တောင်သူလယ်သမားကြီးများအတွက် နှိုးဆော်ချက် (ဒီဇင်ဘာလ၊ ၂၀၁၉) (အပိုင်း ၁)
စိုက်ပျိုးခြင်း မပြုရသေးသည့် ဆောင်းသီးနှံများကို လျင်မြန်စွာ စိုက်ပျိုးရေးတို့ကို ယခုလတွင် နှိုးဆော် အသိပေးလိုပါသည်။
ဆောင်းသီးနှံများအတွက်
နိုဝင်ဘာလအတွင်းက အများစုစိုက်ပျိုးခဲ့ကြသော ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများအား ပိုးမွှားရောဂါ မကျရောက်စေရန်၊ ကျရောက်ပါက ထိရောက်စွာနှိမ်နှင်းရန်ဖြစ်သည်။ အထူးဂရုပြုရမှာက အဝါရောင်မိုစေ့ရောဂါဖြစ်သည်။ အဝါရောင်မိုစေ့ရောဂါက မတ်ပဲနှင့် ပဲတီစိမ်းသီးနှံ နှစ်မျိုးလုံးမှာ ကျရောက်နိုင်တာ ဖြစ်ပါသည်။
စိုက်ခင်းကို မျက်ချေမပြတ် ကြည့်ရှုသင့်သည်။ အရွက်အနုပေါ်မှာ အဝါရောင်အစက်အပြောက် တွေ ပေါ်နေသလား။ အရွက်တွေသည် အဝါရောင်နှင့် အစိမ်းရောင် ပုံမမှန်ကွက်ကြားတွေဖြစ်ပေါ်လာပြီလား။ အပင်တွေ ကြီးထွားမှု နှေးလာသလား။ ဒါတွေသတိထားကြည့်ရှုဖို့လိုပါသည်။
ရောဂါကျရောက်နေသော အပင်တွေတွေ့လျှင် ချက်ချင်းနှုတ်ယူမီးရှို့ပစ်ရမည်။ အဝါရောင်မိုစေ့ ရောဂါသည် ရောဂါဖြစ်စေသော သက်ရှိဗိုင်းရပ်စ်ကြောင့်ဖြစ်ရသည်။ ရောဂါပြန့်နှံ့ရခြင်းသည် ယင်ဖြူ (White Fly) မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်လို့ သိရသည်။ ထို့ကြောင့် ချက်ချင်းပိုးသတ်ဆေးဖျန်းဖို့ လိုပါသည်။
ဆောင်းသီးနှံဆက်လက်စိုက်ပျိုးရန် ကျန်သည့်တောင်သူလယ်သမားများအတွက် ပြောလိုတာ ရှိပါသည်။ သီးနှံအထွက်မြင့်မားဖို့ဆိုတာ သီးနှံစိုက်ပျိုးသင့်သည့်အချိန်တွင် စိုက်ပျိုးနိုင်ဖို့လိုသည်။ မုတ်သုန်မိုးဆုတ်ခွာတာ ကြာသည်နှင့်အမျှ မြေအမျိုးအစားပေါ်မူတည်ပြီး မြေတွင်းအစိုဓာတ် တဖြည်းဖြည်းလျော့နည်းသွားတော့မည်ဖြစ်သည်။
ဆောင်းသီးနှံများအတွက် အချို့ဒေသများတွင် စိုက်ချိန်နောက်ကျသည်ဆိုနိုင်သော်လည်း မြေတွင်းအစိုဓာတ်ရှိပါက အမြန်စိုက်ပျိုးရန်ဖြစ်သည်။ မျိုးကောင်းမျိုးသန့်ကိုတော့ မဖြစ်မနေအသုံးပြုစေလိုသည်။ အပင်ပေါက် (၈၀)ရာခိုင်နှုန်း အထက်ရှိရမည်။ ရေမြေဒေသနှင့်ကိုက်ညီရမည်။ ဈေးကွက်ရှိရမည်။ သက်လျင်၊ အထွက်ကောင်းမျိုး ဖြစ်သင့်ပါသည်။
စိုက်ပျိုးနည်းစနစ် မှန်ကန်ရေးကို ဂရုပြုသင့်သည်။ လယ်မြေ သို့မဟုတ် ယာမြေ၏ မြေသား ဖွဲ့စည်းတည်ရှိမှုအရ ပုံမှန်ထွန်ရေးပြုပြင်စိုက်ပျိုးခြင်း(Conventional tillage)၊ ထွန်ရေးအနည်းငယ်သာ ပြုပြင်စိုက်ပျိုးခြင်း(Minimum tillage)၊ ထွန်ရေးမဲ့စိုက်ပျိုးခြင်း(Zero tillage) စသည်တို့ကို သင့်လျော်သလို ဆောင်ရွက်ရန်ဖြစ်ပါသည်။
အရေးကြီးသည်မှာ သီးနှံပင်သက်တမ်းတစ်လျောက်တွင် မြေတွင်းအစိုဓါတ် ထိန်းသိမ်းတည်ရှိနေစေနိုင်မည့် ထွန်ရေးပြုပြင်မှုကို ပြုလုပ်စိုက်ပျိုးရန်ဖြစ်ကြောင်း အသိပေးလိုပါသည်။
ကုလားပဲသီးနှံကို နိုဝင်ဘာလအတွင်း မစိုက်ပျိုးရသေးလျင် ဒီဇင်ဘာပထမပတ်အတွင်းအပြီး စိုက်သင့်သည်။ မြေတွင်းအစိုဓာတ် လုံလောက်စေဖို့နှင့် အပူဒဏ်ကင်းလွတ်စေရေးဖြစ်သည်။ လေဝင်လေထွက်ကောင်းဖို့ ထွန်းရေနက်နက် ထွန်ရေးညက်ညက်ဖြစ်ဖို့လိုသည်။ မြေကြပ်ပါက ကြီးထွားမှု နှောင့်နှေးနိုင်ပါသည်။
ပဲပုပ်သီးနှံကို ဒီဇင်ဘာလအတွင်း အလျင်အမြန်စိုက်ပျိုးစေလိုသည်။ စိုက်ချိန်တွင် မြေ၌ အစိုဓာတ်ပြည့်ဝစွာ ရှိနေရန်လိုအပ်သည်။ စိုက်ချိန်နောက်ကျပါက အပင်ကြီးထွားမှုနှေးပြီး အထွက်နှုန်းကိုပါ ထိခိုက်စေမည်ဖြစ်သည်။
မျိုးစေ့ကို ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးသင့်သည်။ အပင်ငယ်စဉ်တွင် ကျရောက်တတ်သည့်မှိုရောဂါ၊ အပင်ပေါက်ပြီး တစ်ပတ်သားတွင် ကျရောက်တတ်သည့် ပင်စည်ထိုးပိုး (Stem Fly)တို့အတွက် ကြိုတင်ကာကွယ်သင့်ပါသည်။
ဆင်းသီဟ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Soe Myint
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....