ကမ်းဇော်ပင်အကြောင်းနှင့် ဆေးဖက်ဝင်ပုံများ...

03/09/2020 19:00 PM တွင် မေမြတ်မော် မေမြတ်မော် မှ ရေးသား

ရုက္ခဗေဒအမည်      -Madhuca Longifolia/ Bassia Longifolia

မျိုးရင်း                  - Sapotaceae

မြန်မာအမည်         - ကမ်းဇော်/ရေမယ်ဇယ်(ရေမည်စည်)

အင်္ဂလိပ်အမည်      - Honey Tree/ Mahuwa Tree

   ကမ်းဇော်ပင်သည် အပင်ကြီးအမျိုးအစားဖြစ်သည်။ အပင်သက်တမ်းမှာ နှစ်(၁၀၀)ခန့်ရှိသည့် နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသောအရိပ်ရအပင်ဖြစ်သည်။ အပင်သက်တမ်း(၅)နှစ်သားတွင် လုံးပတ် (၂ပေခွဲ မှ ၃ပေ) ရှိမှသာ အသီးစတင်သီးလေ့ရှိသည်။ ကမ်းဇော်ပင်သည် သုံးနှစ်တစ်ကြိမ် အသီးသီးလေ့ရှိသည်။

ပုံသဏ္ဍာန်

    မယ်ဇယ်ပင်နှင့်တူသည်။ အစေးထွက်သည်။ အစေ့မှ အဆီထွက်သည်။ အဆီသည် အဝါရောင်ရှိသည်။

အရွက်...........အစိမ်းရင့်ရောင်ဖြစ်ပြီး ထိပ်ချွန်သည်။ရွက်လွှဲထွက်သည်။အလျား(၈)လက်မ အနံ (၂)လက်မခန့်ရှိပြီး ငှက်မွှေးပုံစံကဲ့သို့ရှိသည်။

အပွင့်...........တပို့တွဲ၊တပေါင်းလများတွင်ပွင့်သည်။ အဝါနုရောင်ပွင့်သည်။

အသီး …….အစိမ်းရောင်ဖြစ်သည်။ တပေါင်း၊ တန်ခူးလများတွင် အသီးသီးသည်။ ကဆုန်၊ နယုန် အသီးကြွေချိန်တွင် အစေ့များကောက်ယူကြသည်။

အစေ့…….အစေ့ပုံစံမှာ ပြောင်ချောပြီးမာကျောသည်။ အညိုရင့်ရောင်/ကျွန်းသားရောင်ဖြစ်ပြီး ခရေစေ့နှင့် တူသော်လည်း ကမ်းဇော်စေ့က နှစ်ဆခန့် ပိုကြီးသည်။

ပေါက်ရောက်ရာဒေသ……...အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံတောင်ဘက်ဖျား တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ် နှင့် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ သစ်တောများ၏ မြေနိမ့်ချိုင့်ဝှမ်း ၊ရွံ့နွံပေါ၍ ရေရှိသော စွတ်စိုဒေသများတွင် အဓိကပေါက်ရောက်သည်။

ကမ်းဇော်ပင်အစိတ်အပိုင်းများ၏ကျန်းမာရေးအတွက် အသုံးဝင်မှုများ……

   -ကမ်းဇော်အပွင့်ကို  နှလုံးရောဂါ၊ သွေးရောဂါ၊ ချောင်းဆိုး၊ လည်ချောင်းနာ ရောဂါများအတွက် အသုံးပြုနိုင်သည်။

   -ကမ်းဇော်အရွက်ကို  နာကျင်ကိုက်ခဲမှုများ၊ မီးလောင်အပူနာများ၊ ထိခိုက်ရှနာများအတွက် အရွက်ကိုပြာချ၍ ထောပတ်နှင့် ရောလိမ်းနိုင်ပေသည်။

   -ကမ်းဇော်အခေါက်ကို အရေပြားယားယံခြင်း၊ နူနာ၊ အရေပြားရောဂါ နှင့် ဆီးချိုရောဂါများအတွက်  အသုံးပြုနိုင်သည်။

   -အစေ့အဆီကို အရိုးအဆစ်နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အသားအရည်လှပဆေး၊ နားကိုက်ခြင်း၊ ဝမ်းချုပ်ရောဂါ၊ သွားသွေးယိုစိမ့်ခြင်း နှင့် ခြေကွဲ၊ လက်ကွဲ၊ အသားအရည်ကွဲအက်ခြင်းများအတွက် အသုံးပြုနိုင်ပေသည်။

ကမ်းဇော်ပင်၏ အစိတ်အပိုင်းတိုင်းသည် အသုံးဝင်လှပေသည်။

ကမ်းဇော်ပင် အစိတ်အပိုင်းများမှာ အသုံးဝင်သော်လည်း  ကမ်းဇော်ဆီ၏ဆေးဖက်ဝင်မှုမှာ ပို၍ကျော်ကြားသည်။ ကမ်းဇော်ဆီသည်အဝါရောင်ရှိပြီး အနံ့မှာ သစ်ဂျပိုးနံ့ရှိသည်။

ကမ်းဇော်ဆီတွင်  Polysaccbaride , Saponin, Flavonoid , Sterol , B-carotene and aleanoliid acid Fatty acid စသောဒြပ်ပေါင်းများပါဝင်သည်။

ကမ်းဇော်ဆီမှာ ဈေးကွက်ဝင်ပြီး ပေါက်ဈေးမှာ ဝိုင်ပုလင်းပုံစံ တစ်ပုလင်းလျှင် (၁သိန်း‌ကျော်)ခန့်ရှိပေသည်။

မေမြတ်မော်

“သဘာဝဆေးဖက်ဝင် ကမ်းဇော်ဆီ အစွမ်း ကိုယ်တွေ့ဖြစ်ရပ်များ” စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်