စိုက်ပျိုးမြေမှ ယိုစိမ့်မှုများ

07/08/2020 15:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ယိုစိမ့်ခြင်းအကြောင်းပြောကြတော့မယ်ဆိုတော့ ကျွန်တော်တို့မြေကြီးကို  ရေမြှုပ်ကြီးတစ်ခု ဖော့တုံးကြီးတစ်ခုလို မြင်ကြည့်ရအောင်။ မြေသားထုကြီးက ဒီလိုအပေါက်သေးသေးလေးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ မိုးရွာတဲ့အခါ မြေလွှာအပေါ်ကယံက သူစုပ်ယူနိုင်သလောက် စုပ်ယူပစ်ပါတယ်။ ဒီအစိုဓာတ်လေးကို အပင်တွေကြီးထွားဖို့ ပြန်သုံးပေးပါတယ်။ ဒီလို ထိန်းနိုင်သလောက်ထိန်းထားပြီး ပိုလာတဲ့ရေတွေကတော့ ယိုစိမ့်ခြင်းကို စတင်ဖြစ်ကြပါတော့တယ်။ မြေသားထုရဲ့ အောက်လွှာတွေဆီ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ယိုစိမ့်သွားကြတာပါ။ ကျောက်လွှာတွေကိုဖြတ်ပြီး ဟိုးအာက်ခြေရောက်တဲ့အခါမှာတော့ မြေအောက်ရေအဖြစ် ရှိကြပါတယ်။ ဒီလိုယိုစိမ့်တဲ့အခါ သူ့တစ်ယောက်ထဲမသွားဘဲ ဘေးနားက ရေမှာပျော်ဝင်နိုင်တဲ့ အပင်အာဟာရတွေအကုန်လုံးကို ခေါ်သွားတာပါ။ ဒါက စိုက်ပျိုးရေးသမားတွေကို အဓိကတုန်လှုပ်စေတဲ့ တစ်ချက်ပဲဖြစ်ပါတယ်။

    ကျွန်တော်တို့ ပိုးသတ်ဆေးတွေသုံးထားခဲ့တဲ့မြေကို ဖြတ်သွားတဲ့ရေက ပိုးသတ်ဆေးအာနိသင်တွေကို သူယိုစိမ့်ရာလမ်းတစ်လျောက် သယ်ဆောင်သွားမှာဖြစ်ပါတယ်။

    ဒါကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားမှုတွေမှာ စိုက်ပျိုးရေးက ပြောစရာတစ်ရပ်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်လဲ သဘာဝနည်းတွေကို ပြောင်းလဲကျင့်သုံးဖို့ တိုက်တွန်းနေကြတာပါ။

အိုးနဲ့စိုက်ထားတဲ့ မြေတွေ

    ဒါဆိုရင် အိုးနဲ့ စိုက်တဲ့မြေတွေကို ကြည့်ရအောင်ပါ။ အပင်လေးတွေကို အိုးတစ်ခုခု၊ ထည့်စရာတစ်ခုခုနဲ့စိုက်တဲ့ နည်းလမ်းတွေက ဒီကနေ့ခတ်မှာ ခေတ်စားလာကြပါပြီ။ ဒါတွေကို မျက်စိကျ အာရုံစိုက်လာကြတဲ့ အကြောင်းအရင်းတွေထဲမှာ ယိုစိမ့်ခြင်းကို ကာကွယ်နိုင်ချင်လို့ဆိုတဲ့ တစ်ချက်လည်းပါနေပါတယ်။ အကြောင်းကတော့ ဒီလိုပါ။ အိုးနဲ့သာ အပင်တွေစိုက်ခဲ့ရင် ယိုစိမ့်မှုဖြစ်တဲ့အခါ လွယ်လွယ်ကူကူဆေးကြောနိုင်တာမို့ပါ။ ဒီနေရာမှာ ယိုစိမ့်ခြင်းက အာဟာရတွေကို ယူဆောင်သွားပြီး ဆားတွေကိုတော့ မြေပေါ်မှာချန်ထားခဲ့တာပါ။ ဒီလိုနဲ့ဆားပေါက်မြေတွေဖြစ်လာရတာပါ။ ထည့်စရာထဲမှာဖြစ်တဲ့အတွက် ရေတွေလောင်းပြီး ဆားတွေကို ဆေးချနိုင်ပါတယ်။ ကွင်းထဲမှာဆိုရင်တော့ ရေသွင်းနည်းလမ်းတွေနဲ့ ဆေးကြောရတာဖြစ်လို့ အကုန်အကျများပါတယ်။ 

    ကဲ...ဒီလောက်ဆိုရင်တော့ ဘာကြောင့်ယိုစိမ့်ခြင်းက သိထားဖို့လိုသလဲ? မျက်မှောက်ခေတ် သဘာဝနည်းတွေကို အားပေးနေရတဲ့ အကြေင်းအရာတွေထဲမှာ ယိုစိမ့်ခြင်း ပြဿနာကလည်း တစ်ခုအပါအဝင်ဖြစ်တာမို့ ရေးသားဖော်ပြလိုက်ရပါတယ်ဗျ။

Ref:https://www.gardeningknowhow.com/garden-how-to/soil-fertilizers/soil-leaching-information.htm

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်