ဒီဇင်ဘာလအတွင်း ကြက်အရှင်စျေး တစ်ပိဿာ ၅၅၀၀ အထိ ထပ်မံကျဆင်း

25/12/2025 11:00 AM တွင် AMIA AMIA မှ ရေးသား

ပြည်တွင်းကြက်မွေးမြူရေးကဏ္ဍမှာ အသားတိုး ကြက်အရှင်စျေးက ယခုဒီဇင်ဘာလအထိ ဆက်တိုက်ကျဆင်းလာပြီး တစ်ပိဿာကို အများဆုံး ၅၅ ၀၀ ကျပ်လောက်အထိ ထပ်ကျသွားတယ်လို့ မွေးမြူရေးလုပ်ကိုင်သူတွေဆီမှ သိရပါတယ်။

ယခု နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့  ကြက်အရှင်စျေးတွေက စစ်ကိုင်းတွင် တစ်ပိဿာကို ၁၀၀၀၀ ကျပ် ၊ မန္တလေးကြက်အရှင်စျေးတွင် တစ်ပိဿာကို ၉၃၀၀ ကျပ်သာရှိ ပြီး ကျောက်ဆည်စျေးတွင်လည်း တစ်ပိဿာ ၉၅၀၀ ကျပ် ရှိကာ မိတ္ထီလာမြို့တော့ ကြက်အရှင် စျေးက ၉၅၀၀ ၊ ကျောက်ပန်းတောင်းက ၉၆၀၀ ကျပ် ၊ မကွေးက ၉၈၅၀ ကျပ် ၊ မုံရွာက ၉၅၅၀ ကျပ်သာ ရှိတော့တယ်လို့ သိရပါတယ်။

အလားတူ ရန်ကုန်မှာလည်း လက်ရှိ ကြက်အရှင်စျေးက တစ်ပိဿာကို ၉၁၀၀ မှ ၉၃၀၀ ကျပ်သာ ရှိပါတယ်။

ပြီးခဲ့တဲ နိုဝင်ဘာလ ၂၄ ရက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကြက်အရှင် စျေးနှုန်းက စစ်ကိုင်းမှာ ကြက်အရှင်စျေးက တစ်ပိဿာကို ၁၅၅၀၀ ကျပ်၊ မန္တလေး နဲ့ ကျောက်ဆည် ၊ မြင်းခြံ ဒေသတွေရဲ့ ကြက်အရှင်စျေးက တစ်ပိဿာကို ၁၄၇၀၀ ကျပ်ရှိခဲ့ ပြီး မိတ္ထီလာ စျေးက ၁၄၀၀၀ ၊ ကျောက်ပန်းတောင်းက ၁၄၅၀၀ ကျပ် ၊ မကွေးက ၁၃၈၅၀ ကျပ် ၊ မုံရွာက ၁၄၁၅၀ ကျပ် ရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကြက်အရှင် စျေး က ၁၄၁၀၀ ကျပ် ရှိခဲ့တာဖြစ်ပါတယ်။

ထို့ ကြောင့် ယခင်လ နိုဝင်ဘာလ ၂၄ ရက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကြက်အရှင် စျေးနှုန်းနဲ့ ယခု နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်ကို ယှဥ်ကြည့်ပါက တစ်လနီးပါး အတွင်း ၄၀၀၀ မှ ၅၅၀၀ ကျပ်လောက်အထိ  ကျဆင်းသွားတာ ကိုစျေးကွက်အရ သိရပါတယ်။

" ကြက်အရှင်စျေးက ဆက်တိုက်ကျလာပြီး အခုတော့ အကျမှာ ရပ်နေတယ်။ ကြက်တွေ ရောဂါဝင်ပေမယ့် ကြက်ကြီးက စျေးကွက်ထဲ အဝင်များနေတော့ စျေးကျနေတာပါ " လို့ ကြက်မွေးမြူရေး လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

အသားစျေးကွက်ထဲကို ကြက်ကြီးတွေ ဝင်ရောက်မှု များနေတဲ့အတွက် စျေးဆက်တိုက် ကျဆင်းနေတာဖြစ်ကြောင်း ၊ ကြက်အရှင်စျေး ကျဆင်းနေတဲ့ အတွက် မွေးမြူရေးသမားတွေမှာ အဆင်မပြေ ကြဘူးလို့လည်း သိရပါတယ်။

ကြက်မွေးမြူရေး ခြံတွေမှာ ယခုအထိ ကြက်ငယ်တွေ ရောဂါဖြစ်ပွားမှု ရှိနေဆဲ ဖြစ်သလို မွေးမြူရေး အစာစျေးနှုန်းတွေကလည်း မြင့်တက်နေတာ ကြောင့် ယခုဖြစ်ပေါ်နေတဲ့ ကြက်အရှင်စျေးနှုန်းက တွက်ချေမကိုက်ဘူး လို့သိရပါတယ်။

လက်ရှိမှာတော့ ကြက်အရှင်စျေး ကျဆင်းမှုနဲအတူ ကြက်သားစျေးကလည်း အသားသီးသန့် ( အရိုးမပါ) တစ်ပိဿာ  ၂၇၀၀၀ ကျပ် ရှိပြီး ကြက်အပေါ်ပိုင်း အသား ရင်ညွှန့်ရိုးပါတာက ၂၃၀၀၀ ကျပ်နဲ့ ပေါင်က ၂၀၀၀၀ စျေးအထိ ပြန်ကျသွားပါတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်