စိုက်ပျိုးသုတ ဒီဇင်ဘာလ

02/12/2025 14:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ဒီဇင်ဘာလတွင် စိုက်ပျိုးခြင်းမပြုရသေးသည့် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲပုပ်စသည့် ဆောင်းသီးနှံများကို ပြီးစီးအောင်စိုက်ပျိုးရန် ဖြစ်သည်။ ကြံသီးနှံကိုလည်း ဤလတွင်စိုက်နိုင်သည်။ 

စိုက်ပြီးဆောင်းသီးနှံများကို ပြုစုထိန်းသိမ်းစောင့်ရှောက်ရေး၊ မိုးစပါးရိတ်သိမ်းရေးနှင့် နွေစပါးစိုက်ပျိုးရန် ပြင်ဆင်ရေးတို့ဆိုင်ရာ သိရှိသင့်သည်များကို ဖော်ပြရေးသားလိုပါသည်။

၁။ မိုးစပါးသီးနှံ

  • သာမန်စိုက်ခင်းများ

ရိတ်သိမ်းချိန်နောက်မကျရေး အထူးဂရုပြုဆောင်ရွက်ရန်ဖြစ်သည်။

စပါးလုံးပိန်၊ လုံးညှပ်နှင့် ဆန်လုံးစိမ်းများပါဝင်မှု မရှိစေရေးအတွက် မရင့်မှည့်မီမောင်းညိုချိန်ထက်စော၍ ရိတ်သိမ်းခြင်းမပြုသင့်ပါ။ စပါးအမှည့်လွန်မှ ရိတ်သိမ်းပါကလည်း စပါးအကြွေများပြီး နှံခက်ကျိုးသောကြောင့် စပါးအထွက်နည်းနိုင်ပါသည်။ 

  • မျိုးစေ့ထုတ်စပါးစိုက်ခင်းများ

စီးပွားဖြစ်မျိုးသန့်မျိုးစေ့(Certified Seed)မျိုးစေ့ထုတ်စိုက်ခင်း၊ ကိုယ့်အားကိုယ်ကိုယ်ကိုး မျိုးသန့်(Good Seed)မျိုးစေ့ထုတ်စိုက်ခင်းများစသည့် မျိုးစေ့ထုတ်စိုက်ခင်း (Seed Production Field)များတွင် မျိုးကွဲများ တစ်နှံမျှမကျန်ရှိအောင် နှုတ်ပယ်ရန် ဖြစ်သည်။  

မျိုးစစ်မှန်သောစပါးအနှံမဟုတ်သည့် ကွဲပြားခြားနားသောစပါးနှံများ၊ ရောဂါကျရောက်သော အပင်/အနှံတို့ကို ကုန်စင်အောင် အကြိမ်ကြိမ်နှုတ်ပယ်ပြီးမှသာ ရိတ်သိမ်းရန် ဖြစ်ပါသည်။

  • နွေစပါး

မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် နွေစပါးကို စတင်စိုက်ပျိုးသင့်သည်။ အပင်ပေါက် ရာခိုင်နှုန်း ၈၀ အထက်ရှိသည့် သက်လျင်အထွက်ကောင်းမျိုးကို စိုက်ပျိုးရန် ဖြစ်သည်။ 

စိုက်ပျိုးရေကို ချွေတာပြီး ကုန်ကျစရိတ်သက်သာသည့် စိုက်ပျိုးနည်းစနစ်ကို ကျင့်သုံးစိုက်ပျိုးသင့်သည်။

တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးခြင်း ဖြစ်ပါက စပါးပင်နှင့်အတူ ပေါင်းမြက်ပင်များပါ အတူပေါက်ရောက်နိုင်သဖြင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးကို အထူးအလေးထားဆောင်ရွက်ရန် ဖြစ်ပါသည်။

၂။ ယာသီးနှံများ

စိုက်ပျိုးဆဲနှင့် စိုက်ပျိုးပြီး ဆောင်းသီးနှံများ ရှင်သန်ကြီးထွားဖွံ့ဖြိုးရေးအတွက် သီးနှံအလိုက် လအတွင်းဆောင်ရွက်သင့်သည်များကို ဖေါ်ပြလိုပါသည်။

  • မတ်ပဲသီးနှံ

ယင်ဖြူ(White fly)မှ တစ်ဆင့် တစ်ပင်နှင့်တစ်ပင်ကူးစက်၍ဖြစ်သော အဝါရောင်မိုစေ့ရောဂါကို အထူး သတိထားစောင့်ကြည့်ရန် ဖြစ်သည်။ ကျရောက်ပါက အမြန်ဆုံး ကာကွယ်နှိမ်နင်းဖို့ လိုပါသည််။

မတ်ပဲအရွက်အနုပေါ်မှာ အဝါ‌ရောင်အစက်အပြောက်များ၊ ပုံမမှန်ကွက်ကြားတွေ့ရှိပါက ရောဂါ ကျရောက်နေသောအရွက်တွေကို နှုတ်ယူမီးရှို့ရန် ဖြစ်သည်။  ချက်ချင်းပိုးသတ်ဆေးဖျန်းရန် ဖြစ်သည်။ ထို့ပြင် စိုက်ခင်းအတွင်းပေါက်ရောက်နေသော ပေါင်းမြက်ပင်များ၊ အလေ့ကျအခြားအပင်များကိုလည်း နှုတ်ပယ်ပစ်ရန် ဖြစ်ပါသည်။

  • ပဲတီစိမ်းသီးနှံ

ပေါင်းမြက်များကင်းစင်စေရန် အပင်ငယ်စဉ်တွင် နိုင်နင်းအောင်နှိမ်နင်းရန် ဖြစ်သည်။ ထို့ပြင်အပင်ငယ်စဉ်၌ ပင်စည်ထိုးယင် ၊ ရွက်လိပ်ရွက်ကပ်၊ ငမြှောင်တောင်နှင့် ခူမွှေးရှည်များ ကျရောက်နိုင်သည်။ ပန်းပွင့်ချိန်တွင်လည်း ပွင့်ထွေးရွက်ထွေးပိုးနှင့် သီးလုံးဖောက်ပိုးများကျရောက်နိုင်သည်။ ကြိုတင်ကာကွယ် နှိမ်နင်းရန် ဖြစ်ပါသည်။

  • ကုလားပဲသီးနှံ

အဓိကကျရောက်နိုင်သည့်ရောဂါမှာ ပင်ညှိုးရောဂါဖြစ်သည်။ ပိုးမွှားမှာ သီးလုံးဖောက်ပိုးဖြစ်သည်။ ဘက်စုံသီးနှံကာကွယ်နည်းစနစ်ဖြင့် ကာကွယ်ရန် ဖြစ်ပါသည်။

  • ပဲပုပ်သီးနှံ

စိုက်ပြီး(၂)ပတ်သားမှ ပန်းပွင့်သည်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ရန်ဖြစ်သည်။ ပိုးမွှားရောဂါ ကျရောက်နိုင်သဖြင့် စနစ်တကျ ကာကွယ်နှိမ်နှင်းမှုလုပ်ငန်းများကို ဆောင်ရွက်ရန် ဖြစ်ပါသည်။

  • မြေပဲသီးနှံ

အပင်သက်တမ်းတစ်လခွဲအတွင်း ပေါင်းမြက်ကင်းစင်နေဖို့လိုသည်။ လက်ပေါင်းလိုက်ခြင်း၊ ကြားပေါင်းလိုက်ခြင်းစသည့် သင့်တော်ရာနည်းလမ်းဖြင့် နှိမ်နင်းရန် ဖြစ်သည်။

အစိုဓာတ်လိုအပ်မှုရှိမရှိကို မြေပဲပင်အသက် ၅၅ ရက်မှ ၇၅ ရက်အတွင်းစစ်ဆေးပြီး လိုအပ်မှုရှိပါက ရေပေးသွင်းရန် ဖြစ်သည်။ အထူးသဖြင့် မြေပဲစတင်၍ ဥဆင်းချိန်မှ မရိတ်မှီတစ်လအထိ မြေပဲပင်၏ ၄ မှ ၆ လက်မဝန်းကျင်တွင် အစိုဓာတ်မပြတ်ရန် လိုအပ်သည်။    

အပင်သက်တမ်းကာလတလျောက်လုံးတွင် ဖိုးလမင်းကျိုင်းနှင့် စိုက်ပြီးတစ်လသားမှ ရိတ်သိမ်းချိန်အထိ ရွက်လိပ်ရွက်ကပ်ပိုးများကို စောင့်ကြည့်ရန် လိုသည်။ ပိုးမွှားကျရောက်ပါက သင့်တော်ရာပိုးသတ်ဆေး အမျိုး အစားဖြင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းကို ဆောင်ရွက်ရန် ဖြစ်ပါသည်။  

  • နေကြာသီးနှံ 

စိုက်ပြီး နေကြာပင်များ ကြီးထွားဖွံ့ဖြိုးစေပြီး မျှော်မှန်းအထွက်ကို ရရှိစေရန်အတွက် 

အပင်ငယ်စဉ်တွင် ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ရန် ဖြစ်သည်။ 

အဖူးဝင်ချိန် (၂၅-၃၀) ရက်သားခန့်တွင် နိုက်ထရိုဂျင်အာဟာရထပ်မံဖြည့်သွင်း၍ ဘောင်တင်ပေးရန်လိုသည်။

အဖူးဝင်ချိန် (၃၀-၃၅ ရက်သားခန့်)နှင့် ပန်းပွင့်ချိန် (၅၅ - ၆၀ ရက်သားခန့်)တွင် လိုအပ်ပါက ရေသွင်း ပေးရန် ဖြစ်ပါသည်။

  • ကြံသီးနှံ

စိုက်ပျိုးသည့်ကြံပင်များ အပင်ပေါက်မြန်ဆန်ရေး ဆက်လက်ရှင်သန်ရေးအတွက် မှိုရောဂါကို ကာကွယ်ရန် ကြံမျိုးပိုင်းကို သက်ဆိုင်ရာဆေးရည်ဖြင့် စီရင်စိုက်ပျိုးရန် ဖြစ်သည်။

နွေရာသီအစိုဓာတ်မီစေရန် စိုက်မြောင်းများကို နက်နက်ဖော်စိုက်သင့်သည်။ စိုက်သည့်အခါ စိုက်မြောင်းအတွင်း မျိုးပိုင်းများကို နဘေထပ်စီချစိုက်ရန် ဖြစ်သည်။

ကြံမျိုးပိုင်းချရာတွင် အပင်ပေါက်ညီပြီး အပင်ပေါက်စုံစေရန် ကြံမျက်လုံးဖူးအနေအထားအား ဘေးတစ်ဖက် တစ်ချက်ထား၍ စိုက်ရန်ဖြစ်ပါသည်။ 

ဒီဇင်ဘာလအတွင်း ဆောင်းယာသီးနှံများကို ပိုးမွှားရောဂါကင်းစင်စေခြင်း၊ လိုအပ်သည့်အာဟာရများ ဖြည့်သွင်းခြင်း၊ စနစ်တကျပြုစုဂရုစိုက်ခြင်းတို့ဖြင့် မျှော်မှန်းအထွက်ကို ရရှိကြစေလိုပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်