ဂေါ်ဖီအထွက်နှုန်းထိခိုက်စေနိုင်သော စိန်ကွက်ဖလံ

09/01/2020 15:00 PM တွင် မောင်လှိုင်ပြည့်ဖြိုး မောင်လှိုင်ပြည့်ဖြိုး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဂေါ်ဖီစိုက်ပျိုးသော တောင်သူကြီးများခင်ဗျာ ဦးကြီးတို့စိုက်ကွင်းအတွင်း လိပ်ပြာဖလံမျိုးရင်းဝင် ဖျက်ပိုးတစ်ကောင်ဖြစ်သည့် စိန်ကွက်ဖလံ ကျရောက်နေပါက မပေါ့ဆသင့်ကြောင်းပါ။ ၎င်းဖျက်ပိုးဟာ ကမ္ဘာအနှံ့ ဂေါ်ဖီစိုက်တောင်သူများထံမှ နှစ်စဉ် အမေရိကန်ဒေါ်လာပေါင်း (၄- ၅) ဘီလီယံကို ဆုံးရှုံးစေသော ဖျက်ပိုးဖြစ်ပါတယ်။

စိန်ကွက်ဖလံ အဓိကကျရောက်သောသီးနှံများမှာ ပေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်လာဥ၊ မုန်ညှင်းထုပ်၊ ရေမုန်ညှင်း စသည့်မုန်ညင်းမုန်လာမျိုးရင်းဝင် သီးနှံပင်တို့ပဲ ဖြစ်ပါတယ်။

စိန်ကွက်ဖလံတွင် ကြီးထွားမှုအဆင့်လေးဆင့်ရှိပြီး သားလောင်းအဆင့်ကသာ သီးနှံပင်များကို တိုက်ခိုက်ဖျက်ဆီးသော ကြီးထွားမှုအဆင့်ပါ။ စိန်ကွက်ဖလံ၏ ဥမှပေါက်ခါစသားလောင်းများဟာ အရွက်များကိုထွင်း၍ စားတတ်ပြီး သားလောင်းအရွယ်အစားကြီးလာသောအခါ အရွက်၏ နေရာအနှံ့တွင် အခေါင်းပေါက်များဖြစ်ပေါ် လာသည်အထိ စားသောက်ဖျက်ဆီးပါတယ်။ စိန်ကွက်ဖလံသားလောင်းများ ဖျက်ဆီးစားသောက်ခြင်းကြောင့် အရွက်များတွင် ပြတင်းပေါက်များပုံစံ ဖြစ်ပေါ်လာခြင်းမှာ ၎င်းဖျက်ပိုး၏ ဖျက်ဆီးမှုလက္ခဏာပဲ ဖြစ်တယ်။

စိန်ကွက်ဖလံအမတစ်ကောင်ဟာ (၃-၇) ရက်အတွင်း ဥပေါင်း (၁၀၀-၁၅၀) အထိ ဥနိုင်ပါတယ်။ လုံးလုံးရှည်ရှည် ဥသေးသေးလေးတွေကို အရွက်အောက်မျက်နှာပြင်ဖက်မှာ တစ်လုံးချင်းစီသော်လည်းကောင်း နှစ်လုံး၊ သုံးလုံးစု၍သော်လည်းကောင်း ဥချတတ်ပါ တယ်။ ဥခါစအချိန်၌ ဥအရောင်မှာ အဖြူရောင်ဖြစ်ပြီး ဥသက်တမ်းရင့်လာလျှင် ဝါညိုရောင်ပြောင်းသွား၍ ဥ၏သက်တမ်းမှာ အပူချိန်ပေါ်မူတည်၍ (၃-၈) ရက်ရှိပါတယ်။

သားလောင်းအဆင့်လေးဆင့်ရှိပြီး ဥမှပေါက်ခါစသားလောင်းမှာ မီးခိုးစိမ်းရောင်ရှိ၍ သားလောင်းအရွယ်အစားကြီးလာချိန်တွင် အစိမ်းရင့်ရောင်သို့ ပြောင်းလဲသွားပါတယ်။ အရွယ်ရောက်ပြီးသားလောင်း၏ ခန္ဓာကိုယ်အရှည်မှာ ၁၂ မီလီမီတာ ရှည်လျားပြီး သက်တမ်းမှာ (၁၄-၂၈) ရက်ဖြစ်တယ်။ သားလောင်းသည် အမျှင်များဖြင့် ရုပ်ဖုံးအိမ်ကို ပြုလုပ်၍ ရုပ်ဖုံးအဆင့်ကို ရုပ်ဖုံးအိမ်အတွင်းသာ ပြီးမြောက်စေပါတယ်။

ရုပ်ဖုံးမှာ အစိမ်းရင့်ရောင် သို့မဟုတ် အညိုဖျော့ရောင် ဖြစ်ပါတယ်။ အရှည်မှာ ၁၀ မီလီမီတာရှိ၍ များသောအားဖြင့် ရုပ်ဖုံးအိမ်ကို အရွက်၏ မျက်နှာပြင်အောက်တွင်သာ ကပ်တွယ်ထားပါတယ်။ ရုပ်ဖုံးသက်တမ်းမှာ (၅-၁၀) ရက်အထိ ဖြစ်ပါတယ်။

စိန်ကွက်ဖလံသက်ကြီးကောင်မှာ အညိုရင့်ရောင်ဖြစ်ပြီး ကျောဘက်တွင် စိန်ပုံစံ အကွက်ငယ်သုံးခု ပါပါတယ်။ အရွယ်အစားမှာ ၁၀ မီလီမီတာရှည်၍ အတောင်ဖြန့်ပါက ၁၃ မီလီမီတာ အကျယ်ရှိပါတယ်။ စိန်ကွက်ဖလံ၏ ဘဝစက်ဝန်းမှာ အပူချိန်ပေါ်မူတည် ၍ တစ်လနီးပါးကြာ၍ ညထွက်သတ္တဝါ အမျိုးအစားဖြစ်ပါတယ်။ ပန်းပွင့်ချိန်တွင် ဆိုးဆိုးရွားရွား ကျရောက်တတ်ပါတယ်။

ကာကွယ်နှိမ်နင်းရေးလုပ်ငန်းစဉ်

  • စိုက်ကွင်းသို့နေ့စဉ် သွားရောက်စစ်ဆေးပါ။
  • ရာသီဥတုအေးသောအချိန်များတွင် သီးနှံများကို စိုက်ပျိုးပါ။
  • အဝါရောင်စေးကပ် ထောင်ချောက်များကို ကွင်းအတွင်းထားပေးပါ။
  • သီးလှည့်စိုက်ပျိုးပေးပါ။
  • ဂေါ်ဖီရွက် (သို့မဟုတ်) မုန်ညှင်းဖြူ စသောအပင်များကို စိုက်ကွင်းဘောင်ပတ်လည်တွင် ထောင်ချောက်သီးနှံအဖြစ် စိုက်ပျိုးပါ။
  • စိုက်ကွင်းကို အစက်ချရေသွင်းနည်းစနစ်မဟုတ်ဘဲ ရေဖျန်းပိုက်ခေါင်းများ အသုံးပြု၍ ရေသွင်းပေးပါ။
  • တတ်နိုင်ပါက ဖန်လုံအိမ် (သို့မဟုတ်) ပိုက်များကာမိုး၍ သီးနှံကို စိုက်ပျိုးပါ။
  • ဖျက်ပိုးအရေအတွက်နည်းနေချိန်တွင် သားလောင်းများကို လက်ဖြင့်ကောက်ယူပါ။
  • စိုက်ကွင်းပတ်ဝန်းကျင်ရှိ မုန်ညှင်းမုန်လာမျိုးနွယ်ဝင် ပေါင်းပင်များကို ရှင်းလင်းပါ။
  • ဓာတုပိုးသတ်ဆေးသုံးပါက ဆေးတစ်မျိုးတည်းကိုသာ မသုံးပါနှင့်။
  • တမာ၊ ငရုတ် စသောအပင်များမှ ထုတ်လုပ်ရရှိသည့် ပိုးသတ်ဆေးများကို အသုံးပြုပါ။

လှိုင်ပြည့်ဖြိုး

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်