စက်ရုံများတွင် ပုစွန်ခြောက်ပြုပြင် ထုတ်လုပ်နည်း

15/01/2024 15:00 PM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများပြုပြင်ထုတ်လုပ်၍ နိုင်ငံခြားသို့ export အဖြစ် တင်ပို့ ရောင်းချလျက်ရှိပါသည်။ ထိုကဲ့သို့ပြုပြင်ထုတ်လုပ်ရာတွင် အအေးခန်းစက်ရုံ၊ အလုပ်ရုံများမှ ပြုပြင်ထုတ်လုပ်လျက်ရှိပါသည်။ ထုတ်လုပ်မှုပြုပြင်ရေးတွင် ငါး၊ ပုစွန်များကို ခေါင်းပါဟူ၍လည်းကောင်း ၊ ခေါင်းဖြတ်ဟူ၍လည်းကောင်း၊ အသားလွှာနှင့် အခွံချွတ်အကောင်လိုက်သော်လည်းကောင်း အအေးခန်းများတွင် အခဲခံ၍လည်းကောင်း၊ ငံပြာရည်၊ ငါးသေတ္တာ၊ ငါးစည်သွတ်၊ ငါးမှုန့်များကို စက်ရုံများတွင်လည်းကောင်း၊ ပုစွန်ခြောက်၊ ငါးခြောက်၊ ရေခူ၊ ငါးမှုန့်၊ ငပိ၊ ငါးပိကောင်၊ ငါးချဉ်၊ ငါးဆားနယ်၊ ငါးစည်ပေါင်း၊ ငါးမန်းတောင်ကျောက်ကြော်များကို စက်ရုံများမှ အသီးသီးထုတ်လုပ်ကြသည်။

ပုစွန်ပြုပြင်ထုတ်လုပ်မှုအဆင့်ဆင့်

  • ပုစွန်ကုန်ကြမ်းများကို ကမ်းဝေး၊ ကမ်းနီးငါးဖမ်းလှေများလာရောင်းချသည်ကို စက်ရုံများအား လက်ခံရယူသည်။
  • ပထမပုစွန်များကို ရေဆေးခြင်း၊ ချိတ်တွယ်ပြုလုပ်၍ စက်ရုံမှ လက်ခံသည်။

အထက်ပါအတိုင်းရေချို၊ ရေငန်ပုစွန်များကို အောက်ပါအတိုင်းအရည်အသွေးသတ်မှတ်၍ စက်ရုံမှထားရှိလက်ခံသည်။

၁။ အရည်အသွေးကောင်းမွန်လတ်ဆတ်ရမည်။

၂။ ပုစွန်၏ရေးယက်၊ အမြီး၊ နှင့် ပုစွန်အသားများတွင် အမဲစက်၊ အမဲကွင်းများမရှိစေရ။

၃။ အရောင်အသွေးပြောင်းလဲမှုမရှိစေရ။

၄။ ကျိုးပဲ့ပျက်စီးခြင်းနည်းရမည်။

၅။ ပုစွန်အမျိုးစားမှန်ရမည်။

၆။ စက်ဆီ/ ချောဆီများမစွန့်ထင်းစေရ။

၇။ အနံ့အသက်ကောင်းမွန်ပြီး ပုပ်နေခြင်း၊ ပျော့နေခြင်း မဖြစ်စေရ။

၈။ နိုင်ငံခြားမှ လက်ခံအတည်ပြုနိုင်သော အရည်အသွေး၊ စံချိန်စံညွှန်းရှိရမည်။

အမျိုးအစားရွေးချယ်ခြင်း

ပုစွန်ကုန်ကြမ်းများကို လက်ခံပြီး ရေခဲအုပ်ပြီးပါက ပြုပြင်ရန်လိုအပ်ပါသည်။

(၁) ခေါင်းပါအရည်အသွေးမီသောပုစွန်

(၂) ခေါင်းပြတ်အရည်အသွေးရှိပုစွန်

(၃) ခေါင်းပါ ခေါင်းပြတ် အရည်အသွေးမရှိသော ပုစွန်များကို ခွံချွတ်ပုစွန်(Peeled) ဟူ၍ ခွဲခြားသတ်မှတ်နိုင်သည်။

ခေါင်းပါပုစွန်များကိုလက်ရိုးချိုး၍လည်းကောင်း၊ ခေါင်းပြတ်အရည်အသွေး ပုစွန်များကိုခေါင်းချိုး၍လည်းကောင်း၊ ခွံချွတ်အရည်အသွေး ပုစွန်များကို ခေါင်းချိုးအခွံချွတ်၍ သီးသန့်ဗန်းများခွဲထည့်ပြီး စီစဉ်ရမည်။

အရွယ်အစားခွဲခြားခြင်း

ခေါင်းပါပုစွန်များကို ကြီးစဉ်ငယ်လိုက်ရွေးချယ်နိုင်သည့် အရေအတွက်ကိုကီလိုဂရမ်ပေါ် အခြေခံ၍ ပြုလုပ်ရမည်။

ဥပမာ- ၃ကောင်၊ ၄ကောင်ကို တစ်ကီလိုဂရမ်ဟူ၍ဖြစ်သည်။ ခေါင်းပြတ်အရွယ်အစားရှိ ပုစွန်များကို ပေါင်ဖြင့် သတ်မှတ်၍ ရေတွက်နိုင်သည်။ ဥပမာ- ၁၃ ကောင်မှ ၁၅ ကောင်ကို တစ်ပေါင်ဟူ၍ သတ်မှတ်ပါသည်။

အခွံချွတ်ပုစွန်များကို (၃)မျိုးခွဲခြားနိုင်သည်။

(၁) ခေါင်းပါ၊ ခေါင်းပြတ်၊ အရည်အသွေးအဆင့်မမီသော်လည်း ပုစွန်အရောင်အသွေးစိမ်းစို လက်ဆတ်နေပါက အဆင့် (၁)သတ်မှတ်သည်။

(၂) ခေါင်းပါ၊ ခေါင်းပြတ်၊ အရည်အသွေးစိမ်းစိုလက်ဆတ်ခြင်းမရှိဘဲ ပန်းရောင်းသန်းနေပါ က အဆင့်(၂)သတ်မှတ်ပါသည်။

(၃) ခေါင်းပါ၊ ခေါင်းပြတ်၊ အရည်အသွေး၊ အနီရောင်သန်းနေပါက အဆင့်(၃)သတ်မှတ် သည်။

မှတ်ချက်။ ။ အကောင်အရေအတွက်ကို တစ်ပေါင်တွင်ပါဝင်သော အကောင်အရေအတွက်ကို တစ်ပေါင်တွင်ပါဝင်သော အကောင်အရေအတွက်ဖြင့် သတ်မှတ်နိုင်သည်။

အမျိုးအစား၊ အရွယ်အစားများမှန်ကန်ပါက သန့်ရှင်းရန်ရေးဆေးခြင်း၊ ချိန်တွယ်ခြင်းပြုလုပ်၍ (၁)ကီလိုဂရမ်စီချိန်တွယ်ပြီး၊ ကီလိုဘူးများတွင် စနစ်တကျစီ၍ ထည့်ထားသည်။ ကျောက်ပုစွန်များကို မူပလပ်စတစ်အိတ်များတွင် တစ်ကောင်စီသွင်း၍ ဗန်းများတွင် စီထားရသည်။

၎င်းကီလိုဘူးများကို ရေခဲရည်များလောင်းထည့်ပြီးနောက် Freezer များအတွင်းထည့်သွင်းပြီး ရေခဲရေမှာ- O'C မှ 5'C ထိ ရှိရမည်။

ပုစွန်များ၏ အသားထွက်နှုန်းကွာခြားမှု

ပုစွန်များကို ပြုပြင်ထုတ်လုပ်ရာတွင် ခေါင်းပါပြုလုပ်ရာ၌ ဘေးထွက်ပစ္စည်းအသားဖယ်ထုတ်မှု မရှိသော်လည်း၊ ခေါင်းဖြတ်ပြုလုပ်ရာတွင်၊ ခေါင်းလက်ရိုး ရေယက်၊ ခွံချွတ်ပြုလုပ်ရာတွင် ချီးချောင်း၊ အစာချောင်းများပါဝင်သဖြင့် အသားထွက်နှုန်းလျော့နည်းတတ်ပါသည်။

အသာထွက်နှုန်းကွာခြားမှုကို အောက်ပါအတိုင်းတွေ့ရှိနိုင်သည်။

  • ခေါင်းပါ (Head on) – 90%
  • ခေါင်းပြတ် (Head Less) – 62%
  • အခွံချွတ် (Peeled) – 40%
  • အခွံချွတ်ကျောခွဲ - 46%
  • အဘောချိတ်ခွံချွတ် - 44%
  • အခွံချွတ်မြီးချန် - 46%    စသည်တို့တွေ့မြင်နိုင်သည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်