ရေထွက် စားသောက်ကုန်ပစ္စည်းများနှင့် ဆိုးဆေးအန္တရာယ်

11/10/2023 15:00 PM တွင် သက်နိုင်(ငါးဦးစီး - ငြိမ်း) သက်နိုင်(ငါးဦးစီး - ငြိမ်း) မှ ရေးသား

အရောင်ဆိုးဆေးဆိုသည်မှာ - 

အစားအသောက်ထပ်ဖြည့်ပစ္စည်း (Food Additives) တစ်မျိုးဖြစ်သည်။ အရောင်ဆိုးဆေးများနှင့်ပတ်သက်၍ နိုင်ငံတကာရှိစားသောက်ကုန်လုပ်ငန်းများတွင် ယခုထက်တိုင် ကျယ်ပြန့်စွာ သုံးစွဲလျက်ရှိပါသည်။

အရောင်ဆိုးဆေးအမျိုးအစား

အရောင်ဆိုးဆေးအမျိုးအစားမှာ အဓိကအားဖြင့်(၂)မျိုးရှိသည်။

ယင်းတို့မှာ-

(က) သစ်ပင်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်များမှရသည့် သဘာဝဆိုးဆေး “Natural Colour” 

(ခ) ဓာတုပစ္စည်းများဖြင့် စီမံထုတ်လုပ်ထားသည့် ဓာတုဆိုးဆေး “Synthetic Colour” တို့ဖြစ်ပါသည်။

ဓာတုဆိုးဆေးအမျိုးအစား

ဓာတုဆိုးဆေး(Synthetic Colour)ကို အမျိုးအစားထပ်မံခွဲခြားပါက သုံးစွဲခွင့်ပြုထားသည့်  Permitted Food Colour နှင့် သုံးစွဲခွင့်မပြုထားသော Non-Permitted Food Colour တို့ဖြစ်ပါသည်။

အရောင်ဆိုးဆေးသုံးစွဲရခြင်းအကြောင်းအရင်း

အဓိကမှာ စားသုံးသူတို့ကြိုက်နှစ်သက်အောင် အရောင်(Colour)စွဲဆောင်မှုအနေဖြင့်အစားအသောက်တွင် ထည့်သွင်းအသုံးပြုကြခြင်းဖြစ်သည်။

အရောင်ဆိုးဆေးအား အစားအသောက်များတွင်ထည့်သွင်းအသုံးပြုရာ၌ နိုင်ငံတကာမှ ခွင့်ပြုလက်ခံသည့် အစားအသောက်အရောင်ဆိုးဆေး (Food Colour Dye) များသာသုံးစွဲ ခွင့်ပြုထားသည်။ အခြားအန္တရယ်ရှိသော အထည်အလိပ်လုပ်ငန်းသုံးဆိုးဆေး(Textile Dye) များအား သုံးစွဲ ခွင့်မပြုပါ။

အရောင်ဆိုးဆေးများသုံးစွဲမှုအခြေအနေ

ဓာတုဆိုးဆေးအရောင်သည် သဘာဝဆိုးဆေးအရောင်ထက် အရောင်ပိုလှပြီးတာရှည်ခံသည့်အတွက် သုံးစွဲမှုများသည်။ ဓာတုဆိုးဆေးအရောင်များထဲမှ သုံးစွဲခွင့်ပြုထားသည့် (Permitted Food Colour) အရောင်များသည့် ဈေးကြီးပြီး အရောင်တောက်ပမှုသိပ်မရှိသဖြင့် သုံးစွဲသူများကြိုက် နှစ်သက်မှုမရှိချေ။

ခွင့်မပြုဓါတုဆိုးဆေးသုံးစွဲမှုများလာရခြင်းသည် - အစားအသောက်တွင် သုံးစွဲခွင့်မပြုသော Non Permitted Food Colour တစ်မျိုးဖြစ်သည့် ချည်ဆိုးဆေး(Rhodamine B) မှာအနည်းငယ်သုံးရုံမျှဖြင့် အရောင်တောင်ပသည့်အပြင် ဈေးနှုန်းသက်သာပြီး ဈေးကွက်တွင် အလွယ်တကူဝယ်ယူရရှိနိုင်သဖြင့် သုံးစွဲမှုများလာခြင်း ဖြစ်သည်။

နောက်အပိုင်းများတွင် ခွင့်ပြုသောဆိုးဆေးနှင့် ခွင့်မပြုသော ဆိုးဆေးများအကြောင်းကို နောက်အပိုင်းတွေမှာ ဖော်ပြပေးသွားပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်