အင်းဆက်စားခြင်းအလေ့အထ

30/06/2021 17:00 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    အင်းဆက်များကိုစားခြင်း အလေ့အထက ကမ္ဘာပေါ်တွင် ရှေးယခင်ထဲကရှိခဲ့ပါသည်။ အင်းဆက် မျိုးစိတ်ပေါင်းများစွာထဲမှ စား၍ရသည်ဟုသတ်မှတ်သောမျိုးစိတ်သည် ၁၀၀၀ မှ ၂၀၀၀ ကြားရှိပါသည်။ အင်းဆက်စားခြင်းအလေ့အထကို အာရှတိုက်နှင့် အာဖရိကတိုက်တွင် အများဆုံးတွေ့ရပြီး ဥရောပနိုင်ငံများသည် ယခုအခါ အင်းဆက်ကို စားစရာအမျိုးမျိုးပြုလုပ်၍ စားလာကြပြီဖြစ်ပါသည်။

     မြန်မာနိုင်ငံတွင် လူသိများပြီး အများဆုံးစားသောအင်းဆက်မှာ ပုရစ်ဖြစ်ပါသည်။ ယခုကဲ့သို့ မိုးဦးကျတွင်ပေါ်သော မိုးပုရစ်ကြော်သည် စျေးကောင်းပေး၍စားရသော စားစရာဖြစ်ပါသည်။ သို့သော် မြန်မာတို့သည် အင်းဆက်များ၏ အာဟာရတန်ဖိုးကို နားလည်သူရှားသောကြောင့် အချို့မှာ အင်းဆက်စားခြင်းကိုပင် ရွံရှာဖွယ်တစ်ခုအဖြစ် မြင်နေကြပါသေးသည်။ စင်စစ်ဆိုသော် အင်းဆက်များတွင် ပရိုတင်းဓာတ်(Protein)၊ ကယ်လ်စီယမ်(Calcium)၊ မဂ္ဂနီစီယမ် (magnesium)၊ သံဓာတ် (Iron)၊ အမျှင်ဓာတ် (fiber)၊ အကျိုးပြုအဆီဓာတ် (Healthy fat) တို့ပါဝင်ကာ အမဲသားကဲ့သို့ပင် အာဟာရတန်ဖိုးမြင့်မားပါသည်။ 

    ကျွဲ နွားမှ အသားတစ်ကီလိုဂရမ်ရရန် မြေအကျယ် 100-200 m² လိုသောအချိန်တွင် အင်းဆက်မှ တစ်ကီလိုဂရမ်ရရန် မြေအကျယ် 15 m² သာ လိုသောကြောင့် စီးပွားဖြစ်မွေးလျှင်လည်း မြေပမာဏနည်းနည်းတွင်သာ မွေးမြူနိုင်ပါသည်။ အစာနှင့် ရေလိုအပ်ချက်လည်း နည်းသောကြောင့် မွေးမြူသူများအတွက် တွက်ခြေကိုက်နိုင်ပါသည်။ ထို့ပြင် စားမြုံ့ပြန် ကျွဲ နွားများမှထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုနှင့်ယှဥ်လျှင် အင်းဆက် များမှထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့သည် မပြောပလောက်သဖြင့် ပတ်ဝန်းကျင်အတွက်လည်း ထိခိုက်မှုနည်းစေပါသည်။

    မြန်မာပြည်တွင်ရှိပြီး စား၍ရသောအင်းဆက်များမှာ ပုရစ်၊ သင်ပေါင်းပိုး၊ ဝါးပိုး၊ အုန်းပိုး၊ ရေဗီလား၊ ပုစဥ်းရင်ကွဲ၊ အီကုတ် ခေါ် နောက်ချေးပိုး၊ ခါချဥ်နှင့် တွင်းပိုးတို့ဖြစ်ပါသည်။ ဒေသအလိုက် အင်းဆက်များကို အစိမ်းလိုက်သုပ်၍လည်းကောင်း၊ ကြော်၍လည်းကောင်း၊ ဟင်းချက်၍လည်းကောင်း စား​​​ကြပါသည်။ ဥရောပနိုင်ငံများတွင် အင်းဆက်ကို အမှုန့်လုပ်၍ ဟင်းထဲတွင်လည်းကောင်း ပေါင်မုန့်ထဲတွင်လည်းကောင်း ထည့်သွင်းစားကြပါသည်။  အာဟာရဓာတ်များစွာပါဝင်သော အင်းဆက်များကို သန့်ရှင်းစွာကိုင်တွယ်ပြီး အမျိုးမျိုးပြုလုပ်စားသောက်ပါလျှင် တစ်ဆထက်တစ်ဆ တိုးတက်လာသော လူဦးရေအတွက် ဖူလုံသော စားနပ်ရိက္ခာကို ဖန်တီးပေးနိုင်သကဲ့သို့ ကမ္ဘာကြီး၏ စားနပ်ရိက္ခာရှားပါးသောပြဿနာကိုပါ ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။

 

သီးနှံများနှင့် ဆက်စပ်သော တန်ဖိုးမြင့်ထုတ်ကုန်လုပ်နည်းများကို စိုက်ပျိုးရေးကဏ္ဍအောက်တွင် လေ့လာနိုင်ပါသည်။​


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်