အင်းဆက်စားခြင်းအလေ့အထ
အင်းဆက်များကိုစားခြင်း အလေ့အထက ကမ္ဘာပေါ်တွင် ရှေးယခင်ထဲကရှိခဲ့ပါသည်။ အင်းဆက် မျိုးစိတ်ပေါင်းများစွာထဲမှ စား၍ရသည်ဟုသတ်မှတ်သောမျိုးစိတ်သည် ၁၀၀၀ မှ ၂၀၀၀ ကြားရှိပါသည်။ အင်းဆက်စားခြင်းအလေ့အထကို အာရှတိုက်နှင့် အာဖရိကတိုက်တွင် အများဆုံးတွေ့ရပြီး ဥရောပနိုင်ငံများသည် ယခုအခါ အင်းဆက်ကို စားစရာအမျိုးမျိုးပြုလုပ်၍ စားလာကြပြီဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လူသိများပြီး အများဆုံးစားသောအင်းဆက်မှာ ပုရစ်ဖြစ်ပါသည်။ ယခုကဲ့သို့ မိုးဦးကျတွင်ပေါ်သော မိုးပုရစ်ကြော်သည် စျေးကောင်းပေး၍စားရသော စားစရာဖြစ်ပါသည်။ သို့သော် မြန်မာတို့သည် အင်းဆက်များ၏ အာဟာရတန်ဖိုးကို နားလည်သူရှားသောကြောင့် အချို့မှာ အင်းဆက်စားခြင်းကိုပင် ရွံရှာဖွယ်တစ်ခုအဖြစ် မြင်နေကြပါသေးသည်။ စင်စစ်ဆိုသော် အင်းဆက်များတွင် ပရိုတင်းဓာတ်(Protein)၊ ကယ်လ်စီယမ်(Calcium)၊ မဂ္ဂနီစီယမ် (magnesium)၊ သံဓာတ် (Iron)၊ အမျှင်ဓာတ် (fiber)၊ အကျိုးပြုအဆီဓာတ် (Healthy fat) တို့ပါဝင်ကာ အမဲသားကဲ့သို့ပင် အာဟာရတန်ဖိုးမြင့်မားပါသည်။ 
ကျွဲ နွားမှ အသားတစ်ကီလိုဂရမ်ရရန် မြေအကျယ် 100-200 m² လိုသောအချိန်တွင် အင်းဆက်မှ တစ်ကီလိုဂရမ်ရရန် မြေအကျယ် 15 m² သာ လိုသောကြောင့် စီးပွားဖြစ်မွေးလျှင်လည်း မြေပမာဏနည်းနည်းတွင်သာ မွေးမြူနိုင်ပါသည်။ အစာနှင့် ရေလိုအပ်ချက်လည်း နည်းသောကြောင့် မွေးမြူသူများအတွက် တွက်ခြေကိုက်နိုင်ပါသည်။ ထို့ပြင် စားမြုံ့ပြန် ကျွဲ နွားများမှထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုနှင့်ယှဥ်လျှင် အင်းဆက် များမှထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့သည် မပြောပလောက်သဖြင့် ပတ်ဝန်းကျင်အတွက်လည်း ထိခိုက်မှုနည်းစေပါသည်။
မြန်မာပြည်တွင်ရှိပြီး စား၍ရသောအင်းဆက်များမှာ ပုရစ်၊ သင်ပေါင်းပိုး၊ ဝါးပိုး၊ အုန်းပိုး၊ ရေဗီလား၊ ပုစဥ်းရင်ကွဲ၊ အီကုတ် ခေါ် နောက်ချေးပိုး၊ ခါချဥ်နှင့် တွင်းပိုးတို့ဖြစ်ပါသည်။ ဒေသအလိုက် အင်းဆက်များကို အစိမ်းလိုက်သုပ်၍လည်းကောင်း၊ ကြော်၍လည်းကောင်း၊ ဟင်းချက်၍လည်းကောင်း စားကြပါသည်။ ဥရောပနိုင်ငံများတွင် အင်းဆက်ကို အမှုန့်လုပ်၍ ဟင်းထဲတွင်လည်းကောင်း ပေါင်မုန့်ထဲတွင်လည်းကောင်း ထည့်သွင်းစားကြပါသည်။ အာဟာရဓာတ်များစွာပါဝင်သော အင်းဆက်များကို သန့်ရှင်းစွာကိုင်တွယ်ပြီး အမျိုးမျိုးပြုလုပ်စားသောက်ပါလျှင် တစ်ဆထက်တစ်ဆ တိုးတက်လာသော လူဦးရေအတွက် ဖူလုံသော စားနပ်ရိက္ခာကို ဖန်တီးပေးနိုင်သကဲ့သို့ ကမ္ဘာကြီး၏ စားနပ်ရိက္ခာရှားပါးသောပြဿနာကိုပါ ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။
သီးနှံများနှင့် ဆက်စပ်သော တန်ဖိုးမြင့်ထုတ်ကုန်လုပ်နည်းများကို စိုက်ပျိုးရေးကဏ္ဍအောက်တွင် လေ့လာနိုင်ပါသည်။
အတ္တလူငယ်
လွန်ခဲ့သော ၄ နှစ် ကသင်ပေါင်းပိုးဘယ်လိုမွေးရလဲဆိုတာ တင်ပေးပါလား
bobo
လွန်ခဲ့သော ၅ နှစ် ကအင်းဆက် မွေးမြူ ချင်ပါတယ် လေ့လာချင်ပါတယ် ဘယ်လို ရှာရမလဲ ဗျ
ဆက်စပ်မေးခွန်းများ
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
ဆရာ ဒို့ဦးလေး ခင်ဗျ ရေ ။ EM ။ FAA စသည် အရည်တို့မှာ ဘယ်ဂဏန်း နံပါတ်တွေဆို စိုက်ပျိုးရေး သစ်ပင်းတိုင်းမှာ သုံးလို့ ဆင်ပြေပါသလဲ ခင်ဗျ ကျေးဇူးပါ
ကိုညိမ်းရွှေ • ဖြေကြားချက် 2 ခု
ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။
အောင်ပိုင်ထွေး • ဖြေကြားချက် 0 ခု
စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ
Theint Theint Nway • ဖြေကြားချက် 1 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
More from စုမြတ်မြတ်မိုး
အားလုံး
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
ငါးအမိုင်နိုအက်စစ် လက်တွေ့အသုံးချကြည့်ခြင်းနှင့် သတိပြုသင့်သည့်အချက်များ
14/09/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....