သီးနှံမျိုးသစ်မျိုးကောင်းကို ရွေးချယ်စိုက်ပျိုးရေး

11/05/2020 19:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သုတေသနပြုစမ်းသပ်မှုဆိုတာ မရပ်မနားဆောင်ရွက်လျက်ရှိသော လုပ်ငန်းတစ်မျိုး ဖြစ်သည်။ ဒါ့ကြောင့် သီးနှံမျိုးသစ်များ စဉ်ဆက်မပြတ်ပေါ်ထွန်းနေသည်။ မိမိလက်ရှိစိုက်ပျိုးလျက်ရှိသောမျိုးထက် အထွက်နှင့် အခြားသာလွန်သည့် အရည်အချင်းတွေနှင့် ပြည့်စုံလျှင် မျိုးသစ်ကို ပြောင်းလဲစိုက်ပျိုးလိုမည်မှာ တောင်သူလယ်သမားတိုင်း၏ ဆန္ဒ ဖြစ်ပါမည်။

  “လူ့အကြိုက် နတ်မလိုက်နိုင်”ဟု လူကြီးသူမများပြောစကား ကြားဖူးသည်။ သို့သော် တောင်သူလယ်သမားများအရေး အစဉ်စဉ်းစားနေသော စိုက်ပျိုးရေးပညာရှင်တစ်ဦးအနေဖြင့်မူ လူ့အကြိုက်နှင့်ကိုက်ညီနိုင်သည့် စပါးမျိုးသစ်များ၊ ဆီထွက်သီးနှံမျိုးသစ်များ၊ ပဲမျိုးစုံမျိုးသစ်များ၊ ပြောင်းဖူးမျိုးသစ်များ၊ စက်မှုသီးနှံမျိုးသစ်များ၊ ဟင်းသီးဟင်းရွက်သစ်သီးဝလံ မျိုးသစ်များကို ကျွန်တော်အမြဲလိုလားပါသည်။

ပေါ်ထွက်လာသည့် မျိုးသစ်များမှ စိုက်ပျိုးသူတောင်သူလယ်သမားများ ရွေးချယ်စိုက်ပျိုးသင့်သည့် သီးနှံမျိုးများကို အကြံပြုလိုပါသည်။

အထွက်ကောင်းရေး

မြန်မာ့ရေမြေအများစုသည် အပူပိုင်းဒေသတွင် တည်ရှိသည်။ အပူပိုင်းဒေသတွင် စိုက်ပျိုးသော သီးနှံမျိုးများသည် သမပိုင်းဒေသလောက် အထွက်မြင့်မားခြင်းမရှိနိုင်သည်မှာ သဘာဝအခြေအနေ ဖြစ်သည်။ အဲဒါကို နားလည်လက်ခံပါသည်။ သို့သော် မျိုးသစ်သည် မိမိလယ်မြေတွင် လက်ရှိစိုက်ပျိုးလျက်ရှိသော မျိုးများထက် ပို၍အထွက်ကောင်းသင့်သည်။ ထိုမျိုးများကိုသာ ရွေးချယ်စိုက်ပျိုးစေလိုပါသည်။

အချိန်မရွေးစိုက်နိုင်ရေး

အလင်းရောင်တုန့်ပြန်မှုမရှိရေး(Photoperiod insensitive)သည် မျိုးသစ်များအတွက် အရည်အချင်းတစ်ရပ်ဖြစ်သည်။ ရှေးယခင်က မျိုးများသည် အလင်းရောင်တုန့်ပြန်မှု ရှိကြသည်။ တစ်နှစ်လျှင်တစ်ချိန်တွင်သာ စိုက်လို့ရသည်။ ယခုကာလသည် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် စိုက်ပျိုးသည့်ခေတ်ဖြစ်သည်။ ရာသီမရွေးစိုက်ရဖို့လိုသည်။ စိုက်ချင်သည့်အချိန်စိုက် မိုးဖြစ်စေ နွေဖြစ်စေ စိုက်လို့ရသည့်မျိုးကို ရွေးချယ်စိုက်ပျိုးစေလိုပါသည်။

သက်တမ်းတိုရေး

မျိုးသစ်သည် သက်လျင်၊ သက်လတ်မျိုးဖြစ်သင့်သည်။ တစ်သီးမက တစ်နှစ်အတွင်း နှစ်သီးသုံးသီး စိုက်ပျိုးနိုင်ရန် ဖြစ်သည်။ အသက်လျင်ပြီး အလင်းရောင်တုန့်ပြန်မှု မရှိသောမျိုးများသည် သီးထပ်စိုက်ပျိုးရေးတွင် အသုံးဝင်သည်။  သီးနှံစိုက်စွမ်းအားမြင့်မားရေးအတွက် အထောက်အကူပြုစေသည်။ အဆိုပါမျိုးသစ်ကိုသာ ရွေးချယ်စိုက်ပျိုးစေလိုပါသည်။

မြေသြဇာတုန့်ပြန်မှုကောင်းရေး

မြေသြဇာသည် သီးနှံပင်ဖွံ့ဖြိုးကြီးထွားရေးအတွက် အသုံးဝင်သည်။ စပါးသီးနှံတွင် နိုင်ထရိုဂျင်ကဲ့သို့သော မြေသြဇာမျိုးကို အကြိမ်ကြိမ်ကျွေးပေးရန် လိုအပ်သည်ဖြစ်ရာ မြေသြဇာကျွေးပေးသမျှ စားသုံးနိုင်သောမျိုးဖြစ်ရန် လိုအပ်သည်။ ကျွေးသမျှစားပြီး စားသမျှ အထွက်တိုးသောမျိုးဖြစ်ဖို့ လိုသည်။ မြေသြဇာကျွေးမှုအပေါ် တုံ့ပြန်မှုကောင်းသောမျိုးကို ရွေးချယ်စိုက်ပျိုးရန် ဖြစ်ပါသည်။

ရေမြေဒေသမရွေးဖြစ်ထွန်းရေး

ဒေသရေမြေအမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းသည့်မျို းဖြစ်ခြင်းသည် မျိုးသစ်အတွက် ကောင်းမွန်သေ ာအရည်အချင်းတစ်ရပ်ဖြစ်သည်။ မိမိဒေသသည် အေးသောဒေသလား၊ ပူသောဒေသလား၊ မိုးများသောဒေသလား၊ ရေကြီးကွင်းရေနက်ကွင်းလား၊ ဆားငန်ရေဝင် ဒေသလား၊ ရေကြီးရေလွှမ်းတတ်သည့်ဒေသလား အစရှိသည့် ကွဲပြားသောသဘာဝအခြေအနေအလိုက် ဖြစ်ထွန်းသောမျိုး ဖြစ်ဖို့လိုသည်။ သင့်တော်ကိုက်ညီသော မျိုးသစ်ကို ရွေးချယ်ဖို့ လိုပါသည်။

ရောဂါပိုးမွှားဒဏ်ခံနိုင်ရေး

နေရာဒေသကို လိုက်၍သော်လည်းကောင်း၊ စိုက်ပျိုးသည့်ရာသီကို လိုက်၍ သော်လည်းကောင်း၊ ရောဂါများ၊ ပိုးမွှားများ ကျရောက်ဖျက်ဆီးနိုင်သည်။ စိုက်ပျိုးဖြစ်ထွန်းပြီး အပင်ကောင်းသော်လည်း ရောဂါပိုးမွှား ဖျက်ဆီးခံရလျှင် ဆုံးရှုံးရနိုင်သည်။ သို့ဖြစ်၍ ရောဂါပိုးမွှားဒဏ်ခံနိုင်သော မျိုးများကို ရွေးချယ်စိုက်ပျိုးရန် တိုက်တွန်းလိုပါသည်။

အခြားလိုလားသောအချက်များ

အခြား များပြားလှသောရည်ရွယ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။ ဥပမာ-စပါးသီးနှံဖြစ်ပါက ဆန်ထွက်ကောင်းရေး၊ အရည်အသွေးကောင်းရေး၊ အနံ့မွှေးရေး၊ ထမင်းအိုးတက်ရေး၊ စားသုံးမှုအဆင့်အတန်းမြင့်မားရေး၊ ထိုမျှမက စက်ကိရိယာဖြင့် ရိတ်သိမ်းသင့်သည် အပင်အရပ်ဖြစ်ရေး၊ ယိုင်လဲမှုမရှိရေး၊ အစေ့ကြွေမှုမရှိရေး၊ ရင့်မှည့်မှု ညီညာရေး၊ ထို့ပြင် ပရိုတင်းပါဝင်မှုကောင်းရေး၊ လူသားအတွက် လိုအပ်သည့်ဗီတာမင် ကြွယ်ဝရေး စသည်စသည်တို့ ဖြစ်ပါသည်။ 

အလားတူ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ ဂျုံ၊ နှံစားပြောင်း၊ စက်မှုသီးနှံများ၊ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံစသည်တို့တွင်လည်း ဆိုင်ရာဆိုင်ရာ ရည်ရွယ်ချက်များ၊  လိုလားအပ်သည့် အရည်အချင်းများနှင့် ကိုက်ညီသည့် မျိုးသစ်များကို ရွေးချယ်စိုက်ပျိုးကြဖို့ တိုက်တွန်းလိုပါသည်။

ဆင်းသီဟ


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်