမှန်အကောင်းအတိုင်း ထပ်ထွက်လာပြီး အကော်ဒီယံအရွက်တွေကို ကာထားတာကို ပုံမှန်မြင်တွေ့ရ နိုင်ပါတယ်။

(၁၃) ဘိုရွန်ချို့တဲ့ရင် အသီးတွေနုစဉ်မှာပဲကြွေကျနိုင်ပြီး ပန်းခိုင်ရဲ့ထိပ်မှာ တစ်ရှုးသားတွေ အများကြီးသေနေတာကို ပုံမှာပြထားတဲ့ Sygrus romanzoffiana နဲ့ Cocos nucifera မျိုးမှာမြင်နိုင်ပါတယ်။

 

ဘိုရွန်ကဘာကြောင့်ချို့တဲ့တာလဲ

မြေဆီလွှာခြောက်သွေ့ခြင်းနဲ့ မြေချဉ်ငန်ကိန်း မြင့်မားတာကြောင့် ဘိုရွန်ကချို့တဲ့တာပါ။ မြေဆီလွှာထဲ ရေစိမ့်ဝင်မှုများမယ်ဆိုရင်လည်း ဘိုရွန် ယာယီချို့တဲ့နိုင်ပါသေးတယ်။

ဘိုရွန်ချို့တဲ့မယ်ဆိုရင် ဘိုရပ် ဒါမှမဟုတ် ဆိုဒီယမ် တက်ထြာဘိုရိတ်ကို ရေ ၁ လီတာမှာ ၂ ဂရမ် (၀.၂%) နှုန်း ၊ တစ်ပင်ကို ၇၅ - ၁၀၀ ml နှုန်းနဲ့ ဖျန်းနိုင်ပြီး ကာကွယ်ဖို့အတွက် ဘိုရပ်၊ ဆိုဒီယမ် တက်ထြာဘိုရိတ် နဲ့ အော့တာဘိုရိတ် တစ်မျိုးမျိုးကို ၁၅ - ၂၀ ဂရမ်နှုန်း ဖျန်းနိုင်ပါတယ်။

ref: https://vikaspedia.in/agriculture/crop-production/integrated-pest-managment/ipm-strategies-for-coconut/nutritional-deficiencies-disorders#:~:text=Boron%20deficiency%20is%20caused%20by,are%20replaced%20by%20younger%20leaves.

http://idtools.org/id/palms/symptoms/factsheet.php?name=Boron+Deficiency

photo crd

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်