အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်ဟင်းခါးသီးရဲ့အခါးအရသာကို ဖျောက်နိုင်မယ့် နည်းလမ်းကောင်း (၅) မျိုး

ကြက်ဟင်းခါးသီးရဲ့အခါးအရသာကို ဖျောက်နိုင်မယ့် နည်းလမ်းကောင်း (၅) မျိုး

Green Way
Green Way 25/11/2021

    ကြက်ဟင်းခါးသီးရဲ့ ခါးသက်တဲ့အရသာက ကြက်ဟင်းခါးသီးကို အခြားဟင်းသီးဟင်းရွက်များနဲ့မတူအောင် ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း လူနည်းစုလောက်သာ ကြက်ဟင်းခါးသီးကို ကြိုက်နှစ်သက်ကြတာပေါ့။

    ကြက်ဟင်းခါးသီးရဲ့ ခါးသက်တဲ့အရသာကို ပျောက်ပျက်သွားအောင် ပြုလုပ်လို့ရတယ်ဆိုရင်ရော ကြက်ဟင်းခါးသီးကို ခါးလို့မစားနိုင်တဲ့ စာဖတ်သူတို့ သဘောကျနှစ်ခြိုက်ကြမလား?။ ဒါဆိုရင် ကြက်ဟင်းခါးသီးရဲ့ ခါးတဲ့အရသာ ပျောက်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

၁။ ကြက်ဟင်းခါးသီးရဲ့ ကြမ်းတမ်းတဲ့မျက်နှာပြင်ကို ဖယ်ရှားလိုက်ပါ

    ကြက်ဟင်းခါးသီးရဲ့ ကြမ်းတမ်းနေတဲ့မျက်နှာပြင်ကို ဓားနဲ့ဖယ်ရှားလိုက်တဲ့အခါ သူ့ရဲ့မျက်နှာပြင်က ပြောင်ချောသွားပါလိမ့်မယ်။ ဒါဆိုရင်တော့ ခါးတဲ့အရသာ ပျောက်သွားပါလိမ့်မယ်။

၂။ အထဲကအစေ့ကို ဖယ်ရှားလိုက်ပါ

    ကြက်ဟင်းခါးသီးရဲ့ မျက်နှာပြင်ကို ချောမွတ်အောင် လုပ်ပြီးပြီဆိုရင်တော့ ကြက်ဟင်းခါးသီးကို ပါးပါးလှီးလိုက်ပြီးနောက် အထဲကအစေ့ကို ဖယ်ရှားလိုက်ပါ။

၃။ ဆားအသုံးပြုပါ

    လှီးဖြတ်ထားတဲ့ ကြက်ဟင်းခါးသီးရဲ့မျက်နှာပြင်ကို ဆားနဲ့ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲပြောင်းထည့်ပြီး မိနစ် ၂၀-၃၀ ခန့် ဆားဖြင့်စိမ်ထားလိုက်ပါ။ ပြီးမှ ချက်ပြုတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သူ့ရဲ့ခါးသက်တဲ့အရသာက ပျောက်ပျက်သွားပါလိမ့်မယ်။

၄။ အရည်များကိုညှစ်လိုက်ပါ

    ဒီနည်းလမ်းကိုအသုံးပြုမယ်ဆိုရင်လည်း ဆားအသုံးပြုရပါဦးမယ်။ အရင်ဆုံး ကြက်ဟင်းခါးသီးကို ပါးပါးလှီးလိုက်ပါ။ ပြီးတော့ ဆားနဲ့ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ရေဖြင့် ဆေးကြောပြီးနောက် အရည်များကုန်စင်အောင် ညှစ်ပေးလိုက်ပါ။ ဒါဆိုရင်လည်း ခါးသက်သက်အရသာ ပျောက်နိုင်ပါတယ်။

၅။ ဒိန်ချဉ်အသုံးပြုပါ

    အကွင်းလိုက်လှီးထားသော (သို့) အတုံးလိုက်လှီးထားသော ကြက်ဟင်းခါးသီးများကို ဒိန်ချဉ်ထဲမှာ စိမ်ထားလိုက်ပါ။ အနည်းဆုံး တစ်နာရီခန့်စိမ်ထားပြီးမှ ချက်ပြုတ်လိုက်ပါ။ ဒီနည်းလမ်းဖြင့်လည်း ကြက်ဟင်းခါးသီးရဲ့အခါးဓာတ်ကို ပယ်ဖျက်နိုင်ပါတယ်။

Source - My Food Myanmar

1
kyaw zaw win

kyaw zaw win

လွန်ခဲ့သော ၄ နှစ် က

အခါးဓာတ်ကို ပျောက်အောင် ဘယ်လိလုပ်ရလဲ

You

ဆက်စပ်မေးခွန်းများ

ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်‌ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေး‌ဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။

ko naing phyo wai • ဖြေကြားချက် 1 ခု

ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ

စည်သူလွင် • ဖြေကြားချက် 1 ခု

မတ်ပဲ ၁၅ .၂၀ရက်သားမှာ ဆာလ်ဖာ၈၀%ပါတဲ့ရွက်ဖျန်းဆေးဖျန်းလို့ရပြီလား ဆာလ်ဖာကို အလူမီနီယမ်မှိုသတ်ဆေးနဲ.ရောဖျန်းလို့ရလား

Sawsamson • ဖြေကြားချက် 2 ခု

စပါးရွက်မာ အမဲစက်များ ရှိနေတာဘာဖစ်လို့လဲ ဘယ်လိုကုသရမလဲဗျ

kyaw khaing oo • ဖြေကြားချက် 1 ခု

မြစ်ကြီးနားမှာမိုးရာသီက မိုးအရမ်းများလို့ ခရမ်စိုက်မယ်ဆိုရင် ဘယ်မျိုးကို စိုက်သင့်လဲ

Wai Linn • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။