အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငြုပ်သီး သို့မဟုတ် ငရုတ်သီး

ငြုပ်သီး သို့မဟုတ် ငရုတ်သီး

Shwe-Yee-linn
Shwe-Yee-linn • 22/01/2018

ယခုကမ္ဘာအရပ်ရပ်၌ စားသုံးနေကြသောငရုတ်သီးများ၏ အစကနဦးပေါက်ရောက်ရာဒေသသည် မက္ကဆီကို နိုင်ငံဖြစ်သည်။ မိုးမျှော်သီး၊ ငရုတ်အစပ်တောင့်၊ အာပူတောင့်၊ ကုလားအော်သီး၊ ငရုတ်သီး စိမ်းစသည်ဖြင့် မြန်မာနိုင်ငံ တွင် အမျိုးမျိုးသောအမည်များကို နေရာဒေသအလိုက် ခေါ်တွင်ကြသော်လည်း ငရုတ်သီးဟူသော အခေါ်အဝေါ်နောက်တွင် စပ်သော ပူသောအာသာကို လူတိုင်းရကြသည်။ သို့သော် နိုင်ငံတကာ တွင်မူ chilli pepper(ငရုတ်စပ်), sweet pepper( ငရုတ်ချိူ), hot pepper (ငရုတ်ပူ) ဆို၍ သာ အဓိကခွဲခြား၍ ထားသည်။ ထို့အပြင် အရောင်တင်မှုန့်သီးသန့် ထုတ်လုပ်သောငရုတ် ဟူ၍လည်း သီးခြားရှိကြပြန်သည်။

အစပ်၊ အပူကိုလည်း တိုင်းတာနည်းတစ်မျိုးဖြစ်သော စကိုဗေး ဖြင့်တိုင်းတာကြသည်။ ထိုတိုင်းတာနည်းမှာ အခြောက်ခံထားတဲ့  ငရုတ်ကို အရက်ထဲ ထည့်စိမ်လိုက်တဲ့အခါငရုတ်တောင့်ဆီကနေ ကပ်ဆိုင်စီနွိုက်လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကိုရသည်။ အဲ့ဒီဓာတ်ကို သကြားပျော်ရည်နှင့် အစပ်ဓာတ်ပျောက်သွားသည့် တိုင်အောင်ရောသည်။ အစပ်ဓာတ်ပျောက်သွားသည့် အရည်ကိုမှရေနှင့် သုံးကြိမ်တိုင်တိုင်ထပ်ရောပြီး စမ်းသပ်သည်။ ရောရတဲ့သကြားရည်ပမာဏများလေလေ အစပ်ဓာတ်၊ အပူဓာတ်များလေလေဖြစ်သည်။

ကမ္ဘာ့အစပ်ဆုံး ငရုတ်သီးအဖြစ်စံချိန်တင်ထားသည်က အိန္ဒိယမြောက်ပိုင်း၊ နဂဒေသနှင့် မဏိပူတို့မှ စိုက်ပျိုးသော ငရုတ်က စံချိန်တင်ထားသည်။ စိုက်နည်းစနစ် များတွင်လည်းကောင်း၊ ကျရောက်တတ်သော ရောဂါ ပိုးမွှားများတွင်လည်းကောင်း အနည်းငယ်ကွဲပြားမှု့ရှိကြသဖြင့် ငရုတ်စိုက်ပျိုးနည်းကို မျှဝေရာတွင် ယေဘုယျ အားဖြင့် တစ်မျိုးတည်း၏ စိုက်နည်းစနစ်ကိုသာ မျှဝေရန်မဖြစ်နိုင်ချေ။ ထို့ကြောင့် ငရုတ်စပ်စိုက်နည်းစနစ်၊ ငရုတ်ချိုစိုက်နည်းစနစ်၊ ငရုတ်ပူနှင့် အရောင်တင်မှုန့် ပြုလုပ်သော ငရုတ်စိုက်နည်းစနစ်ဟူ၍ သီးသီးသန့်သန့် တင်ပြသွားပါမည်။

ယခုရှေးဦးစွာ ငရုတ်သီးများ၏ ကွဲပြားခြားနားမှု့နှင့် ငရုတ်သီးအမျိုးအစားအမျိုးမျိုးတို့ကို မိတ်ဆက်ပါမည်။
ငရုတ်အစပ်တွင် အလွန်တရာ စပ်သောမျိုးအဖြစ် နာဂဂျလိုကီရာ(Naga Jolokia) က ထိပ်ဆုံးတွင်ရှိနေပြီး အတောင့်ရှည်မျိုး ကြက်သွေးရောင်ရင့်ရင့် ရှိသောအမျိုးအစားဖြစ်သည်။ မဏိပူနှင့် နာဂဒေသတို့မှ ထွက်ရှိသည်။ ဒုတိယအစပ်ဆုံးမျိုးအဖြစ် မီးလောင်ခံရသကဲ့သို့ ပူသောအပူ(Prairie Fire) နှင့် အပူပိုင်းဒေသများ တွင် ပူသောအပူကဲ့သို့ အရသာရှိသော(tropical heat) ကိုပေးနိုင်သော ငရုတ်အမျိုးအစား တို့ကရပ်တည်နေပြီး အိန္ဒိယ၊ တရုတ်၊ ဘဂ်လားတို့တွင် များစွာစိုက်ပျိုးဖြစ်ထွန်းကြသည်။
အနီရင့်ရင့်အရောင်ကိုပိုင်ဆိုင်ကြသည်။

ငရုတ်အပူတွင် အပူဆုံးသော မျိုးများအဖြစ်စားလိုက်လျှင် နီမြန်းလာအောင် ပူသောအပူကိုပေးသော်(demond red), ပီနိူခီယိုနိုစ့်( pinochios' nose)ခေါ် စားလိုက်လျှင် နှာဖျားများ နီရဲလာအောင် ပူသောအပူ အရသာကိုပေးသော, တာ့ဘက်စ်ကို(Tabasco) နူတ်ခမ်းနှင့် လျှာတို့ကို ထူထဲလာအောင် ပူသောအရသာတို့ကိုပေးသော ငရုတ်အမျိုးအစား တို့က အနီရွှင်အရောင်နှင့် ရပ်တည်လျက်ရှိသည်။
ဒုတိယအပူဆုံးအဖြစ် ဟိဒ်ဝေ့( heat wave)အပူလှိုင်းကဲ့သို့သောအပူ၊ အင်ဖာနို(inferno) ပူရှိန်းရှိန်းစပ်သောအပူ၊ summer heat နွေရာသီ၏ အပူကဲ့သို့သော ပူစပ်ပူလောင် အရသာကိုပေးသော ဂျလပီနိုအမျိုးအစားနှင့် ပူနွေးသောအရသာကိုသာပေးသော ပိုပလိုန(poblona) အမျိုးအစားဟူ၍ အစပ်အပူကို ခွဲခြားထားသေးသည်။

သို့တစ်စေ ငရုတ်ပွသည် လုံးဝအစပ်အပူဓာတ်မရှိသော ငရုတ်ဟူ၍လည်း ရှိနေပြန်သေး၏။
ထိုအပြင် ဒုတိယအစပ်ဆုံးမျိုးဖြစ်သော ထိုင်းငရုတ်ခေါ် မိုးမျှော်(bird eye)နှင့် ဖိလီပိုင်ငရုတ်ခေါ်သော မြန်မာအခေါ် ကုလားအော်(siling labuyo) တို့ကိုလည်း အလှပန်းပင်အဖြစ်ဖြင့်လည်း စိုက်ပျိုးကြပြန်သေး၏။ ဆယမ်းနီ (cayanae pepper)ငရုတ်ခေါ် အစပ်ပွတောင့်ကိုလည်း အမှည့်ခံထားပြီး ကြိတ်ချေကာ အရောင်တင်မှုန့်အဖြစ်လည်း သုံးကြသေး၏။

ဟီဘနီယို(Hebanero)ငရုတ်သည် အပူဆုံးငရုတ် ဖြစ်သည်။ လိမ္မော်ရောင်ရှိပြီး အလွန်ပူသော အရသာကိုပေးသည်။ ထို့အပြင် ပန်းသီးပုံကဲ့သို့ သီးတတ်သော ငရုတ်မျိုးလည်းရှိသေးသည်။ ထိုမျိုးကို ဂရင်းဘဲလ်၊ ရက်ဒ်ဘဲလ် ဟူ၍ ခေါ်သေး၏။ ဒုတိယအပူဆုံး ငရုတ်ဖြစ်သည်။
စိုက်နည်းစနစ်ကိုများကို ငရုတ်စပ်စိုက်နည်း ဂရုတ်ချိုစိုက်နည်းနှင့် အလှပန်းငရုတ်စိုက်နည်းဟူ၍ သုံးမျိုးခွဲ၍ တင်ပြသွားပါမည်။

ရွှေရည်လင်း

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ ​သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်

ဦး​နေလင်းထက် • ဖြေကြားချက် 1 ခု

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်​သေဆုံးရသည့် အ​ကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ

Nay L H • ဖြေကြားချက် 1 ခု

GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ

Aye Chan Min • ဖြေကြားချက် 0 ခု

ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ

U Than Toe Aung • ဖြေကြားချက် 1 ခု

ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး

MgMinlwinsoe • ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။