အပြောများလာကြတဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း (၂)

25/08/2020 15:00 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

    “ကျွန်တော်တို့ရွာကတော့ ခုဆို တိုးတက်နေတာဗျို့။ မီးတွေလည်းရပြီ၊ လမ်းတွေလည်းကောင်းပြီ ဆိုင်ကယ်တွေ တဝှီးဝှီးနဲ့။ ဒီလိုပြောကြတာတွေကို ကြားဖူးမှာပါ။ တကယ်ပဲ ဒီလိုတွေရှိလာတာက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးလား?

   ကျေးလက်ဒေသဖွံဖြိုးရေးဆိုတာ လူနေအဆောက်အအုံတွေ ပြောင်းလဲကောင်းမွန်လာတာနဲ့တင် ပြည့်စုံတာမဟုတ်သေးပါဘူး။ ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ် စောင်းမြောင်းပြေနေကြတုန်းဆိုရင် ဖွံဖြိုးတိုးတက်နေတဲ့ရွာ မဟုတ်သေးပါဘူးတဲ့။ 

    ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးမှာ ရုပ်ပိုင်းဆိုင်ရာတွေသာမက ဒေသမှာနေထိုင်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေနဲ့ပါ သက်ဆိုင်နေတာကြောင့်ပါ။

ဟုတ်ပြီ ဒါဆိုဘယ်လိုမျိုးလဲ?

    အကြမ်းဖျင်းအားဖြင့်တော့ ချို့တဲ့နေတဲ့သူတွေကို အဆင်ပြေအောင်လုပ်ပေးတာက ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်တာပါ။ စိတ်ပိုင်းဆိုင်ရာချို့တဲ့နေတဲ့သူတွေလည်း ပါတာပေါ့။ဗဟုသုတ လိုအပ်နေသူတွေရောပေါ့။ နည်းပညာအားနည်းနေသူတွေလည်း ချန်ထားခဲ့လို့မရပါဘူး။ ငွေကြေးချို့တဲ့နေသူတွေကတော့ အမြင်သားဆုံးပါပဲ။ ဒီလို အဘက်ဘက်က ချို့တဲ့နေမှုတွေကို ကူညီပေးခြင်းက ဖွံဖြိုးတိုးတက်မှုကို လုပ်ဆောင်တာပါတဲ့။

ဘယ်လိုကူညီပေးခြင်းမျိုးတွေလဲ?

    အဆင်ပြေအောင် လုပ်ပေးတယ်ဆိုတဲ့နေရာမှာလည်း ချေးငွေတွေ ဇွတ်ပေး၊ အလှူတွေသွားလုပ်တာကို ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် သူတို့လိုအပ်ချက်ကိုသိပြီး ကိုယ်တိုင်အဖြေရှာတတ်တဲ့ သူမျိုးတွေဖြစ်အောင် ကူညီတာပါ။ ငွေထုတ်ကြီးသွားပေးပြီး ဘာမှမသင်ပေးရင် ဒီငွေကုန်တဲ့အခါ ဒုံရင်းအတိုင်းပြန်ဖြစ်မှာပါ။(အတိုးတွေကြောင့် ပိုတောင်ဆိုးသွားနိုင်ပါတယ်) 

ဒါကြောင့် ရွာတစ်ရွာမှာ 

- ရုပ်ပိုင်းဆိုင်ရာတိုးတက်မှု၊ (အပေါ်မှာပြောခဲ့တဲ့ မြင်သာတဲ့ အရာတွေ)၊  

- နည်းပညာတိုးတက်မှု ( ခေတ်မှီစက်ကိရိယာတွေကို သုံးတတ်တဲ့ နည်းပညာအပြင် ရာသီဥတု စျေးကွက်အခြေအနေအရ အလိုက်သင့်ပြောင်းလဲလုပ်ဆောင်နေရတဲ့ စိုက်ပျိုးရေးနည်းပညာတွေလည်း ပါဝင်ပါတယ်၊)  

- စီးပွားရေးတိုးတက်မှု (ဒါကတော့ အထူးပြောစရာမလို)

- ရိုးရာဓလေ့ ထိန်းသိမ်းမှု( အရေးကြီးတဲ့အချက်တစ်ခုပါ) ရှေးထုံးတွေ ပျောက်ကွယ်ပြီး အခြားယဉ်ကျေးမှုတွေ လွှမ်းမိုးနေတာကို ဖွံ့ဖြိုးတိုးတက်တယ်လို့ ခေါ်လို့မရပါဘူး။ ဒေသတစ်ခုရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဒီဒေသရဲ့လူငယ်တွေကပဲ လက်ဆင့်ကမ်းထိန်းသိမ်းထားကြတာကလည်း ကျေးရွာတစ်ရွာ ဖွံ့ဖြိုးတိုးတက်နေလားဆိုတဲ့ မေးခွန်းအတွက် အဖြေတစ်ခုအဖြစ် ပါဝင်နေပါသေးတယ်။

- ဖွဲ့စည်းတည်ဆောက်ပုံကောင်းမွန်မှု( ရွာမှာရှိသင့်ရှိထိုက်တဲ့ လူမှုကူညီရေးအသင်းတွေ၊ ရွာကိုစီမံခန့်ခွဲဖို့ ရွာလူကြီး၊ ဆယ်အိမ်ခေါင်း ဒီလိုအုပ်ချုပ်သူလူတွေကို ကောင်းကောင်းရွေးချယ်ပြီး လည်ပတ်နေတဲ့ ကျေးရွာမျိုးတွေလည်း ဖြစ်ရမှာပါ။

    ဒီအချက်တွေက တစ်ခုထဲ ကောင်းမွန်နေတာမဟုတ်ဘဲ တညီတစ်ညာတည်းကောင်းမွန်လာရင်တော့ အစစ်အမှန်ဖွံဖြိုးတိုးတက်မှုပါပဲတဲ့။ 

 “ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည်ပေါ့ရှင်”

    ဖွံဖြိုးတိုးတက်မှုအရွေ့အတွက် ပါဝင်ကူညီနိုင်ကြသူများ ဖြစ်ကြပါစေ..(ဘယ်လိုတွေကူညီရမလဲဆိုတာကိုတော့ နောက်ဆောင်းပါးလေးမှာ ဖော်ပြပေးသွားပါမယ်)

မေတ္တာဖြင့်

သိမ့်ဇာ

ကျမ်းကိုး- Rural development Principles,Politics and Management book by Katar Singh ( third edition)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်