ငါးရှဉ့်တစ်ပိဿာကို ၂၅၀၀၀ - ၃၅၀၀၀ ကျပ်လောက်အထိ ဈေးပေါက်

04/02/2026 15:33 PM တွင် AMIA AMIA မှ ရေးသား

ပြည်မြို့နယ်ရှိ  မြစ်ချောင်းအင်းအိုင်များနဲ့ လယ်တွေထဲမှာ သဘာဝအတိုင်း ရှင်သန်ပေါက်ဖွားလာတဲ့ ငါးရှဥ့်တွေ စျေးကွက်ထဲကို  စတင်ဝင် ရောက်နေပြီး ငါးရှဥ့်တစ်ပိဿာကို ၁၉၀၀၀ ကျပ်သာ စျေးရရှိနေတယ်လို့ သိရပါတယ်။

ယခုကာလက နွေစပါးစိုက်ပျိုးချိန်ဖြစ်ပြီး ဆည်ရေတွေရရှိတဲ့ ကာလဖြစ်တာကြောင့် မြစ်ချောင်း အင်းအိုင် တွေနဲ့ လယ်တွေထဲမှာ ငါးရှဥ့်တွေ ပေါက်ဖွားမှုရှိလာတဲ့အတွက် သဘာဝ လယ်ငါးရှဥ့်တွေ ဖမ်းမိပြီး စျေးကွက်ထဲ ဝင်ရောက်မှုရှိနေတာ ဖြစ်တယ်လို့ သိရပါတယ် ။

ငါးရှဥ့်တစ်ပိဿာကို ၁၉၀၀၀ ကျပ်သည်  ငါးရှဥ့်ဒိုင်တွေက ဝယ်ယူတဲ့ စျေးနှုန်းဖြစ်ကြောင်း သိရှိရပြီး လက်လီစျေးကွက်မှုတော့ တစ်ပိဿာကို ၂၅၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်လောက်အထိ ဈေးရှိတယ်လို့ သိရပါတယ်။

" ဒိုင်က အိမ်လာသိမ်းတာ ၁၉၀၀၀ စျေးပဲရတယ်။ လက်လီဆိုရင် ၂၅၀၀၀ ရောင်းတယ်။ လက်လီက သိပ်တော့မရောင်းဖြစ်ပါဘူး။ ဒိုင်ကိုရောင်းတာက တခါတည်းပြီးရောလေ။ ငါးရှဥ့်တွေ ရတာမကြာသေးဘူး။ ဆည်ရေရတော့မှ ငါးရှဥ့်ကလည်းရတာ။ ညဘက်ကို ငါးရှဥ့်ဖမ်းတာပါ" လို့ ပြည်မြို့နယ်ရှိ ငါးရှဥ့်ဖမ်းသူ တစ်ဦးက ပြောပါတယ်။

ငါးရှဥ့်ဖမ်းတဲ့သူတွေဟာ ဘတ္ထရီလျှော့တိုက်ပြီး ဖမ်းဆီးကြတာဖြစ်ကြောင်း ၊ ဘတ္ထရီရှော့ တိုက်ပြီးငါးရှဥ့်ဖမ်းတဲ့နည်းဟာ အခန့်မသင့်ပါက လူကို အသက်အန္တရာယ်ဖြစ်ပွားစေတဲ့အထိ ထိခိုက်နိုင်မှန်း သိရှိပေမယ့်လည်း မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။

"ဘတ္ထရီနဲ့ ရှော့တိုက်ဖမ်းရတာ အသက်အန္တရာယ်တောင်ရှိနိုင်တာ သိပါတယ်။ ဒါပေမယ့် မိသားစုနဲ့ အိုးမကွာ အိမ်မကွာ လုပ်လို့ရတဲ့ စီးပွားရေး က ဒါပဲရှိတယ်။ တစ်ညကို ၂ ပိဿာလောက်ရရင် အဆင်ပြေတယ်လေ။ အရင်ကတော့ ငါးဖမ်းတာပေါ့။အခုက ငါးရှဥ့်ရာသီချိန်လေ  လို့ ငါးရှဥ့်ဖမ်းသူ ကိုဟိန်းက ပြောပါတယ်။

ငါးရှဥ့်ဖမ်းသူတွေအနေနဲ့ ညဘက်မှာသာ အဓိကလုပ်ကိုင်ကြပြီး တစ်ညကို ငါးရှဥ့် ၁ ပိဿာ ၅၀ မှ ၂ ပိဿာလောက် ရရှိတယ်လို့ သိရပါတယ်။ ငါးရှဥ့်အပါအဝင် ရေထွက်ပစ္စည်းတွေကို ဘတ္ထရီရှော့တိုက်ပြီး ဖမ်းဆီးခြင်းကရေထွက်ပစ္စည်းတွေကို မျိူးတုန်းနိုင်စေတဲ့အပြင် လူကိုပါ အန္တရာယ်ရှိစေတာကြောင့် အဆိုပါ နည်းလမ်းကို အသုံးမပြုရန် သက်ဆိုင်ရာ တာဝန်ရှိသူတွေ တားဆီးထားပါတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်