ဒေသစပါးမျိုးကို နောက်ဆွဲစိုက်ပျိုးလျှင်

24/08/2021 11:45 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    မြန်မာနိုင်ငံ၌ စပါးမျိုးပေါင်း(၁၀၀)နီပါးကို နှစ်စဥ်စိုက်ပျိုးလျှက်ရှိသည်။ သို့သော် အုပ်စုအားဖြင့် ခွဲခြားဖော်ပြရလျှင် ဒေသစပါးမျိုး၊ အထွက်ကောင်းစပါးမျိုး နှင့် စပ်မျိုးစပါးဟူ၍ (၃) အုပ်စု ဖြစ်ပါသည်။

    ယခုဆောင်းပါးတွင် ဒေသစပါးမျိုး (Local variety or Traditional variety)အုပ်စုနှင့် ပတ်သက်၍ သုတပေးမျှဝေလိုပါသည်။

ဒေသစပါးမျိုးအုပ်စု 

    ဒေသစပါးမျိုးနှင့်ပတ်သက်၍ ထူးခြားချက် (၄) ချက် ရှိပါသည်။ 

    ပထမအချက်မှာ ဒေသစပါးမျိုးများသည် အလင်းရောင်တုန့်ပြန်မှု (Photoperiod sensitive) ရှိသည်။ ထို့ကြောင့် မိုးရာသီတွင်သာ စိုက်ပျိုးလေ့ရှိသည်။ မျိုးအလိုက် သတ်မှတ်ရက် (Date-fixed)တွင် ပန်းပွင့်သည့်မျိုးများဖြစ်သည်။ ဥပမာ- နိုဝင်ဘာပထမပတ်တွင် ပန်းပွင့်လေ့ရှိသည့် အင်းမရဲဘော်စပါးမျိုးသည် နှစ်စဉ် စိုက်ချိန်စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ထိုအချိန်၌ ပန်းပွင့်လေ့ရှိပါသည်။ 

    ဒုတိယအချက်မှာ ဒေသစပါးမျိုးများသည်  စပါးအထွက်စွမ်းရည်နည်းသည့် (Low-yielding ability) စပါးမျိုးတွေဖြစ်သည်။ သို့သော် ပေါင်းမြက်ကာကွယ်နှိမ်နင်းမှု မပြုလုပ်ခြင်း၊ မြေသြဇာမကျွေးခြင်းစသည့် ပြုစုဂရုစိုက်မှုညံ့ဖျင်းသော်လည်း သင့်တင့်သောစပါးအထွက်ကို ပေးစွမ်းနိုင်ပါသည်။ 

    တတိယအချက်မှာ ဒေသစပါးမျိုးတွေကို ဓာတ်မြေသြဇာကျွေးသော်လည်း  ကျွေးသလောက် တုန့်ပြန်အကျိုးပြုနိုင်ခြင်း မရှိပါ။ 

    စတုတ္ထအချက်မှာ ဒေသစပါးမျိုးများသည် ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိပါသည်။

စိုက်ပျိုးမှုအခြေအနေ

    အနောက်တောင်မုတ်သုန်လေဖြင့် ရွာသွန်းသည့်မိုးရေကို အားကိုးစိုက်ပျိုးကြသည့် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသအများစုတွင် ရှေးယခင် ရာစုနှစ်ပေါင်းများစွာကပင် ဒေသစပါးမျိုးများကိုသာ စိုက်ပျိုးခဲ့ကြသည်။ ယခုလည်း စိုက်ပျိုးဆဲဖြစ်ပါသည်။

    မြန်မာနိုင်ငံ၌ ဒေသစပါးမျိုးများ၏နေရာတွင် အထွက်ကောင်းစပါးမျိုးများကို လွန်ခဲ့သောနှစ်ပေါင်း (၅၀) ခန့်မှစတင်၍ အစားထိုး စိုက်ပျိုးလာခဲ့သည်။ ထို့ကြောင့် ဒေသစပါးမျိုးစိုက်ဧရိယာသည် တစ်စထက်တစ်စ လျော့နည်းလာသည်။ သို့သော် လုံးဝပျောက်ကွယ်သွားခြင်းမရှိပါ။ 

    ယခုလက်ရှိ ကျယ်ပြန့်စွာစိုက်ပျိုးလျှက်ရှိသော ဒေသစပါးမျိုးများမှာ မီးဒုန်း၊ ငစိန်၊ နှံကား၊ ပေါ်ဆန်းစပါးမျိုးများ၊ အင်းမရဲဘော်၊ ငကျွဲ၊ ယာ၊ တောင်ယာ၊ ကောက်ညှင်း-စသည်တို့ဖြစ်သည်။ အင်းမရဲဘော်နှင့် ပေါ်ဆန်းစပါးမျိုးများမှာ အရည်အသွေးကောင်းစပါးမျိုးများ ဖြစ်ပါသည်။

    ဒေသစပါးမျိုး၏ ရေမြေဒေသသီးသန့်ဖြစ်ထွန်းမှုနှင့် လယ်သမား၊ စားသုံးသူနှင့် စျေးကွက်ကြိုက်နှစ်သက်မှုကြောင့် ယခုထိ စိုက်ပျိုးလျှက်ရှိခြင်းပင်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

စိုက်ပျိုးချိန်အလိုက် ဖြစ်ထွန်းမှု

    ဒေသစပါးမျိုး၏ ပျိုးထောင်စိုက်ပျိုးချိန် (Time of Sowing) သည် အရေးပါသော အချက်တစ်ချက်ဖြစ်ရာ စိုက်ပျိုးချိန်အလိုက် ဖြစ်ထွန်းမှုကို သီးနှံစိုက်ပျိုးနည်းစနစ်သုတေသီများက ၁၉၉၆ ခုနှစ်မှ ၂၀၀၂ ခုနှစ်ထိ စမ်းသပ်ခဲ့ဘူးကြောင်း သိရပါသည်။ 

    ထိုအချိန်က ထင်ရှားသည့် ရဲဘော်ရင်၊ ရဲဘော်လတ်၊ ရဲဘော်စိန်၊ ရဲဘော်ရိုးစိမ်း၊ အင်းမရဲဘော်၊ ပင်တိုစိမ်း၊ ပေါ်ဆန်းမွှေး၊ ငကျွဲ၊ ရွှေဒင်္ဂါး၊ ရွှေမန်း ၁၊ နှံကားစပါးမျိုးများအား စိုက်ပျိုးချိန်အလိုက် တစ်ဧကအထွက်နှုန်းအပေါ်  အကျိုးပြုမှုကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ အသုံးဝင်နိုင်သေးသဖြင့် သုသေသနရလဒ်အချို့ကို မျှဝေရခြင်း ဖြစ်ပါသည်။

    ဇူလိုင်လအလယ်တွင်စိုက်ခြင်းသည် စပါးအထွက်အများဆုံးကို ရရှိစေသည်။ သြဂုတ်လယ်တွင်စိုက်ပါက ပုံမှန်ထက် အနှံထွက်ချိန်နောက်ကျသွားသည်။ ထို့ပြင် စပါးအထွက်လျော့နည်းသွားသည်။ စက်တင်ဘာလလယ်တွင်စိုက်ခြင်းသည် ကောက်ကွက်တစ်ကွက်ရှိ အနှံအရေအတွက်နည်းစေသည်။ တစ်နှံပါအောင်စေ့အရေအတွက် နည်းစေသည်။ အကျိုးဆက်အားဖြင့် စပါးအထွက်အနည်းဆုံးဖြစ်သည်။ ပုံမှန်အထွက်၏ ၄၉ ရာခိုင်နှုန်းသာထွက်ရှိတာ တွေ့ရပါသည်။

ထောက်ခံချက်

     သုတေသနတွေ့ရှိချက်များအရ အကယ်၍ ရေကြီးရေလွှမ်းခံရသော လယ်မြေများတွင် ဒေသစပါးမျိုးများကို ပုံမှန်ထက် နောက်ကျစိုက်နိုင်ပါသည်။ 

    ထို့အပြင် သီးထပ်သီးနှံပုံစံအရ ရှေ့သီးနှံကြောင့်သော်လည်းကောင်း၊ မမျှော်လင့်သော အခြားအကြောင်းကြောင့်သော်လည်းကောင်း၊ နောက်ဆွဲစိုက်ရမည့်အခြေအနေများ ဖြစ်ပေါ်ပါက ဒေသစပါးမျိုးများကို ပုံမှန်ထက် နောက်ကျစိုက်ပျိုးနိုင်ပါသည်။

    သို့သော် သင့်တင့်သောစပါးအထွက်(Acceptable Yield)ကို ရဖို့ဆိုရင်တော့ သြဂုတ်လကုန်ထက်တော့ နောက်ကျစိုက်ပျိုးခြင်းမပြုသင့်ကြောင်း အသိပေးလိုပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်