သရက်သီးဂျယ်လီချိုချဉ်ပြုလုပ်နည်း

27/05/2020 12:30 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   á€žá€›á€€á€şá€žá€Žá€¸á€™á€žá€Šá€şá€ˇá€•္ဍတဲအရဏသဎရ္ဏက်ပဟဎ Covid ကာလမို့ စျေးကွက်မရှိဖြစ်နေပါသလား? သရက်သီးအမှည့်တွေကို အလိုက်သင့်ပြောင်းလဲရောင်းချနိုင်ဖို့ နည်းလမ်းလေးဖော်ပြလိုက်ရပါတယ်ဗျ။

    သရက်သီးရဲ့ ပင်ကိုယ်အရသာနဲ့ ပုံစံလှလှလေးလည်းဖြစ်သလို အကြာကြီးလည်းအထားခံတော့ စျေးကွက်အတွက်ပိုအဆင်ပြေနိုင်ပါတယ်ဗျ။

ပါဝင်ပစ္စည်းများ

- သကြား

- ရေ

- သရက်သီးမှည့်

- Blender (ကြိတ်စက်)

- ထည့်စရာခွက်

လုပ်ဆောင်ပုံအဆင့်ဆင့်

ပထမအဆင့်

    ပထမဦးစွာ သရက်သီးအမှည့် ကို ဓားဖြင့်လှီး၍ Blender ထဲထည့်ပါ။ ထို့နောက် ရေတစ်ခွက် (သောက်ရေခွက်)ထည့်၍ ကြိတ်ခွဲပါ။ ကြိတ်ခွဲပြီးပါက ရေတစ်ခွက်ထပ်ထည့်၍ မွှေပေးပါ။ ၎င်းအရောနှောအရည်များကို ခွက်တစ်ခွက်ထဲသို့ ရေစစ်ဖြင့်  စစ်ယူပါ။ (ကြိတ်စက်မရှိပါက ဓားနဲ့နုတ်နုတ်ဆင်းပါ။ အမျှဉ်များအဖတ်များပျောက်သည်ထိ အနည်းငယ်ပိုကျိုရမည်ဖြစ်သည်။)

ဒုတိယအဆင့်

    မီးအပူ​ပေးထားသော ဒယ်အိုးထဲသို့ သကြား (၁၀) ဇွန်းထည့်၍ ရေတစ်ခွက်ထည့်ကာ ဆူပွက်သည့်တိုင်​အောင် မွှေပေးပါ။ ဆူပွက်ပါက စစ်ယူထားသော သရက်သီးအရည်များကိုထည့်၍ မွှေပေးပါ။ ထို့နောက် ဆားအနည်းငယ်ထည့်၍ (၅) မိနစ်လောက် ရောသွားအောင် သေချာမွှေပေးပါ။ (၅)မိနစ်ခန့် မွှေပေးပြီးပါက မီးဖိုပေါ်မှချ၍ အအေးခံထားပါ။

တတိယအဆင့်

    အအေးခံထားသော အရောအနှောအရည်များကို မိမိပုံဖော်ချင်တဲ့  ပလတ်စလစ်ကတ်များထဲသို့ လိုက်ထည့်ပါ။ ထို့နောက် မိနစ်(၃၀)ခန့် အအေးခံပြီးပါက သရက်သီးဂျယ်လီများကို ပုံစံကတ်ထဲမှ ထုတ်ယူနိုင်ပါပြီဗျ။ 

    ထုတ်ပိုးမှုပုံစံတစ်ခုခုနှင့် သေသေသပ်သပ်ပြုလုပ်ကာ ရောင်းချမည်ဆိုပါက သရက်သီးများအလေလွင့်မဖြစ်စေဘဲ ဝင်ငွေရစေမည့် နည်းလမ်းဖြစ်ပါသည်။ သရက်ပြင်၊ သရက်သီးယိုတွေ လုပ်စားရတာ ငြီးငွေ့လာပြီဆို အသစ်အဆန်းလေးအနေနဲ့ သရက်သီးဂျယ်လီ ပြောင်းလဲလုပ်စားကြည့်လို့ရတာပေါ့။ တီထွင်ကြံစ တိုးတက်နိုင်ကြပါစေဗျာ။

ထွန်းရာဇာ

Ref; https://www.youtube.com/watch?v=cbtzR6EM8kY


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်