ရေချိုပုစွန်ကန်အတွင်းရှိ ငါးရိုင်းများကို ရှင်းလင်းနည်း

08/06/2023 15:00 PM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

ရေချိုပုစွန်ကန်များရှိ ငါးရိုင်းများကို ရှင်းလင်းရာတွင် အောက်ပါအချက်များကို အဓိကထား၍ ပြုပြင်ကာကွယ်နိုင်ပါသည်။

(၁) ပုစွန်များမမွေးမီကန်များကို အခြောက်ခံခြင်း

 ကန်များ၏အောက်ခြေကြမ်းပြင်ကို အက်ကွဲခြောက်သွေ့လာသည်အထိ ၁၅ ရက်မှ ၃၀ ရက်အထိ နေလှန်း၍ အခြောက်ခံထားရမည်။

(၂) ကန်များကို ထုံးကြဲခြင်းနှင့် မြေဩဇာကျွေးခြင်း

ထုံးကြဲခြင်းဖြင့် ကန်ရေ၏ pH (ချဉ်ငန်နှုန်း) မြင့်တက်စေခြင်း၊ ပိုးမွှားများသေစေနိုင်ခြင်းအပြင်  မကောင်းသော ဓာတ်များပျက်ပြယ်စေသည်။ ထုံးကြဲပါက မဖောက်ထုံး (Quick lime)ကို တစ်ဧကလျှင် ပိဿာ ၂၀ မှ ၁၀၀ အထိသုံးစွဲနိုင်သည်။

(၃) Teased Cake ခေါ် ဟုန်းမြစ်အမှုန့်ကို ကန်ပတ်လည်တွင် ကြဲပက်ခြင်း

Teased Cake (ခေါ်) ဟုန်းမြစ်အမှုန့်ကို ရှမ်းပြည်နယ်ရှိ ဒေသအချို့တွင် ရရှိနိုင်ကြောင်း သိရသည်။

ယခုအခါ Teaseed Cake (ခေါ်) ငါးရိုင်းသတ်ဆေးကို အမှုန့်ပြုလုပ်၍ ထိုင်းမှ တင်သွင်းရောင်းချကြောင်း သိရှိရသည်။ Teaseed Cake ကို အသုံးပြုနေမည်ဆိုပါက ကန်ဧရိယာ တစ်ဧကကို  ၁၀ Kg မှ ၂၀ Kg အထိအသုံးပြုနိုင်ပါသည်။

(၄) အသားစားငါးများကိုရှင်းလင်းခြင်း

အသားစားငါးများဖြစ်သော ငါးရံ့၊ ငါးခူ၊ ငါးဖယ်၊ ငါးပြေမ၊ ကကတစ်၊ ကသပိုးစသည့် ငါးများကို နှိမ်နင်းနိုင်သည်။

ငှက်များဖြစ်သော ဗျိုင်း၊ ဗျိုင်းအောက်၊ ဒင်ကျီး၊ ရေဘဲအစရှိသော ငှက်များကိုလည်းကောင်း၊ မြေတွင်းအောင်းကောင်းများဖြစ်သော မြွေများ၊ လိပ်များ၊ ဖားများ၊ ဖားပြုပ်များနှင့် ပုစွန်လုံးများကို နှိမ်နင်းပေးရမည်။

အထက်ပါ အချက်များဖြင့် ပုစွန်ကန်များကို နှောင့်ယှက်မည့် အသားစားငါးများ၊ ငါးရိုင်းများ၊ ငှက်များကို ရှင်းလင်းနိုင်မည် ဖြစ်ပါသည်။

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်