ပန်းသီးထောပတ်လုပ်နည်း

03/09/2018 15:09 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 စျေးကွက်အတွက် ပိုလျှံနေသော ပန်းသီးအများအပြားကို ပုလင်းဘူးအနည်းငယ်တွင်ထည့်၍ သိုလှောင်နိုင်သော နည်းလမ်းမှာ သစ်သီးထောပတ် လုပ်ထားရန်သာ ဖြစ်သည်။

 - ပန်းသီး အရက် - ၃ ခွက် (၃ ခွက်x၁၆ ဇွန်း)

 - ပန်းသီးအရွယ်အလတ်-၁၅ လုံး (လုံးဝမခွာရ ၊ အူတိုင်အစေ့မထုတ်ရ၊ ပါးပါးလှီး။

 - ပျားရည်-ထည့်လိုမှ ထည့်ရန်

 - မဆလ(မျိုးစုံ) ထည့်လိုမှ ထည့်ရန်။

 - သစ်ကြမ်းပိုးခေါက် - ထည့်လိုမှ ထည့်ရန်။

 - လေးညှင်းပွင့် - ထည့်လိုမှ ထည့်ရန်။

 စတီး အိုးကြီးကြီးထဲသို့ ပန်းသီးအရက်သုံးခွက်ကို ထည့်၍ ပွက်အောင်အပူပေးပြီး လှီးထားသော ပန်းသီးကို ဖြည်းဖြည်းထည့်ရသည်။ အရက်ရောပန်းသီးပါ ပွက်အောင်အပူပေးပြီး မီးအေးအေးဖြင့် ဆူရုံသာ ဆက်လက်အပူပေးရသည်။ ကပ်မသွားဏေရန် မကြာမကြာမွှေပေးရသည်။

 ပန်းသီးပြုတ်ရည် အထိုက်အလျောက်ပျစ်လာသောအခါ မွှေပေးပါက ပန်းသီးစိတ်များသည် တစ်စစီး ပြုတ်ထွက်လာသည်။ ထိုသို့ ဖြစ်လာလျှင် မီးဖိုပေါ်မှ ချ၍ အခွံ၊ အစေ့၊ အကိုင်း စသည်များကို ဖယ်ရှားပြီး မွှေစက်ထဲသို့ ထည့်ရသည်။ ထို့နောက် ကျန်ရှိနေသော အရည်များနှင့်အတူ အိုးထဲပြန်၍ ထည့်ပြီး မီးဖိုပေါ်ပြန်၍ တင်ရသည်။ အရည်ဆူရုံ မီးအေးအေးဖြင့် ကျိုချက်ရသည်။ အရည်ပျစ်လာပြီး အညိုရင့်ရောင် ဖြစ်လာသည်။ ဤနောက်ဆုံးအဆင့်သည် ၄-၅ နာရီ ကြာနိုင်သည်။ အချိုထည့်လိုလျှင် ပျားရည်ကို သုံးနိုင်သည်။ ဟင်းခက်အမွေးအကြိုင်ထည့်လိုလျှင်လည်း ထည့်နိုင်ပြီ ဖြစ်သည်။ ကျိုချက်နေစဉ် အခါအားလျော်စွာ မွှေပေးနေရသည်။ မွှေနေရာတွင် အပြင်နူတ်ခမ်းရှိ အနှစ်များကို အတွင်းသို့ ပို့ပေးရသည်။ ထောပတ်ဖြစ်ပြီဆိုလျှင် ပွက်အောင်အပူပေးပြီး၊ ပူနေသော (ရေနွေးနှင့် ပေါင်းထားသော) ပိုင့်ဝက်ဆံ့ပုလင်းတွင် ထည့်ရသည်။ ထိုသို့ ထည့်ရာတွင် အပြည့်မထည့်ဘဲ ၁/၂ လက်မ လေဟာနယ် ချန်ထားရသည်။ ထို့နောက် ပုလင်းကို လုံအောင်ပိတ်ပြီး ရေနွေးတွင် ၅ မိနစ် ပေါင်းရသည်။ ထိုပုလင်းများကို သိုလှောင်နိုင်ပြီ ဖြစ်သည်။ ထောပတ် ၄ ပုလင်းရရှိမည် ဖြစ်သည်။

Source - သီးနှံ စျေးကွက် တိုးချဲ့ဖို့ တာရှည်ခံအောင် လုပ်ကြစို့

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်