ကြက်မွေးမြူရေး လုပ်သားများအား ကျွမ်းကျင်မှုအဆင့် -၂ လက်မှတ် ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေ

27/06/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကြက်မွေးမြူ ရေး လုပ်သားများကို ကျွမ်းကျင်လုပ်သားများ ဖြစ်စေရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစတွင် ကျွမ်းကျင်မှုအဆင့်-၂ လက်မှတ် ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။ 

လက်ရှိတွင် အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးအဖွဲ့ (National Skills Standar ds Authority -NSSA) သည် ကြက်မွေးမြူ ရေးခြံလုပ်သားများအ တွက် ကျွမ်းကျင်မှုများအား စစ်ဆေးကာ ကျွမ်း ကျင်မှု အဆင့် - ၂ လက်မှတ် ထုတ်ပေးနိုင်ရန်အတွက် ကျွမ်းကျင်မှုစံများ သတ်မှတ်ရေးဆွဲထားရှိပြီးဖြစ်၍ အဆိုပါ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးနိုင်ရန်အတွက် ပဏာမစစ်ဆေးမှုများလည်း စမ်းသပ်ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။ 

"ကျွန်တော်တို့ အင်းစိန်မှာ စာတွေ့၊ လက်တွေ့ စစ်ဆေးဖို့ settlement center တည်ထောင်မယ်။ အဲ့ဒီစင်တာမှာ အလုပ်သားတွေရဲ့ ကျွမ်းကျင်မှု ဘယ်လောက်ရှိတယ်ဆိုတာ စစ်ပြီးတော့ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမယ်။ လက်မှတ်ကတော့ ကျွန်တော်တို့ ခန့်မှန်းတာက ၂၀ ၁၉-၂၀၂၀ ဘတ်ဂျက်စတာနဲ့ အလုပ်သမားတွေကို သူတို့ရဲ့ကျွမ်းကျင်မှု ဘယ်လောက်ရှိလဲဆိုတာ စစ်ဆေးပြီးတော့ Certificate ထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ထုတ် ပေးနိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစားနေတယ်။" ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းဦးက ပြောသည်။ 

မွေးမြူရေးအသားကဏ္ဍ၊ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ " သတ်မှတ်ရေးကို ၂၀၁၈ ခုနှစ် ဇွန်လစတင်၍ အကောင်အ ထည်ဖော်၍ GIZ မှ ကျွမ်းကျင်ပညာရှင်များ၏ ကူညီပံ့ပိုးမှုဖြင့် ကျွမ်းကျင်မှု "စံ" သတ်မှတ်ချက်မူကြမ်းကို ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းမူကြမ်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် National Skills Standards Authority- NSSA သို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။ 

ကြက်မွေးမြူရေးလုပ်သားများအား အသိအမှတ်ပြုလက်မှတ် ထုတ်ပေးပြီးပါက ၎င်းတို့၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် ကိုက်ညီသော လုပ်ခလစာများ တောင်းခံနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တွင် ဇွန် ၂၅ ရက်က ကျင်းပပြုလုပ်သည့် ကြက်မွေးမြူရေး လုပ်သားများအတွက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး၊ စစ်ဆေးရေးနှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးဆိုင်ရာများ ရှင်းလင်းဆွေးနွေးပွဲ၌ ဒေါက်တာဝင်းဦးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လက်ရှိအနေအထားအရ အလုပ်သမားတွေက သူတို့ အတွက် အာမခံချက်မရှိဘူး။ အာမခံချက်ဆိုတာ သူတို့ လုပ်ငန်းကျွမ်းကျင်ရင်တော့ ကျွမ်းကျင်မယ်။ သူတို့မှာ အသိအမှတ်ပြုထားတဲ့ Certificate မရှိဘူး။ အလုပ်ရှင်တစ်ယောက်ဆီမှာ အလုပ်သွားလျှောက်တယ်ဆိုလို့ရှိရင် မင်းဘာတတ်လည်းမေးတဲ့အခါ သူကလက်တွေ့လုပ်ပြမှသာသိမယ်။ သူ့မှာ ဘာမှအသိအမှတ်ပြု လက်မှတ်မရှိဘူး။ ကျွန်တော်တို့ မွေးမြူရေးကဏ္ဍ “စံ” သတ်မှတ်ရေးကနေပြီးတော့ သူ့ကို ဒီ Certificate ပေးလိုက်မယ်ဆိုရင် အလုပ်တစ်ခုကို သွားလျှောက်တဲ့အခါ အလုပ်ရှင်ကနေ ယုံကြည်စိတ်ချစွာ လက်ခံနိုင်တဲ့ အနေအထားရှိပါတယ်။ Certificate မရှိရင် လုပ်ငန်းရှင်ပေးတဲ့ လစာကိုပဲ သူယူရမယ်။ Certificate ရှိတဲ့အခါမှာ ကျွန်တော့် ကျွမ်းကျင်မှုကတော့ ဒီလောက်ရှိပါတယ်။ ကျွန်တော့်ကို လစာ ဒီလောက်တော့ပေးပါဆိုပြီးတော့ အဲ့အခွင့်အရေးတွေလည်း သူရသွားနိုင်ပါတယ်။” ဟု ဒေါက်တာဝင်းဦးက ပြောဆိုသည်။

မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့သည် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် ပြဌာန်းခဲ့သော အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေး ဥပဒေအရ မြန်မာနိုင်ငံအတွင်းရှိ အလုပ်အကိုင် ရာထူးများအလိုက် ကျွမ်းကျင်မှု “စံ”သတ်မှတ်ချက်များ ရေးဆွဲခြင်း၊ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန်၊ ပုဂ္ဂလိက အသက်မွေးဝမ်းကျောင်း သင်တန်းများအား အသိအမှတ်ပြု မှတ်ပုံတင်ခြင်းကိစ္စများ ဆောင်ရွက်ရန်၊ အလုပ်အကိုင်ရာထူးအလိုက် ပြဌာန်းထားသော “စံ” သတ်မှတ်ချက်များအလိုက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ပြီး နိုင်ငံတော်အဆင့် ကျွမ်းကျင်မှု အဆင့် ၁၊ ၂၊ ၃၊ ၄ အ စရှိသည့် လက်မှတ်များ သတ်မှတ်ထုတ်ပေးရန်၊ အလုပ်အကိုင်ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ဌာနများ မှတ်ပုံတင်ခြင်း ဆောင်ရွက်ပေးရန်၊ အလုပ်အကိုင်ကျွမ်းကျင်မှု ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားရန်၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ရံပုံငွေလုပ်ငန်းစဉ် အကောင်အထည်ဖေါ်ရန် စသောကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအဖွဲ့ကို အစိုးရဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ သင်တန်းကျောင်းများ၊ ပညာရှင်များ ပါဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ ပညာရေးမူဘောင်၊ အာဆီယံပညာရေး မူဘောင်များနှင့်အညီ အကောင်အထည် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"ဒီဟာကတော့ နှစ်ဦးနှစ်ဖက် အကျိူးရှိမယ့်ဟာပေါ့နော်။ ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေရော ကြက်မွေးမြူရေးခြံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ကျွမ်းကျင်မှုအဆင့်ရှိတဲ့ လုပ်သားတွေပေါ့။ သူတို့အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကြက်မွေးမြူ ရေးလုပ်ငန်းရှင်တွေမှာဆိုရင်လည်း သူ့မှာ ဘယ်လိုအရည်အချင်းရှိမှန်းမသိပဲနဲ့ အလုပ်ခန့်ရတယ်။ သင်ပေးရတယ်။ ထွက်သွားတယ်။ အခုဘာပဲပြောပြော ဒီလက်မှတ်ရှိထားတယ်ဆိုရင်တော့ ကြက်မွေးမြူရေးလုပ်ငန်းကို နားလည်ပြီးဖြစ်တယ်လို့ လက်ခံလို့ရတယ်။" ဟု မြန်မာနိုင်ငံ မွေးမြူ ရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာကျော်ထင်က ပြောသည်။ 

ထို့အပြင် ကြက်မွေးမြူရေးလုပ်သားများအနေဖြင့် မွေးမြူရေး အသားကဏ္ဍ၊ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ" အသိအမှတ်ပြုလက်မှတ် ရရှိန်အတွက် လုပ်သက်အနည်းဆုံး ၆ လရှိရမည်ဖြစ်ပြီး ကျွမ်းကျင်မှုစံ ဖြေဆိုရန်လည်း သက်ဆိုင်ရာလုပ်ငန်းရှင်၏ ထောက်ခံချက်ပါရှိရမည်ဖြစ်ကြော င်း သိရသည်။ 

မြန်မာနိုင်ငံတွင် တစ်နိုင်တစ်ပိုင် (မိသားစု) ကြက်မွေးမြူရေးလုပ်ငန်းများမှအပ စီးပွားဖြစ်ကြက်မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသော ကြက်ခြံလုပ်သား ၅၀၀၀၀ ဝန်းကျင်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။ 

အေးအေးမြင့်(ABM)

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်