ဘက်စုံပိုးမွှား ရောဂါကာကွယ်နှိမ်နင်းရေး ဖြစ်စဉ်

23/01/2018 16:09 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

အပင်စိုက်မယ်ဆိုတဲ့ခေါင်းစဉ်တိုင်းမှာ ဘာသီးနှံပဲဖြစ်ဖြစ် ဘက်စုံပိုးမွှား ရောဂါကာကွယ်နှိမ်နင်းရေး ဆိုသည့် အချက်ကို ကျော်လွှား မရနိုင်ပါ။ ဟင်းတစ်ခွက်ချက်တိုင်း မပါမဖြစ် ဆားလိုပါပဲ။ အော်ဂဲနစ်စနစ်၊ ရေရှည်ခံ စိုက်ပျိုးရေးစနစ်၊ ခေတ်မှီ စိုက်ပျိုးရေး စနစ်တိုင်းတွင်ကျော်လွှား၍ မရသော IPM (ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း) ကို အရင်ဆုံး သိရှိ နားလည်အောင် ပြုလုပ်ကြပါလို့ ကျွန်တော် အရင်ဆုံး အကြံပေး လိုပါတယ်။

 ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းပေါ်ပေါက်လာသော သမိုင်းကြောင်း

ဘီစီ ၂၅၀၀ တွင် ပိုးသတ်ဆေး တစ်မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ဆာလဖာ ကွန်ပေါင်းအခြေခံကာ ပိုးအချို့နဲ့ မွှားပင့်ကူ ပြဿနာကို ဖြေရှင်းခဲ့တယ်။ ဘီစီ ၂၀၀တွင် ရောမလူမျိုးများက ပိုးမွှား ကာကွယ်ရေးတွင် ဆီကို အသုံးပြုခဲ့သည်။ အေဒီ ၃၀၀ တွင် ပထမဆုံး ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း (Biological control) အဖြစ် ပုရွတ်ဆိတ်ကို မွေးမြူပြီး တရုတ်နိုင်ငံ လိမ္မော်ခြံများတွင် ကျရောက်သော ရှောက်နေလှည့် လိပ်ပြာများနှင့် ကျိုင်းကောင်များကို တိုက်ဖျက်နိုင်ခဲ့နိုင်သည်။ ၁၈၈၀ ခုနစ်တွင် ဆေးဖျန်းစက်များကို စီးပွားဖြစ် ထုတ်လုပ်လာကြတယ်။ ၁၉၃၀ ခုနစ်တွင် အပင်ရောဂါများအတွက် ပင်လုံးပြန့် အော်ဂဲနစ် ကွန်ပေါင်း (Synthetic organic compounds)ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။ ၁၉၄၀ ခုနစ် အရောက်တွင် ဘက်တီးရီးယားအခြေခံကာ ပိုးရောဂါသတ်ဆေးအဖြစ် နွားနို့စပိုလ်း(milky spore)ကို ထုတ်လုပ်ခဲ့ပြီး ဂျပန်ကျိုင်းကောင်များကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး ကယ်လီဖိုးနီးယားပြည်မှ ကိမိလဗေဒပညာရှင်များ (entomologists) စွမ်းဆောင်မှုဖြင့် ပိုးသတ်ဆေးများကျယ်ပြန့်စွာ ပေါ်ထွန်းလာခဲ့သည်။ ပထမပိုင်းတွင် ပိုးသတ်ဆေးကောင်းကျိုးများကို လေ့လာချက်များအရ သိရှိခဲ့ရသည်။ ၁၉၅၀ခုနစ် နောက်ပိုင်းတွင် ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကိမိလဗေဒပညာရှင်များဦးဆောင်ပြီး ရေရှည်ခံ ကာကွယ် ထိန်းသိမ်းနည်းစနစ်ကို တည်ထောင်ခဲ့ကြသည်။ အခြေခံအားဖြင့် ပိုး/ရောဂါပြဿနာတို့ကိုဖြေရှင်းရာတွင် ဓာတု ပိုးသတ်ဆေးတစ်မျိုးတည်း အသုံးပြုရုံ သာမက မိတ်ဆွေပိုးများ အကူအညီဖြင့်ပါ တွဲဖက်ဖြေရှင်းခြင်း ဖြစ်သည်။ ဓာတုပိုးသတ်ဆေးများကြောင့် စိုက်ပျိုးရေးမှာ အနည်းအကျဉ်း အလုပ်လုပ်ပြီး အများကြီးအကျိုးရှိသည်ဟု အယူအဆရှိခဲ့သည်။ ထိုစနစ်သည် အိမ်တိုင်းစေ့ စိုက်ခင်းအနှံ့အပြားတွင် ပြန့်ပွားခဲ့သည်။ သို့သော် ၁၉၅၀ခုနစ်တွင် ပိုးသတ်ဆေး ဓာတ်ကြွင်းအာနိသင်ကို ပိုးများ ခံနိုင်ရည် ရှိလာပြီး ဆေးမတိုးမှု စတဲ့ပြဿနာများကို စိုက်ခင်းတွင် ကြုံလာရသည်။ တစ်နှစ်တောင်မခံခဲ့ပါဟု ဆိုရပါမည်။ ၁၉၅၉ခုနစ် အရောက်တွင် ပျများကို ပိုးသတ်ဆေးဖြင့် သတ်တာကို လျော့ချပြီး သားရဲကောင် သို့မဟုတ် မိတ်ဆွေပိုးများဖြင့် ပျတွေကို ပြန်သတ်ပြီး ဖျက်စီးနိုင်တာကို ဖော်ထုတ်နိုင်ခဲ့ပါသည်။

၁၉၆၁ခုနစ်တွင် ပိုး/ရောဂါထိန်းသိမ်းမှုကို ရှာဖွေသူများက ပိုး/ရောဂါများ လျော့ကျရန်အတွက် ပိုးကောင်များရဲ့ ဘဝစက်ဝန်း ဘဝအလိုက် ဖြစ်စဉ်အဆင့်ဆင့် ဥပမာ-ဥ-လောက်ကောင်- လောက်ကောင်ကြီး-ပိုးကောင်သက်တန်းအလိုက်-ရက်အလိုက်ဖြစ်စဉ်ကို နားလည်သိရှိနိုင်မှု/ ပိုးကောင်များ၏ နေထိုင်ကျက်စားမှုတွေ သိရှိနားလည်မှသာ ထိရောက်သော ကိုင်တွယ်မှု ရမည်ဟု ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။

၁၉၅၀ခုနစ်တွင် ဒီဒီတီနဲ့ အခြားသောပိုးသတ်ဆေးများကြောင့် ပိုးများ ဆေးယဉ်ပါးလာသည်ကို သတိထားမိလာခဲ့သည်။ ၁၉၆၀ခုနစ်တွင် ဂေဟစနစ်ပတ်ဝန်းကျင်နှင့်ပိုးယဉ်ပါးမှုကို လေ့လာရာ မြစ်ချောင်းများမှ လေ/ ရေအသုံးပြုမှု တို့ကြောင့် ပိုးများ တစ်နေရာမှ တစ်နေရာ ပြန့်ပွားကျယ်ပြန့်လ ာသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ၁၉၆၂ခုနစ်အရောက်တွင် ပိုးသတ်ဆေး အလွန်အကျွံ သုံးစွဲမှုအကြောင်းကို ရေချယ်ကာစွန်က အတိအလင်းချပြခဲ့သည်။ သူက ပိုးသတ်ဆေး အသုံးပြုခြင်းသည် အခြားနည်းများထက် လူ့ကျန်းမာရေး၊ ပတ်ဝန်းကျင် ညစ်နွမ်းမှုနှင့် သားကောင်များ အဆိပ်သင့်မှု ပိုမိုဖြစ်စေကြောင်း ထုတ်ဖော်ခဲ့သည်။ ထိုအချိန်မှစပြီး နိုင်ငံအနှံ့အပြားတွင် ဒီဒီတီဆေးကို တရားဝင် လုံးဝအသုံးမပြုရန် တားမြစ်ခဲ့သည်။ လူထုကလည်း လိုက်နာကျင့်သုံးခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနစ်လောက်ထိ အသုံးပြုခဲ့သည်ဟု ထင်ပါသည်။

ကျွန်တော်တို့ရဲ့ ဇာတ်လ်ုက်ကြီး IPM ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးကို ၁၉၆၉ခုနစ် အမေရိကန်နိုင်ငံ (US National Academy of Sciences)က စတင်စမ်းသပ်ပြီး ၁၉၇၀မှ၁၉၈၀ခုနစ်အထိ အမျိုးမျိုး ကြံဆဖော်ထုတ်ခဲ့ကြသည်။ ၁၉၇၂ခုနစ်မှစပြီး အမေရိကန်လူထုက လက်ခံ ကျင့်သုံးခဲ့ကြသည်။ ၁၉၈၅ခုနစ်တွင် အိန္ဒိယနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့ကြသည်။

ဖ်က္စီးမႈ

မိမိစိုက်ခင်း နယ်နိမိတ် စည်းရိုး၊ မိမိစိုက်ခင်းအတွင်း စီးပွားရေးအရ မထိခိုက်သော အပျက်အစီးမျိုးကို ဆေးမဖျန်းပဲ မိတ်ဆွေပိုး အကူညီဖြင့် ဖြေရှင်းနိုင်ပါတယ်။ မိတ်ဆွေပိုးများက ဖျက်ပိုးများကို မဟန့်တားနိုင်တော့ပဲ ပိုမို တိုးပွားလာပြီး စီးပွားရေးအရဖျက်စီးမှုအဆင့်စရောက်ပြီဟု သတ်မှတ်သော အခြေအနေရောက်မှသာ ထိရောက်တဲ့ ဓာတုပိုးသတ်ဆေးကို အသုံးပြုရပါတယ်။

နအိန္ဒိယနိုင်ငံနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ စိုက်ခင်းအများစုတွင် ပိုးသတ်ဆေးကိုင်တွယ်ဖြေရှင်းမှု တိုးပွားလာခဲ့သည်။ဓာတုဆေးများကြောင့် ပိုး/ရောဂါများတွေ မြန်မြန်သေကြေပျက်စီးတာမှုသည် စိုက်ပျိူးသူများအတွက် လက်တွေ့ အကျိုးဖြစ်ထွန်းစေပါသည်။ ဒုတိယ မျိုးဆက်မှာတော့ ဆေးမနိုင်ပြဿနာတွေနဲ့ ရင်ဆိုင်ပြီး ဒုက္ခများ တွေ့ရပြန်ပါတယ်။ မိတ်ဆွေပိုး ပျောက်ဆုံးမှုများ ဖြစ်ပေါ်လာခဲ့သည်။ စတန်းနှင့် သူ၏ တက္ကသိုလ်ကျောင်းသားအဖွဲ့များပူးပေါင်းပြီး ပိုး/ရောဂါ ထိန်းသိမ်းနည်းအသစ်ကို ဖော်ထုတ်ခဲ့သည်။ သီးနှံအလိုက် စိုက်စနစ်များ၏မှတ်တမ်းကို ရေးမှတ်ကာ မြေသြဇာ၊ရေသွင်း၊ ရေထုတ်၊ ထယ်ထိုးတာအဆုံး လေ့လာမှတ်တမ်းပြုလုပ်ခဲ့ကြပါသည်။နည်းစနစ်တခုထဲ ဥပမာ ဆေးဖျန်းခြင်း တခုတည်းသည် ထိရောက်သော ဖြေရှင်းနည်းမဟုတ်ပါ။ IPM ခေါ်တဲ့ ဘက်စုံ ပိုးမွှားနှိမ်နင်းစနစ်ကို အသုံးပြုမှသာ ထိရောက်သောဖြေရှင်းနည်းဖြစ်ကြောင်း အဖြေကိုရရှိခဲ့ပါသည်။

IPMစနစ်မှာ အောက်ပါရည်ရွယ်ချက်များပါဝင်သည်အထိ လုပ်ဆောင်ခဲ့ကြသည်၊၊

၁။ သဘာဝ ထိန်းသိန်းနည်းကို အသုံးပြုရန်
၂။ ကျန်းမာရေးကို ကာကွယ်ပေးရန်
၃။ ပိုး ရောဂါနဲ့ မပတ်သက်သော အခြားမျိုးစိတ်များ ထိခိုက်ပျက်စီးခြင်း မရှိရန်
၄။ ပတ်ဝန်းကျင် ထိခိုက်မှု မရှိရန်
၅။ အကျိုးအာနိသင်ဖြစ်ထွန်းမှုကို ရေရှည်ခံစားရရန်
၆။ အချိန်တိုအတွင်း ဝင်ငွေခိုင်ခိုင်မာမာရရှိရန်
၇။ အလွယ်တကူလုပ်ဆောင်ပြီး အကျိုးဖြစ်ထွန်းစေရန်
တို့ဖြစ်ပါတယ်။

ရေးရမှာ ခေါင်းစဉ်အလိုက်လအပိုင်းအလိုက်များသောကြောင့်စိတ်ရှည် သည်းခံ ဖတ်ရှုပေးကြပါလို့ တောင်းပန်ရင်း

ဆက်ရန်
 
Khant Zaw Htet

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်