ထောပတ်သီးစားခြင်းဖြင့် ရရှိမည့် ကျန်းမာရေးကောင်းကျိုး (၁၂) သွယ်

23/12/2019 12:30 PM တွင် နန္ဒာအိလှိုင် နန္ဒာအိလှိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ထောပတ်သီးစားခြင်းဖြင့် ရရှိမည့် ကျန်းမာရေးကောင်းကျိုး (၁၂) သွယ်

ထောပတ်သီးဟာ အခြားသစ်သီးများနဲ့ နှိုင်းစာလျှင် ကာဗိုဟိုက်ဒရိတ်ပါဝင်မူထက် ကျန်းမာစေသောအဆီအနှစ်များ ပါဝင်မှုများပြီး ကောင်းကျိုးများစွာရရှိစေသောကြောင့် ထူးခြားသောအသီးတစ်မျိုးဖြစ်တယ်။

ဒါ့ကြောင့်ထောပတ်သီးစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ ကောင်းကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်တယ်။

ထောပတ်သီးဟာ အာဟာရဓာတ်များစွာပါဝင်ပြီး ၎င်းရဲ့ကောင်းမွန်တဲ့အရသာနဲ့ နူးညံ့တဲ့အသားကြောင့် ဟင်းအမယ်အမျိုးမျိုးမှာ ထည့်လေ့ရှိကြတယ်။ ဂွကာမိုးလ်(Guacamole) လို့ခေါ်တဲ့ မက္ကဆီကို အစားအစာတစ်မျိုးမှာ ထောပတ်သီးဟာ အဓိကပါဝင်ပစ္စည်းဖြစ်တယ်။

ထောပတ်သီးတစ်လုံးမှာပါဝင်တဲ့ အာဟာရဓာတ်များကတော့

ဗီတာမင် K - ၂၆%

ဖောလိတ် - ၂၀%

ဗီတာမင် C - ၁၇%

ပိုတက်ဆီယမ် - ၁၄%

ဗီတာမင် B5 - ၁၄%

ဗီတာမင် B6 - ၁၃%

ဗီတာမင် E - ၁၀% နဲ့အတူ

မက်ဂနီဆီယမ်၊ မန်းဂနိစ်၊ ကော့ပါး၊ သံဓာတ်၊ ဇင့်၊ ဖော့စဖောရပ်စ်၊ ဗီတာမင် A,B1,B2,B3 တို့ အနည်းငယ်စီ ပါဝင်ပါသေးတယ်။ ကယ်လိုရီအားဖြင့် ၁၆၀ရှိပြီး အသားဓာတ် ၂ ဂရမ်၊ ကျန်းမာစေသောအဆီဓာတ် ၁၅ ဂရမ် ပါဝင်ပါတယ်။

၂။ ငှက်ပျောသီးထက် ပိုတက်ဆီယမ်ဓာတ် ပိုမိုကြွယ်ဝတယ်။

လူသားတို့အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ ပိုတက်ဆီယမ်ဓာတ်ဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်ကို ပုံမှန်လည်ပတ်စေတယ်။ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောမှာတော့ ၁၀% သာပါဝင်ပြီး ထောပတ်မှာတော့ ၁၄% ပါဝင်နေပါတယ်။ သုတေသန လေ့လာချက်တွေအရ ပိုတက်ဆီယမ်များစွာ ရရှိခြင်းဖြင့် သွေးဖိအားလျော့နည်းစေပြီး နှလုံးနှင့် ကျောက်ကပ်အတွက် အထူးကောင်းမွန်စေကြောင်း သိရပါတယ်။

၃။ နှလုံးကျန်းမာရေးအတွက် အထူးသင့်တော်သော အဆီအက်ဆစ်ဓာတ်များပါဝင်တယ်။

ထောပတ်သီးဟာ ကယ်လိုရီစုစုပေါင်းရဲ့ ၇၀% ကို အဆီမှရရှိပြီး အဆီပါဝင်မှုအများဆုံး သစ်သီးဝလံအဖြစ် ရပ်တည်နေပါတယ်။ အဓိကပါဝင်တဲ့အဆီများမှာတော့ သံလွင်ဆီမှာလည်းတွေ့ရတတ်တဲ့ အိုလီရစ်အက်ဆစ် (Oleic acid) ဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရရှိကြောင်း သိရပါတယ်။ ထောပတ်သီးကရတဲ့ အဆီဓာတ်များဟာ နှလုံးကျန်းမာရေးကိုသာမက ရောင်ရမ်းခြင်းဝေဒနာနှင့် ကင်ဆာရောဂါများဖြစ်ပေါ်မှုကိုပါ လျှော့ချပေးနိုင်ပါတယ်။

၄။ အမျှင်ဓာတ်များလည်း ကြွယ်ဝသေးတယ်။

ထောပတ်သီးဟာ အမျှင်ဓာတ်များနဲ့ ကြွယ်ဝတဲ့သစ်သီးတစ်မျိုးလည်းဖြစ်တယ်။ ထောပတ်သီးရဲ့ ၇% ခန့်ဟာ အမျှင်ဓာတ်များဖြစ်ပြီး အခြားအစားအစာများနှင့်နှိုင်းယှဉ်လျှင် အမျှင်ဓာတ်ပါဝင်မှုပိုများပါတယ်။ ၎င်းအမျှင်ဓာတ်များဟာ အူတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးများရဲ့ ရှင်သန်မှုကိုအားပေးပြီး ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးပင်ဖြစ်တယ်။ ထို့အပြင် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး ဇီဝကမ္မဖြစ်စဉ်များအတွက် ကောင်းကျိုးများစွာပေးပါတယ်။

၅။ ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ ကိုလက်စထရော နှင့် ထရွိုင်ဂလစ်စရွိုက် လို့ခေါ်တဲ့အဆီဓာတ်တွေကို လျော့ကျစေတယ်။

လူသားတို့ရဲ့ခန္ဓာကိုယ်အတွင်းမှာ မလိုအပ်တဲ့ ကိုလက်စထရောနဲ့ ထရွိုင်ဂလစ်စရွိုက်ဓာတ်တွေ များလာသောအခါ နှလုံးအဆီဖုံးခြင်း၊ နှလုံးရောဂါများနဲ့ ခန္ဓာကိုယ်ရောင်ရမ်းခြင်း၊ သွေးတွင်းအဆီဓာတ် များခြင်း တို့ကိုဖြစ်ပေါ်စေသည်။ ထို့ကြောင့်ထောပတ်သီးကိုစားပေးခြင်းဖြင့် ကိုလက်စထရောပါဝင်မှုနှုန်းကို သိသိသာသာ လျော့နည်းစေပြီး သွေးတွင်းရှိ ထရွိုင်ဂလစ်စရွိုက်ဓာတ်များပါဝင်မှုနှုန်းကို၂၀% နဲ့အထက် လျှော့ချပေးနိုင်ကြောင်းတွေ့ရပါတယ်။

၆။ ထောပတ်သီးစားသုံးသူတွေဟာ ပိုပြီးကျန်းမာတယ်။

အမေရိကန်နိုင်ငံမှာ ပြုလုပ်တဲ့စစ်တမ်းတစ်ခုအရ ထောပတ်သီးစားသုံးသူတွေဟာ မစားသုံးသူများထက် ကျန်းမာရေး ပိုမိုကောင်းမွန်ကြောင်း တိကျသောအချက်အလက်များနှင့်တကွ သိရှိခဲ့ရပါတယ်။ ထောပတ်သီးစားသုံးသူများဟာ အခြားသူများထက် အာဟာရရယူနိုင်စွမ်း ပိုကောင်းကြပြီး ရောဂါဒဏ်များကို ပိုမိုခံနိုင်ရည်ရှိကြပါတယ်။ ထို့အပြင် ခန္ဓာကိုယ်တွင်းမှာ အဆီဓာတ်၊ အာဟာရဓာတ်များ အချိုးကျစွာ ရရှိကြပြီး ကျန်းမာဖျတ်လတ်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားနိုင်ကြပါတယ်။

၇။ ထောပတ်သီးမှာပါဝင်တဲ့ အဆီဓာတ်တွေဟာ အခြားအစားအစာများမှ အာဟာရဓာတ်များကိုကောင်းစွာ ရရှိစေဖို့ကူညီပေးတယ်။

ထောပတ်သီးဟာ ၎င်းတို့ကိုယ်တိုင်မှ အာဟာရဓာတ်များစွာ ရရှိစေနိုင်ရုံသာမက ကျွန်ုပ်တို့စားနေကြ အခြားအစားအစာများရဲ့ အာဟာရတန်ဖိုးကို မြှင့်တင်ပေးနိုင်တယ်။ ဗီတာမင်နှင့် အိုမင်းရင့်ရော်မှု ကိုကာကွယ်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်များဟာ အဆီမှာပျော်ဝင်ကြတဲ့အတွက် ထောပတ်သီးစားသုံးခြင်းဖြင့် မိမိတို့နေ့စဉ်စားသုံးနေကြ အစားအစာများမှ အာဟာရဓာတ်များကို လွယ်ကူစွာရရှိနိုင်ပါတယ်။

၈။ အမြင်အာရုံအတွက် ကောင်းကျိုးပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်များ ပါဝင်တယ်။

ထောပတ်သီးတွေဟာ အခြားအစားအစာများမှ အင်တီအောက်ဆီးဒင့်များကို ရယူပေးနိုင်ရုံသာမက ၎င်းကိုယ်တိုင်မှလည်း အင်တီအောက်ဆီးဒင့်ဓာတ်များ များစွာပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့်များဟာ ယေဘူယျအားဖြင့် အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပြီး မျက်လုံးကျန်းမာရေးအတွက် အရေးပါသော ဓာတ်ပေါင်းများစွာပါဝင်တယ်။ ထို့အပြင် မျက်လုံးတိမ်စွဲခြင်းနှင့် အသက်အရွယ်ကြီးရင့်လာလျှင် ဖြစ်ပေါ်တတ်သော အရေပြားပေါ်မှ အမည်းစက်များကိုလည်း သက်သာစေပါတယ်။

၉။ ကင်ဆာရောဂါများကိုလည်း ကာကွယ်ပေးနိုင်တယ်။

ထောပတ်သီးမှာပါဝင်တဲ့အာဟာရဓာတ်များဟာ အဖုအကျိတ်ကင်ဆာများနဲ့ ဓာတ်ကင်ခြင်းမှ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရ သိရပါတယ်။

၁၀။ အဆစ်ရောင်ဝေဒနာများမှ သက်သာစေတယ်။

အနောက်တိုင်းနိုင်ငံများမှာအဖြစ်များတဲ့ အဆစ်ရောင်ရောဂါဟာ လက်ကျန်သက်တမ်းတစ်လျှောက်လုံးမှာ ခံစားရတဲ့ နာတာရှည်ရောဂါဖြစ်တယ်။ ထောပတ်သီးမှရတဲ့ အဆီအနှစ်များဟာ အရိုးအဆစ်ရောင်ရမ်းနာဝေဒနာများကိုလည်း သိသာစွာလျှော့ချပေးနိုင်ပါတယ်။

၁၁။ ကိုယ်အလေးချိန်ကိုလည်းလျှော့ချပေးတယ်။

ထောပတ်သီးမှာအမျှင်ဓာတ်များစွာပါဝင်ပြီး ကျန်းမာစေတဲ့အဆီဓာတ်များသာ ပါဝင်တဲ့အတွက် ကိုယ်အလေးချိန်လျှော့ချရာမှာ များစွာအထောက်အကူပြုပါတယ်။

၁၂။ အရသာရှိပြီး နေ့စဉ်စားနေကြ အစားအစာများနဲ့ တွဲဖက်စားသုံးနိုင်တယ်။

ထောပတ်သီးအသားဟာ နူးညံ့ပြီး အဆီများတဲ့အတွက် အခြားဟင်းအမယ်ပစ္စည်းများနဲ့ကောင်းစွာ ရောစပ်စားသုံးနိုင်တယ်။ အသုပ်များ၊ ဟင်းလျာများမှာ ထည့်သုံးရလွယ်ကူတဲ့အသီးတစ်မျိုးပင်ဖြစ်တယ်။

ဒါ့ကြောင့် ထောပတ်သီးဟာအာဟာရဓာတ်များစွာကြွယ်ဝပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပေးနိုင်တဲ့ အရသာရှိတဲ့ အသီးတစ်မျိုးဖြစ်တဲ့အတွက် နေ့စဉ်စားနေကြပုံမှန်အစားအစာများနဲ့အတူ တွဲဖက်စားသုံးသင့်ကြောင်းကို တိုက်တွန်းလိုက်ရပါတယ်။

နန္ဒာအိလှိုင်

http://www.healthline.com/nutrition/12-proven-benefits-of-avocado#section1

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်