အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနဌာန IRRI

19/08/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (136)  International Agricultural Research Centres (Part-2) IRRI 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၃၆) အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသနဌာနများ (အပိုင်း-၂) 

အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနဌာန

ပုံ - ၁ ကမ္ဘာ့စိုက်ပျိုးရေးသီးနှံနှင့်မွေးမြူရေးသုတေသနဌာနများ

ကမ္ဘာတဝှမ်း စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနဌာနအုပ်စုများ (CGIAR – The Consortium of Agricultural Research Centres) ကို ဆက်ပြီး ဆွေးနွေးရလျှင် - 

(ခ) အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI – International Rice Research Institute)

ကျွန်တော်တို့နိုင်ငံ အပါအဝင် အာရှ၊ အာဖရိကတိုက်မှနိုင်ငံ ၁၀၀ကျော်သည် စပါးစိုက်၍ ဆန်ကို အဓိကထားစားသုံးပါသည်။ တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေ ၏ ၃.၅ ဘီလီယမ် (တစ်ဝက်နီးပါး) ဆန်စားကြပါသည်။ အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (BAS – Basic Agricultural Science) ဆောင်းပါးများ တွင်  နှံစားသီးနှံများအုပ်စု (Cereal Crops group) မှ ဆန်/စပါး (Rice/Paddy) အကြောင်း မဆွေးနွေးခင် အပြည်ပြည်ဆိုင်ရာ ဆန် စပါးသုတေသနဌာနတွင် ဆန်နှင့် စပါးသုတေသနများ ဆောင်ရွက်နေပုံကို ဆွေးနွေးပါမည်။ ၁၉၆၀-ခုနှစ်တွင် ဖို့နှင့်ရော့ကဖဲလားဖောင်ဒေးရှင်း (Ford and Rockfellor Foundation) က စတင်တည်ထောင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံအစိုးရ၏ ပံ့ပိုးမှုဖြင့် ဤဌာန၏ ရုံးချုပ်သည် ဖိလစ်ပိုင်နိုင်ငံ၊ လော့ဘယ်ညှို့မြို့ (Los Banos, The Philippines) တွင် ရှိပါသည်။ အာရှနှင့် အာဖရိကတိုက်နိုင်ငံပေါင်း ၁၇နိုင်ငံ တွင် ရုံးခွဲများရှိပြီး ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ဖြင့် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု (R&D – Research and Develop-ment) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဤသုတေသနဌာနမှ သိပ္ပံပညာရှင်များသည် နိုင်ငံအလိုက် အမျိုးသား စိုက်ပျိုးရေးသုတေသနနှင့် တောင်သူပညာပေးစနစ် (NARES – National Agricultural Research and Extension Systems) များ၏ အောက်တွင် နိုင်ငံတိုင်း၏ ဆန်စပါးသိပ္ပံပညာရှင်များ (Rice Scientists) နှင့် တွဲဖက်လုပ် ဆောင်လျက်ရှိပါသည်။

ပုံ - ၂ အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနဌာနရုံးချုပ်၊ ဖိလစ်ပိုင်နိုင်ငံ

ဤဌာနသည် မိတ်ဖက်နိုင်ငံများနှင့်တွဲဖက်၍ အဆင့်မီအထွက်ကောင်းစပါးမျိုးများ (Advanced Rice Varieties)၊ ရာသီဥတုပြောင်းလဲမှုကြောင့် ပိုးမွားရောဂါနှင့်ရေကြီး၊ မိုးခေါင်ဒဏ်ခံနိုင်သောမျိုးများ (Pest and Disease Resistant, Flooding and Drought Tolerance Varieties ) မွေးထုတ်ပေးရင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်၊ 

ဤသုတေသနဌာန၏ ၂၀၁၇-၂၀၂၅ ဆိုင်ရာ မဟာဗျူဟာမြောက် စီမံချက် (2017-2025 Strategic Plan) မှာ ကမ္ဘာ့ဆန်စပါးကဏ္ဍမှစ၍ ဘဝ/အသက်များ ရှင်သန်အောင် ပြောင်းလဲရန် (Transforming Lives through the Global Rice Sector) ဖြစ်ပါသည်၊

မကြာမီ ၉-ဘီလီယံ ထိရောက်လာတော့မည့် ကမ္ဘာ့လူဦးရေ ကို အားဖြည့်ကျွေးမွေးရန် (Feeding a world of 9 billions) ဆောင်ရွက်ပါမည်။ ၂၀၃၀-ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ မှ လူဦးရေ ၁.၂ ဘီလီယမ်လောက်သည် မြို့ပြများတွင် နေထိုင်လာပါလိမ့်မည်။ ဤဌာန စတင်ကတည်းက ဆန်စပါးထုတ်လုပ်မှု တန်သန်းပေါင်း ၁၅၀-လောက်ကနေ ယနေ့ခေတ် ၄၅၀-တန်သန်းကျော် အထိ ထုတ်လုပ်နေပါပြီ။ စပါးထုတ်လုပ်မှု၏ ၉၀-ရာခိုင်နှုန်းကို အာရှတိုက်မှာ စားသုံးနေကြပြီး ကမ္ဘာပေါ်ရှိ ကလေးသူငယ် ၆၆၇-သန်းပေါင်းတွင် အာဟာရဓာတ်ချို့တဲ့မှုကြောင့် ၁၆၁-သန်းကျော်မှာ ကြီးထွားမှုရပ်တန့်နေပါသည်။

ဤသုတေသနဌာနဖွဲ့စည်းပုံများ -

(က) သုတေသနဌာနကြီးများ (Research Divisions) ဤဌာနကြီး၏အောက်တွင် 

(က-၁) စပါးမွေးမြူရေး၊ ဗီဇဗေဒနှင့် ဇီဝနည်းပညာဌာန (Plant Breeding Genetics and Biotechnology - PBGB)

(က-၂) သီးနှံနှင့် ပတ်ဝန်းကျင်သိပ္ပံဌာန (Crop and Environmental Science Division - CESD)

(က-၃) စပါး၊ ဆန်စေ့အရည်အသွေးနှင့် အဟာရဓါတ်ဌာနခွဲယူနစ် (Grain Quality and Nutrition Research Unit)

(က-၄) လူမှုရေးသိပ္ပံများဌာန (Social Sciences Division - SSD) 

(က-၅) ဗီဇဘဏ် (Gene Bank) စသည်တို့ ရှိပါသည်၊

(ခ) ဖွံ့ဖြိုးရေးဌာနကြီးများ (Development Divisions) ဤဌာနကြီး၏အောက်တွင်

(ခ-၁) နည်းပညာဖြန့်ဝေမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဌာန (Technology Transfers and Partnerships)

(ခ-၂) သင်တန်းကျောင်း/ဌာန (Training Center)

(ခ-၃) ကမ္ဘာ့စပါးသိပ္ပံ ပူးပေါင်းဆောင်ရွက်မှု (Global Rice Science Partnership - GRiSP) စသည်တို့ဖြစ်ပါသည်၊

(ဂ) ထောက်ပံ့ရေးဌာနကြီးများ (Support Divisions) ဤဌာနကြီး၏အောက်တွင်

(ဂ-၁) လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုနှင့် အုပ်ချုပ်ရေးဌာန (Human Resources and Administration)

(ဂ-၂) ဘဏ္ဍာရေးဌာန (Finance Division) 

(ဂ-၃) အချက်အလက်နည်းပညာဌာန (Information Technology Services - ITS)

(ဂ-၄) လူထုဆက်သွယ်ရေးဌာန (Communications and Public Affairs) စသည်တို့ ရှိပါသည်၊

(ဃ) ဒေသတွင်းရုံးများ (Regional Offices) ဤဌာနကြီး၏အောက်တွင်

(ဃ-၁) အာဖရိကဆန်စပါးရုံး  (Africa Rice Office) ဘီနင်နိုင်ငံ၊ ကိုတန်ဘူမြို့ တွင်ရှိ ပါသည်၊ ဆီနီဂဲလ်၊ နိုင်ဂျီးရီးယား၊ တန်ဇန်နီးယားနှင့် မာလီတို့တွင်လည်း ရုံးခွဲများရှိ ပါသည်၊

(ဃ-၂) တောင်အာရှဒေသရုံး (South Asia Regional Center) အိန္ဒိယနိုင်ငံ၊ ဗာရာဏသီ မြို့တွင်ရှိပါသည်။

(ဃ-၃) အီရီ အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသရုံး (IRRI East and South East Asia Regional Center) ဗီယက်နန်နိုင်ငံ၊ ဟနိုင်းမြို့တွင် ရှိပါသည်၊

(ဃ-၄) အီရီတောင်အာရှ ဗဟိုချက် (IRRI South Asia Hub) အန္နိယနိုင်ငံ၊ ဟိုင်ဒရာ ဘက်မြို့ စသည်တို့ရှိပါသည်၊

(င) သုတေသနအထောက်အကူပြုဌာနများ (Research Support Units) ဤဌာနကြီး၏အောက်တွင်

(င-၁) သုတေသနစိုက်ကွင်းများ  (Experimental Stations)

(င-၂) ဇီဝစာရင်းအင်းပညာနှင့် မွေးမြူရေးအချက်အလက်ဌာန (Biometrics and Breeding Informatics)

(င-၃) မော်လီကျူးဗီဇနှင့် ဂျီနုန်းဌာန (Molecular Genetics and Functional Genomics) စသည်တို့ရှိပါသည်၊

ဤသုတေသနဌာန ၏ မူဝါဒလမ်းစဉ် (Research Platforms) များမှာ -

(က) စပါးမျိုးစပ်မွေးမြူတည်ထွင်ကြံဆပေးခြင်း (Rice Breeding Innovations)

(ခ) စပါးအခြေခံသော စနစ်များဖြင့် ရေရှည်တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်ခြင်း (Sustainable Impact through Rice-based Systems) နှင့်

(ဂ) စုပေါင်းသုတေသနစနစ်ကို ပံ့ပိုးကူညီပေးခြင်း (Integrative Research Support) စသည်တို့ဖြစ်ပါသည်။ 

နောက်ထပ် ဌာနခွဲအလိုက် ဆောင်ရွက်ချက်များမှာ-

(၁) အီရီ နည်းပညာလွှဲပြောင်းမှု (IRRI Tech Transfer) တွင် 

(၁-က) သုတေသနနှင့် ဖွံ့ဖြိုးမှု အဖွဲ့ဝင်ဖြစ်စေမှု (R&D memberships)

(၁-ခ) ပုဂ္ဂလိက အင်းအဖွဲ့၊ တစ်ဦးခြင်းတို့နှင့် တွဲဖက်ဆောင်ရွက်မှု (Private Sector Partnerships)

(၁-ဂ) ပုဂ္ဂလိက ဆန်စပါးလုပ်ငန်းများကို ဝန်ဆောင်ပေးမှု (Services for Private Sector)

(၁-ဃ) ဒေသတွင်းနှင့်နိုင်ငံအတွင်း သင်တန်းပေးခြင်းနှင့်နည်းပညာဖွံ့ဖြိုးစေခြင်း (Training and Capacity Building)

(၁-င) ဆန်စပါးထုတ်ကုန်များ စမ်းသပ်စစ်ဆေးပေးခြင်း (Product Testing and Analysis)

(၁-စ) အတိုင်ပင်ခံ ဆောင်ရွက်ပေးမှုများ (Consultancy and Advisory) စသည်တို့ပါဝင်ပါသည်။

(၂) အီရီ ပညာပေးရေးနှင့် သင်တန်းများ (IRRI Education) ၁၉၆၂-ခုနှစ်ကတည်းက ၁၂၆-နိုင်ငံမှ ဆန်စပါးပညာရှင် အမျိုးသား/အမျိုးသမီး ပေါင်း  ၁၇၀၀၀-ကျော်ကို ဘွဲ့ကြို၊ ဘွဲ့ လွန် (Undergraduate, Graduate, Doctorate and Fellowships)၊ ဘွဲ့မဟုတ်သော သင်တန်းများ (Non-degree Short Courses)၊ လုပ်ငန်းခွင်သင်တန်းများ (On-the-Job Training and Internships) လေ့ကျင့်ပညာပေးခဲ့ပြီး လက်ရှိလည်း ဆက်လက်ပညာပေးလျက်ရှိနေပါသည်။

ပုံ - ၃ ဆန်စပါးသုတေသနသင်တန်းများ 

(၃) အီရီသုတေသန ထောက်ပံ့ပေးခြင်း (IRRI Research Support) ဤသုတေသနဌာနမှ အဆင့်မြင့် သုတေသနစနစ်ကို ဇိုင်ဂလာသုတေသနဌာနများ (Zeigler Experiment Stations) ဖွင့်လှစ်ပေးပြီး ကွင်း၊ မှန်ခြံသုတေသနများ (Field, Greenhouse, Screenhouse Spaces for Research or Related Purposes)၊ စိုက်ပျိုးသူအကြိုက် မှတ်ပုံတင်ထားသော စပါးမျိုးများ (Cultivation and Production of registered seeds and/or Certified Rice Seeds of Rice Varieties preferred by Clients/Rice Farmers in a particular Regions) တိုက်ရိုက် ထုတ်လုပ်ပေး နေပါသည်။ လိုအပ်သော နိုင်ငံ၊ နေရာများသို့ သွားရောက်၍ တစ်ကြိမ်လျှင် ၁၀-၁၅ ဦး လယ်ယာသုံးစက်ကရိယာများသုံးစွဲ၊ ထိန်းသိမ်းခြင်း (Agricultural Machinery Operation and Management)၊ ရိတ်သိမ်းချွေစက်များသုံးစွဲမှုနှင့် လုံခြုံရေးရာများ (Combine Harvesters Operation and Safety)၊ ရိတ်သိမ်းပြီးနောက်ပိုင်း လယ်ယာလုပ်ငန်းများ (Postharvest Operations) နှင့် လေဆာအသုံးပြု မြေယာပြုပြင်ခြင်းလုပ်ငန်းများ (Laser-Assisted Land Leveling) ဆိုင်ရာ သင်တန်းများကို တစ်ကမ္ဘာလုံး လှည့်လည်သင်တန်းပေးနေပါသည်။

(၄) အီရီဝန်ဆောင်မှု ဓာတ်ခွဲခန်းနှင့် လုပ်ငန်းများ (IRRI Service Laboratories) 

အီရီဓာတ်ခွဲခန်းများသည် ကမ္ဘာ့အသိအမှတ်ပြု အိုင်စက်အို (ISO/IEC 17025) လက်မှတ်ရဓာတ်ခွဲခန်းများဖြစ်ပြီး (၄-က) သီးနှံအရည်အသွေးနှင့် အဟာရဓါတ်စစ်ဆေးမှု ဓာတ်ခွဲခန်း (GQNSL – Grain Quality and Nutrition Services Laboratory)၊ (၄-ခ) ဗီဇမှတ်တမ်းတင် ဓာတ်ခွဲခန်း (Genotying Services Laboratory) များကနေ ဆန်စပါးအရည်အသွေးစစ်ဆေးပေးခြင်း (Rice Grain Quality Evluation)၊ မြေဆီလွှာ၊ အပင်/ အစေ့၊ ရေအရည်အသွေးများ စစ်ဆေးပေးခြင်း (Analytical Testing – Physico-chemical properties of soil, plant/grain and water)၊ ဗီဇစစ်ဆေးပေးခြင်း (Genotyping – Marker-assisted through SNP Platform)၊ ဒီအန်အေထုတ် လုပ်ပေး ခြင်း (DNA Extraction)၊ စစ်ဆေးရန်ဓာတ်ခွဲခန်းသုံးပစ္စည်းများဌားရမ်းပေးနေခြင်း (Facilities for Resnt) စသည်တို့လုပ်ဆောင်နေပါသည်။ 

ပုံ - ၄ ဆန်စပါးသုတေသန လုပ်ငန်းခွင်ဓာတ်ခွဲခန်းများ 

(၅) အီရီ ဇီဝတည်ထွင်ဖန်တီးမှုဌာန (IRRI Bio-Innovation Centre) သည် အသင်းဝင် အခြေခံ (Member-ship based Program) သော ဌာနဖြစ်ပြီး အီရီ၏ ကမ္ဘာ့အဆင့်မီ သုတေသန အခြေခံအဆောက်အဦ များ (World-Class Infrastructure)၊ အတွေ့အကြုံ များ (Expertises)၊ အရင်းအမြစ်များ (Resources) ကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ မိတ်ဆွေများ (Private and Public Sector Partners) ကို လက်တွေ့ အသုံးချစေခြင်းဖြစ်ပါသည်။

သုတေသနနယ်ပယ်များ (Research Areas) မှာ -

(၅-က) ဗီဇကူးပြောင်းခြင်း၊ ဗီဇတည်ရာဂျီနုံးများ တည်းဖြတ်ခြင်း (Transgenic Research and Genome Editing)

(၅-ခ) အာဟာရဓတ်များနှင့် ဆန်အရည်အသွေး (Nutrition and Grain Quality)

(၅-ဂ) တန်ဖိုးမြင့်ဗီဇအစုအဝေးများ မွေးမြူခြင်း (Breeding for High Value Germplasm)

(၅-ဃ) စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သတင်းအချက်အလက် ခေတ်မီနည်းပညာများ (E-Agriculture ICT Tools, Solutions and Systems)

(၅-င) မြေဆီလွှာ၊ ရေ နှင့် အပင်ဓာတ်ခွဲမှုများ (Soil, Water and Plant Analytics)

(၅-စ) စက်မှုလယ်ယာ၊ နည်းပညာနှင့် စီမံခန့်ခွဲမှု စနစ်များ (Mechanization, Technologies and Management Systems)

(၅-ဆ) ဗီဇ၊ ရုတ်သွင်နည်းပညာများ (High-throuhput Genotyping and Phenotyping)

(၅-ဇ) ဗီဇဘဏ်၊ ဗီဇမျိုးကွဲမှု ဆိုင်ရာ သုတေသနများ (Genebank Collaboration and Genetic Diversity Research)  စသည်တို့ ဖြစ်ပါသည်။

(မှီငြမ်းစာအုပ်များ/စာတမ်းများ) References

GRiSP- Global Rice Science Partnerships (2013) Rice Almanac. 4th Ed. IRRI. 283p.

IRRI (1989) IRRI Research Highlights 1988. 76p.

IRRI (2016) Transforming Lives through the global rice sector: IRRI Strategic Plan 2017-2030. 36p.

IRRI (2023) Transforming Food Systems in Africa and Asia: IRRI Annual Report-2022. 23p.

 (ဒေါက်တာ ကြည်မိုး၊တွဲဖက်ပါမောက္ခ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်း စိုက်ပျိုး ရေး တက္ကသိုလ်တို့အား ဘာသာရပ်ဆိုင်ရာဝေါဟာရများ ဖြေဆို ကူညီပေးမှုအား ကျေးဇူးတင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်