ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ

21/04/2025 15:00 PM တွင် သက်နိုင်(ငါးဦးစီး - ငြိမ်း) သက်နိုင်(ငါးဦးစီး - ငြိမ်း) မှ ရေးသား

ပြင်းအားကြီးသောသဘာဝအန္တရာယ်များသည် လူ့ဘောင်နှင့် သက်ရှိများ၏ ဘေးကင်းလုံခြုံမှုကို ပြင်းထန်းသောသက်ရောက်မှုဖြင့် ထိခိုက်စေသည်။ ငလျင်ဖြစ်ပွားမှုသည် မျိုးစုံသောပျက်စီးမှုများကို ဖြစ်စေနိုင်သည့်အပြင် ရေကြီးနစ်မြုပ်ခြင်း၊မြေပြိုခြင်းနှင့်အတူငါးမွေးမြူရေးကန်များကိုလည်း ပြင်းထန် စွာထိခိုက်စေနိုင်သည်။ ထိုသို့ထိခိုက်စေသော ငါးမွေးမြူရေးလုပ်ငန်းများအတွက် ပြန်လည်ကုစားမှု ဆောင်ရွက်ခြင်း သည်အ‌ရေးပါလှသည်။

၁။ ထိခိုက်မှုအခြေအနေကို အရေးပေါ်သုံးသပ်ခြင်း(Emergency Assessment)

ငလျင်ဖြစ်ပွားပြီး‌နောက်တွင် ငါးမွေးမြူရေးကန်များအပေါ် အနီးကပ်သုံးသပ်ရန်လိုအပ်သည်။ ကန်နံရံများ ပျက်စီးခြင်း ရေပမာဏယုတ်လျော့သွားခြင်း၊ ငါးပျက်စီးသေဆုံးမှုနှုန်း အညစ်အကြေး ဝင်ရောက်မှု၊ မြေပြိုမှုများ စသည်ဖြင့်စစ်ဆေးမှုများပြုလုပ်ရမည်။

၂။ လုံခြုံရေးနှင့်ကန်အားထိန်းချုပ်မှု(Security & Containment)

သဘာဝဘေးအန္တရာယ်ဖြစ်ပြီးနောက်နယ်နမိတ်အတွင်းမှာ အန္တရာယ်တစ်ခုခုဆက်ပြီး ပြန့်နှံမှုမရှိ အောင်ထိန်းသိမ်းထားခြင်းဖြစ်သည်။ဥပမာ-ကန်အတွင်းရှိငါးများ ကန်ပြင်မရောက်ရှိဖို့၊ တားဆီးရန် ကန်နံရံ များကိုသဲအိတ်ဖို့ခြင်း၊ ပြုပြင်ခြင်း၊ ကာရံခြင်းနှင့် အညစ်အကြေးများကိုချက်ခြင်းဖယ်ရှားခြင်း၊ ကန်ရေသန့် ရှင်းအောင်ပြုလုပ်ခြင်း၊ ရေကြီး/ရေလွှမ်းမိုးခြင်းမဖြစ်အောင် Water Outlet ပိတ်ခြင်း၊ အရေးပေါ်ကာရံခြင်းကို ဆောင်ရွက်ခြင်းပြုလုပ်ရပါမည်။

၃။ ကန်ရေသန့်ရှင်းအောင်ပြန်လည်ဆောင်ရွက်ခြင်း(Water Quality Recovery)

ငလျင်ကြောင့်ရေညစ်ညမ်းမှုဖြစ်နိုင်သဖြင့် ကန်အရည်အသွေးဆိုင်ရာ တိုင်းတာစစ်ဆေးမှုများဖြစ်သည့်  pH ၊ Dissolved Oxygen၊ Ammonia၊ Nitrite စသည်တို့ကို စစ်ဆေးထားကာ လိုအပ်သည့် ကန်ရေပြုပြင်မှုများကို အလျင်အမြန်ဆောင်ရွက်ရန်လိုသည်။ DO လုံလောက်စွာရရှိရန် အရေးပေါ်လေသွင်းပေးခြင်း(Aeration)၊ ရေလဲလှယ်ခြင်း  (Water Exchange)တို့ပြုလုပ်ပေးခြင်းဖြင့် ကန်အတွင်းရှိ ညစ်ညမ်းမှုများကို လျှော့ချနိုင်သည်။

၄။ ငါးကျန်းမာရေးစောင့်ရှောက်မှု(Fish Health Management)

ပျက်ဆီးမှုကြောင့် ထိခိုက်ဒဏ်ရာရသည့် ငါးများအား သက်သာပြီး ပြန်လည်ကျန်းမာစေရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများပြန်လည်လုပ်ဆောင်ရန်လိုသည်။

သင့်လျော်သောကုသမှုများဖြစ်သည့် -

(က) Saline Treatment - ဆား (NaCl) ကိုရေထဲတွင် အချိုးကျကျဖျော်ထားပြီး ငါးကိုအချိန်တိုအတွင်း (သိပ်ပြီးမကြာစေရ)စိမ်းထားခြင်းဖြင့် ပြင်ပပိုးမွှားများ ဘတ်တီးရီယား များကိုသေစေနိုင်သည်။ 

(ခ)Quarantine Pond - ထိခိုက်ဒဏ်ရာရထားသော ငါးများကိုသင့်လျှော်သည့်ကုသမှုတစ်ခုခု ဆောင်ရွက်ပြီး ယင်းတို့ချည်းသီးသန့်ခွဲ၍ စောင့်ကြည့်မှု့ဆောင်ရွက်သည့်ကန် စသည်တို့ကိုပြုလုပ်ရမည်။ သီးသန့်ထားခြင်းသည်‌ ရောဂါကူးစက်မှု့မှကာကွယ်နိုင်သည်။

ထိခိုက်ဒဏ်ရာရထားသည့် ငါးများအမြန်ဆုံးပြန်လည် ကျန်းမာသန်စွမ်းရေးအတွက် ယင်းတို့ကို  ကျွေးသောအစားသည် အာဟာရ နှင့်‌ ဗီတာမင်၊ သတ္တုဓာတ်များ ပြည့်ဝစွာ ပါဝင်ဘို့အ‌ရေးကြီးသည်။ ငါးများသာမကပုစွန်များအတွက်ပါ ရောဂါဒဏ်ခံနိုင်ရေး၊ ကျန်းမာသန်စွမ်းရေးအတွက်အဆိုပါ လိုအပ်ချက်များဖြည့် ဆည်းပေးရမည်။ ဥပမာ-ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတတ်ဆီယမ်၊ ဗီတာမင်နှင့် သြဂဲနစ်အက်စစ်များအချိုးကျ စွာပါဝင်ပေါင်းစပ်ထားသည့် အဆင့်မြင့်စံချိန်မီ ထုတ်ကုန်များကို အစာတွင်ရောစပ်ကျွေးမွေးခြင်းဖြင့် အမြန်ဆုံးကျန်းမာသန်စွမ်း ကြီးထွားနှုန်းကောင်းလာမည်မှာ မလွှဲဧကန်ဖြစ်ပါသည်။

၅။ ငါးမွေးကန်ပြန်လည်တည်ဆောက်ခြင်း။(Rehabilitation)

        ကန်နံရံများပြုပြင်ခြင်း၊ ကန်အနက်အနိမ့်အမြင့် ညီညာစေရန်မြေပြုပြင်ခြင်း၊ ရေစီးကြောင်းများပြင်ဆင်ခြင်း၊ ရေသွင်း/‌ရေထုတ်စနစ် ပြန်လည်ကောင်းမွန်အောင်ပြုလုပ်ခြင်း၊ ကန်တာဘောင်များ ကြံခိုင်အောင်ဆောင်ရွက် ခြင်းများကို အကောင်းဆုံးလုပ်ဆောင်ရန် လုပ်ငန်းစဉ်များချမှတ်ရမည်။ တာရှည်တည်မြဲစွာ ပြန်လည်ဖွံ့ဖြိုးနိုင်ရန် လိုအပ်ပါက ဒီဇိုင်းပြင်ဆင်မှုများဆောင်ရွက်ရန်လိုသည်။

၆။ အရေးပေါ်အကူအညီနှင့်လူမှုဘက်ထောက်ခံမှု(Emergency Assistance and Support)

       နယ်မြေခံဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ NGOများ နိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီတောင်းခံခြင်းဖြင့် သက်ဆိုင်သော အထောက်အကူပြု ပစ္စည်းကိရိယာများ၊ ငွေကြေးအကူအညီများရရှိနိုင်သည်။ ထိခိုက်ပျက်စီး ဆုံးရှုံးမှုစာရင်းများပြုစု၍ ပံ့ပိုးမှုပေးရန်တောင်းခံမှု့များလဲ တဆက်တည်းလုပ်ဆောင်သင့်ပါသည်။

၇။ သုံးသပ်ချက်(Conclusion)

ငလျင်ကြောင့်ထိခိုက်သော ငါးမွေးမြူးရေးကန်များသည် သဘာ၀ဘေးအန္တရာယ်ကြောင့် ဖြစ်ပွားနိုင်သော ပျက်စီးမှုများ၏တစ်ခုဖြစ်သည်။ ထိုသို့သောအခြေအနေများတွင် ချက်ချင်းပြန်လည်ကုစားမှု ဆောင်ရွက်ခြင်းသည်   သက်မွေး၀မ်းကြောင်းအတွက် အလွန်အရေးကြီးသည်။ စနစ်တကျပြန်လည်ပြုပြင်မှုများ နှင့်အတူအဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စီမံချက်များသည် ကုန်ကျစရိတ်နှင့် အချိန်နှစ်ခုစလုံးအတွက် ထိရောက်မှု ရှိစေနိုင်မည်ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်