စီးပွားဖြစ်မွေးမြူသင့်သော ဘဲ

04/05/2020 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဘဲမွေးမြူရေးမှာ တစ်ပိုင်တစ်နိုင်ရော၊ စီးပွားဖြစ်ပါ မွေးမြူသင့်သည့်အမျိုးအစားတွင် ပါဝင်ပါသည်။ ဘဲမွေးမြူရေးတွင် အခြားသောတိရစ္ဆာန်များကဲ့သို့ ဘဲခြံအား ထွေထွေထူးထူးဆောင်ပေးစရာ မလိုအပ်ပေ။ သို့သော်လည်း ညဘက်အိပ်ရန် ဘဲခြံငယ်များကို အကောင်အရေအတွက်လိုက်၍ တည်ဆောက်ပေးသင့်သည်။ ဘဲခြံအိမ်များကို လေကောင်းလေသန့်အမြဲရရှိစေရန်လည်း ပြုလုပ်ပေးထားသင့်ပါသည်။ ဘဲမွေးမြူရာတွင်လည်း အခြားတိရစ္ဆာန်များမွေးမြူသကဲ့သို့ ရာသီဥတုကို ဂရုစိုက်ရပါမည်။ 

    ဘဲများမှာ ကုန်းပေါ်တွင်နေလင့်ကစား စင်စစ်အားဖြင့် ရေနေသတ္တဝါများဖြစ်ကြသည်။ ဘဲမွေးမြူရေးသည် ကြက်မွေးမြူရေးနှင့် ကွာခြားမှုမရှိပေ။ သို့ရာတွင် ကြက်များမှာ ခြောက်သွေ့ခြင်းကို နှစ်သက်ပြီး ဘဲများမှာမူ ရေနှင့်ကင်း၍မနေနိုင်ဘဲ ရေရှိမှသာပျော်ကြသော သဘာဝရှိကြသည်။ 

    ဘဲမများသာ ဥဥခါနီးအချိန်တွင် ရေထဲမှာ ကြာရှည်စွာမနေကြဘဲ ကုန်းပေါ်သို့ မကြာခဏတက်၍ အပူဓာတ်ရရှိရန် နေပူစာလှုံကြပါသည်။ နေရောင်ခြည်မှ ဗီတာမင် ဒီ ဓာတ်ကိုရရှိပြီး အပူရှိန်ရရှိမှသာ ဥများကောင်းစွာဥတတ်ကြသည်။ 

    ကျေးလက်ဒေသများတွင် သဘာဝရေအိုင်၊ ချောင်း၊ မြောင်းများအနီး ဘဲများကိုလွှတ်ထားပြီး အထူးတလည် အစာမကျွေးဘဲ မွေးမြူနိုင်ပေသည်။ စီးပွားဖြစ်ကြီးကြီးကျယ်ကျယ် ဘဲကောင်ရေများများ မွေးမြူမည်ဆိုပါက နည်းစနစ်မှန်ကန်စွာမွေးမြူမှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ ဤစနစ်သည်လည်း အစာစရိတ်စက ကုန်ကျမှု နည်းနိုင်သေးသည်။ နံနက်ပိုင်းတွင် ဖွဲ၊ ဆန်ကွဲ၊ ပုစွန်ဖွဲ သို့မဟုတ် ငါးမှုန့်ရောစပ်၍ကျွေးပြီး ညနေပိုင်းတွင် မှော်စာပင်များ ကျွေးရုံမျှဖြင့် ပြီးနိုင်သည်။ အရေးကြီးသည့်အချက်က ဘဲများ ရေထဲသို့ မကြာခဏဆင်းနိုင်ရန် သဘာဝရေအိုင်၊ ချောင်းငယ် မြောင်းငယ်များ ရှိရန်ပင်ဖြစ်သည်။ ထိုသဘာဝရေအိုင်၊ ချောင်း၊ မြောင်းများတွင် ဘဲများစားတတ်သည့် ပိုးမွှားကောင်ငယ်များနှင့် မှော်စာပင်များရှိတတ်၍ ဘဲစာအတွက် ထိုက်သင့်သလောက် ပြည့်စုံမှုရှိသည်။

    မြန်မာနိုင်ငံတွင် ထိုကဲ့သို့ နေရာများစွာရှိရာ ဘဲမွေးမြူရေးအတွက် အလွန်ကောင်းမွန်ပေသည်။ ထို့ကြောင့် ဘဲမွေးမြူရေးမှာ တစ်နိုင်စီးပွားရေးအရ စီးပွားဖြစ်မွေးမြူသင့်သော မွေးမြူရေးတစ်ခုဖြစ်ပါသည်။ 

ဘဲအမျိုးအစားများ

    ဘဲအမျိုးအစားများစွာရှိသော်လည်း မြန်မာနိုင်ငံရာသီဥတုနှင့်ကိုက်ညီသည့် ဘဲအမျိုးအစားကို အခြေခံအားဖြင့် (၂) မျိုးခွဲခြားနိုင်သည်။ ဥစားဘဲများနှင့် အသားသားဘဲများပင် ဖြစ်သည်။

    ဥစားဘဲများမှာ လူတို့မွေးမြူမှုအများဆုံးဘဲ ဖြစ်ပါသည်။ ဥစားဘဲများတွင် အထီးတစ်ကောင်လျှင် အမခြောက်ကောင်နှုန်း မွေးသင့်ပြီး အသားစားဘဲများတွင် အထီးတစ်ကောင်လျှင် အမသုံးကောင်နှုန်းမွေးသင့်ပါသည်။ ယေဘုယျအားဖြင့် ဘဲများသည် ခြောက်လသားခန့်တွင် စတင်ဥဥတတ်ကြပြီး အကောင်ဖောက်ရန် အကောင်းဆုံးအရွယ်မှာ (၁ –၂ ) အရွယ်ကြားဖြစ်သည်။ ဘဲမွေးမြူရာတွင် ကြက်များကဲ့သို့မဟုတ်ဘဲ (၃ -၄ )နှစ်အထိ ဆက်လက်မွေးမြူနိုင်ပေသည်။ 

ဘဲဥတွင်ပါဝင်သော အာဟာရဓာတ်များမှာ -  

ပရိုတင်းဓာတ် = ၁၁.၇ ရာခိုင်နှုန်း

အဆီဓာတ်  = ၁၂.၆ ရာခိုင်နှုန်း

သတ္တုဓာတ် = ၁.၉ ရာခိုင်နှုန်း

ကစီဓာတ်  = ၀.၇ ရာခိုင်နှုန်းတို့ ဖြစ်ကြပါသည်။

ဘဲအမျိုးအစားရွေးချယ်ခြင်း

ဘဲစတင်မွေးမြူရာတွင်  - ရက်သားဘဲငယ်များဝယ်ယူ၍ မွေးမြူခြင်း။

- ဥများကိုဝယ်၍ ကြက်မဖြင့် သားဖောက်မွေးမြူခြင်း။

- ဘဲပျိုများကို ဝယ်ယူမွေးမြူခြင်းဟူ၍ ရှိကြပါသည်။

   ရက်သားဘဲငယ်များဝယ်ယူ၍ မွေးမြူရာတွင် လွယ်လင့်တကူ ဝယ်ယူ၍ရသဖြင့် ဝယ်ယူပြီးပါက သင့်တော်ရာနေရာတွင် စတင်မွေးမြူနိုင်သည်။ ဘဲဥများကိုဝယ်ယူ၍ လုပ်ငန်းစလုပ်လိုသူသည် ဘဲဥအမျိုးအစားကောင်းကောင်းကို ရွေးချယ်ရပေမည်။ 

    ဝယ်ပြီးသောဥများကို ပြန်လည်စစ်ဆေးရန် လိုအပ်ပါသည်။ ယေဘုယျအားဖြင့် အကောင်ပေါက်မည့်ဥများသည် နှစ်ပတ်အတွင်း အရောင်အသွေးပြောင်းလာတတ်သည်။ အကောင်မပေါက်နိုင်သည့် (လေဥ) ဆိုလျှင်ကား မည်သို့မှ ပြောင်းလဲမှုမရှိပါပေ။ ဘဲဥဝယ်၍ စတင်လုပ်ငန်းလုပ်ကိုင်သူသည် စစချင်းဘဲဥအမြောက်အများမလိုပေ။ ကြက်မဝပ်နေသည့်တင်းထဲသို့ ဘဲဥများထည့်ပေးထားခြင်းဖြင့် ဘဲအကောင်ပေါက်များ ပေါက်စေတတ်ပါသည်။ ထိုကဲ့သို့အကောင်ဖောက်ပါက ကြက်မများဝပ်ရန်နေရာကို လုံခြုံပြီးနွေးထွေးစေရန် ကောက်ရိုးများဖြင့် ပြုလုပ်ပေးရမည်။ ပိုးမွှားအန္တရာယ်ကင်းစေရန် ပတ်ဝန်းကျင်တွင် ပိုးသတ်ဆေး အနည်းငယ်ဖျန်းထားသင့်သည်။ ကြက်မဝပ်နေစဉ် ဘဲဥများကို စစ်ဆေးသင့်ပါသည်။ ၂၁ ရက်ကြာသောအခါ အကောင်မပေါက်သည့် လေဥများကို ဖယ်ထုတ်ရမည်။ လေဥများမှာ ကိုင်ကြည့်လျှင် အလွန်ပေါ့နေတတ်သည်။ 

    ကြက်မဖြင့် ဘဲဥကိုအကောင်ဖောက်ရာတွင် ကြက်မတစ်ကောင်ချင်းမဟုတ်ဘဲ ကြက်မအုပ်လိုက်ဝပ်စေသောနည်းကိုလည်း အသုံးပြုကြသည်။ ဤနည်းမှာမူ အချိန်ကုန်သက်သာသည်။ ဝပ်ကြက်မကြီးများကို အာဟာရဓာတ်ပြည့်စုံကြွယ်ဝသော အစားအစာကောင်းများ ဂရုစိုက်ကျွေးသင့်သည်။ အစာသာမက သောက်ရေလည်းလိုအပ်သဖြင့် ကြက်မဝပ်သောနေရာအနီးအနားတွင် အစာခွက် ရေခွက်များကို လွယ်လင့်တကူထားသင့်သည်။ ကြက်မဝပ်နိုင်သည့် ဘဲဥအရေအတွက်မှာ ကြက်မအကြီးအသေးပေါ်မူတည်သည်။ ကြက်မအကောင်ကြီးပါက ဘဲဥအလုံး ၂၀ ထိဝပ်နိုင်ပြီး ကြက်မငယ်လျှင် ဘဲဥ (၆-၈) လုံးခန့်ထိ ဝပ်နိုင်ပါသည်။ 

ကိုးကား - မွေးမြူနည်းပညာစာအုပ်မှ ကောက်နှုတ်ချက်များ

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်