အပြောများလာကြတဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း (၃)
ကျေးလက်ဖွံဖြိုးရေးအတွက် အခြေခံလိုအပ်ချက်များ
ဒီလိုအပ်ချက်တွေအကြောင်းပြောကြမယ်ဆိုရင် စီးပွားရေးအခြေအနေတိုးတက်ရမယ်ဆိုတာကို ချက်ချင်းတန်းမြင်မိကြမှာပါ။
စီးပွားရေးအခြေအနေ တိုးတက်လာမှုဆိုတဲ့အထဲမှာ အခြေခံလိုအပ်ချက်ပြည့်စုံဖို့က နံပါတ်တစ်အချက်ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာတော့ ကျွန်မတို့သတိမထားမိတဲ့ လိုအပ်ချက်တွေကို ပြောပြပေးသွားပါမယ်။ ကျွန်မတို့ အသက်ရှင်နေထိုင်နေမှုတွေမှာ ဒီအချက်တွေနဲ့ ပြည့်စုံနေရင်တော့ သင်က တစ်ဦးတစ်ယောက်ချင်းအလိုက်ကြည့်ရင် ဖွံဖြိုးတိုးတက်မှုရှိနေတဲ့သူပါ။ သင် ဒါမှမဟုတ် သင့်အိမ်ပတ်ဝန်းကျင်၊ သင့်ရွာ၊ သင့်ရပ်ကွက်လေးက ဒီအချက်တွေနဲ့ပြည့်စုံနေပြီလား လေ့လာကြည့်နိုင်ပါတယ်။
ပထမဆုံးတစ်ချက်ကတော့ ဘဝအခြေခံလိုအပ်ချက်ပြည့်စုံမှုပါ။ ကျွန်မတို့အသက်ရှင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေ (ဒီအရာတွေမရှိရင် အသက်ရှင်ဖို့ခက်မယ်ဆိုတာတွေပေါ့) ။
- နေ့စဉ်စားနေရတဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ စတဲ့အရာတွေ၊
- ရာသီဥတုဒါဏ်ကိုခံနိုင်မယ့် အဝတ်အစားအချို့၊
- နေဖို့ အမိုးအကာရှိတဲ့ နေရာတစ်ခု၊ စသည်ဖြင့်ပေါ့။ ဒါတွေကတော့ ကျွန်မတို့ ချက်ချင်းစဉ်းစားမိတဲ့လိုအပ်ချက်တွေဖြစ်ပါတယ်။
ဒါတွေအပြင် လူတစ်ယောက်ချင်းစီတိုင်းက အခြေခံ စာရေးစာဖတ်ကိုလုပ်နိုင်ပြီး စာတတ်မြောက်ဖို့လိုပါသေးတယ်။ ထိုက်သင့်တဲ့ ကျန်းမာရေးစောင့်ရှာက်မှုတွေလည်း ရဖို့လိုပါတယ်။ ရွာတွေမှာ အနည်းဆုံး ဆေးပေးခန်းနဲ့ ဆရာမတစ်ယောက်လောက် ရှိသင့်တာမျိုးပေါ့။ တုပ်ကွေးရာသီဆို တုပ်ကွေးကာကွယ်ဖို့ ဆေးဝါး၊ အသိပညာ စတာတွေကို ကျေးလက်ကလူတွေက အလွယ်တကူရရှိနိုင်ရပါမယ်။ ဒီလိုရရှိနိုင်မှုတွေ တိုးတက်လာမှသာလည်း ပြည်သူတစ်ယောက်ချင်းစီရဲ့ စီးပွားရေးအခြေအနေ တိုးတက်လာတယ်လို့ ပြောလို့ရမှာဖြစ်ပါတယ်။
နံပါတ် (၂) လိုအပ်ချက်ကတော့ ကျေးရွာ၊ မြို့၊ တိုင်း၊ ပြည်နယ်အသီးသီးမှာ နေထိုင်နေတဲ့ သူတိုင်းက ကိုယ့်လိပ်ပြာကိုယ်လုံကြဖို့ပါ။ ဆိုလိုတာကတော့ စာရိတ္တကောင်းမွန်ဖို့လိုအပ်တာပါ။ လူ့ကျင့်ဝတ်သိက္ခာတွေကို စောင့်ထိန်းသူတွေဖြစ်ကြမှလည်း ဖွံဖြိုးတိုးတက်တယ်လို့ ခေါ်လို့ရမှာဖြစ်ပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ လွတ်လပ်စွာတွေးခေါ်နိုင်မှု ဖြစ်ပါတယ်။ သူများပြောတိုင်းယုံနေတဲ့သူတွေမဟုတ်တော့ဘဲ ကိုယ်တိုင်စဉ်းစားချင့်ချိန်နိုင်လာဖို့ကလည်း အရေးကြီးပါတယ်။ နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာတွေမှာသာမက အတွေးအခေါ်ပိုင်းဆိုင်ရာတွေမှာပါ သူများက ဒါ ဒါ ဒါဆို ကိုယ်ကလည်း ဒါ ဒါဆိုပြီး လိုက်ယောင်နေတာမျိုးတွေရှိနေသေးတယ်ဆို မဖွံ့ဖြိုးသေးပါဘူး။ ကျွန်မတို့ဆီမှာ သတင်းအမှားလား အမှန်လားကိုတောင် ခွဲခြားသိနိုင်ဖို့ ကြိုးစားနေရဆဲကာလပါ။ ဒါကတော့ အမြင်သာဆုံးဥပမာတစ်ခုဖြစ်ပါလိမ့်မယ်။ ခုအချိန်က မဲဆွယ်နေချိန်ဖြစ်လို့ ပိုပြီးမြင်သာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်တိုင် စဉ်းစားဆုံးဖြတ်နိုင်တဲ့ အတွေးအခေါ်မျိုးတွေရှိအောင် ကလေးငယ်တွေရဲ့ တွေးခေါ်နိုင်မှုတွေကအစ ဖွင့်ပေးထားရမှာဖြစ်ပါတယ်။ စာဖတ်ပရိတ်သတ်လည်း အများကြီးဖတ်ပြီးပြီမို့ အတိုချုပ်လေးနဲ့ပဲ ဖော်ပြပေးလိုက်ရပါတယ်။
သင့်ရွာမှာ ဒီအချက်တွေရှိနေပြီလား? ရှိနေရင်တော့ ဆက်ထိန်းထားပြီး မရှိသေးရင်လည်း ကိုယ်ကိုယ်တိုင်ကစပြီး လုပ်ဆောင်နိုင်ဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။
ref: Rural development Principles,Politics and Management book by Katar Singh ( third edition)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကကျန်းမာပြီးပညာရည်ပြည့်ဝဖို့အခြေခံကျဆဲပါ
ဆက်စပ်မေးခွန်းများ
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 0 ခု
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
ကျတော့်ကွမ်းယခုလက်ရှိအရွက်ဖျားမာလှိမ့်နေပါတယ်ပိုးမွားလဲမတွေ့ဘူးအရွက်ကြားမာမရှိဘူးဘာကြောင့်လဲသိရင်မျဝေပေးကြပါမိတ်ဆွေတို့ခဗျ ဘာကြောင်းကြောင့်လဲမြေဆီလွာကြောင့်လားအဟာရကြောင့်လားခဗျကူညီပေးပါခဗျ
ko ko chit • ဖြေကြားချက် 2 ခု
မန်ကိုဇက်နဲ့ရနိုင်လားဆရာ လက်ထဲ မန်ကိုဇက်ပဲရှိလို့ပါဆရာ အခြားဆေးဆိုလဲ ရှာပါမယ်ဆရာ အခုက မိုးကရွာ ရေက အခြားထွက်မှာစိုးလို့ကို ဘောင်တင်ပီးပိတ်ထားမိတာပါဆရာ အောက်လက်တွေကတော့ အတော်လေးရှင်းပေးထားတယ်ဆရာ မတလဇီး မန်ကိုဇက် ဂရမ်း အဲ့မှိုဆေး သုံးမျိုးရှိပါတယ်ဆရာ
U Yan • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
More from သိမ့်ဇာ
အားလုံး