မကွေးတိုင်းဒေသကြီးမှ ပုဂ္ဂလိက ပျားမွေးမြူထုတ်လုပ်သူများ ဝင်ငွေကောင်းနေ
မကွေးတိုင်းဒေသကြီးအတွင်း တစ်နိုင်တစ်ပိုင် ပုဂ္ဂလိကပျားမွေးမြူရေးလုပ်ငန်းများကို စီးပွားဖြစ်လုပ် ကိုင်လာကြပြီး အကျိုးဖြစ်ထွန်းမှုလည်းရှိသောကြောင့် ယခုနှစ်တွင် ယခင်နှစ်ထက် ပျားမွေးမြူရေး လုပ်ကိုင်သူ ပိုမိုများပြားလာကြောင်း မကွေးတိုင်းဒေသကြီး ပျားမွေးမြူရေးလုပ်ငန်းမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း စလင်း၊ ပွင့်ဖြူ၊ အောင်လံမြို့များတွင် ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူ အများအပြားရှိနေပြီး ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင်ကို တစ်နှစ်တစ်ကြိမ် လျှောက်ထားရကြောင်း သိရသည်။ စိုက်ပျိုးသီးနှံများကို အရည်အသွေး ကောင်းမွန်အောင် စွမ်းဆောင်နိုင်ပြီး ပျားထွက်ပစ္စည်းများဖြစ်သည့် ပျားရည်၊ ပျားဖယောင်း၊ ပျားဝတ် မှုန်၊ ပျားအဆိပ်၊ ပျားကော်တို့ကို ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများအဖြစ် အသုံးပြုလာသောကြောင့် ဈေးကွက်တွင်ကျယ်ကာပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ များပြားလာခြင်းဖြစ်ကြောင်း ပျားလုပ်ငန်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြူကြူဝင်းထံမှ သိရသည်။
စီးပွားဖြစ် ပျားမွေးမြူရာတွင် အခြေစိုက်ပျားမွေးမြူခြင်းနှင့် ရွှေ့ပြောင်းပျားမွေးမြူခြင်းဟု နှစ်မျိုးရှိရာ အခြေစိုက်ပျားမွေးမြူခြင်းမှာ ရာသီအလိုက် ပျားစာပင်စိုက်ခင်းကိုပါ တွဲ၍လုပ်ဆောင်ရသဖြင့် ပျားမွေး မြူသူများအနေဖြင့် ပျားစာပင်စိုက်ပျိုးရန်မလိုသည့် ရွှေ့ပြောင်းပျားမွေးမြူခြင်းနည်းကိုသာ အသုံးပြုကြကြောင်း။ စလင်း၊ ပွင့်ဖြူနယ်ဘက်မှ ရေသွင်းနှမ်းစိုက်ပျိူးသည့် နှမ်းခင်းများနှင့် နေပြည်တော် အမြန်လမ်းတစ်လျောက်ရှိ စိုက်ခင်းများ၊ ဆီးခြံများ၊ မကွေးမြို့နယ် ကံပြားရွာမှ ပန်းနှမ်းပေါ်ချိန်များတွင် အဓိကထား ရွှေ့ပြောင်းမွေးမြူကြပြီး ပန်းခင်း စိုက်ခင်းများမရှိတော့ပါက ပိဿနိုးမြို့ဟောင်းရှိ သျှားပင်၊ ကန္တာရပင်များကိုအားထား၍ ရွှေ့ပြောင်းမွေးမြူကြကြောင်း ပျားမွေးမြူရေးလုပ်ကိုင်သူတစ်ဦးထံမှ သိရ သည်။
စီးပွားဖြစ်ပျားမွေးမြူရန်အတွက် ဖယောင်းနှင့်ပြုလုပ်ထားသည့် အောက်ခံ (Foundation) ပါဝင်သည့် မျိုးပျားအုံ နှင့် သေတ္တာတစ်လုံးသည် ကျပ် ၂၅၀၀၀ ဈေးရှိပြီး ၎င်းသေတ္တာထဲတွင် တစ်ချပ်လျှင် ကျပ် ၉၀၀၀ ပေးရသည့် ပျားသ လက်ပေါင် ငါးပေါင်နှင့် စတင်လုပ်ကိုင်ရကြောင်း၊ ပျားသလက်ပေါင် တစ်ပေါင်လျှင် ပျားဘုရင်မတစ်ကောင်နှင့် အသက်ငယ်သော လုပ်သားပျား ၂၀၀၀ ခန့်ဖြင့် စတင်မွေး မြူရကြောင်း သိရသည်။ ပျားဘုရင်မက မျိုးဆက်ပွား၍ ဥအုရန်နှင့် ဦးဆောင်တာဝန်များကို ထမ်းဆောင်ပြီး ပျားထီးများမှာ မျိုးပွားတာဝန်ထမ်းဆောင်ကာ သေဆုံးသွားကြောင်းနှင့် လုပ်သားပျားများမှာ ဝတ်ရည်စုဆောင်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဝတ်မှုန်ကူးခြင်းတာဝန်များကို ထမ်းဆောင်ကြောင်း သိရသည်။
ပျားရည်ထွက်နှုန်းမှာ တစ်သမတ်တည်းမရှိပဲ ပျားဘုရင်မ၏ ဥနှုန်း၊ ပျားစာရရှိမှုနှင့် ရာသီဥတုအခြေ အနေတို့အပေါ် မူတည်ကြောင်း ပျားသလက်အုံ ၁၀၀ မွေးမြူထားပါက ၁၀ ရက် လျှင်တစ်ကြိမ် ပျားရည် တစ်ပီပါ (ပိဿာ ၁၀၀ )ခန့် ထွက်ရှိကြောင်းနှင့် ပျားရည် တစ်ပိဿာလျှင် ကျပ် ၂၅၀၀ ရောင်းချရကြောင်း သိရသည်။
“ကျွန်တော် အရင်က တောင်သူလည်းလုပ်ဘူးတယ်၊ မွေးမြူရေးလည်းလုပ်ဘူးပါတယ်။ စိုက်ပျိုးမွေး မြူရေးက ရာသီဥတုအပေါ်မူတည်တော့ သိပ်အဆင်မပြေဘူး။ စိတ်လည်းပင်ပန်းတယ်။ ပျားမွေးမြူရေးလုပ်ငန်းကို အချပ်ရေ ၂၅၀ နဲ့ စမွေးခဲ့တာ အခု အချပ် ၁၀၀၀ အထိ မွေးမြူနိုင်ပြီး စီးပွားရေးလည်း တော်တော်အဆင်ပြေလာပါတယ်” ဟု ရေနံချောင်းမြို့နယ် ဝက်မစွတ်ကျေးရွာမှ ပျားမွေးမြူရေးလုပ်ကိုင်သူ ဦးဇော်မင်းကပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း ပျားမွေးမြူရေးလုပ်ငန်းအနေဖြင့် တိုင်းဒေသကြီးအတွင်းမှ ပျားမွေးမြူသူများအား နည်းပညာအကူအညီပေးခြင်း၊ သင်တန်းပို့ချပေးခြင်း၊ ပညာပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး ယခင်က ပျားဘုရင် မကို နိုင်ငံခြားမှ ဝယ်ယူရသော်လည်း ယခုအခါ မြန်မာနိုင်ငံတွင် (AI) နည်းပညာဖြင့် မေထုန်မဲ့သားစပ်၍ စတင်မွေးမြူနိုင်ပြီဖြစ်ကြောင်းလည်းသိရသည်။
မြန်မာ့အလင်း နိုဝင်ဘာ ၂၃၊ ၂၀၁၈
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 0 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 0 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 0 ခု
မတ်ပဲနဲ့ပဲကီးခင်းထဲတွင် ရွေးချယ်ပေါင်းသတ်ဆေး ဘာဖျန်းရမလဲ သိရင် ပြောပေးပါ ဦးဗျ
Thura Htun • ဖြေကြားချက် 2 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026