အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဓာတုပစ္စည်းမသုံးဘဲ ရေချိုးဆပ်ပြာပြုလုပ်နည်း

ဓာတုပစ္စည်းမသုံးဘဲ ရေချိုးဆပ်ပြာပြုလုပ်နည်း

သိမ့်ဇာ
သိမ့်ဇာ • 05/07/2021

လိုအပ်သော ပစ္စည်းများ

ဆပ်ပြာသီး ၅ လုံး

Guar gum လက်ဖက်စားဇွန်း(၂)ဇွန်း

ရေ လက်ဖက်စားဇွန်း (၂)ဇွန်း

အလှဆီ Glycerin  အနည်းငယ်

(Guar gum ဆိုသည်မှာ Guar Bean ဟုခေါ်သော ပဲပင်တစ်မျိုးမှရရှိသည့် ပဲမှုန့်ဖြစ်ပါသည်။ ကော်မှုန့်၊ ပြောင်းဖူးမှုန့်တို့နှင့်မတူဘဲ ကစီဓာတ်မပါဝင်ဘဲ ရေကို ဆေးပျစ်စေသော ပစ္စည်းတစ်မျိုးဖြစ်ပါသည်။)ဆပ်ပြာရည် ပျစ်ဖို့အတွက်သုံးခြင်းဖြစ်ပါသည်။

ပြုလုပ်နည်း

၁။ ဆပ်ပြာသီးတွေကို ထုခွဲ၍ အခွံချွတ်ထားပါ။ ရရှိလာသောအခွံများကို တစ်ညရေစိမ်ထားပါ။

၂။ နောက်တစ်နေ့မနက်တွင် ရေစိမ်ထားသော ဆပ်ပြာသီးများကို ပြုတ်ပါ။ အနံ့၊ အရောင် လိုချင်ပါက ထိုအချိန်တွင် ပန်းပွင့်ဖတ်များ၊ ပန်းပွင့်ခြောက်များ ထည့်နိုင်ပါသည်။

၃။ အသီးကြိုရည် အအေးခံထားသောအချိန်တွင် ဆပ်ပြာပြုလုပ်မည့် ထည့်စရာတစ်ခုထဲတွင် Guar gum (၂)ဇွန်း နှင့် အလှဆီတို့ကို ရောနှောထားပါ။ 

၄။ ထို အရောအနှောထဲသို့  ဆပ်ပြာသီးပြုတ်ရည်များ လောင်းထည့်ပြီး အရည်များပျစ်လာသည်အထိ မွှေပေးပါ။ 

    ဓာတုမပါသော သဘာဝရေချိုးဆပ်ပြာရည်ကို ရရှိမည်ဖြစ်ပါသည်။ ဓာတုနှင့်မတည့်သူများအတွက်လည်း အဆင်ပြေမည်ဖြစ်သလို နေ့စဉ်သုံးပစ္စည်းများအတွက် ထွက်ငွေလျော့ချလိုသူများအတွက်လည်း အဆင်ပြေမည်ဖြစ်ပါသည်။ 

ကိုးကား- https://www.youtube.com/watch?v=vcrvPLmBVaM

7
Moe win

Moe win

လွန်ခဲ့သော ၄ နှစ် က

ဆပျပွာ သီးပငျပွောပွေပေးပါ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

ရေညိုထမင်းလိပ်

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

ရေညိုထမင်းလိပ်

Tun Tun

Tun Tun

လွန်ခဲ့သော ၅ နှစ် က

ဘယ်လောက်ထိအထားခံလဲ

ဇော်ဇော်ထက်

ဇော်ဇော်ထက်

လွန်ခဲ့သော ၅ နှစ် က

အိမ်သုံး အဝတ်လျော်ဆပ်ပြာလုက်နည်း သင်ပေးပါအုံး

You

ဆက်စပ်မေးခွန်းများ

ပီလောပီနံ‌ေချာမှုန့်ဈေးနှုန်းသိချင်လို့ပါ ဘယ်ဈေးပေါက်နေသေးလဲသိချင်ပါတယ်

Ab • ဖြေကြားချက် 1 ခု

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

wai wai oo • ဖြေကြားချက် 2 ခု

ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ

ပုတူး • ဖြေကြားချက် 1 ခု

မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်

Bonaparte Kyawhtay • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။